လူဝီပါစတာ Louis Paster(1822.1895)

    ဆေးသမိုင်းမှာ တစ်ယောက်တည်းအထူးချွန်ဆုံး ပုဂ္ဂိုလ်လို့ ပြင်သစ်ဓါတုဗေဒဆရာ၊ ဇီဝဗေဒဆရာ လူဝီပါစတာကို အသိအမှတ်ပြုထားကြပါ
တယ်။ သိပ္ပံမှာ အသစ်အဆန်းတွေ အများကြီး ပါစတာက ဖော်ထုတ်နိုင်တယ်။ အဲ့ဒီအထဲမှာ အကျော်ကြားဆုံး အစွမ်းပြ ပညာက ဝေဒနာအစပိုး
မွှားကဆိုတဲ့ နှိုးဆော်သတိပေးချက်ဖြစ်ပြီး ဆေးထိုးကာမျှနဲ့ ရောဂါကာကွယ်တားဆီးနိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
    ပါစတာကို 1822ခုမှာ အရှေ့ပိုင်းပြင်သစ် ဒိုး(dole)အမည်ရှိမြို့မှာ မွေးဖွားပါတယ်။ ပါရီမှာကောလိပ်ကျောင်းသားအဖြစ်နဲ့ သိပ္ပံသင်တန်း
တက်ခဲ့တယ်။ ကျောင်းသားတုန်းကတော့ သူ့ကို မဟာပညာကျော် (genius) ဖြစ်မယ့်လူလို့ ထင်မှတ်စရာမရှိ၊ သူ့ပါမောက္ခက ဓါတုဗေဒတပည့်
တွေထဲမှာ သူလဲအလယ်အလတ်တန်းပါပဲလို့ ပြောခဲ့ဖူးတယ်။ ဒေါက်တာဘွဲ့ကို 1847 မှာ သူရပြီးတော့ သူ့ပါမောက္ခ လူကဲမခတ်တက်ဘူးဆိုတာ
ကိုသူကစတင် ပြသလိုက်တယ်။ ပါစတာက တာတာရစ်အက်ဆစ်ရဲ့ မှန်ရိပ်သဖွယ် ထင်ဟပ်တဲ့ အိဆိုမာ(Mirror-image Isomers) ချင်းမတူဘူး
လို့ သုတေသနပြုပြီးဖော်ထုတ်လိုက်တဲ့အခါ ပါစတာဟာ အသက်နှစ်ဆယ့်ခြောက်နှစ်မှာပဲ ထင်ရှားတဲ့ ဓါတုဗေဒဆရာတစ်ဆူ ဖြစ်ခဲ့ပါတယ်။
    အဲ့ဒီနောက် ဖါမင်တေးရှင်း အချဉ်ဖောက်ပုံကို ထူးထူးခြားခြား ဆက်လက်လေ့လာပြီး ဒီလိုလှုပ်ရှားလာတာဟာ အဏုဇီဝရုပ် သိပ်သေးငယ်
တဲ့ရုပ်တွေကြောင့် ဖြစ်ရတယ်လို့ပြောပါတယ်။ တချို့ အဏုဇီဝရုပ်ကြောင့် မဖြစ်သင့်တဲ့ပစ္စည်းဖြစ်လာပြီး လူနဲ့တိရစ္ဆာန်တွေကို အန္တရာယ်ပေး
ပါတယ်။
    ပါစတာက ရေဂါဟာပိုးမွှားကြောင့်ဖြစ်ရတယ်ဆိုတဲ့ အယူကို စတင်ပြောဆိုတဲ့ ပုဂ္ဂိုလ်မဟုတ်ပါ။ ဒီအတွေးကိုရှေးအထက်ကပဲတွင်တွင်ကျယ်
ကျယ် တင်ပြတဲ့သူတွေက ဂီရိုလမိုဖရာကပ်စတိုရို၊ ဖရက်ဒရစ်ဟဲန်လေ စတဲ့လူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ပါစတာကတော့ ဒီအယူအဆကို ထက်
ထက်သန်သန် လေ့လာလိုက်စားပြီး လက်တွေ့စမ်းသပ်ချက်တွေနဲ့ သိပ္ပံပညာရှင်လောကကို သူပြောတာမှန်ကန်တယ်လို့ယုံကြည်လက်ခံလာ
အောင်စွမ်းဆောင်ခဲ့ပါတယ်။
    ပိုးကြောင့် ရောဂါဖြစ်ပွားတယ်ဆိုရင် ယုတ္တိဗေဒအရ လူ့ခန္ဓာကိုယ်ထဲကို ဘေးဖြစ်စေမယ့် ပိုးမဝင်အောင်တားနိုင်ရင်ရောဂါမရှိနိုင်တော့ဘူး
လို့ ဆိုရမယ်။ ပါစတာက ဆေးဆရာတွေကို မန်းဆေး (Antiseptic) နည်းတွေရဲ့ အရေးပါပုံကို သင်ပေးတဲ့အပြင် ခွဲစိတ်ကုသနည်းတွေမှာမန်း
ကြေအောင် ဘယ်လိုလုပ်ရမယ်လို့ သင်ပေးတဲ့ ဂျိုးဆက်လစ်စတာကို တက်နိုင်သလောက် ရှေ့ဆောင်လမ်းပြလုပ်ပေးခဲ့တဲ့သူပါ။
    ဘေးဖြစ်စေမယ့် ပိုးဟာ လူ့ခန္ဓာကိုယ်ထဲကို အစားအသောက်က ဝင်တာဖြစ်ပါတယ်။ ပါစတာက ပါစတာနည်းတားမြစ်ပုံခေါ်တဲ့ စိမ်ရည်မှာ
အဏုဇီဝရုပ်ဖျက်ဆီးနည်းကို စတင်ဖော်ထုတ်ပေးပါတယ်။ သူ့နည်းကို လိုက်နာပါရင် နွားနို့ကြောင့် ရောဂါဖြစ်တာကို အမြစ်ပြတ်အောင် ဖြတ်
ပေးနိုင်ပါတယ်။    
    အသက်ငါးဆယ့်ငါးလောက်ရောက်တဲ့အခါ လူရောကျွဲနွားများကိုပါ သေစေနိုင်တဲ့ ထောင့်သန်းနာကို လေ့လာတယ်။ ဒီရောဂါကိုဖြစ်စေတ
က်တဲ့ ပိုးတစ်မျိုးကို ပါစတာက အတိအကျ ဖော်ထုတ်ပေးနိုင်ပါတယ်။ ဒါထက်ပိုပြီး အရေးပါတဲ့ ဆောင်ရွက်ချက်က ထောင့်သန်းနာ၊ တုတ်တံပိုး
ကို ရှာဖွေတွေ့ရှိခြင်း ဖြစ်ပါတယ်။ ဒီမျိုးညံ့ပိုးမျိုးကို နွားလိုအကောင်မျိုးမှာ ဆေးထိုးအပ်နဲ့ထိုးသွင်းလိုက်ရင် အသက်မစိုးရိမ်ရတဲ့ ထောင့်သန်းနာ
ရတယ်။ အဲ့ဒါကို နည်းနည်းဝေဒနာခံပြီးတဲ့အကောင်မှာ သေလောက်တဲ့ထောင့်သန်းနာမဝင်နိုင်တော့ပါ။ ဒီလို ပါစတာက ကျွဲနွားထောင့်သန်းနာ
ပြီးအောင် လုပ်တဲ့နည်းကို လူသိရှင်ကြားအထင်အရှားလုပ်ပြတော့ လူတွေအများကြီးစိတ်ဝင်စားပြီး တအံ့တသြ ဖြစ်ကြရပါတယ်။ အဲ့ဒီကမှ သူ
လုပ်ပုံကို စံထားနည်းမီပြီးတခြားကူးစက်တက်တဲ့ ရောဂါတွေကိုပါ ဘယ်လိုကာကွယ်ရင်ဖြစ်နိုင်မယ်လို့ သဘောပေါက်လာကြပြီး သူလုပ်သလို လိုက်လုပ်ကြပါတယ်။
    ပါစတာတစ်ဦးတည်း လုပ်ပြီးလူသိများလှတဲ့ စွမ်းဆောင်ချက်ကတော့ သိပ်ကြောက်စရာကောင်းတဲ့ ခွေးရူးရောဂါ (rabies) ကို ကာကွယ်
နည်းထုတ်ပေးတာပဲ ဖြစ်ပါတယ်။ ပါစတာရဲ့ အခြေခံစိတ်ကူးကိုလိုက်ပြီး တခြားသိပ္ပံဆရာတွေက ထိုးဆေး (Vaccine) အမျိုးမျိုးလုပ်လာကြ
တော့ကြောက်စရာကပ်ရေဂါတွေဖြစ်တဲ့ တိုက်ဖွိုက်ရောဂါနဲ့ သွက်ချာပါဒပိုလီယိုရောဂါ မျိုးကိုတောင် ကာကွယ်ပေးနိုင်တဲ့ ထိုးဆေးတွေ ပေါ်လာ
ပါတော့တယ်။
    ပါစတာဟာ မကြုံဖူးလောက်အောင် ထူးခြားတဲ့ ဇွဲ၊ လုံးလနဲ့ အလုပ်ကို ပြင်းပြင်းထန်ထန် မခိုမကပ်လုပ်တဲ့လူဖြစ်ပါတယ်။ သူ့ကိုပဲ ဦးတိုက်
ကျေးဇူးတင်ပြီး သူလုပ်လို့သာ ဒါတွေပေါ်ပေါက်ခဲ့ရတယ်လို့ပြောစရာ အတိုအထွာကိစ္စတွေလဲ အများကြီးရှိပါသေးတယ်။ အဏုဇီဝရုပ်ဆိုတာ အလိုအလျောက် မျိုးဆက်တစ်ခုစီ အလိုက်ပေါ်လာတာ မဟုတ်ဘူးလို့ သူကပဲလက်တွေ့ စမ်းသပ်ချက်တွေအရ ဖော်ထုတ်ခဲ့တာဖြစ်တယ်။ပါစ
တာပဲ တချို့အဏုဇီဝရုပ်တွေဟာ လေမလို ဇီဝနဖြစ်တယ်။ ဆိုလိုတာက လေမရှုရဘဲ၊ လွတ်လပ်တဲ့အောက်ဆီဂျင်မရပဲ အသက်ရှင်ပြီး နေနိုင်
တယ်လို့ ပါစတာကဖော်ထုတ်ပြောပြပါတယ်။ ပိုးမျှင်ထွက်တဲ့အကောင်တွေမှာ ကျရောက်တဲ့ရောဂါကို ရှာနိုင်တဲ့အတွက်လဲ စီးပွားရေးမှာအသုံး
ဝင်တဲ့ အသိဥာဏ်တစ်ခုကိုပေးခဲ့ပါတယ်။ ကြက်ကာလဝမ်းရောဂါအတွက် ထိုးဆေးလဲ သူ့ပညာပဲဖြစ်ပါတယ်။ ပါရီမြို့တော်ကြီးနားမှာပဲပါစတာ
ဟာ1895 မှာ ကွယ်လွန်သွားပါတယ်။


                                                                                                                                                ကိုးကား
                                                                                                                             
                                                                                                                              ကျော်စွာ 100 (ဒေါက်တာသန်းထွန်း)
                   





   

No comments: