ဆိုင်လန် (Ts'ai Lun)

ဆိုင်လန် (Ts'ai Lun)
အေဒီ 105 ဝန်းကျင်

    
    ဒီစာကိုဖတ်တဲ့ လူများစုဟာ စက္ကူကိုစတင်တီထွင်တဲ့ ဆိုင်လန်ကို ကြားဖူးကြမှာ မဟုတ်ပါ။ သူတီထွင်တဲ့ ပစ္စည်းရဲ့ အရေးပါအရာရောက်ပုံကို ထောက်ပြီးပြောရရင် သူ့ကို အနောက်တိုင်းကလူတွေမသိတာဟာ အများကြီးရုပ်ဆိုးပါတယ်။စွယ်စုံကျမ်းကြီးတွေမှာတောင်သူ့အကြောင်းသုံးလေး
ကြောင်းလောက်တောင်မရေး၊ ခိုင်လုံတယ်လို့ဆိုတဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ်တွေ ထဲမှာလဲမပါ။ စက္ကူသိပ်အရေးပါတာတောင်စက္ကူ
စတင်လုပ်သူကိုမသိကြ၊ မပြောကြတာထောက်ရင် သူဟာ တကယ်မရှိတဲ့ လူလားလို့ထင်စရာ ဖြစ်နေပါတယ်။ သေသေချာချာ သုတေသနလုပ်တော့ သူဟာ တရုတ်နန်းတွင်းသားအရာရှိတစ်ဦးဖြစ်တယ်။ ခရစ်နှစ် 105 လောက်က ဧကရာဇ်ဟောတိကို စက္ကူနမူနာတွေ ဆက်သဖူးတယ်လို့ သိရပါတယ်။ (ဟန်မင်းဆက် မင်းသုံးရာဇဝင်)ထဲမှာ ဆိုင်လန်က တီထွင်ချက်တစ်ခု လုပ်ပုံကို အပိုအလို အညာအလှိုင်းမပါဘဲ ရိုးရိုးဖြောင့်ဖြောင့်ရေးထားတာကို
 တွေ့နိုင်ပါတယ်။
    ဆိုင်လန်ရဲ့ ဘဝဇာတ်လမ်းကိုတော့ သိပ်မသိပါ။ တရုတ်မှတ်တမ်းအရ သူက မိန်းမစိုး(အပျိုထိန်း)တစ်ယောက်ဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်က သူ့တီထွင်ချက်ကို နှစ်သက်မြတ်နိုးလို့ သူ့ကို
ရာထူးတိုးပေးတယ်။ ဒါပေမဲ့ နန်းတွင်းလုပ်ကြံမှုမှာပါတယ်ဆိုပြီး ပထုတ်လိုက်လို့ တိမ်မြုပ်သွားရတယ်။ တရုတ်မှတ်တမ်းထဲမှာတော့ သူ့ဂုဏ်သိက္ခာကျဆင်းလို့ ရေကောင်းကောင်းချိုး၊ အဝတ်ကောင်းေ
ကာင်းဝတ်ပြီးမှ အဆိပ်သောက်သေတယ်လို့ ဖော်ပြထားပါတယ်။
    တရုတ်နိုင်ငံအနှံ့အပြားမှာ စက္ကူကို ခရစ်နှစ်ရာစုနှစ်တွင်းမှာပဲ အသုံးပြုခဲ့ကြတဲ့အပြင် ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ တရုတ်က တခြားအာရှနိုင်ငံတွေကိုပါ စက္ကူတင်ပို့ရောင်းချခဲ့ပါတယ်။
စက္ကူလုပ်နည်းကိုလဲ သူတစ်ပါးမသိအောင် လျှို့ဝှက်ထားပါတယ်။ ခရစ် 751 မှာ စက္ကူလုပ်တက်တဲ့ တရုတ်တွေကို အာရပ်ကဖမ်းသွားပြီး မကြာခင်မှာ စမခန်(Samarkhand)နဲ့ ဗက်ဂဒက်(Baghdad)
မှာ စက္ကူပြုလုပ်တာကို တွေ့ရပါတယ်။ အာရပ်လောကမှာ ဒီစက္ကူလုပ်တဲ့ပညာ တဖြည်းဖြည်းပျံ့နှံ့လာပြီး တစ်ဆယ့်နှစ်ရာစုနှစ်ရောက်ခါမှ အာရပ်တွေဆီက ဥရောပတိုက်သားတွေက သင်ယူပါတယ်။
စက္ကသုံးစွဲခြင်းလဲ တဖြည်းဖြည်း ပျံ့နှံ့ပြီး ဂုတင်ဗတ်က ခေတ်စာပုံနှိပ်စက်ကို တီထွင်တဲ့အခါ အနောက်နိုင်ငံတွေမှာ သားရေချပ်ပေါ်စာရေးတဲ့ အလေ့တိမ်ကောပြီး စက္ကူနဲ့ မှတ်သာတဲ့ အလေ့ရောက်
