မျဉ်းပြိုင်လမ်းခွဲ


အမုန်းတွေတိတ်တဆိတ်ဝင်လာတုန်း
ပြင်ဆင်ချိန်မရလိုက်တဲ့ ခံတပ်လို
ငါ့နှလုံးသား ဖရိုဖရဲဖြစ်ခဲ့ပေါ့.....
အရောင်ကင်းမဲ့နေတဲ့ နင့်အကြောင်းပြချက်တွေ
ပုံမဖော်နိုင်လောက်တော့အောင် ငါ့အမြင်တွေ
ေ၀၀ါးနေခဲ့တယ်........
ငါနောက်ကျစွာသိလိုက်ရပြီလေ
အတိတ်တွေရေစိုလို့  ငါ့မျှော်လင့်ချက်တွေ
ကြက်ခြေခတ်လိုက်ပြီ..........
သွေးယိုနေတဲ့ ရင်တစ်ခြမ်းကိုအုပ်ကိုင်
အချစ်စစ်ဟာ ကိုယ်တိုင် သတ်သေသွားခဲ့ပြီ
ပြည်ဖုံးကားချလိုက်ပါတော့......
...
အချစ် လုပ်နိုင်တာလောက်
စကားလုံးတွေဟာ မစွမ်းဆောင်နိုင်ဘူးလေ
မျှော်နေဆဲပါ ချစ်သူ.........
နင်ပြန်လာမယ့် ကောင်းကင်တစ်လျှောက်မှာ
ကြယ်စင်တန်းလေးတွေ
ရေတွက်ရင်း နဲ့ပေါ့......

No comments: