Showing posts with label Astorlogy. Show all posts
Showing posts with label Astorlogy. Show all posts

ကိုလူပျိုတို့အတွက် ဇနီးလောင်း

အိမ်ထောင်မကျသေးတဲ့ လူတိုင်း ကိုယ့်အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာကို သိချင်ကြပါတယ်။ အဲဒီမှာ မိန်းကလေးထက် ယောင်္ကျားလေးတွေက ပိုစိတ်ဝင်စားတက်ကြပါတယ်။ အိမ်ထောင်တခုမှာ အိမ်ဦးနတ်က အရေးကြီးဆုံးလို့ ပြောကြတယ်နော်။ တကယ်တော့အိမ်ဦးနတ်ဆိုတာသူချည်းနေလို့တော့ရာထူးတက်မလာပါဘူး။ ရာထူးပေးမဲ့ အိမ်ရှင်မ ရှိလို့ဖြစ်လာတာပါ။ အဲတော့ ကိုယ့်ကို ရာထူးပေးမဲ့ အိမ်ရှင်မက ဘယ်သူဖြစ်မလဲ မသိချင်ကြဘူးလား။ ဒီအတွက်တော့ ပူပါနဲ့ အလိမ္မာ အိမ်ပါလေးများဖြစ်မလား။ သွက်လက်ထက်မြတ်တဲ့ သူများလား။ မဟာဆန်သူလေးလား။ ကိုယ့်စိတ်ကြိုက်ပုံစံမှဖြစ်ရဲ့လား။ အသွင်တူတဲ့ ကြင်သူမှဖြစ်ပါ့မလား၊ အပျိုလား အအိုလား၊ မမလား ညီမလေးလား အန်တီကြီးနဲ့ ညားမှာလားစသဖြင့်စသဖြင့်ရည်းစားသာမရသေးရင်နေမယ် ဘယ်လိုမိန်းမ ယူရင် ကောင်းမလဲဆိုပြီး စိတ်ကူးနဲ့ဖဲရိုက်နေတဲ့ ကိုကိုတွေအတွက် ကိုကိုမှော်ဆရာလေး  က ကူညီလို့အဖြေ ရှာပေးမယ် နော်… (ဆရာ စံဇာဏီဘို ၏ဘယ်လိုမိန်းမရမှာလဲမှကောက်နုတ်ထားတာပါ)

တွက်နည်းလေးက အလွယ်လေးပါ။ မိမိမွေးသက္ကရာဇ်သိရုံနဲ့ တွက်လို့ရပြီ။ မြန်မာသက္ကရာဇ်တော့ ဖြစ်ရမယ်နော်။ မိမိရဲ့မွေးသက္ကရာဇ်ကိုတည် ၄ နဲ့မြောက်ရလာတဲ့အဖြေကို ၇ နဲ့စားပြီး (အကြွင်း)ရှာရမှာ ဖြစ်ပါတယ်။

ဥပမာ - ၁၃၄၂ ခုနှစ်မှာမွေးတဲ့ အမျိုးသားကို တွက်ပါမယ်။
၁၃၄၂ X ၄ = ၅၃၆၈ ရပါတယ်။
၅၃၆၈ ကို ၇ နဲ့စားတော့ အကြွင်း ၆ ရပါတယ်။
သူငယ်ချင်းတို့လည်း တွက်ကြည့်ပြီး အကြွင်းရှာကြည့်နော်။ ရလာတဲ့အကြွင်းကိုမှတ်ပြီး အောက်မှာ အဖြေရှာကြည့်လိုက်ပါဦး။မြန်မာ သက္ကရာဇ်မသိရင် တွက်နည်း အောက်မှာပါပါတယ်။

အကြွင်း (1) ရခဲ့ရင်တော့ လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့ မိန်းကလေးက အပြစ်ကင်းသူ လေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။ အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။ ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ။ ကိုယ်ပိုင်အစွမ်းအစနဲ့ နေနိုင် တဲ့သူ၊ ဥာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့ တည်တည်ကြည်ကြည်နဲ့ နေထိုင် တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ်မဆန်ဘူး။ သ၀န်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မော သွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့ ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင် မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း(2) ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။ ကိုယ့်ကတော့ အချစ် သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။ ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။ သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။ သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန် သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။ အချော အလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။ အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအ၀ိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင် အထင်ခံရလိမ့်မယ်နော်။

အကြွင်း(3)ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ ဦးဆွေကြီးမျိုးကြီး မာနကြီး စိတ်ကြီး ဒေါသကြီး စတဲ့ကြီးတွေကို ပိုင်ထားတဲ့ မမကြီးရှင့်။ ပကာသနအသိုင်းအ၀ိုင်းကြားကလာလို့ နှလုံးသားလှပေမဲ့ ဘုကျကျ ဆက် ဆံ တက်တဲ့သူမျိုးပါ။ တော်ရုံကို အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီး ကိုယ်ပိုင် အရည်အချင်းနဲ့ ရပ်တည်နိုင် တဲ့သူ၊ ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ၀င်လာမဲ့သူမျိုး မဟုတ်ဘူး၊ ကိုယ်ကပဲ သူ့အသိုင်းဝိုင်း ထဲဝင်ရလိမ့်မယ်။ အနိုင်ကျင့်တဲ့ ၀ါသနာတော့ရှိတယ်။ ကိုယ်အပေါင်းအသင်းတောင် အကောင်းစားလေးတွေမှ ပေါင်းသင်းဆက်ဆံလိမ့်မယ်။ ခပ်ညံညံအပေါင်းအသင်း မျိုးဆို အိမ်လာလည်တာတောင် လက်သင့်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်။ သူ့ကြောင့်ပဲ တိုးတက်မှုတွေရလာလိမ့်မယ်။အောင်မြင်တဲ့ ယောင်္ကျား တစ်ယောက်နောက်မှာ ထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း(4)ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီး ကိုယ့် ဘ၀ထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘ၀အတွေ့အကြုံနည်းပြီး ဘ၀ကို အေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။ သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့ သူငယ်ချင်း များက မုဒိတာပွားကြပါလိမ့်မယ်။ အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကို ပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်း ရက်ရောတယ်။ အရာရာ ကိုယ့်သဘောပါ။ အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီး သားပဲနော်။ သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊ အပြင်အလုပ် ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရကံကောင်းပါတယ်။

အကြွင်း(5)ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ဟော့ရှော့လို့ပြောရမလား၊ အလန်း  ဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။ ပြင်ဆင်ထားပုံ များကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား လာမပြောနဲ့။ ရှင့်တောင်သနားလို့ ယူထားတာနော်။ လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊ သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။ သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။ ပညာတော် သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊ ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစား အသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။ သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း(6)ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်း လို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။ သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီး သားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေး ချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ်လိမ့်မယ်။ သဘောထား ကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ၀ိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင် လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ၀ိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း(0)ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တစ်ခုခု ကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။ အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်။ ဘာသာ မတူ တာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ် တက် တယ်။ သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊ ကိုယ့်အပေါ်မှာ မိခင်မေတ္တာ မျိုးနဲ့ ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။ ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။ ခေတ်ပညာ တက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။


မြန်မာသက္ကရာဇ်မသိတဲ့ သူငယ်ချင်းတွေအတွက် တွက်နည်းတစ်ခုသင်ပေးလိုက်မယ်။အင်္ဂလိပ် သက္ကရာဇ်ထဲက 638 ( ဒေ၀ီ လို့အလွယ်မှတ်ထားနော်) ကို နှုတ်လိုက်ပါ။
ဥပမာ - 1982 မွေးတဲ့သူဆို 638 နှုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။

တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလက စတာမို့လို့ ၁လ၊ ၂လ၊ ၃လပိုင်းနဲ့ ၄လပိုင်းသင်္ကြန်မတိုင်ခင်

မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ၁တိုးယူပါ။ ၁၃၄၄ ဆို ၁၃၄၃ ပေါ့။ နားလည်မယ်ထင်ပါတယ်။ စိတ်ကူးနဲ့

ဖဲရိုက်နေတဲ့ ကိုကိုတွေ အမှန်လေးနဲ့တွေပါစေ……………:)

 

မေတ္တာဖြင့်..

ကိုကိုမှော်ဆရာလေး

Email : kokohmawsayarlay@mawcity.com

အပျိုလေး အပျိုကြီးတွေအတွက် ဘ၀လက်တွဲဖော်

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်... ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.

အဆင့်(၁)
ကိုယ့်ကို ချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ                -        
က ခ ဂ ဃ င             -        
စ ဆ ဇ စ် ည             -        
ယ ရ လ ၀                -        
ပ ဖ ဗ ဘ မ              -        
သ ဟ                     -        
ထ တ ဒ ဓ န             -        

ဥပမာ - ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
၁ + ၂+ ၇=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူ အသက်=၂၅
ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သင်္ချာနံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာ ပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ။

အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ( ၁ ) ကနေ( ၀ ) ထိ ရေးပေးထားပါတယ်။ ကိုယ့်ကို ချစ်စကားဆိုသူက ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည် တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံးရတဲ့ အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။



အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိတော့ကိုယ့်

အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။ တကယ် လက်ထပ် နိုင်တဲ့ အခြေအနေ လတ်တလောသူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ မိဘအသိုင်းအ၀ိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘ၀နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင် ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကြီးကိုချစ်နေ တာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀သူ့အချစ် သူ့မေတ္တာအားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ် မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိရင် လက်ခံသင့် တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူး ဆိုလည်း သူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့။

 မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့အနေအထားတော့မဟုတ်

ဘူးနော်။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကို့အပြင် သူနောက်ထပ် တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံး မှာ။ အသည်းကွဲ ကာကွယ်ဆေး ထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေး မပေါ်သေးဘူးနော်..။ မိတ်ဆွေ လောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကို မြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ ကို့အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကိုယ့်အပေါ် သူတတ်အားသလောက် တင့်တင့်တယ်တယ် ထားမှာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေ အထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကို့သဘော ကို့အလို တကယ်လိုက်ပြီး ကို့မျက်နှာ အညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ. လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။


အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာထပ်အဖြေ တောင်းတော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား..။ ဆိုတာကို လေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။ ငြင်းစရာ မှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာကအမှန်တည်ငြိမ်ပါတယ်။

 ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ်ကိုနဲ့ကျမှတည်တည်

ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေ ကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ် လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည် တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအ၀ိုင်း သူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ကိုယ့်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲကို့ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကား နဲ့ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူ ချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်း တစ်မျိုး နှင့် မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွား မတွဲနဲ့ ယူလို့လဲ မကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာ လေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင်ချိန်ဆနိုင်အောင်ပေးထားတာပါ။

 ချစ်သူရှိပြီးသား လူတွေနဲ့ပတ်သတ်ပြီးတွက်ကြည့်ချင်ရင်တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။

ရည်းစားမရှိသေးသူတွေကလည်း ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ် ဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်ပေါ့နော့်..။

မေတ္တာဖြင့်..

ကိုကိုမှော်ဆရာလေး

Email : kokohmawsayarlay@mawcity.com

သင်ရောင်းချင်တာတွေ အမြန်ရောင်းထွက်ရန်

မိတ်ဆွေများ ဆီမှ ရောင်းမစွံတဲံ ပစ္စည်းများ ရှိနေရင်
ဒီယတြာကိုသာချေလိုက်ပါ။ အဆင်ပြေသွားပါမယ်။
လူပျိုကြီး ၊အပျိုကြီးတွေတော့ တာဝန်မယူဘူးနော်..။ ကြိုပြောထားတာ..။
ဟဲ..ဟဲ.။စတာပါ။ သူတို့တွေကိုလည်း စွံစေချင်တယ်ဆိုရင်.. နောက်တစ်ပတ်ကျမှ
တင်ပေးပါမယ်..။ လုပ်ကြည့်နိုင်ပါတယ်..။

တနင်္ဂနွေနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ဇီးကိုင်း
တနင်္ဂနွေနေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၈)ချက်
တောင်အရပ်


ဥပမာ သင်သည် အိမ်၊အိုး၊ အုပ်၊ အိမ်ဆောက်ပစ္စည်း၊ အုန်း၊ အုန်းဆီ ၊
အုန်းသီး အစရှိသော တနင်္ဂနွေနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုပါက
တနင်္ဂနွေနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း တောင်အရပ်ကို မျက်နှာမူ၍
ဇီးကိုင်းဖြင့် (၈)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု
ပြောဆို၍ ရိုက်ပါ။

တနင်္လာနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ပေါက်(သို့) ပျဉ်းမ
တနင်္လာနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၉)ချက်
အနောက်တောင်အရပ်

ဥပမာ သင်သည် ကား၊ ကျောက်၊ ခြံ၊ ကြက်၊ ငါး ကွမ်း အစရှိသော တနင်္ဂနွေနံ
ပစ္စည်းများ အရောင်းသွက်လိုပါက တနင်္လာနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း
အနောက်တောင်အရပ်ကို မျက်နှာမူ၍ ပျဉ်းမကိုင်းဖြင့် (၁၉)ချက်ရိုက်ပါ။
အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

အင်္ဂါနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... အုန်း(သို့)အင်ကိုင်း
အင်္ဂါနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၆)ချက်
အနောက်အရပ်

ဥပမာ သင်သည် အင်္ဂါနံ - ဆန် ၊ ဆီ၊ ဆေး၊ ဆား၊ စက် ၊ စာအုပ်၊ စက္ကူ၊
စားသောက်ကုန်၊ စားသောက်ဆိုင် အစရှိသော အင်္ဂါနံနံ ပစ္စည်းများ
အရောင်းသွက်လိုပါက အင်္ဂါနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း အနောက်အရပ်ကို
မျက်နှာမူ၍ အုန်းညွန်/ကိုင်းဖြင့် (၆)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက်
အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

ဗုဒ္ဓဟူးနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ၀ါး/ရွက်လှ
ဗုဒ္ဓဟူးနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၇)ချက်
အနောက်မြောက်အရပ်

ဥပမာ ရွှေ၊ ရေ၊ အလှကုန်၊ ၀ါး၊ လယ်၊ အစရှိသော ဗုဒ္ဓဟူးနံ ပစ္စည်းများ
အရောင်းသွက်လိုပါက ဗုဒ္ဓဟူးနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း
အနောက်မြောက်အရပ်ကို မျက်နှာမူ၍ ၀ါးကိုင်းဖြင့် (၁၇)ချက်ရိုက်ပါ။
အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

ကြာသပတေးနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ကံ့ကော် / ခရေ
ကြာသပတေးနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၅)ချက်
အရှေ့မြောက်အရပ်

ဥပမာ သင်သည် မြေ၊ ဖုန်း။ ပဲ၊ မုန့်လုပ်ငန်း၊ ပန်းချီကား၊ ပိုစတာ၊ ပန်း
အစရှိသော ကြာသပတေးနံ အရောင်းသွက် လိုပါက ကြာသပတေးနေ့ နံက်(၇း၃၀)မှ
(၉း၀၀)အတွင်း အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ ကံ့ကော်ကိုင်းဖြင့်
(၁၅)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍
ရိုက်ပါ။

သောကြာနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ဒန်း/ထိန်/ဓနိ
သောကြာနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၀)ချက်
အရှေ့တောင်အရပ်

ဥပမာ သင်သည် သွတ်၊ သံ ၊ သစ်၊ သင်္ဘော ၊ သစ်သီး၊အစရှိသော သောကြာနံပစ္စည်းများ
အရောင်းသွက် လိုပါက သောကြာနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း
အရှေ့တောင်အရပ်ကို မျက်နှာမူ၍ ထိန်/ဒန်း/ဓနိကိုင်းဖြင့် (၁၀)ချက်ရိုက်ပါ။
အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

စနေနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... သီး/သပြေ
စနေနေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၂၁)ချက်
မြောက်အရပ်

ဥပမာ သင်သည် ထီ၊ အထည်၊ ဖိနပ်၊ လျှပ်စစ်၊ နွား၊ အစရှိသော စနေနံပစ္စည်းများ
အရောင်းသွက်လိုပါက စနေနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း အနောက်တောင်အရပ်ကို
မျက်နှာမူ၍ သီးကိုင်းဖြင့် (၂၁)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက်
အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

မှတ်ချက်- နည်းစနစ်ကား (ဦးညို၊ခေမာ၊သုတ၊ဝေရီ၊ရန်စီစီ) ဟူသော
ကိန်းအတိုင်း ရန်ဓာတ်ကိုင်းနှင့် ရန်ဓာတ်နံ၏ ဂြိုဟ်သက်အတိုင်း
ဆပွတ်ကာလအချိန်တွင် ဘုမ္မိအရပ်ကို မျက်နှာမူ၍ ရောင်းလိုသော ပစ္စည်းကို
ရိုက်ခြင်းပင်ဖြစ်၏။

နန်းညွန့်ဦး
Email : sayartarot731@gmail.com
Ph : 01 .8100 465

မှတ်ချက် ၊ ။ အထက်ပါ Post ကို ဆရာဟိန်းတင့်ဇော်ထံမှ ခွင့်တောင်းရယူထားပါသည်။
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့)
Email; Sayaheintintzaw@gmail.com / Ph;+66 87 415 0022

ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
                             မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
                             မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
                             မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၇) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၈) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......

နံပါတ် (၁)


မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်..ဖော်ရွှေတယ်.. တာဝန်ယူ လိုစိတ် ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကိုမြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.။မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်.။ ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်။ဒါပေမယ့်..ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်။အမြင်မတူတဲ့သူတွေနဲ့ပြဿနာတက်ရတာကိုနှစ်သက်တယ်။အငြိုးအတေးကြီးပြီးလက်စားချေတက်ကြတယ်.အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်။ မင်းမှာအလုပ်အကိုင်ကောင်းတွေ ရတက် ပါတယ်..မင်းသာ အမျိုးသားဆိုရင်.. အရမ်းနာမည်ကျော်မယ်..ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာ ဖြစ်ပြီး..လူတိုင်းက မင်းကိုလေးစားနေပါလိမ့်မယ်.. မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံ သွားနိုင်သူပါ.. ဘာဖြစ်လို့လဲဆိုတော့.. ကိစ္စ တော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့

လူတွေကမင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်လုပ်တာမျိုး..။ ကြုံရတက်ပါတယ်...။ဒါကလည်း

 မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..။မင့်ရဲ့မိသားစုဘ၀ကအေးချမ်းလွန်ပါတယ်..။ မင်းဟာအဖော်မွန်

ကောင်းကိုပိုင်ဆိုင်ပြီ..။ချစ်စဖွယ်သားသမီးတွေနဲ့နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...

နံပါတ်(၂)


မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..။ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းကသဘောကျသလိုမျိုးပေါ့..။ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်... မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကိုလိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်.. တကိုယ်ကောင်းဆန်ပြီး.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ် တယ်.  မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှလထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ် ကျနေတဲ့ အချိန်ဆိုရောက်လာပြီ..။ သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲကပျောက်ကွယ်

သွားတက်တယ်..မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်းဖြစ်နိုင်ပါတယ်။(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).တကယ့်လိုများ..

ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာအောင်မြင်မယ့်သူတစ်ဦးပါ...။အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူ တစ်ဦးပါ.မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲမင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦးပါ..မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီး တဦး ဖြစ်နေပါလိမ့်မယ်..မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့မိသားစုမှာခိုက်ရန်ဖြစ်တာတွေ.. ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက. မိသားစု ကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...။မင်းဟာ သိမ့်မွေ့တယ်.. အမြင် ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!`

နံပါတ် (၃)


နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကိုကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကိုလျှော့ကျဖို့လိုလားပေမယ့်..ပြဿနာ

တိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထား

ကို ပိုင်ဆိုင်သူ တစ်ဦးပါ..ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေ

တာပေါ့..မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်းပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်

ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာနှစ်သက်လို့ပဲ.. အဲလိုလည်းမင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ပြိုင်ဘက်တယောက်လိုပဲ...ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျ သွားပြီဆိုလည်း..မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...မင်းဟာ အမြဲလိုလို.. သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေကကြာရှည်မခံပါဘူး..ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင် တယောက်လိုပါပဲ..

သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိကြိုးစားခြင်းတွေ.ရုန်းကန်ခြင်းတွေနဲ့..မင်းဟာနပန်းလုံးနေရတက်တယ်...မင်းဟာအမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..မိသားစုကို စောင့်ရှောက်တယ်..သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်။တကယ်လို့..မင်းဟာအမျိုးသမီးဆိုရင်လည်း..အကျင့်စရိုက်ကောင်းတွေ..

ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူတစ်ဦးပါပဲ...။
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!


နံပါတ် (၄)


မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကိုအရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စ တွေမှာတော့ကံမကောင်းတက်ပါဘူး..အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်..အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကိုစိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီး အဝေးကို ပြေးသွားတက်ကြပါတယ်..မင်းဟာ တခါတရံမှာတော့ တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာ တွေကိုကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန် ဖြုန်းနေတက်ပြီ..အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန် တွေငွေတွေကိုသုံးဖြုန်းပြီးအဝေးကိုပြေးသွားတက်ကြပါတယ်။အဲဒီခါကြရင်တော့ မင်းဟာခိုးကိုယ်ရာမဲ့နေပြီဆိုတာ.. အသေအချာပါပဲ..အဲဒီအတွက်..လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့ သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..မင်းဘ၀မှာ တခါတရံ အဆင်မပြေမှု တွေနဲ့ပြည့်နက်နေတက်တယ်။ ဥပမာ-မင်းဟာဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှ မဟုတ် ..အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်..အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့် ကောင်းယူမယ့်သူတွေကိုပါပဲ..။ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ.. အမျိုးသမီး

ဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့အနုပညာပိုင်းမှာထွန်းပေါက်နိုင်ပါတယ်..မင်းဟာ..စိတ်ရှည်တယ်..

ခေါင်းမာတယ်..ရှေးရိုနည်းနည်းဆန်ပြီး…အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...။
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.

သင့်တော်တဲ့သူတွေကတော့...5, 6, 7!

နံပါတ် (၅)


မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင် ပါတယ်.. မင်းဟာစီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး. ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း.အောင်မြင်

မယ်သူပါ..ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..မိသားစုနဲ့သူငယ်ချင်းတွေ အတွက်တော့..  မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ.။ မင်းဟာ နည်းနည်းတော့မြှာပွေတက်ပေမယ့်..ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..သတိထား ရမယ် အချက်ကတော့မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..မင်းရဲ့အကောင်းဆုံး ဆရာ သမားတွေဖြစ်နေလေရဲ့...။
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9.

သင့်တော်တဲ့သူကတော့. 6, 8!!!

နံပါတ် (၆)


အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူ တစ်ဦး ပေါ့.. ဆိုလိုတာကမင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..မင်းဟာ ပညာရေး..အလုပ်.. စီမံခန့်ခွဲမှု မှာပဲဖြစ်ဖြစ်.. အောင်မြင်မှုရသူတစ်ဦးပါ..မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင်းစိတ်ထဲမှာ ကောင်းတယ်လို့ ထင်တဲ့လူတွေအပေါ်မှာသာ).....ရုပ်ရည်အရမ်းချောမောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေ

တက်ပါတယ်..ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..မင်းရဲ့စိတ်ထားနဲ့ခန္ဓာ ဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်။ ဒါပေမယ့် မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ရင်းရင်းနှီးနှီး နေရတာကို နှစ်သက်တဲ့သူတဦးပါ..အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု….ဒါမှမဟုတ် လက်ထက်တာကို….

စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်.. ယေဘုယျ အား ဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ.. အိမ်ထောင်မှု

နိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

နံပါတ် (၇)


မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကိုယုံကြည်တက်တယ်.. ပျော်ပျော်ရွှင်ရွှင် နေတက်ပြီ.. ပညာရေးမှာ ထူးချွန်သူတစ်ဦးပါ..ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..အမျိုးသမီးဆိုရင်တော့…အထက်ကအချက်တွေနဲ့

မင်းဟာ အောင်မြင်နိုင်ပါတယ်..မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..အမျိုးသားတစ်ဦးသားဆိုရင်တော့အမျိုးသမီးထုကြားမှာရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူ တစ်ဦး လည်းဖြစ်နေပါတယ်..နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာ များပါတယ်..အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....မင်းရဲ့ဘ၀မှာ အရာ အားလုံးရှိနေပေမယ့်..အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..ဒါကလည်း..

ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ (၁၀၀) လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေး မသာယာတာမျိုး တွေ့ရတက်

ပါတယ်.. ဒါကြောင့်..ကြင်ဖော်ကို စောင့်စားနေတာထက်..ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစော စီးစီး ရှာထားသင့်ပါတယ်. အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကိုအထီးကျန်စွာ ဖြတ်သန်း သွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီးသေချာဂရုစိုက်အလေးထားသင့်ပါတယ်..မင်းဟာ အံဖွယ် ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သောပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ ဒီကမ္ဘာ လောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2.

သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!


နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကိုနားလည်နိုင်မှာ မဟုတ်ပါဘူး.. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာတဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့ နုံချာနိုင်ပါတယ်..အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာလက်လွှတ် ရနိုင်

ပါတယ်.. ဒီလိုမျိုး အဖြစ်အပျက်တွေကမင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီး နေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရား မျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.ပုံမှန်အားဖြင့်.. မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..

ဘ၀ကိုလည်း..အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..မင်း

 အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)

မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလိုခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို

ရရှိပါလိမ့်မယ်..မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..ဥပမာ..(အမှုအခင်းများ..

အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှု များနဲံကြုံတွေနိုင်ပါတယ်)သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..

လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင် ရမှာ ဖြစ်ပြီ.. အောင်မြင်မှုကိုလည်းခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေ ပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကိုရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူတစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့  ကလေးတယောက်ပါ…။

မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..ဒါပေမယ့်.. အရွယ်ရောက်လာတဲ့အခါမှာတော့..မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး..။

 မင်းဟာဆောက်လုပ်ရေးအလုပ်.. ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..မင့်ရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်မင့်ကလေးတွေ

အတွက်တော့စိုးရိမ်ရပါလိမ့်မယ်..မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်

ခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်

အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..။
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့အဖော်မွန်ကတော့ 2!!!


အထက်ပါ ကိန်းဂဏန်းဗေဒင်သည် ဆရာ ဟိန်းတင့်ဇော်ဆီမှ တရားဝင်ကူးယူဖော်ပြထားပါသည်။ ဆရာ ဟိန်းတင်ဇော် အား ဖော်ပြခွင့်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။


Nann Nyunt Oo

Email : sayartarot731@gmail.com


စီးပွားရေးဆိုင်ရာရွှေပုရပိုက်ဗေဒင်ဟောကိန်း



စီးပွားရေးဆိုင်ရာရွှေပုရပိုက် ဟောကိန်း

တွက်နည်းမှာ - ရောက်ဆဲအသက်ကို (၉) နှင့်ပေါင်းပါ။ (၃) နှင့်မြှောက်ပြီး (၇) နှင့်စားပါ။

ကျန်ရှိသောအကြွင်းကိုကြည့်ပြီး သက်ဆိုင်ရာဟောကိန်းတွင်ကြည့ှ်ုပါ။

ဥပမာ - ၃၂ နှစ် + ၉ =၄၁ × ၃ =၁၂၃ ÷ ၇ =၄ကြွင်း (ဆင်)

သင်၏အသက်ကိုစစ် အဆင်သင့်တွက်ပြီးသော ဇယားကွက်တွင်ရှာ ဟောကိန်းကို ဖတှ်ုနိုင်ပါသည်။

(၁)ကြွင်း ဂဠုန် ဟောကိန်း

လုပ်ငန်းတွင်အတိုက်အခံနှင့်ကြုံရမည်။ ရုန်းကန်ရမည်။ မိမိသည်ဇွဲ၊လုံ့လ၊၀ီရိယအကျိုးကိုခံစားရမည်။လုပ်ငန်း သစ် လုပ်ကိုင်လိုစိတ်ပေါ်မည်။အိမ်သား၊မိဘ၊အကြီးအကဲများနှင့်စေ့စပ်ညှိနှိုင်းတိုင်ပင်မရသောကြောင့် စိတ်ညစ်ရမည်။ စီးပွားလုပ်ကိုင်မှုဆိုင်ရာ ကိစ္စများတွင်မမျှော်လင့်ဘဲ စွန့်စားခန်းများကြုံတွေ့နေရသောကြောင့် အများအမြင်၌ သူရဲ ကောင်းတစ်ဦးလို ဖြစ်နေပါမည်။မျှော်လင့်ရန်ခက်ခဲသော စီးပွားရှာဖွေမှုတွင် စိတ်အား ထက်သန်ပြီး အတွေးခေါ် အကြံအစဉ်များပြားနေမည်။ရန်သူရန်ဘက်များလည်း ကြုံတွေ့ရမည်။ မိမိ၏စိတ်ဓါတ်ကြံခိုင်မှုကို အားစမ်းမည့် နှစ် တစ်နှစ်ဖြစ်သည်။ ဥာဏ်၊၀ီရိယ နှင့်ဇွဲကောင်းလျှင် အောင်မြင်မည်ဖြစ်ရာစိတ်ဓါတ်ခိုင်မာရန်အထူးလိုအပ်သော နှစ် တစ်နှစ်ဖြစ်ပါသည်။

ထိုတစ်နှစ်စာယတြာအနေနှင့် - သံဃာ(၅)ပါးအား အိမ်တွင် ဆွမ်းကပ်ပါ။တားရော့ကတ်မှ The Chariot (စစ်ရထား)ပုံကို အဆောင်အဖြစ်ဆောင်ထားပါ။

(၂)ကြွင်း ကျား ဟောကိန်း

ဤနှစ်တွင်..ရည်ရွယ်ချက်များအောင်မြင်ပါမည်။ဘ၀အဆင့်အတန်းမြင့်မားလာပြီး လုပ်ငန်းများတိုးတက်လာပါမည်။ ထို့ပြင် ရာထူးဂုဏ်သိန်နှင့်ပါပြည့်စုံလာနိုင်ပြီး မင်္ဂလာရှိသောနှစ်တစ်နှစ်ဖြစ်သည်။ရာထူးတက်ကိန်းရှိပါသည်။ ဂရု စိုက်ပါ။အများ၏ချီးကျူးခြင်းကိုခံရပြီး ဥစ္စာစီးပွားဘောဂများ ရရှိနိုင်သည်။ လုပ်ငန်းသစ်စတင်ခြင်း၊တိုးချဲခြင်း၊ ကျယ်ပြန့်ခြင်းများ ရှိလာနိုင်ပါသည်။စုတ် + လာဘ် ပွင့်သောနှစ်ဖြစ်ပြီး ကြိုးစား၍စီးပွားရှာလျှင် အကျိုးဖြစ်ထွန်းမည့် နှစ်တစ်နှစ်ဖြစ်ရာ အထူးကြိုးစားသင့်ပါသည်။ မှတ်ချက် ။ ။ထီပေါက်ကိန်းရှိသူပင် ထီမထိုးလျှင်မပေါက်နိုင်သည်ကို ဥပမာယူပါ။

ထိုတစ်နှစ်စာယတြာအနေနှင့် ပိုက်ဆံအိပ်ထဲတွင် တားရော့ကတ်မှ The Sun(နေမင်း) ကတ်ကို Scan ဖတ်ပြီး ပုံထုတ်ကာ ဆောင်ထားပါ။ရှာဖွေ၍မရပါက ဆက်သွယ်နိုင်ပါသည်။

(၃)ကြွင်း ခြင်္သေ့ ဟောကိန်း

အတိုက်အခံမများသောနှစ်ဖြစ်သည်။စီးပွားရှာဖွေလုပ်ကိုင်ရာ၌အဆင်ပြေရန်ခဲယဉ်းမည်။မိမိလုပ်ဆောင်မှုများလွဲ ချော်မှု ကြောင့်တင်သလောက်မပေါက်ဘဲဖြစ်နေမည်။ဤနှစ်၌ လုပ်ငန်းများတိုးချဲ့ခြင်း၊အသစ်စတင်ခြင်းများ မလုပ် သင့်ပါ။ငွေရေးကြေးရေးတွင်စာရင်းဇယားများတိတိကျကျရှိရန်လိုအပ်ပါသည်။မိမိနှင့်အတူစီးပွားဘက်များရွေးချယ် ရာတွင် မှားယွင်းနိုင်သဖြင့်သတိရှိရန်လိုအပ်ပါသည်။ငွေကြေးဆိုင်ရာ ဆုံးရှုံးမှုများရှိနိုင်သည်။အိမ်သူအိမ်သားများ၊ လုပ်ဖော် ကိုင်ဖက်များ နှင့်စိတ်သဘောထားများမတိုက်ဆိုင်မှုရှိမည်။စီးပွားရေးနှင့်တိုးတက်မှုအတွက် ငွေကြေး မြုပ်နှံမှု ပြုလုပ် ရမည့်နှစ်တစ်နှစ်လည်းဖြစ်ရာ ဆုံးဖြတ်ချက်များမှန်ကန်ရန်လိုအပ်ပါသည်။ဒေါသကို ရှေ့တန်းတင်၍ မရပါ။မမျှော်လက်ဘဲ အနာရောဂါရတက်သည်။ကျန်းမာရေးကိုဂရုစိုက်ပါ။

ထိုတစ်နှစ်စာယတြာအနေနှင့် -ဘုရားရှိ အင်္ဂါထောင်တွင် ရေ/မီး/သန့်ရှင်းရေး ဆိုင်ရာ ကုသိုလ်ပြုပါ။ ထီး အနီရောင် (၈)လက်လှူပါ။တားရော့ကဒ်မှ Major Cards ထဲမှ Justice Card (တရားမျှတမှု) ကို ပုံထုတ်ပြီးဆောင်ထားပေးပါ။

(၄)ကြွင်း ဆင် ဟောကိန်း

အောင်မြင်မှုများစွာက အထွတ်အထိပ်သို့ရောက်အောင် ပို့ဆောင်ပေးပါမည်။အလုပ်ကိုကြိုးစားလုပ်ကိုင်ရင်း စုတ် ရော လာဘ်ပါ ၀င်လာသောကြောင့် အံ့သြ၀မ်းသာရမည့်နှစ်တစ်နှစ်ဖြစ်သည်။အထက်တန်းကျကျနှင့် ဂုဏ်ရှိသည့် လုပ်ငန်းများ လုပ်ကိုင်ရမည်။စာရင်းဇယားများတိတိကျကျရှိမှုကြောင့် သင့်အားအောင်မြင်မှု သရဖူဆောင်းစေလိမ့် မည်။ထီဆုများ ပေါက်မည်။လုပ်ငန်းသစ်စတင်ခြင်း၊လုပ်ငန်းတိုးချဲ့ခြင်းတို့ရှိမည်။ ရရှိလာသော အခွင့်အလမ်းကို လက်မလွတ်စေဘဲ အသုံးချနိုင်ပါက ဓနဥစ္စာကြွယ်ဝလာမည့်နှစ်ဖြစ်သည်။

ထိုတစ်နှစ်စာယတြာအနေနှင့် အိမ်ရှိဘုရားတွင် ရွှေထီး နှင့် ငွေထီးကြီးကြီး တစ်လက်စီလှူပေးပါ။ တားရော့ကဒ်မှ Minor Cardထဲရှိ Wand 5 (တုတ် ငါးချောင်း) ပုံကို ပုံထုတ်ပြီးဆောင်ထားပါ။

(၅) ကြွင်း ကြွက် ဟောကိန်း

ကံကောင်းသောနှစ်ပါ။အတွေးအခေါ်၊အကြံအစည်၊ပတ်ဝန်းကျင်သစ်တို့ကြောင့် သင့်ကိုအောင်မြင်မှုများဖြစ်စေမည်။ စိတ်ကူးနှင့်လက်တွေ့ သဟဇတရှိမှုတို့ကြောင့်လုပ်တိုင်းဖြစ်နေပြီးကံတရားကလည်းကူညီမည်။ လာဘ်လာဘ များလည်း တိုးတက်နေမည်။ခရီးဝေး၊နိုင်ငံခြား၊ကုန်သွယ်မှု၊ကူးသန်းရောင်းဝယ်ရေးကိစ္စများလည်းအောင်မြင်မည်။ မမျှော်လင့်သော ငွေကြေးအမြောက်အများရရှိခြင်း၊ထီပေါက်ခြင်းတို့ကြုံရပြီး စီးပွားရေးတိုးတက်မည့် နှစ်တစ်နှစ်ဖြစ်သည်။

ထိုတစ်နှစ်စာယတြာအနေနှင့် ခွေးများကို အစာ၀၀ကျွေးပါ။ ခို ၊ စာကလေးများ ၃လအတွင်း သင့်အသက်ထက် တစ်ကောင်ပိုပြီး လွှတ်ပေးပါ။ တားရော့ကဒ်မှ Major Cardထဲရှိ The World (ကမ္ဘာလောက) ပုံကို ပုံထုတ်ပြီး ဆောင်ထားပါ။

(၆) ကြွင်း ပူး ဟောကိန်း

စီးပွားရေးအခြေအနေတိုးတက်ဖွံ့ဖြိုးလာမည်။ကံကောင်းမည့်နှစ်ဖြစ်သည်။ မထင်မှတ်သောရင်းနှီးမြုပ်နှံမှုတို့မှ အသီး အပွင့်တို့ကို ခံစားရရှိမည်။စုတ်ကြီးလာဘ်ကြီးဝင်မည်။ဥစ္စာရရှိခြင်းအပြင် စန်းပွင့်ခြင်းတို့ကြုံနိုင်သည်။နိုင်ငံရပ်ခြားနှင့် ပတ်သတ်၍အကျိုးဖြစ်ထွန်းမည်။ဝင်ငွေများရရှိလာမည်။ခရီးသွားခြင်းဖြင့် အကျိုးထူးရရှိလာမည်။ အနုပညာသမား များ၊ အနုပညာဆိုင်ရာလုပ်ငန်းများအကျိုးပေးမည့်နှစ်တစ်နှစ်ဖြစ်သည်။ထူးကဲစွာအောင်မြင်မည့်အပြင် ဆုတံဆိပ် များလည်း ရရှိနိုင်ပါသည်။အိမ်ခြံမြေများ ရရှိကိန်းလည်းရှိသောကြောင့် ဘ၀တွင်ပြည့်စုံလာမည့်နှစ်လည်းဖြစ်သည်။ အိမ်ထောင်မပြုချင်သေးသူများအတွက် အိပ်ယာထဲတွင် ဆန့်ကျင်ဘက်လိင်အရုပ်ကလေးများ ထားရှိအိပ်စက်ပြီး (၃)လကြာပါက စွန့်ပစ်လိုက်ပါ။ စွန့်ကာနီးတွင် နင်နဲ့ငါနဲ့ပြတ်ပြီ ဟုလည်းနှုတ်မှပြောပါ။ ယခုနှစ်အတွင်း လုံးဝ မဖြုန်းပါနှင့်။ကျစ်ကျစ်ပါအောင်စုပါ။ဆန့်ကျင်ဘက်လိင်များနှင့်ဆက်ဆံရာတွင် အထူးသတိရှိပါ။

ထိုတစ်နှစ်စာယတြာအနေနှင့် "ဗုဒ္ဓေါ" ဟူသော ဘုရားဂုဏ်တော်ကို ပုတီး ၉ ပတ်စိတ်စိတ်ပေးပါ။ တားရော့ကဒ်မှ Major Cardထဲရှိ Temperance (စောင့်ထိန်းခြင်း) ပုံကို ပုံထုတ်ပြီးဆောင်ထားပါ။

(၀) ကြွင်း နဂါး ဟောကိန်း

အခက်အခဲနှင့် အတားအဆီးများက သင့်ကိုစိတ်ခေါ်အားစမ်းလာမည်။စီးပွားရေးဝင်္ကပါထဲတွင် မရေရာမသေချာမှု များ ကြောင့် မျက်စိလည်လမ်းမှားနိုင်သည်။ရန်သူမျိုးငါးပါး၏ဒဏ်ကို ကြုံတွေ့နိုင်သည်။ဆုံှးုံးမှုများအတွက် ကြိုတင် ပြင်ဆင် ထားနိုင်လျှင်ကောင်းပါသည်။ကျန်းမာရေးကြောင့်စိတ်သွားတိုင်းကိုယ်မပါဘဲဖြစ်နေတက်သည်။ ဘေးအန္တရာယ်မကင်းသောစွန့်စားရမည့်လုပ်ငန်းများအကျိုးမပေးသေးသဖြင့်ရှောင်ကျဉ်ရန်လိုပါသည်။ဥပဒေဘောင် အတွင်းမှသာစီးပွားရှာသင့်ပါသည်။လောင်းကစားကြောင့်အကြီးအကျယှ်ုံးနိမ့်နိုင်သည်။အောက်လက်ငယ်သား အကျိုးမပေးဘဲအများနှင့်စုပေါင်းလုပ်ကိုင်သောလုပ်ငန်းများရှောင်နိုင်လျှင်ကောင်းသည်။အမှုအခင်းဖြစ်တက်သည်။သတိထားပါ။လောဘတကြီး စီးပွားမရှာဘဲလက်ရှိကို မပျောက်ပျက်အောင်သာထိန်းသိမ်းသင့်သည်။

ထိုတစ်နှစ်စာယတြာအနေနှင့် သံဃာများဆွမ်းကပ်ပါ။ စနေထောင့်တွင် နှင်းဆီနီနီရဲရဲ (၉)ပွင့် မကြာခဏ လှူပေးပါ။ အိမ်ရှိဘုရားတွင် မုန့်လုံးရေပေါ် (၁၀၈) လုံးလှူပေးပါ။ တားရော့ကဒ်မှ Major Card ထဲရှိ Wheel of Fortune (ကံကြမ္မာလှည်ဘီး) ပုံကို ပုံထုတ်ပြီးဆောင်ထားပါ။

ယုံကြည်မှုရှိပြီး ရှာဖွေမရပါက အောက်ပါ Email သို့ လိပ်စာ၊ဖုန်းနံပါတ်၊အမည်၊မွေးသက္ကရာဇ် နှင့် Email Account များပေးပြီးဆက်သွယ်နိုင်ပါသည်။

နန်းညွန့်ဦး (Email : sayartarot731@gmail.com)

တားရော့မေးလိုလျှင်ဖြစ်စေ..ဟောစာတမ်းလိုလျှင်ဖြစ်စေ..ဆက်သွယ်နိုင်ပါသည်။

ဗာရာဏသီနည်း

ငွေကြေးအရောင်းအ၀ယ် အဆင်ပြေစေဖို့  ဗာရာဏသီနည်း နဲ့ ယတြာချေကြမယ်။

(၁) အနာအဆာကင်းသော ညောင်ရွက် (၉) ရွက်ကိုရှာပါ။

(၂) အရွက်ညှာတံမှအပ်ချည်ကြိုးအဖြူနှင့် အကွာအဝေး ညီညာစွာ ချည်နှောင်ပါ။ဆိုင်အကျယ်အ၀န်း  ရှိသ      

     လောက်ပေါ့ဗျာ။

(၃) ၄င်းညောင်ရွက် (၉) ရွက်ကို  ဆိုင်အ၀င်အ၀တွင် တနင်္လာနေ့ နံနက် ၉ နာရီ ၂၀ မိနစ်တွင် စတင်

     ချိတ်ဆွဲပါ။

(၄) အသစ်လဲ တပ်ဆင်လိုပါက အထက်ပါနေ့ နာရီတွင် ဆက်လက်ဆောင်ရွက်သွားပါ။

(၅) ညောင်၇ွက် (၉) ရွက်ချိတ်ဆွဲရာတွင် (၈) ရွက်သည် တစ်ညီတည်း ရှိနေရမည်ဖြစ်ပြီး အလယ်တွင် 

     ရှိသော  ညောင်ရွက်သည် အောက်သို့ ပိုမို ရှည်ထွက်နေရပါမည်။

(၆) ရောင်းရသောငွေကြေးကို ဆံပင်ဆံထုံးအုပ်သော ကွန်ချာတွင်ထည့် ငွေသိမ်းပါ။

 

ရက်ပိုင်းအတွင်း အရောင်းအ၀ယ်စည်ပင်လာပြီး လာဘ်ပွင့် စီးပွားတက် ငွေကြေးအဆင်ပြေလာပါလိမ့်မည်။

နေ့သား၊ပုဂ္ဂိုလ် မရွေးပါ။

အဓိကမှာ

ညောင်ရွက်   - ဈေးရောင်း

ကွန်ချာ        - ငွေကြေး

တနလာင်္နေ့ နံနက် ၉ နာရီ ၂၀ မိနစ်

 

ဆက်သွယ်လိုပါက . . .

နန်းညွန့်ဦး (Email : sayartarot731@gmail.com)