လာပါတော့တယ်။
    အခုတော့ စက္ကူသုံးတဲ့အလေ့ဟာ သိပ်တွင်ကျယ်ပြီးနေတော့ ဟိုအရင်စက္ကူမပေါ်ခင်က ဘယ်လိုများနေပါလိမ့်မလဲလို့ ဘယ်သူမှမသိ၊ တွေးလို့လဲ မကြည့်ကြတော့ပါ။ တရုတ်နိုင်ငံမှာ ဆိုင်
လန်လက်ထက် မရောက်မီ စာအုပ်မရှိသေးဘူး၊ ဝါးပေါ်မှာပဲရေးတယ်။ အထားအသိုအသိမ်းအဆည်းခက်မယ်ပေါ့။ ဒါကြောင့်ကျမ်းဂန်တချို့ကို ပိုးပေါ်မှာ ရေးတယ်၊ အဲ့ဒါကျတော့ ကုန်ကျစာရိတ်များ
လို့ အများမသုံးနိုင်ပါ။ အနောက်တိုင်းမှာတော့ စက္ကူမပေါ်ခင်က သားရေပြားပေါ်မှာရေးတယ်။  သိုးရေခွံ၊ နွားကလေးရေကို အထူးပြုပြင်ပေးမှ မင်နဲ့ ရေးလို့ရတယ်။ သားရေအစား ဂရိ၊ ရောမနဲ့ အီဂျစ်
မှာ ပက်ပီရပ်( papyrus, ကျူပင်) ကိုသုံးတယ်၊ သူလည်းလုပ်ရတာ လက်ဝင်တယ်၊ ဈေးကြီးတယ်၊ ရှားတယ်။
    ခုခေတ်မှာ စာအုပ်နဲ့ စာရေးကိရိယာတွေ သိပ်ပေါများလာတာဟာ စက္ကူပေါ်လာတာကနေ ဆင်းသက်တဲ့ ရလဒ်လို့ပြောနိုင်ပါတယ်။ စက္ကူနဲ့ စာပုံနှိပ်စက် တွဲဖက်နေတော့ စက္ကူဟာ ပုံနှိပ်စက်
ကြောင့် အသုံးတွင်တာ အမှန်တော့ စက္ကူလို ပေါပေါသုံးစရာမရှိရင်  ပုံနှိပ်စက်ဟာ သိပ်မတွင်နိုင်ပါ။
    ဆိုင်လန်တီထွင်ပြီး နှစ်တစ်ထောင်ကျော်မှ ဥရောပမှာ စက္ကူပေါ်လာတယ်။ ပြီးတော့ ဥရောပတိုက်သားက တီထွင်နိုင်တာမဟုတ်။ အာရပ်တွေကို ဆရာတင်ရတယ်။  ဒီနေရာမှာ ပြောရမှာက
တရုတ်လုပ်ပေးတဲ့ စက္ကူကို မြင်ကြရပေမယ့် တခြားအာရှတိုက်သားတွေ ဘယ်သူတွေကမှ သူတို့ဘာသာ စက္ကူလုပ်မဖြစ်ဘူး။ အသေအချာပြောနိုင်တာက စက္ကူစစ်စစ်ဖြစ်ဖို့ လုပ်နည်းဟာ ခက်ခဲလိုက်
ပုံက အသင့်အတင့်တိုးတက်နေတဲ့ ဓလေ့မှာ ဥာဏ်မပွင့်နိုင်တဲ့ နည်းဖြစ်မယ်။ သိပ်ထူးခြားထက်မြက်စွမ်းဆောင်နိုင်သူက တီထွင်ပေးမှ ဖြစ်ပေါ်လာတာ။ ဆိုင်လန်က ဒီလို လူစားဖြစ်ပြီး သူ့ချမှတ်ပေး
တဲ့ စက္ကူလုပ်နည်းဟာ အခြေခံအားဖြင့်တူတူပါပဲ။

                                                                                                                                  ကျော်စွာ100 (ဒေါက်တာသန်းထွန်း)
                                                                                                                                  The 100: Ranking of the most influential
                                                                                                                                  persons in History by Michael H.Hart

No comments: