ဂျိမ်းကလပ်မက်ဇဝဲလ်

ဂျိမ်းကလပ်မက်ဇဝဲလ်
James Cleark Maxwell (1831-1879)
           
                 အင်္ဂလိပ်အမျိုးသားကြီး ရူပဗေဒပညာရှင် ဂျိမ်းကလပ်မက်ဇဝဲလ်ကို
လျှပ်စစ်အားနဲ့ သံလိုက်အားတွေရဲ့ အခြေခံနိယာမကို ဖော်ထုတ်နိုင်တဲ့ ညီမျှခြင်း
လေးချက်တစ်စုံကို စံနည်းချပေးသူအဖြစ်နဲ့ လူသိများပါတယ်။
                  မက်ဇဝဲလ်မပေါ်မီ နှစ်ပေါင်းအတော်ကြာကပဲ ဒီလေ့လာရေးနယ်နှစ်
နယ်မှာ ကျယ်ပြန့်အောင် စစ်ဆေးစုံစမ်းပြီး ဖြစ်နေပါတယ်။အဲ့ဒီအပြင် ဒီအခြင်းအ
ရာနှစ်ခုဟာ အင်မတန်နီးစပ်တယ်လို့လဲ သိနေကြပါပြီ။ လျှပ်စစ်နဲ့ သံလိုက်နိယာ
မတွေ နီးစပ်လှပါတယ်ဆိုပေမယ့် ဘယ်လိုအခြေအနေမျိုးမှာ ဘယ်လိုဆိုတာမျိုး
မှာပဲ သိကြတာ။ မက်ဇဝဲလ်မပေါ်မီက အကုန်ခြုံငုံပြီးတော့ ဖော်ပြတဲ့ သီအိုရီ မရှိ
သေးပါ။(အများကြီး အဆင့်မြင့်ပေမဲ့) အချုပ်လုပ်ထားတဲ့ ညီမျှခြင်းလေးချက်နဲ့ လျှပ်
စစ်နဲ့ သံလိုက်ဗီဇသရုပ်ဟာ အပြန်အလှန်ဆက်စပ်နေပုံကို မက်ဇဝဲလ်က အတိအကျ
ဖော်ပြနိုင်ပါတယ်။ အဲ့ဒီလိုနဲ့ အင်မတန်ရှုပ်ပွေနေတဲ့ သဘာဝ အခြင်းအရာတစ်ခုကို
သူက နားလည်လွယ်တဲ့ သီအိုရီတစ်ခုနဲ့ တိတိကျကျရှင်းပြနိုင်ပါတယ်။ မက်ဇဝဲလ်
ရဲ့ညီမျှခြင်းတွေကို ယခင်ရာစုနှစ်(19ရာစု)က သီအိုရီပိုင်းနဲ့ အပိုသိပ္ပံ တွေမှာပါအနှံ့
အပြားသုံးစွဲခဲ့ကြပါတယ်။
                  မက်ဇဝဲလ်ရဲ့ညီမျှခြင်းတွေဟာ အကြမ်းဖျင်းညီမျှခြင်းတွေဖြစ်လို့ ဘယ်
အခြေအနေမှာပဲ ဖြစ်ဖြစ် သူတို့ကို ယူငင်အသုံချနိုင်တဲ့အတွက် သူတို့ရဲ့အသုံးဝင်ပုံဟာ
မြင့်သထက်မြင့်လာပါတယ်။ အရင်သိဖူးသမျှ လျှပ်စစ်နဲ့ သံလိုက်နိယာမတွေကို မက်ဇ
ဝဲလ်က ရှင်းပြနိုင်သလို အရင်ကအဖြေမပေါ်တဲ့အကြောင်း အချက်တွေကိုလဲ ဖော်ထုတ်
နိုင်ခဲ့ပါတယ်။
                  မက်ဇဝဲလ်ဟာ အင်မတန်အရေးကြီးတဲ့ အသိသစ်တွေကို သူကိုယ်တိုင်ပဲ
ဖော်ထုတ်ပေးခဲ့တယ်။ သူ့ညီမျှခြင်းတွေနဲ့ ဖော်ထုတ်ပြနိုင်တဲ့ အချက်တစ်ခုက လျှပ်စစ်
သံလိုက်ဆိုင်ရာ ကိစ္စမှာ အချိန်မှန်အနေအထား လွှဲပြောင်းခြင်းရှိတယ် ဖြစ်ပါတယ်။ ဒီ
လိုလွှဲပြောင်းခြင်းကို လျှပ်စစ်သံလိုက်လှိုင်းလို့ခေါ်ပါတယ်။  အဲ့ဒီလှိုင်းဟာ စဖြစ်တဲ့အရာ
က နေပြီး လဟာပြင်ထဲရောက်တဲ့အထိ ပြန့်လွင့်သွားပါတယ်။ မက်ဇဝဲလ်က ဒီလျှပ်စစ်
သံလိုက်လှိုင်းဟာ အကြမ်းဖျင်းတစ်စက္ကန့်မှာ အမြန်နှုန်း 300,000ကီလိုမီတာ၊ 186,000
မိုင်ရှိတယ်လို့ တွက်ပြပြန်တယ်။ ပြီးတော့ ဒီပျံ့နှံ့နှုန်းဟာ အလင်းရောင်ရဲ့ပျံ့နှုန်းနဲ့ တစ်
ထပ်တည်း တူညီတယ်လို့ ပြောတယ်။ အဲ့ဒါကိုပဲထောက်ပြီး သူက အလင်းရောင်းလဲ
လျှပ်စစ်သံလိုက်လှိုင်းတွေထဲမှာ ပါဝင်နေတယ်လို့ပြောတာ မှန်ကန်တယ်လို့ ပြောပါတယ်။
                  မက်ဇဝဲလ်ရဲ့ညီမျှခြင်းတွေဟာ လျှပ်စစ်နဲ့ သံလိုက်အခြေခံ နိယာမတွေဖြစ်
ရုံမက မြင်ကွင်း(optics)ရဲ့အခြေခံနိယာမတွေဖြစ်ပါတယ်။ အဖြစ်မှန်ကိုပြောရရင် အရင်
ကသိသလောက် မြင်ကွင်းနိယာမတွေကို သူ့ညီမျှခြင်းတွေနဲ့ ကောက်ယူနိုင်တဲ့အပြင် အ
ရင်က မသိခဲ့တဲ့ သက်ဆိုင်ရာအချက်အလက်တွေ အများကိုလဲ သူ့ညီမျှခြင်းတွေကို သုံး
ပြီး ဖော်ထုတ်နိုင်ပါသေးတယ်။
                  မျက်စိနဲ့ မြင်နိုင်တဲ့အလင်း(visible light) တစ်ခုတည်းပဲ လျှပ်စစ်သံလိုက်
ဖြန့်ချက်(electromagnetic radiation)ထဲမှာ ပါဝင်တာမဟုတ်ပါ။ မက်ဇဝဲလ်ရဲ့ညီမျှခြင်း
အရ တခြားလျှပ်စစ်သံလိုက်လှိုင်းတွေလဲ သူတို့ရဲ့ အသီးသီး လှိုင်းအရှည်ပမာဏ(wave-
length)နဲ့ ဖြစ်ပေါ်နှုန်း(frequency)တွေရှိပါတယ်။ ဒီလိုသီအိုရီအရကောက်ချက်ဟာ တ
ကယ်ဟုတ်တယ်လို့ အံ့သြလောက်အောင် လက်တွေ့ပြသနိုင်သူက ဟိန်ရစ်ခ်ျဟာ့ဇ်ဖြစ်
တယ်။ဒီပုဂ္ဂိုလ်က မက်ဇဝဲလ် ကြိုတင်ပြောပြခဲ့သလို ဟုတ်တယ်လို့ ပြနိုင်သူဖြစ်ပါတယ်။
နောက်နှစ်နည်းနည်းကြာတော့ ဂုတလိယယ်လ်မိုး မာကိုနီက အဲ့ဒီမမြင်နိုင်တဲ့လှိုင်းတွေ
ကို ကြိုးမဲ့ဆက်သွယ်ရေးမှာ အသုံးပြုနိုင်တယ်လို့ လက်တွေ့ပြသခဲ့ပြီး ရေဒီယိုအသံလွှင့်
စက်ကို ဖြစ်မြောက်အောင် တီထွင်ခဲ့ပါတယ်။ ကနေ့တော့ ဒါကိုပဲ တီဗွီရုပ်သံလွှင့်မှာ သုံး
နေပါပြီ။
                   ဓါတ်မှန်(X-rays)၊ဂါမာရောင်ခြည်(Gramma rays)၊ အင်ဖရာရက်ရောင်
ခြည်(Infared rays)နဲ့ အာရထာဗိုင်အိုလက်ရောင်ခြည်(Ultraviolet rays)တွေဟာလဲဒီ
လျှပ်စစ်သံလိုက် ဖြန့်ချက်ထဲမှာ ပါဝင်ပါတယ်။ အဲ့ဒါတွေကို မက်ဇဝဲလ်ရဲ့ညီမျှချက်တွေ
ကို အသုံးပြုပြီး လေ့လာကြရမှာဖြစ်ပါတယ်။
                    မက်ဇဝဲလ်ကျော်ကြားဖို့ အရင်းခံတဲ့အချက်က လျှပ်စစ်သံလိုက်နဲ့ မြင်
ကွင်းဆိုင်ရာ တွေ့ရှိချက်တွေဖြစ်ပေမဲ့ နက္ခတ္တဗေဒသီအိုရီ(astronomical theory)နဲ့
သာမိုဒိုင်နမစ်(အပူရဲ့လေ့လာချက်)ဆိုင်ရာ အသိဥာဏ်တွေကို ရှာဖွေဖော်ထုတ်နိုင်တာ
ကြောင့်လဲအခုလောက် ကျော်ကြားလာတာဖြစ်တယ်။ သူအထူးစိတ်ပါဝင်စားတဲ့ ကိစ္စ
တစ်ခုက ဓါတ်ငွေ့အစွမ်းဆိုင်ရာသီအိုရီ ဖြစ်ပါတယ်။ မက်ဇဝဲလ်က ဓါတ်ငွေ့မော်လီကျူး
တိုင်း ပျံ့ထွက်တဲ့အမြန်နှုန်းမတူဘူးလို့ သိတယ်။ တချို့မော်လီကျူးတွေက လှုပ်ရှားမှု
နှေးတယ်။ တချို့ကမြန်တယ်။ တချို့ကျတော့ အဆမတန်မြန်တယ်။ မက်ဇဝဲလ်က ဘယ်
အပူရှိန်ရောက်ရင် ဘယ်ဓါတ်ငွေ့ရဲ့မော်လီကျူးအစိတ်အပိုင်း တွေဟာ ဘယ်အမြန်နှုန်း
ရဲ့ရွေ့ရှားမယ်လို့ ကိန်းသေနည်း ထုတ်ပေးခဲ့တယ်။ အဲ့ဒီနည်းကို သိပ္ပံညီမျှခြင်းတွေထဲ
မှာ အသုံးအတွင်ကျယ်ဆုံး ညီမျှခြင်းဖြစ်ပြီး ရူပဗေဒဆိုင်ရာ ဘာသာရပ်မျိုးစုံမှာ အများ
ဆုံးယူငင် သုံးစွဲကြပါတယ်။ မက်ဇဝဲလ်ရဲ့ဖြန့်ဖြူးခြင်း လို့ ဖော်ပြလေ့ရှိပါတယ်။
                     မက်ဇဝဲလ်ကို စကော့တလန်၊ အီဒင်ဘတ်မှာ 1831ကမွေးဖွားခဲ့တယ်။
အရွယ်နဲ့ မတန်အောင် ဥာဏ်စွမ်းထက်မြက်သူဖြစ်တယ်။ အသက်တစ်ဆယ့်ငါးနှစ်ကပဲ
အီဒင်ဘတ် အသင်းတော်လို သိပ္ပံဆိုင်ရာ စာတန်းတစ်စောင်တင်သွင်းခဲ့တယ်။ အီဒင်
ဘတ် တက္ကသိုလ်မှာ တက်ရောက်ခဲ့ပြီး ကိမ်းဗရစ်တက္ကသိုလ်က ဘွဲ့ရခဲ့တယ်။ အရွယ်
ရောက်ကတည်းက တက္ကသိုလ်ပါမောက္ခ တစ်ဦးဖြစ်ခဲ့တယ်။ နောက်ဆုံးကိမ်းဗရစ်မှာ အ
မှုထမ်းခဲ့ပါတယ်။ အိမ်ထောင်ပြုတယ်၊ သားသမီးမထွန်းကားပါ၊ နြူတန်နဲ့ အိုင်စတိန်းရဲ့
ကြားမှာ သူ့လောက်တော်တဲ့ ရူပဗေဒသီအိုရီပညာရှင်တစ်ယောက်မှ မရှိလို့ အများကပဲ
ဂုဏ်ပြုပြောဆိုလေ့ရှိပါတယ်။ ဒီလိုတောက်ပြောင်တဲ့ဘဝဟာ ကြီးရင့်တဲ့အထိ မနေရပဲ
1879 မှာ ကင်ဆာရောဂါနဲ့ အသက်လေးဆယ့်ရှစ်နှစ်မပြည့်ခင် ကွယ်လွန်သွားပါတယ်။

                                                                  ကျော်စွာ 100(ဒေါက်တာသန်းထွန်း)
               

No comments: