(_နှတ်ဆက်တေးမှာတမ်း_)

ကိုယ်တိုင်လည်း
ဖန်ဆင်ရှင်မဟုတ်တော့
နွံထဲခုန်ဆင်းကြသူ
အချင်းချင်း..
ဘယ်သူဟာ
 ကောက်တမျှင်ဖြစ်မလဲ့ အတွေးနဲ့
ဆင်ခြင်ဥာဏ်ရှိတဲ့
 လူသားကိုရုပ်ဝတ္ထုတွေနဲ့
 ကြီးစိုးမင်းမူထားလို့မရနိုင်ဘူး။
ပွဲသွားကြော့ကြော့
ပွဲပြန်မော့မော့တဲ့
ဇွဲမရှော့တမ်းဟေ့
ဘဝဟာကြမ်းချင် ကြမ်းပါစေ
 ငါတော့ဂုဏ်သိက္ခာနဲ့
အတူမော့ပြီးပြန်မယ်။
ဟေ့…အားလုံး
 နေ့နဲ့ ည မှားချင်မှားနေပါစေ
"ဘဝ"ကိုအမှောင်နဲဖြားယောင်းမခံနဲ့
                                  ယောနသံ

1 comment:

Unknown said...

အလန်းတွေကြီးဘဲ ကော်ပီယူပါရစေ