နျူးကလီးယားဗုံး 15 လုံးထက်ပင် ပေါက်ကွဲအား ပို၍ပြင်းသော ဥက္ကာခဲ ကမ္ဘာကို ဖြတ်သွား

                 နျူးကလီးယားဗုံး 15 လုံးထက်ပင် ပေါက်ကွဲအား ပို၍ပြင်းသော ဥက္ကာခဲတစ်လုံးဟာ ကမ္ဘာမြေကို ဧပြီလ 15 ရက်နေ့ညက လနဲ့ ကမ္ဘာအကြား
အကွာအဝေးရဲ့ 10ဆ ရှိတဲ့နေရာကနေ ဖြတ်သန်းသွားကြောင်း သိရသည်။ နက္ခတ္တဗေဒပညာရှင်တွေဟာ အဲ့ဒီ စီးကရက်ပုံ ဥက္ကာခဲကို ဧပြီလ 11 ရက်နေ့
ညနေကတည်းက ခြေရာခံမိပြီး စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဥက္ကာခဲဟာ မြင်ကွင်းပေါ်ကနေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာကို နက္ခတ္တဗေဒပညာရှင်
တွေဟာ အစပိုင်းမှာ အဖြေရှာမရဖြစ်ခဲ့ကြပေမဲ့ သူ့ရဲ့ရှည်မျောမျောပုံသဏ္ဍာန်ကြောင့် လည်တယ်ဆိုတာနောက်ကျမှ နားလည်သဘောပေါက်ခဲ့ရပါတယ်။
2011 GP59 လို့အမည်ပေးထားတဲ့ ဥက္ကာခဲဟာ မီတာ 50ရှည်လျားပြီး တစ်ပတ်လည်ဖို့ 7မိနစ်ခွဲကြာပါတယ်။ ဒါကြောင့်သူ့ရဲ့တောက်ပမှုဟာ 4မိနစ်ကို တစ်
ကြိမ်နှုန်းလောက်နဲ့ ပြောင်းပြောင်းသွားပါတယ်။ နိုင်ငံတွေကို တစ်နိုင်ငံလုံးနီးပါး ပျက်စီးသွားနိုင်တဲ့ အဲ့ဒီ ဥက္ကာခဲကို ကမ္ဘာမြေကနေ မိုင်ပေါင်း 220,000 က
နေဖြတ်သန်းသွားခဲ့ပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာမြေတစ်ဝိုက်မှာရှိတဲ့ ဥက္ကာခဲပေါင်း 3000 ခန့်ကို ရှာဖွေတွေ့ရှိထားခဲ့ကြပြီး ဖြစ်ပေမဲ့ အဲ့ဒီ ဥ
က္ကာခဲကိုတော့ သတိမပြုမိခဲ့ကြပါဘူး။ အက်ဆက်ပြည်နယ် ချမ်းဖို့ဒ်က နက္ခတ္တဗေဒ ပညာရှင် နစ်ခ်ဂျိမ်းဟာ အဲ့ဒီဥက္ကာခဲကို ဧပြီလ 11ရက်နေ့ညမှာ စတင်
တွေ့ရှိခဲ့တာပါ။ သူက 11လက်မအချင်းရှိတဲ့ အဝေးကြည့်မှန်ပြောင်းနဲ့ အဲ့ဒီ ဥက္ကာခဲကို တွေ့ရှိချိန်မှာ ဥက္ကာခဲကို တွေ့ရှိချိန်မှာ ဥက္ကာခဲက ကမ္ဘာမြေနဲ့ 2,081,00
0 မိုင်အကွာကို ရောက်ရှိနေပါပြီ၊ ဒါပေမဲ့ ကမ္ဘာမြေကို တိုက်ရိုက်ထိမှန်နိုင်ခြေ လုံးဝမရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခု ဥက္ကာခဲရဲ့ အရွယ်အစားဟာ 2009
ခုနှစ် အောက်တိုဘာလက အင်ဒိုနီးရှားကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဥက္ကာခဲထက် ငါးဆပိုပြီး ကြီးမားတယ်လို့ဆိုပါတယ်။

                                                                                                                                                                   ကိုးကား

ပြည်မြန်မာ နိုင်ငံတကာသတင်း ဂျာနယ်

No comments: