နှတ်ခမ်းအဟော

(နူတ်ခမ်းပြည့်ပြည့်နှင့်လူ)

နူတ်ခမ်းအစွန်း နှစ်ဖက်သည် အပေါ်သို့ ကွေးနေပြီး
နူတ်ခမ်းပြည့်ပြည့် ရှိသူသည် ပျော်ပျော်နေတတ်သူမျိုး
ဖြစ်၏ ။ ပစ္စပန်တည့်တည့် အတွက်ကိုသာ စဉ်းစားတတ်ပြီး ၊ အနာဂတ် အတွက်
စိတ်ရှုတ်ခံပြီး
ခေါင်းထဲထည့်သူမျိုးမဟုတ်ပေ ။ ပျော်ပျော်နေသေခဲသမားများဖြစ်ကြ၏ ။
၎င်းနူတ်ခမ်းပိုင်ရှင်တို့သည် ဘ၀၏ခံစားချက်များ
ကြေကွဲဝမ်းနည်းဖွယ်ရာများကို အပြုံးဖြင့်ဖုံးကွယ်ချင်သူ
များလဲ ဖြစ်ကြသည် ။ ၎င်းတို့၏ အတောင့်တ အလိုချင်ဆုံးသည်လည်း
လွတ်လပ်စွာနေထိုင်သွားရခြင်းမျိုး
ဖြစ်၏ ။ ၎င်းတို့ ကိုယ်တိုင် ပျော်ရွင်မူရအောင်လည်း နေထိုင်တတ်ကြပြီး ၊
ပတ်ဝန်းကျင်ကိုလဲ ပျော်ရွင်မူ့ပေး
တတ်ကြ၏ ။ ပျော်ရွင်တတ်ကြွမူ့ရှိအောင်လည်း စည်းရုံးဖန်တီးနိုင်စွမ်းရှိကြ၏ ။
ထို့ကြောင့် ဤကဲ့သို့သော နူတ်ခမ်းပိုင်ရှင်များသည်
အထိန်းအကျောင်းမဲ့သူ ဖြစ်ပါက (ဘ၀ရေစုန်မျော၍
လိုက်နေသူများဖြစ်တတ်ကြလေသည် ။

( နူတ်ခမ်းအစွန်း နှစ်ဖက် အပေါ်သို့ကော့နေသူ)
နူတ်ခမ်းအစွန်းနှစ်ဖက် အပေါ်သို့ ကော့နေသူသည်
အကောင်းမြင်ဝါဒသမားများဖြစ်ကြ၏ ။ ပျော်ရွင်ခြင်းကို ရည်ညွန်း၏ ။
ဘာသာရေးနှင့်လူနှင့်လူ့ပတ်ဝန်းကျင်ကို စိတ်ဝင်စားတတ်သူများဖြစ်ကြ၏ ။
အခက်အခဲ ပြဿနာများကို
အေးအေးဆေးဆေးရင်ဆိုင်ဖြေရှင်းတတ်မူ့များကြောင့် ဘ၀တွင် အောင်မြင်မူ့များ ရရှိကြ၏ ။
၎င်းတို့သည် စိတ်ရှည်မူ့ရှိခြင်း ၊ တည်းခံမူ့ရှိခြင်း ၊
ဇွဲရှိခြင်း ၊ အပြောကောင်းတတ်ခြင်း ၊ ပြေပြစ်စွာ
ဆက်ဆံတတ်ခြင်းများကြောင့် အချွေအရံပေါများသူများလဲဖြစ်တတ်ကြလေသည် ။
၎င်းတို့သည် အားနည်းချက်တစ်ခုမှာ အားနာတတ်ခြင်း ဖြစ်၏ ။
၎င်းနူတ်ခမ်းပိုင်ရှင်တို့သည် သဘာဝအားဖြင့်
အကောင်းမြင်ဝါဒီသမားများ ဖြစ်ကြသော်လည်း
ဘ၀တွင် အဆင်မပြေသော သက်တမ်းကာလများကို ဆက်တိုက်ဖြစ်သန်းကြရလေသည် ။
(နူတ်ခမ်းအတင့်အသင့် သေးပြီး ကျယ်သူ )
နူတ်ခမ်းအတင့်အသင့်သေးပြီးကျယ်သူတို့သည် အမြော်အမြင်ကြီးသူများ
ဖြစ်ကြ၏ ။ စွန့်စားလိုသူများ
မိမိကိုယ်ကိုယုံကြည်မူရှိသူများလည်း ဖြစ်ကြ၏ ။
သိုတိတ်စွာနေထိုင်တတ်ကြပြီး အလုပ်လုပ်ရာတွင်
မိမိ၏ သဘောဆန္ဒနှင့်အညီ လုပ်ကိုင် တတ်သူများ ဖြစ်ကြ၏ ။ အမှတ်သညာကြီးခြင်း
၊ လက်တုန့်ပြန်တတ်ခြင်းမျိုးလည်းရှိတတ်ကြသည် ။
၎င်းတို့သည် အဖွဲ့အစည်းတစ်ခု၏ တာဝန်ကို ရေရှည်ဦးဆောင်နိုင်သူ ၊
ရှေ့ဆောင်ဦးရွက်ပြုနိုင်သူများလည်း ဖြစ်တတ်ကြလေသည် ။
(အပေါ်နူတ်ခမ်းပါး၍ အောက်နူတ်ခမ်းထူနေသူ)
ထိုသူမျိုးတို့သည် မှတ်ဥဏ်ကောင်းတတ်ကြ၏ ။ အလှအပ ၊ အခန့်အသန့် ၊
အယဉ်အကြော့များကိုကြိုက်နှစ်သက်ကြ၏ ။ ဘာသာစာပေများကိုလည်း အပန်တကုတ်
လေ့လာလိုက်စားတတ်ကြ၏ ။ လူမူဆက်ဆံရေးတွင်လည်း ကျွမ်းကျင်နားလည်တတ်ကြ၏ ။
၎င်းတို့သည်
ယုံကြည်ကိုးစားခြင်းကြောင့် ဖြစ်ရသော အခက်အခဲဒုက္ခများနှင့် ကြုံတွေ့ရတတ်၏ ။
ပန်းချီပညာရှင်များနှင့် ဖျော်ဖြေမူ ပညာရှင်များတွင် ဤနူတ်ခမ်းမျိုးကို
ပိုင်ဆိုင်သည်ကများ၏ ။
၎င်းနူတ်ခမ်းပိုင်ရှင်တို့သည် အလှအပကိုသာခုံမင်ရုံသာမက
အစားအသောက်တို့ကိုလည်း ကြိုက်နှစ်သက်ကြ၏ ။ အရှက်အကြောက်နည်းတတ်ကြ၏ ။
(အပေါ်နူတ်ခမ်းလန်ပြီး အောက်နူတ်ခမ်းထူနေသူ )
၎င်းနူတ်ခမ်းပိုင်ရှင်တို့သည် အပျော်အပါးဖြင့်သာ အချိန်ကုန်တတ်ကြ၏ ။
လေးနက်သော ခံယူချက်များ မရှိတတ်ကြပဲ
အပျော်နောက်သို့သာလိုက်နေတတ်သူများဖြစ်ကြ၏ ။ ကာမဂုဏ်အာရုံ
ထူပြောသူများဖြစ်တတ်ကြ၏ ။ အချစ်ရေး ၊ အိမ်ထောင်ရေးကိစ္စတို့တွင်လည်း
စည်းမစောင့် တတ်ကြသူများဖြစ်တတ်ကြ၏ ။
ယောကျာင်္ံးဖြစ်စေ ၊ မိန်းမဖြစ်စေငယ်ငယ်ရွယ်ရွယ်နှင့်
အိမ်ထောင်ကျတတ်ပြီး ခဏချင်း
မုဆိုးဖို ၊ မုဆိုးမ ၊တစ်ခုလပ် ၊ တစ်လင်ကွာ ဖြစ်တတ်ကြ၏ ။
(နူတ်ခမ်းထောင့်စွန်း၌ အချိုင့်ကလေးများရှိသူ)
၎င်းနုတ်ခမ်းပိုင်ရှင်တို့သည် စကားနည်းတတ်၏ ။ တိတ်ဆိတ်စွာနေထိုင်တတ်ကြသော်လည်း
ပြောစရာရှိလျှင် အဆက်မပြတ် ပြောဆိုနေတတ်ကြ၏ ။ မိမိမှကျော်ပြီး
အခြားသူများကို ယုံကြည်မူ
နည်းတတ်ကြ၏ ။ မိမိကိုယ်ကို ယုံကြည်အထင်ကြတတ်ကြ၏ ။ ၎င်းတို့သည် မိမိတို့၏ ဘ၀သာယာမူကို
ဦးစားပေးတတ်ကြပြီး အချစ်ရေး ၊ အိမ်ထောင်ရေးကိစ္စများတွင် လေးနက်မူ့မရှိတတ်ကြချေ ။
' အိမ်ထောင်ဖက်သည် တစ်သက်လုံးအတွက်ဖြစ်သင့်သည် ' ဟူသော ၀ါဒကို လက်မခံသည့်
ကမ္ဘာကျော်ရုပ်ရှင်မင်းသမီးကြီး (အဲလစ်စဘတ်တေလာ) ၏ နူတ်ခမ်းထောင့်စွန်း၌
အချိုင့်ကလေးများပါရှိ
လေသည် ။ ၎င်းယောကျာင်္ံးများများယူသူ တစ်ယောက်ဖြစ်လေသည် ။
( မြားနတ်မောင် လေးကိုင်းသဏ္ဍာန် နူတ်ခမ်း )
ထို နူတ်ခမ်းရှိသူသည် ချောမောလှပသော အိမ်ထောင်ဖက်ကို လက်ထက်တတ်ကြရ၏ ။
၎င်းတို့သည် ဥာဏ်ပညာရှိသူ ၊အမျော်အမြင်ရှိသူများဖြစ်ကြ၏ ။
ဆန့်ကျင်တိုက်ခိုက်တတ်ကြပြီး မာန်မာန
ကြီးတတ်ကြ၏ ။ ဥစ္စာပစ္စည်းစုဆောင်းတတ်ကြသော သူများလည်း ဖြစ်ကြ၏ ။
လူတစ်ဦး၏ အတွင်းစိတ်နှင့် သဘောမနောတို့ကို
ကြိုတင်သိရှိနိုင်စွမ်းရှိသူများလည်းဖြစ်၏ ။
စာပေဂီတနှင့် ပညာဇီဝ ဓါတ်ခံရှိသူများလည်း ဖြစ်၏ ။
(အပေါ်နူတ်ခမ်း ထူသူ )
အကောင်းဆုံးနူတ်ခမ်းအထူသည် တစ်လက်မ၏ လေးပုံတစ်ပုံ ရှိရမည် ဖြစ်ပြီး
နူတ်ခမ်းနှစ်ခု ထိစပ်ရာ
ရေညီမျဉ်းသည် ဖြောင့်တန်းနေရမည်ဟုဆိုသည်။
ဤသို့မဟုတ်ပဲ အောက်နုတ်ခမ်းထက် အပေါ်နုတ်ခမ်းက ပို၍ထူနေသူဖြစ်ပါက
၎င်းနူတ်ခမ်းပိုင်ရှင်များကို
သတိထားဆက်ဆံပါ ။ ၎င်းသည် မရိုးမဖြောင့် လုပ်တတ်ခြင်း၏ လက္ခဏာ ဖြစ်သည်ဟု မျက်နှာဖတ်
ပညာရှင် များက ဆိုကြသည် ။
သို့သော်လည်း ၎င်းနုတ်ခမ်းပိုင်ရှင်တို့သည် အာဝဇ္ဇန်း ရွင်ရွင်
ပြောတတ်ကြပြီး စကားအခြေအတင်ပြောရာ၌ ၎င်းအတိုက်အခံလုပ်ပြီးပြောရာ၌ ၎င်း ၊
ကျွမ်းကျင်သူများ ဖြစ်ကြ၏ ။
( နုတ်ခမ်းတွင် မှဲ့ ရှိသူ )
ချိုသောစကားဆင် ပြောကြားမည့် နူတ်ခမ်းများက
မှဲ့တစ်ပေါက်ချစ်သူတွေ မှိုလိုပေါက်မည့်
မေးထောင့်က မှဲ့တစ်ပေါက် (၀င်းဦး ) ဟု၍ မျက်နှာပေါ်ရှိ မှဲ့များနှင့်
ပတ်သတ်ပြီး ဆိုစကားရှိလာခဲ့ကြရာ
နူတ်ခမ်းပေါ်တွင် မှဲ့ပါရှိခြင်း အဟောအနေဖြင့် နူတ်ခမ်းသား တစ်နေနေရာတွင်
မှဲ့ပါရှိပါက
အစားအသောက်ခုံမင်ခြင်း ၊ စားကောင်းသောက်ကောင်းတို့ကို ကြိုက်တတ်ကြ၏ ။
အသက်လေးဆယ်ကျော်လျှင် အစာမကြေရောဂါဖြစ်ခြင်း ၊ ပင်လယ်ပြင်၌
မတော်တဆကြံနိုင်ခြင်းရှိမည်
ဟု လူကဲခတ်ပညာရှင် တို့က ဆိုမိန့်ခဲ့ကြ၏ ။
(ပြုံးလျှင် သွားဖုံးပေါ်သူ )
ပြုံးလျှင်သွားဖုံးပေါ်ခြင်းနှင့် ပတ်သတ်သော
အဓိပ္ပါယ်နှင့်ပတ်သတ်သော ဖွင့်ဆိုမူသည်
လူကဲခတ်ကျွမ်းကျင်သူတို့ပင်လျှင် ယနေ့ထက်တိုင် ၀ိဝါဒကွဲလျက်ရှိပါသည် ။
ပထမ ဖွင့်ဆိုချက် အယူအဆမှာ ပြုံးလျင် သွားဖုံးပေါ်သူတို့မှာ
လွန်စွာတွန့်တိုကတ်စေးနဲတတ်သူဟုဆိုပြီး
နောက် အယူအဆမှာ လွန်စွာရက်ရောတတ်သူ သဒ္ဒါတရား ထက်သန်သူဟု ဆိုသည် ။
ရှိယန်မီယင် ပညာရှင်တို့ကမူ သဒ္ဒါရက်ရောရာမှ တစ်ဖြည်းဖြည်း
နှမောတွန့်တိုတတ်သော
အခြေနေများသို့ ပြောင်းလဲသွားတတ်သောသူများဟု ဖွင့်ဆိုခဲ့ကြပါသည် ။
ထိုသူတို့သည် ချစ်ခင်လေးစားသူမှလွဲ၍ ကျန်သူတို့ အပေါ်တွင်
ပေးကမ်းရန် နှမျောတွန့်တိုတတ်ကြ၏ ။
(နူတ်ခမ်းထူသူနှင့် နူတ်ခမ်းပါးလွန်းသူများ )
နူတ်ခမ်းပါးသူများသည် နူတ်ခမ်းထူသူများနှင့် စာလျှင် ကာမဂုဏ်
ခံစားမူနှင့် စိတ်လှုပ်ရှားမူ နည်းကြ၏ ။ ပါးလွန်းသော
နူတ်ခမ်းပိုင်ရှင်တို့သည် ရက်စက်ခြင်း ၊ ကြမ်းကြုတ်ခြင်းနှင့်
အခြားသူများအပေါ်တွင် ရက်စက်ကာ လူပြုရခြင်းကို နှစ်ခြိုက်ကြ၏ ။ ၎င်းတို့သည်
အတ္တဆန်၍
အေးတိအေးစက် စိတ်ထားရှိကြ၍ 'ရှိယန်မီယင်' ခေါ် မျက်နှာကြင်အင်ဖက်
အတတ်ပညာရှင် များက
မှတ်တမ်းပြုခဲ့ကြသည် ။
နုတ်ခမ်းထူသူများသည် ပါးသူများထက် ကာမဂုဏ်အာရုံနှင့်ခံစားမူ
ပိုလွန်ကဲကြ၏ ။
ုနူတ်ခမ်းသည် စုပြီးထူသူမျိုးဖြစ်ပါက စိတ်လှုပ်ရှားမူ အတတ်အကျမြန်သူများဖြစ်ကြ၏ ။
နူတ်ခမ်းသည် လိင်နှင့်ဆက်စပ်မူရှိ၏ ။ နူတ်ခမ်းပါးစပ်သေးငယ်သော
အမျိုးသမီးများသည်
နူတ်ခမ်းပါးစပ်ကြီးသော အမျိုးသမီးများထက် ကာမဂူဏ်ကိစ္စများတွင် ကျေနပ်လွယ်ကြ၏ ။
နုတ်ခမ်းပါးစပ်ကြီးပါက ကာမဂုဏ် လွယ်စွာကျေနပ်မူ မရကြဟု
မျက်နှာဖတ်အတတ်ပညာရှင်များက ဆိုပါသည် ။
နူတ်ခမ်းပါးစပ်ကြီးသူများသည် နုတ်ခမ်းပါးစပ်သေးသူများထက်
အမူ့ကိစ္စပြဿနာများကို လျှင်မြန်စွာ မေ့တတ်လိုက်သူများ ဖြစ်သည် ။ သို့သော်
နူတ်ခမ်းပါးစပ်သေးသူများမှာမူ ပြဿနာကို
အနည်ထလာအောင် လှုပ်ခါတတ်ကြသူများ ဟုလည်း ဆိုပါသည် ။ နူတ်ခမ်းသေးသော
ယောကျာင်္ံးများသည် တီထွင်ဖန်တီးတတ်သူများဖြစ်ကြ၏ ။
(အပေါ်နူတ်ခမ်းကြီး၍ကျယ်ပြီး အောက်နူတ်ခမ်းသေးသူ )
အပေါ်နူတ်ခမ်းသည် ရှည်၍ကျယ်ပြီး အောက်နုတ်ခမ်းသေးနေသူ
တစ်နည်းအားဖြင့် အပေါ်
နူတ်ခမ်းမိုးနေသူတို့သည် ပေါင်းသင်းဆက်ဆံရေးကိစ္စများတွင် သူတစ်ပါး
အပေါ်တင်စီးဆက်ဆံတတ်လေ့ရှိကြ၏ ။ လူတတ်လူနပ် လုပ်လိုတတ်ကြ၏ ။ ၎င်းတို့သည်
ကာယနှင့် ဥာဏ
တို့တွင် ကာယဖြစ်သော ရုပ်ပိုင်းအား သန်သူများဖြစ်ကြ၏ ။ ကာယ အားကိုးတတ်သူ
ရုပ်ဝါဒီ သမားဖြစ်ကြ၏ ။ အချစ်ရေးကိစ္စများတွင် ချစ်သ၀န်ကြောင် တတ်ကြ၏ ။
( နူတ်ခမ်းသားများစုနေသူ )
နူတ်ခမ်းသားများ အလယ်သို့စုနေပါက ၎င်းတို့သည် တစ်ကိုယ်ကောင်းဆန်သူများ
ပရဟိတ လုပ်ဆောင်မူ့နည်းသူ များဖြစ်တတ်ကြ၏ ။ အတ္တလွန်ကဲသူများဖြစ်တတ်ကြ၏ ။
မိမိပတ်ဝန်းကျင်မှ လူများကို ယုံကြည်မူနည်းတတ်ပြီး မိမိကိုယ်ကို မိမိ
အထင်ကြီးတတ်သူများဖြစ်ကြ၏ ။
၎င်းနူတ်ခမ်းပိုင်ရှင်တို့သည် သမ္မစိတ္တ နည်းပါးသူ ဆက်ဆံရေးကြဲသူ
မျှမျှတတစိတ်နည်းသူ အဖြစ်
လူကဲခတ်ပညာ၇ပ်တွင်ဖော်ပြထားပါသည် ။
( ရွဲ့စောင်းနေသော နူတ်ခမ်းရှိသူ )
ကျန်းမာရေး ချွတ်ယွင်း ရာမှ ဖြစ်ပေါ်လာသော
နူတ်ခမ်းရွဲ့စောင်း ချွတ်ယွင်းခြင်းမျိုးမဟုတ်ပဲ
ရွဲ့စောင်းသော နုတ်ခမ်းရှိသူသည် ရိုးသားမူနည်းပါးသူ ၊ ကောက်ကျစ်စဉ်းလဲတတ်သူ ၊
တစ်ကိုယ်ကောင်းလွန်စွာဆန်တတ်သူ ၊ သူတစ်ပါးအပေါ်မကောင်းကြံစည်တတ်သူများဖြစ်ကြ၏ ။
သမားရိုးကျမဟုတ်သော ကာမဂုဏ်အာရုံများကိုလည်း ခံစားတတ်ကြ၏ ။
၎င်းတို့၏ ဘ၀တွင် ဖြေရှင်းရခက်သော ပြဿနာများနှင့်လည်း ရင်ဆိုင်ရတတ်၏ ။ ----။

မိမိနုတ်ခမ်းသည် မည်သည့် နုတ်ခမ်းမျိုးဖြစ်ကြောင်းကို သိရှိနိုင်ကြပါစေ ။

နက္ခတ္တရောင်ခြည်

ဒီဇင်ဘာ (၂၀၀၁)

No comments: