ဂျိုဟန်ဂုတင်ဗတ်

ဂျိုဟန်ဂုတင်ဗတ် (Johann Gutenberg 1400-1468)

စာပုံနှိပ်စက်ကို စတင်တီထွင်သူလို့ ဂျိုဟန်ဂုတင်ဗတ်ကို
ခေါ်လေ့ရှိကြပါတယ်။ သူအမှန်လုပ်တာက
တစ်လုံးစီဖြုတ်တပ်နိုင်တဲ့ စာလုံးတွေနဲ့ ပုံနှိပ်စက်ကို သုံးပြီး လက်နဲ့
ရေးသားထားတဲ့ စာတွေတစ်ပုံကြီးကို
မြန်မြန်နဲ့ မှန်ကန်စွာ ပုံနှိပ်ပေးနိုင်တဲ့နည်းကို တီထွင်ပေးခြင်းဖြစ်ပါတယ်။
ဘယ်တီထွင်မှုမျိုးကိုမှလူတစ်ယောက်တည်းကပြည့်စုံအောင်လုပ်ပေးနိုင်ရိုးမရှိပါ။ပုံနှိပ်ပညာကိုလည်း
ဒီလိုပဲပြောရမယ်။ တံဆိပ်တုံးကလေးနဲ့ အမှတ်အသားတစ်ခုပါတဲ့ လက်စွပ်ကို
အသုံးပြုသလိုဘလောက်တုံး
ကိုနှိပ်တဲ့နည်းနဲ့ ပုံနှိပ်နေခဲ့ကြတာ
ရှေးရှေးကပဲလုပ်တက်ခဲ့ကြပါတယ်။ဘလောက်ပုံနှိပ်နည်းကို တရုတ်တွေ
တက်တာ ဂုတင်ဗတ်မပေါ်မီ ရှေးနှစ်ပေါင်းရာထောင်မက တက်ကျွမ်းခဲ့တယ်။ အမှန်က
ခရစ် 868 နှစ်ကပုံ
နှိပ်ခဲ့တဲ့စာအုပ်ကို တရုတ်မှာ တွေ့ဖူးပါတယ်။ အနောက်နိုင်ငံမှာလဲ
ဂုတင်ဗတ်မပေါ်မီ အထက်ကပဲ ဒီပုံနှိပ်
နည်းကို အုပ်ရေအများကြီး ရအောင် ရိုက်ထုတ်နိုင်ကြပါတယ်။ ဒီနည်းမှာ
ချို့ယွင်းချက်ကြီးတစ်ခုရှိနေတာ
က စာတစ်အုပ်ပုံနှိပ်ချင်ရင် အဲ့ဒီစာအုပ်အတွက် သစ်ထွင်း(woodcut) ဖြစ်စေ
သတ္တုပုံ(Plate)ဖြစ်စေ တစ်စုံ
လုပ်ရတယ်။ ပထမကျမ်းအတွက်လုပ်ပြီး ရှိနေတဲ့ ဘလောက်ကို နောက်တစ်ကျမ်း
ရိုက်ရာမှာ ရွှေ့ပြောင်းယူ
ငင်ပြီး အသုံးမချနိုင်ပါ။
ဂုတင်ဗတ်ထွင်တဲ့နည်းက ရွှေ့ပြောင်းတပ်ဆင်ပေးနိုင်တဲ့
စာခွက်(movable type)ဖြစ်ပါတယ်။ ဒီရွှေ့
ပြောင်းလို့ရတဲ့ စာခွက်ကို တရုတ်မှာ တစ်ဆယ့်တစ်ရာစု နှစ်ဝက်မှာ
ပိရှဲန်(Pi Sheng)ဆိုသူက တီထွင်ပေး
ခဲ့ဖူးပါတယ်။ သူလုပ်ပေးတဲ့ စာခွက်က ရွှံ့ပြားနဲ့ လုပ်လို့
ကြာသထက်ကောင်းအောင် သူ့နည်းကို မှီပြီးတရုတ်
နဲ့ ကိုရီးယားတွေက ကောင်းသထက်ကောင်းအောင် စီမံကြလို့ ဂုတင်ဗတ်မပေါ်မီ
ရှေးရှေးကပဲ ကိုးရီးယား
တွေက သတ္တုစာခွက်ကို အသုံးပြုခဲ့ကြတယ်။ တကယ်က
ကိုးရီးယားအစိုးရထူထောင်ပေးတဲ့ သတ္တုအရည်
ကြိုစက်တစ်ခုကနေပြီး စာပုံနှိပ်စာခွက်တွေကို တစ်ဆယ့်ငါးရာစုနှစ်ဦးကပဲ
ထုတ်လုပ်စေခဲ့ပါတယ်။ အဲ့ဒါတွေ
စီတန်းပြီးပြောတာနဲ့ ပိရှဲန်ကို လူစွမ်းကောင်း တစ်ယောက်လို့
သတ်မှတ်လို့မရပါ။ ဥရောပမှာ ရွှေ့သုံးလို့ရတဲ့
စာခွက်ကို တရုတ်ဆီက ရတာမဟုတ်၊ သူတို့လဲ သူတို့ဘာသာ စမ်းသပ်တီထွင်
တာနည်းပညာတစ်ခုဖြစ်မ
လာပါ။ အနောက်နိုင်ငံမှာ ခေတ်စာပုံနှိပ်စက်ပေါ်ပြီး အဲ့ဒီကနည်းကို
ရတဲ့အခါမှ တရုတ်မှ ရွှေ့သုံးစာခွက်ဟာ
အများသုံးနိုင်တဲ့နည်း ဖြစ်လာပါတယ်။
ခေတ်စာပုံနှိပ်နည်းမှာ အရေးပါတဲ့ မရှိမဖြစ်နည်း
အဆင့်လေးဆင့်ရှိတယ်။ (၁) ရွှေ့သုံးစာခွက်မှာစာစီ
နည်း၊ စာကိုလိုသလို စွဲမြဲနေအောင် တပ်ဆင်နည်းရှိတယ်၊ (၂)
ပုံနှိပ်စက်လဲလိုပါတယ်။(၃) ဒီလိုနှိပ်ရာမှာလို
အပ်သလို သီးသန့်ဖော်စပ်ထားတဲ့ မင်(ink)လဲ တီထွင်ထားရပါသေးတယ်။ နောက်ဆုံး
(၄) စာပုံနှိပ်စက်သုံး စက္ကူဆိုတာမျိုးလဲ တီထွင်ပြီး ရှိရပါတယ်။ တရုတ်မှာ
ရှေးအခါကပဲ (ဆိုင်လန် Ts'ai Lun)စက္ကူလုပ်ပေးထား
လို့ အနောက်မှာ ဂုတင်ဗတ်ခေတ် မတိုင်မီကပဲ စက္ကူလုပ်ငန်းရခဲ့ကြပါတယ်။
အဲ့ဒီတစ်ခုပဲ အခြားနည်းသုံးမျိုး
ကိုလဲ ဟိုကဒီကရထားတာကိုလဲ ဂုတင်ဗတ်ကအရေးပါတဲ့ ပြုပြင်မှုတွေလုပ်ရပါသေးတယ်။
ဥပမာစာပုံနှိပ်အ
က္ခရာစာလုံးနဲ့ သင့်တော်မယ့် သတ္တုလောဟာကို ရောအင်လုပ်ရသေးတယ်။စာလုံးပုံစံ
တစ်ညီတည်းထွက်
အောင် ပုံ(Mould)ကို လုပ်ရသေးတယ်။ ဆီနဲ့
ဖော်စပ်တဲ့ပုံနှိပ်မင်လုပ်ရတယ်။စာထင်အောင် ဖိပေးနိုင်တဲ့
နှိပ်စက်ကိုလဲ စီစဉ်ရသေးတယ်။
ဂုတင်ဗတ်က တစ်စစီတစ်ပိုင်းစီ တီထွင်ပြီးမှ အားလုံပေါင်းပြီး စာကို
ပုံနှိပ်နိုင်စွမ်းရှိတဲ့ စက်ကိုလုပ်ရ
သေးတယ်။ အဲ့ဒီစက်ဟာ သူတီထွင်သမျှနည်းတွေထဲမှာ အရေးအပါဆုံးနည်းဖြစ်ပါတယ်။
ပုံနှိပ်ပြီဆိုတဲ့အခါ
အမြောက်အမြား ထုတ်လုပ်ခြင်း ဖြစ်အော် လုပ်ရတဲ့ အတွက်
တစ်ခုချင်းပြုပြင်တီထွင်တာတွေထဲမှာသူကအ
ထူးခြားဆုံး၊ အစွမ်းထက်ဆုံးတီထွင်ခြင်းဖြစ်ပါတယ်။
ရိုင်ဖယ်တစ်လက်ဟာ လေးတစ်စင်း၊
မြားတစ်လက်ထက်အများကြီးသာလွန်ထိရောက်တာမျိုးဖြစ်ပါ
တယ်။ ပုံနှိပ်ပြီးစာတစ်အုပ်ဟာ လက်ရေးစာတစ်အုပ်ထက် ပိုပြီးမစွမ်းပါ။
တကယ့်အစွမ်းက တစ်မျိုးတည်း
အများကြီးထုတ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။ ဂုတင်ဗတ်ဆောင်ရွက်ချက်ဟာ
နည်းတစ်နည်း၊ စက်တစ်စက်လဲ
မဟုတ်၊ ပြုပြင်ချက်တစ်သီကြီးလဲ မဟုတ်၊ အစဉ်တစိုက် ထုတ်လုပ်ချက်၊
အပြည့်အစုံ (complete manu-
facturing process) ဖြစ်ပါတယ်။
ဂုတင်ဗတ်ရဲ့အတ္ထုပ္ပတ္တိကို သိပ်မသိပါ။ သူ့ကို 1400 ပြည့်မှာမွေးတယ်။
ဂျာမနီ၊ မိန့်မြို့သား၊ ပုံနှိပ်ပညာ
ဆိုင်ရာ တီထွင်မှုကို တစ်ဆယ့်ငါးရာစု နှစ်လယ်မှာ လုပ်ခဲ့တယ်။
သူပုံနှိပ်တဲ့ စာအုပ်တွေထဲမှာ လူသိများတဲ့
စာအုပ်က ဂုတင်ဗတ်သမ္မာကျမ်းဖြစ်တယ်။ အဲ့ဒီကျမ်းကို 1454 လောက်က မိန့်မှာ
ပုံနှိပ်တယ်။ အံ့သြစရာအ
ချက်တစ်ချက်က သူ့ပစ္စည်းကိရိယာတွေနဲ့ အသေအချာပုံနှိပ်တဲ့ အဲ့ဒီ
သမ္မာကျမ်းကအစ သူပုံနှိပ်ပေးခဲ့တဲ့တ
ခြားဘယ်ကျမ်းမှာမှ သူ့နာမည်မပါပါ။ အောင်မြင်တဲ့ စီးပွားရေးသမားလဲ
ဟုတ်ဟန်မတူပါ။သူ့တီထွင်ချက်က
ဝင်ငွေကောင်းကောင်းလဲ ရမယ်မထင်ပါ။ တရားရုံးမှာ
အမှုစွဲဆိုချက်အများအပြားလုပ်ခဲ့ရဟန်ရှိတယ်။အမှု
တစ်ခုမှာ သူ့ပစ္စည်းတချို့ကို သူ့စီးပွားဘက် ဂျိုဟန်ဖတ်က
သိမ်းယူသွားတယ်လို့တွေ့တယ်။1468 မိန့်မှာ ဂု
တင်ဗတ် သေဆုံးပါတယ်။
သူသေပြီးမှ အနှစ်ငါးရာအတွင်းမှာ
ကျော်ကြားသူခြောက်ဆယ့်ခုနှစ်ယောက်ရှိပါတယ်။ အဲ့ဒါဘာကိုပြသ
လဲဆိုရင် ဂုတင်ဗတ်တီထွင်ချက်ဟာ ခေတ်သစ်မှာ နောက်ထပ်တီထွင်ချက်တွေကို
စတင်လုပ်ဆောင်ကြပြီး
ခေတ်ပြောင်းတော်လှန်ရေးတွေဖြစ်ပေါ်စေဖို့ စက်ခလုတ်နှိပ်ကာ
လမ်းဖွင့်ပေးလိုက်သလိုဖြစ်ခဲ့တယ်။
အယ်လီဇန်ဒါဂရေဟမ်ဘဲ မမွေးပေမဲ့ ကမ္ဘာ့သမိုင်းမှာ အဲ့ဒီအချိန်
တယ်လီဖုန်းပေါ်လာမှာသေချာတယ်။ အဲ့ဒီလိုပဲ တခြားတီထွင်ချက်တွေလဲ
ပေါ်လာမှာပဲ။ ဒါပေမဲ့ ဂုတင်ဗတ်မရှိရင်စာပုံနှိပ်စက်ဟာနောက်ထပ်နှစ်
တွေအများကြီးကြာမှ ပေါ်မှာပါ။ ဒီစက်ကြောင့် ဖြစ်ပေါ်လာရတဲ့ တခြားကိစ္စတွေလဲ
နှေးကွေးနောက်ကျသွား
စရာရှိတယ်။


ကျော်စွာ 100

No comments: