Showing posts with label Computer. Show all posts
Showing posts with label Computer. Show all posts

Driveနှင့်Folderအားဖြောက်ထားခြင်း

Dirve တွေနဲ့ Folder တွေကို ဖြောတ်ထားကြမယ်
အရင်ဆုံး Folder ဖြောက်နည်းကို ပြောပြပါမယ်

ပထမနည်း
========
 ဖျောက်ခြင်တဲ့ Folder ကို Right Click >> Properties ထဲက Hidden ကို အမှန်ခြစ်ပေးလိုက်ပါ ပီးတော့ Apply ကိုနှိပ်လိုက်ပါ ပီးတော့ OK ကိုနှိပ်လိုက်ပါ ပျောက်သွားပါပီ အဲ့ Folder လေး ပြန်ဖြေခြင်တယ်ဆိုရင်တော့ Start >> Control Panel >> Folder Option ကိုဖွင့်လိုက်ပါ ပီးတော့ View ကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ


အဲ့ထဲက အနီချယ်ပြထားတဲ့စာလုံးတွေကို သေခြာကြည့်ပါ (အပေါ်က နှစ်ခုပဲနော် အောက်က ဟာက ဒုတိယနည်းအတွက်ပါ) ဘာကြောင့်လည်းဆိုတော့ Win XP နဲ့ Win 7 မှာ ကွဟချက်ရှိနေလို့ပါ နဂိုလ်အနေအထားကတော့ Don't Show Hidden Files,folders. or drivers နားလေးမှာ အမဲခြစ်လေးပေးထားပါလိမ့်မယ် အဲ့ဒါလေးကို Show hidden files,folders,and drives ကို ပြောင်းပီး အမဲခြစ်လေး ပေးလိုက်ပါ ပီးတော့ Apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ စောစောက ဖွက်ထားတဲ့ Folder လေးပေါ်လာပါလိမ့်မယ် အဲ့ folder လေးကို Right Click နှိပ်လိုက်ပါ ပီးတော့ စောစောက ပေးထားတဲ့ Hidden ကို အမှန်ခြစ်လေး ပြန်ဖြုတ်လိုက်ပါ ပီးတော့ apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ ပြန်ပေါ်လာပါလိမ့်မယ် ပီးပါက folder option ကိုပြန်သွားပီးတော့ Restore Defaults ကိုပြန်နှိပ်လိုက်ပါ ပီးတော့ Apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ

ဒုတိယနည်း
=======
နည်းနည်းပိုကောင်းပါတယ် ဒုတိယနည်းကတော့ folder လေးတစ်ခုကို ရယူလိုက်ပါ ပီးတော့ Start >> Run (Win+R) ကိုသွားလိုက်ပါ cmd လို့ရိုက်ထည့်ပီးတော့ Enter ကိုနှိပ်လိုက်ပါ အကွက်မဲမဲကြီးပေါ်လာပါလိမ့်မယ် အဲ့နားမှာ ကိုယ့်ထားတဲ့ Folder နားကိုသွားပါမယ် ကျွန်တော်က Desktop ပေါ်မှာထားတော့ cd desktop လို့ရိုက်ထည့်လိုက်ပါတယ် Drive D; ထဲမှာထားတယ်ဆိုရင် D: လို့ရိုက်ထည့်ပီးတော့ Enter နှိပ်လိုက်ပါ အကယ်၍ D: အောက်က 123 ဆိုတဲ့ Folder အောက်မှာ ဖွက်မယ့်ဖိုင်ကို ထည့်ထားမယ်ဆိုရင် D: လို့ရိုက်ပီး Enter နှိပ်လိုက်ပါ D:\> လို့ပေါ်လာပါလိမ့်မယ် အဲ့နားလေးမှာ cd 123 လို့ရိုက်ထည့်လိုပ်ပါ Enter နှိပ်ပါ D:\123> ဆိုပီးပေါ်လာပါလိမ့်မယ် 123 နေရာမှာ ကိုယ့် ရဲ့ folder name ကိုရိုက်ထည့်ရပါမယ် Folder Name တွေကို Space Bar ခံထားခဲ့မယ်ဆိုရင် ဥပမာ 123 4 ပေါ့ဗျာ အဲ့လိုဆိုရင် "123 4" အဲ့လိုရိုက်ထည့်ရပါမယ် မှတ်သားရမှာတော့ Space ဘား ထည့်ထားရင် မျက်တောင်မွှေးကို သုံးရမှာဖြစ်ပါတယ် ဖြောက်မယ့် Folder ရဲ့နေရာက ကိုရောက်ပီးဆိုရင် attrib +a +s +h +r 123 ပီးတော့ Enter သာချလိုက် ပျောက်သွားပါလိမ့်မယ် 123 နေရာမှာက ကိုယ့် Folder Name ကိုထည့်ရမှာပါပီးတော့  ဖွက်တာ ပီးဆီး သွားပါပီ ပြန်ဖောပြပါမယ်
ဒီပုံလေး ထဲကအတိုင်း ပြန်ဖော်ပါမယ်
Show Hidden files, Folders, and drives
Hide extensions for kown file types ကို အမှန်ခြစ်ဖြုတ်ပါ
Hide protected operation system files (recommended) ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ မိမိဖွက်ထားတဲ့ folder ကို မွဲမွဲလေး မြင်ရပါလိမ့်မယ် အဲ့ဒါကို ပထမနည်းအတိုင်း Folder ကို Right Click >> Properties နှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်


Hidden လေးကို ကိုင်တွယ်လို့မရတော့ပါဘူး ပြန်ဖော်လို့လည်းမရပါဘူး အထူးသဖြင့်တော့ ကိုယ့် folder တွေကို Virus ကိုက်သွားရင်ဖြစ်တက်သော ပုံစံလေးပါတယ် အဲ့တော့ ပြန်ဖော်မယ် ဒါက တမင်ဖျောက်ပီးတော့ ပြန်ဖော်တာဖြစ်ပါတယ် Virus ကိုက်သွားလို့ဖိုင်တွေ ပျောက်သွားတယ်ဆိုရင်လည်း ဒီနည်းလေးနဲ့ ပြန်ဖော်လို့ရပါတယ် စောစောက Folder ကိုပြန်ဖော်မယ်ဆိုရင်တော့ အပေါ်က အဆင့်ဆင့် အတိုင်း ပြန်သွားလိုက်ပါ attrib -a -s -h -r 123 လို့ရိုက်ထည့်လိုက်ပါ အော်တိုပြန်ပေါ်လာပါလိမ့်မယ် Properties ထဲမှာလည်း နဂိုလ်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်

တတိယနည်း
==========
Drive တစ်ခုလုံးထဲက ဖိုင်တွေကို ဖျောက်မယ် ပီးတော့ ပြန်ဖော်မယ် အထူသဖြင့် virus တွေလုပ်တက်တဲ့ အကျင့်လို့ပြောရမှာပါ Virus တွေက ကိုယ့်ရဲ့ memory stick ထဲက Folder တွေကို ဖျောက်ပစ်တက်ကြပါတယ် ပြီးတော့ မိမိရဲ့ folder name တွေရဲ့အနောက်နားလေးမှာ .exe ဆိုပြီးတော့ လိုက်ပူးနေပါတယ် သာမန်ကြည့်ရင်တော့မမြင်ရပါဘူး ထူးခြားတာကတော့ Folder တစ်ခုကိုဖွင့်လိုက်တိုင်း ခါတိုင်းပုံစံလေးအတိုင်းမပွင့်နေပဲ new explorer နဲ့ပွင့်နေပါလိမ့်မယ် သိသာပါတယ် ဘာကြောင့်လိုက်ပူးနေရလည်းဆိုတော့ အဲ့ .exe Folder လေးကို တစ်ခုဖွင့်မိလိုက်တိုင်း virus ကို Auto Install လုပ်ပါတယ် ဖွင့်ဖန်များလာတော့ ကိုယ့်ကွန်ပျူတာလည်း virus လက်အောက်ခံဖြစ်သွားတာပေါ့ဗျာ အဲ့.exe ဆိုတာလေးကို  တွေ့ခြင်တယ်ဆိုရင်တော့ ထိပ်ဆုံးပုံလေးနားကအတိုင်း Hide extensions for kown file types ကို အမှန်ခြစ်ဖြုတ်ပါ ဒါဆိုရင်တွေ့ရပါလိမ့်မယ် .exe တွေကို အဲ့ဒါတွေအကုန်လုံးက ဖိုင်အမှန်မဟုတ်ပါဘူး အကုန်ဖြတ်ပစ်လည်းမိမိ Data တွေမရှုံးပါဘူး ရှိနေပါသေးတယ် Virus ကဖြောတ်ထားခြင်းဖြစ်ပါတယ် ပြန်ဖော်လို့ရပါတယ်  ကြုံခဲ့ရင် ဖြေရှင်းလို့ရအောင်ပါ ခုလောလောဆယ်ဖျောက်ပါပါမယ် Start >> Run (win+r) ကိုဖွင့်လိုက်ပါ cmd လို့ရိုက်ထည့်ပီးတော့ enter နှိပ်လိုက်ပါ ပြီးတော့
attrib +s +h +r n:\*.* /s /d ဆိုတာလေးကိုရိုက်ထည့်လိုက်ပါ မရိုက်ခင်မှတော့ n: ဆိုတာလေးကို သတိထားလိုက်ပါ အဲ့နားလေးမှာ မိမိဖြောက်ခြင်တဲ့ Drive Name ကိုထည့်ရမှာဖြစ်ပါတယ် ဥပမာ D: ကို ဖြောက်ခြင်တယ်ဆိုရင်တော့ attrib +s +h +r d:\*.* /s /d လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် မိမိရဲ့ memory stick လေးကိုပဲစမ်းပါနော် တော်ကြာမဆိုင်တာတွေဖြစ်ကုန်မှာဆိုးရိမ်လို့ပါ အဲ့ဒါလေးကို ပြန်ဖော်ခြင်တယ် ဒါမှမဟုတ် virus က မိမိ memory stick ထဲက ဖိုင်တွေကို ဖြောက်ထားလို့ ပြန်ဖော်မယ်ဆိုရင်တော့ attrib -s -h -r d:\*.* /s /d ရိုက်ရိုက်ထည့်လိုက်ပါ + နေရာမှာ - ပြောင်းလိုက်တာပဲဖြစ်ပါတယ် Folder လေးတွေကို ဖြောက်နိုင်ဖောင်နိုင်ကြပါစေဗျာ Virus တွေကို Manual သတ်နည်းနဲ့ အပြင်းအထန် ကိုယ်ပိုင်ကာကွယ်နည်းလေးကို ရေးပေးပါမယ်

Driver တွေကို ဖျောက်မယ်
=================
ဒါကတော့ ဥပမာ မိမိ ကွန်ပျူတာကို သူများအသုံးများတယ်ထားဗျာ အဲ့တော့ ကိုယ်က Drive  C: D: E: သုံးခုရှိမယ်ဆိုရင်တော့ ကိုယ်က E: ထဲမှာ လှို့ဝှက်ချက်တွေကို သိမ်းထားမယ် Personal Data တွေပေါ့ဗျာ အဲ့ဆိုသူများကို ကွန်ပျူတာ ပေးမသုံးတော့လည်း မကောင်း ကိုယ့် Data တွေကို ကြည့်သွားမှာ ကူးသွားမှာ ကြောက်တယ်ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်လိုက်ပါ အဆင်ပြေပါတယ် နည်းလေးတွေကတော့များပါတယ် ကဲစလိုက်ကြတာပေါ့ဗျာ

ပထမနည်း
========
My Computer ကို Right Click နှိပ်လိုက်ပါ ပြီးတော့ Manage ထဲကိုဝင်လိုက်ပါ ပြီးတော့ Disk Management ထဲကို ဆက်ဝင်လိုက်ပါ အဲ့ထဲမှာ မိမိ Drive မှာခွဲထားတဲ့ Partition တွေကိုတွေ့ရမှာဖြစ်ပါတယ် မိမိဖြောက်ခြင်တဲ့ Drive ကို ကလစ်လိုက်ပါ ဥပမာ Drive E: ကိုရွှေးလိုက်မယ်ဗျာ ပြီးတော့ Drive E: တည့်တည့်မှာ Right Click နှိပ်လိုက်ပါ ပြီးတော့ Change Drive Letter and Paths ... ဆိုတာလေးကို နှိပ်လိုက်ပါ Box လေးတစ်ခုပွင့်လာပါလိမ့်မယ် အဲ့နားလေးမှာ မိမိဖြောက်ခြင်တာ E: ဖြစ်တဲ့အတွက် E: ဆိုတာလေးကို တစ်ချက်ကလစ်ပေးလိုက်ပြီးတော့ Remove ဆိုတာလေးကို နှိပ်လိုက်ပါ Disk Management ဆိုတဲ့ Box လေးပွင့်လာပြီး Yes လား No လားဆိုတာလေး ကိုမေးလာပါလိမ့်မယ် ကိုယ်က ဖြောက်မှဖြစ်တဲ့အတွက်ကြောင့် Yes ကိုနှိပ်လိုက်ပါ နည်းနည်းလေးစောင့်လိုက်ပါ ပြီးတော့ Win+E သို့မဟုတ် My Computer ကိုဖွင့်ကြည့်လိုက်ပါ ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ် အကယ်၍ မပျောက်ခဲ့ဘူးဆိုရင် restart ချကြည့်လိုက်ပါ ပျောက်သွားပါလိမ့်မယ်   ပြန်ဖော်မယ့်နည်းလေးကိုပါ  ပြေပြပါမယ် ပြန်ဖော်မယ်ဆိုရင်တော့ စောစောက နည်းလေးအတိုင်းပဲ အဆင်အလိုက်ပြန်သွားလိုက်ပါ Disk Management ကိုရောက်ပြီဆိုရင်တော့ Drive Letter မပါတဲ့ partition ကိုတွေ့ရပါလိမ့်မယ် စောစောက ကိုယ်ဖြောက်ခဲ့တဲ့နေရာလေးမှာပဲ ရှိမှာဖြစ်ပါတယ် အဲ့ဒါလေးကို Right Click နှိပ်လိုက်ပါ ပြီးတော့ Change Drive Letter and Paths ...  ဆိုတဲ့အထဲကိုပဲပြန်ဝင်လိုက်ပါ Box လေးတစ်ခု ပြန်ကြလာပါလိမ့်မယ် အဲ့နားလေးမှာ Add ကိုနှိပ်လိုက်ပါ ပြီးတော့ Assign The following drive letter ဆိုတာလေးကို အမဲစက်လေး ပေးထားတာ တွေ့ရပါလိမ့်မယ် ညာဘက်နားလေးမှာ E ဆိုပြီးတော့ ညာဘက်ကပ်ရပ်လေးနားမှာ မြားလေးတစ်ခုကို တွေ့ပါလိမ့်မယ် အဲ့ဒါလေးကို နှိပ်လိုက်ပါပြီးတော့ ကိုယ်ကြိုက်တာစ်ခု ကိုရွှေးလို့ရပါတယ် ကိုယ်က ဖြောက်ထားတာ E: ကို E: လို့ပဲ ပြန်ပေါ်စေခြင်တယ်ဆိုရင်တော့ E ကိုပဲရွှေးပေးပြီးတော့ OK ကိုနှိပ်လိုက်ပါ ပြီးတော့ My Computer ကိုပြန်ဖွင့်ကြည့်လိုက်ပါ ပြန်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်
မှတ်ချက် >>> Win7 မှာဆိုရင်တော့ Drive ကိုဖြောက်ပြီးနည်း လမ်းစဉ်ပြီးပါက restart မချပါက အဲ့ Drive လေးကပေါ်နေပါမယ် ဒါပေမယ့် အသုံးပြုလို့မရပါဘူး ပြန်ဖော်မယ်ဆိုရင်လည်း တစ်ခါတစ်လေ ချက်ခြင်းရသလို တစ်ခါတစ်လေမှာ restart ပြန်ချရပါတယ်

ဒုတိယနည်း
=========
Start >> Run (Win+R) ဟုနှိပ်လိုက်ပါ Run Box ပွင့်လာပါလိမ့်မယ် အဲ့နားလေးမှာ regedit လို့ရိုက်ထည့်လိုက်ပါ ပြီးတော့ အောက်က အဆင့်အတိုင်းသွားလိုက်ပါ HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer သို့အရောက်သွားလိုက်ပါ တစ်ချို့ကွန်ပျူတာမှာတော့ Policies နားရောက်ပြီးတော့ Explorer ကို ဆိုတာမရှိနေပါဘူး ဒါကြောင့် Explorer ဆိုတာလေးကို စောက်ပေးရမှာဖြစ်ပါတယ် Explorer ဆိုတဲ့ Key လေးတစ်ခုစောက်ဖို့အတွက် Policies ကို Right Click နှိပ်လိုက်ပါ ပြီးတော့ New ပြီးတော့ Key ကိုရွှေးပေးလိုက်ပါ Name ကို Explorer လို့ပေးလိုက်ပါ ပြီးတော့ Explorer ရဲ့ညာဘက်ခြမ်းမှာ မှာ Right Click နှိပ်လိုက်ပါ ပြီးတော့ New->DWORD (32) ကိုယူလိုက်ပါ reg key လေးတစ်ခု ကျလာပါက NoDrives လို့နာမည်ပေးလိုက်ပါ ပြီးတော့ဖွင့်လိုက်ပါ Value Data မှာ 0 လို့မြင်တွေ့ရပါမယ် အဲ့ဒါလေးကို ပြောင်ပေးရမှာဖြစ်ပါတယ် ပြောင်းဖို့အတွက်
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048, M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288, U: 1048576, V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432, ALL: 67108863 ဒီဂဏာန်းလေးတွေက ကိုယ်ဖျောက်ခြင်တဲ့ Drive တွေအတွက်ဖြစ်ပါတယ် ဥပမာ Drive A: ကိုဖြောက်မယ်ဆိုရင် Value Data မှာ 1 လို့ဖြည့်ပေးရပါမယ် ထိုနည်းအတူ Drive X: ကိုဖြောက်မယ်ဆိုရင်တော့ 8388608 လို့ပြောင်းပေးရပါမယ် Drive အားလုံးကိုဖြောက်ထားမယ်ဆိုရင်တော့ 67108863 ကိုရိုက်ထည့်ရမှာဖြစ်ပါတယ် အကယ်၍ Drive D: နှင့် Drive E: ကို ဖြောက်ခြင်တယ်ဆိုရင်တော့ Drive D: ရဲ့ Value နဲ့ Drive E: ရဲ့ Value ကို ပေါင်းရမှာဖြစ်ပါတယ် (8)D:+(16)E: = 23 ဖြစ်လို့ Value Data မှာ 23 လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် ပြီးတော့ ကွန်ပျူတာကို restart ချလိုက်ပါ မိမိဖြောက်ထားတဲ့ Drive လေးကို မတွေ့ရတော့ပါဘူး ကဲအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ဒီနည်းလေးကို ကျွန်တော် အရမ်းကိုကြိုက်ပါတယ် တော်ရုံတန်ယုံဆိုရင်မသိဘူးပေါ့ဗျာ ဖြောက်ထားတာကိုပြောတာပါ ပထမနည်းက အသုံးပြုခွင့်ကိုပါ ပိတ်ထားတာပါ ဒီနည်းကတော့ အိုက် Drive လေးကို အသုံးပြုလို့ရပါတယ် ကိုယ်က Drive D: ကိုပိတ်ထားမယ်ဆိုရင် Start >> Run (Win+R) ကိုနှိပ်လိုက်ပါ ပြီးတော့ d: လို့ရိုက်ထည့်လိုက်တာနဲ့ Drive D: ပွင့်လာပါလိမ့်မယ် အကယ်၍မလိုခြင်တော့ဘူး ပြန်ဖြတ်ခြင်တယ်ဆိုရင်တော့ အပေါ်က Registry အဆင့်အတိုင်းဝင်သွားလိုက်ပါ ပြီးတော့ ကိုစောစောက ဆောက်ထားတဲ့ NoDrives ဆိုတဲ့ DWORD ကို Delete ပေးလိုက်လိုက်ရင်ရပါပြီ အဆင်ပြေကြပါစေဗျာ ကျွန်တော်ပိုစ့်ရေးတာ အရမ်းနှေးပါတယ် အလုပ်တစ်ဖက်နဲ့ ရေးရတာမလို့ နားလည်ပေးကြပါဗျာ ဒီပိုစ့်လေးကိုတောင် ကျွန်တော် ၁ ပတ်လောက် နည်းနည်းရ နည်းနည်း ရေးခဲ့တာပါ နောက်ရေမယ့်ပိုစ့် ခေါင်းစဉ်လေးကတော့ Virus အားကာကွယ်ခြင်းကို ရေးမယ်လို့ စိတ်ကူးထားပါတယ် ကျေးဇူးတင်မြဲပါဗျာ

Logo ကောင်းတစ်ခုဖြစ်ဖို့ ဆိုရင်.

..
Iconic Logo ဆိုတဲ့ ကုန်ပစ္စည်းကိုယ်စားပြု
အမှတ်တံဆိပ်ကောင်းတစ်ခုဖြစ်ဖို့ ဘယ်လိုအချက်တွေ လိုအပ်ပါသလဲ။ ဒါကို
http://www.davidairey.com/what-makes-a-good-logo/ မှာ ဒီဇိုင်နာ
ဒေးဗစ်က ဒီလိုပြောထားပါတယ်။

1) It's describable
ဘာကိုဖော်ပြချင်သလဲဆိုတာ သိသာစေရပါမယ်။
2) It's memorable
အမှတ်ရနေအောင်လည်း ဖန်တီးရပါမယ်။
3) It's effective without colour
အရောင်တွေ မပါဘဲနဲ့လည်း ထိရောက်ရပါမယ်။
4) It's scalable
လိုသလိုချုံ့၊ ချဲ့နိုင်ရပါမယ်။ အရွယ်အစားက အရေးမပါပါဘူး။
5) It's appropriate
ထုတ်ကုန် (သို့) စီးပွားရေးလုပ်ငန်းနဲ့ သင့်လျှော်မှန်ကန်တဲ့ ဒီဇိုင်းဖြစ်ရပါမယ်။

အချက် (၁) နဲ့ (၂) က အပြန်အလှန်ချိတ်ဆက်နေပါတယ်။ Logo တစ်ခုဟာ
ဘာကိုဖော်ပြနေတယ် ဆိုတာမထင်ရှားရင် မှတ်မိဖို့လည်း မလွယ်လောက်ပါဘူး။

နံပါတ် (၃) အချက်ကလည်း အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ အရောင်ဆိုတာ
ထုထည်တို့ ပုံသဏ္ဍာန်တို့နောက်က လိုက်လာလို့ပါပဲ။ ဒါကြောင့် Logo တစ်ခုကို
ဒီဇီုင်းလုပ်ရင် အရောင်ကို နောက်ဆုံးမှ ထည့်လေ့ရှိပါတယ်လို့ ဒေးဗစ်က
ဆိုပါတယ်။

နံပါတ် (၄) အချက်ကလည်း တော်တော်လေး အရေးပါပါတယ်။ ဘောပင်တို့၊
စက္ကူညှပ်ကလစ်တို့မှာ အသုံးပြုတဲ့ Logo တွေဆို အင်မတန်မှ သေးငယ်ပါတယ်။
တချိန်တည်းမှာပဲ ကြော်ငြာဘုတ်အကြီးကြီးမှာလည်း ကြော်ငြာပါလိမ့်မယ်။
ဒါကြောင့် အဲဒီအချက်ကိုလည်း မမေ့ထားသင့်ပါဘူး။

နောက်ဆုံး အချက် (၅) အရ Logo ဟာ သက်ဆိုင်ရာ ထုတ်ကုန်ပစ္စည်း (သို့)
စီပွားရေးလုပ်ငန်း စတာတွေကို ထင်ဟပ်နေရပါမယ်။ လုပ်ငန်းရဲ့
နောက်ကွယ်ကအကြောင်းကိုလည်း ဖော်ပြနိုင်သလို အခြား
လုပ်ငန်းတူပြိုင်ဘက်များနဲ့ ကွဲပြားခြားနားအောင် ပံ့ပိုးပေးနိုင်ပါတဲ့
အရည်အသွေးတွေ ရှိနေရပါမယ်။

အထက်က အချက်တွေက David Airey ရဲ့ Logo ကောင်းတစ်ခုအပေါ် ယူဆချက်တွေပါပဲ။
http://www.code-interactive.com/thinker/a112.html ကတော့ Logo
ကောင်းတစ်ခုဖြစ်ဖို့ အချက် (၄) ချက် လိုအပ်တယ်လို့ ဆိုပါတယ်။

(1) Follow solid basic design principles
အခြေခံ ဒီဇိုင်းသဘောတရားတွေ ပါဝင်ရပါမယ်။
(2) Be functional
လက်တွေ့ကျကျ အသုံးချနိုင်ရပါမယ်။
(3) Represent the company
ကုမ္ပဏီကို ကိုယ်စားပြုရပါမယ်။
(4) Be unique
ထူးခြားထင်ရှားရပါမယ်။

နံပါတ် (၁) အချက်က ဒီဇိုင်းတစ်ခု Logo တစ်ခုဟာ ဖြစ်သလိုရေးခြစ်ထားတာမျိုး
မဟုတ်ဘဲ သေချာဖန်တီး ရေးဆွဲ ထားရမယ်လို့ ဆိုလိုတာပါ။ အဲဒီအတွက် အခြေခံ
ဒီဇိုင်းသဘောတရားတွေဖြစ်တဲ့ အချိုးအစား၊ လိုက်ဖက်ညီညွတ်မှု
စတာတွေကိုပါထည့်သွင်းစဉ်းစားဖို့လိုအပ်ပါလိမ့်မယ်။
Logoတစ်ခုဟာဖိနပ်၊ဘောပင်၊ဘောလုံး၊ဦးထုပ်စတဲ့နေရာတွေသာမကလက်ကမ်းကြော်ငြာ၊တီရှပ်၊ကြော်ငြာဆိုင်းဘုတ်၊Website
စတာတွေအထိအသုံးချခြင်းခံရမှာဖြစ်တဲ့အတွက်နံပါတ်(၂)အချက်
လက်တွေ့ကျခြင်းကလည်း Logo တစ်ခုဖန်တီးရာမှာ ထည့်သွင်းစဉ်းစားဖို့
လိုအပ်တဲ့အရာဖြစ်ပါတယ်။

နံပါတ် (၃) အချက်အရ Logo တစ်ခုဟာ သက်ဆိုင်ရာ ကုမ္ပဏီ၊ ထုတ်ကုန် စတာတွေကို
ထင်ဟပ် ကိုယ်စားပြု နေရမှာ ဖြစ်ပါတယ်။ Logo ကိုမြင်ရုံနဲ့
ဈေးကွက်တင်ထားတာ ဘယ်လိုပစ္စည်းဆိုတာမျိုးပါ သိသာစေနိုင်အောင်
ဖန်တီးရပါလိမ့်မယ်။

နံပါတ်(၄)အချက်ကLogoတစ်ခုဆိုတာအများသူငါနဲ့ဆင်တူယိုးမှားဖြစ်မနေပဲကွဲပြားခြားနားစွာထိုးဖောက်ဆန်းသစ်နေရမယ်လို့
ဆိုလိုတာပါပဲ။ ပြိုင်ဘက်ကင်းတဲ့ Logo တစ်ခုဟာ အချိန်ကာလ
ပြောင်းသည့်တိုင်အောင် ထင်ကျန်ရစ်နေသင့်တယ်လို့ JSB Morse က
အကြံပြုထားပါတယ်။http://www.thelogofactory.com/library/articles/what-makes-a-good-logo.html
မှာတော့ Logo ကောင်းတစ်ခုဟာ အချက် (၇) ချက်နဲ့ ပြည့်စုံဖို့
လိုအပ်ပါသတဲ့။

(1) Uniqueness - ထူးခြားထင်ရှားခြင်း

(2) Timeless - အချိန်ကာလကန့်သတ်ချက်မရှိခြင်း

(3) Gimmick Free - အပိုဖန်တီးချက်များ ကင်းခြင်း
ဒီမှာ ဆိုလိုတာက Special FX လို့ခေါ်တဲ့ Bevel Emboss, Lens Flares, Drop
Shadow စတာတွေကို မလိုအပ်ရင် အသုံးမချဖို့ ပဲဖြစ်ပါတယ်။ အဲဒါမျိုးတွေ
ပြုလုပ်ခြင်းဟာ 'Putting a Lipstick on a Pig' ၀က်ကို
နှုတ်ခမ်းနီဆိုးသလိုမျိုးပဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

(4) Adaptability - အလိုက်သင့်ပြောင်းလဲ အသုံးချနိုင်ခြင်း
ဒါက အထက်က ဆိုက်ဒ်မှာ ပြောသွားတဲ့ Be Functional ဆိုတဲ့ အချက်နဲ့
အတူတူပါပဲ။ Logo တစ်ခုကို နေရာများစွာမှာ အဆင်ပြေစွာ အသုံးချနိုင်ရမှာ
ဖြစ်ပါတယ်။

(5) Scalability - ချုံ့ ချဲ့နိုင်ခြင်း

(6) Color is Secondary - အရောင်ကို ဒုတိယဦးစားပေးအဖြစ် စဉ်းစားခြင်း

(7) Appropriate Aspect Ratio & Footprint - သင့်လျော်သော အရွယ်နှင့်
အချိုးအစားရှိခြင်း
Logo ကောင်းတစ်ခုဟာ သင့်လျော်သော ပမာဏ အချိုးအစားရှိရပါမယ်။ ဒီအချက်က့
အထက်ကဆိုက်ဒ်မှာ ပြောတဲ့ Following Basic Design Principles
ဆိုတဲ့အချက်နဲ့ ဆင်တူပါတယ်။

အဲသလိုမျိုး စဉ်းစားဖန်တီးခြင်းဖြင့် ပေါက်မြောက်အောင်မြင်တဲ့ Logo တစ်ခု
ဖြစ်လာနိုင်ပါတယ်လို့ The Logo Factory က အကြံပြုထားပါတယ်။

အခုလောက်ဆိုရင်... Logo ကောင်းတစ်ခုဖြစ်ဖို့ ဘယ်လိုအချက်တွေနဲ့
ဖန်တီးရမယ်ဆိုတာ စဉ်းစားမိမယ်လို့ ထင်ပါတယ်။ Technique ဆိုတဲ့
နည်းပညာတွေရဲ့နောက်မှာ သိမ်မွေ့အနုပညာဆန်တဲ့ လျို့ဝှက်ချက်တွေ
ဖန်တီးချက်တွေ ရှိနေတယ်ဆိုတာကို မေ့မထားသင့်ပါဘူး။ အလျဉ်းသင့်ရင်
ရိုးရှင်းတဲ့ Logo တစ်ခုကို Photoshop နဲ့ ဘယ်လိုဖန်တီးမလဲဆိုတာကို
နောက်လာမယ့် Tutorial တွေမှာ ဖော်ပြပေးသွားပါမယ်။

အောက်မှာ http://www.goodlogo.com/ မှာ Vote ပေးထားတဲ့ World's Top Logo
၂၅၀ ထဲက ထိပ်ဆုံး ၂၅ ခုကို နမူနာအနေနဲ့ ဖော်ပြလိုက်ပါတယ်။
Res:mmphotoshop.com

How To Install MM3 Unicode

မြန်မာ ယူနီကုတ် ၃ ကို ဘယ်လို Install လုပ်မလည်း ???
သူရဲ့အားသာချက်ကတော့ မြန်မာစာရိုက်နည်းအစစ်ဖြစ်လို့ပဲ ဒါပေမယ့် Zawgyi Unicode ကိုတွင်တွင်ကြယ်ကြယ်သုံးနေကြပါသေးတယ် တစ်ခုအားနည်းချက်ကတော့ Zawgyi Fonts အတိုင်း Shortcut နဲ့ အမြန်ပြောင်းလို့မရတာ တော့တော်တော်ခတ်တယ်ဗျခုကတော့ Browser အတွက်ပဲဖြစ်ပါတယ် ကဲစတော့မယ်ဗျာ အရင်ဆုံး DOWNLOAD ယူလိုက်ပါ Download ဆိုတဲ့စာလေးကို နှိပ်လိုက်ရင်ရပါပြီး Download ကိုလည်း အလွယ်ဆွဲလို့ရအောင် Google Document ကနေပဲတင်ပေးထားပါတယ် Download ဆွဲပြီးသွားပါက ဖိုင်ကိုဖြေချလိုက်ပါ Password >> juckzero  ပါ ဖိုင်ဖြေပြီးသွားရင် အောက်ကပုံလေးအတိုင်း mm3 ဆိုတဲ့ Fonts File လေးကို Copy ကူးယူလိုက်ပါ
tutorial1x.jpg
Win+R (run) တွင် fonts ဟုရိုက်ထည့်လိုက်ပါ
tutorial2.jpg
Fonts Folder ပွင့်လာပါလိမ့်မယ် အိုက်နားမှာ paste လိုက်ပါ
tutorial3g.jpg

ထိုအဆင့်ပြီးဆီးသွားပါ က mm3 unicode ကို ဖတ်ရှု့လို့ရပါပြီး ဖတ်ရှု့ရန် Browser ကနေ myanmar 3 ဆိုတဲ့ ဖောင့်ကိုပြောင်းလိုက်ပါ တစ်ခုတော့ ရှိတယ် Zawgyi fonts ကိုတော့ ဖတ်မှာမဟုတ်တော့ပါဘူး ဒါပေမယ့် Zawgyi ကိုပြန်ပြောင်းရင်တော့ ရပါတယ် အဲ့ပြသနာအတွက် Browser နှစ်ခုသုံးပါ ကျွန်တော်ကတော့ Mozilla firefox ကို ဒီတိုင်းပဲထားပါတယ် ဘာလို့လည်းဆိုတော့ zawgyi fonts ကိုသွင်းကတည်းက ကွန်ပျူတာ တစ်ခုလုံးကို Zawgyi fonts အော်တိုပြောင်းပေးပြီးထားပါ ဒါကြောင့် Zawgyi Fonts ကိုတော့ ကွန်ပျူတာ တစ်လုံးလုံးက ဖတ်နေပါတယ် mm3 unicode ဖတ်အောင် ကျွန်တော် ကတော့ Netscape ဆိုတဲ့ browser ကို mm3 ပြောင်းလဲထားပါတယ် အိုက် Browser ကိုလိုခြင်တယ်ဆိုရင်တော့ NETSCAPE DOWNLOAD ကိုနှိပ်လိုက်ပါ အိုက်နားမှာ Download ဆွဲလို့ရပါတယ် အသုံးပြုပုံကတော့ mozilla firefox အသုံးပြုပုံအတိုင်းပါပဲ mm3 ကို netscape ကနေပြောင်းပြပါမယ် win7 နဲ့ win vista မှာတော့ ဘာမှပြောင်းလဲဖို့မလိုပါဘူး Fonts ထဲကို mm3 ထည့်ပြီး restart ချလိုက်တာနဲ့ အော်တို ဖတ်နေပါပြီ အရင်ဆုံး browser ကိုဖွင့်လိုက်ပါ ပြီးတော့ tools >> options ကိုသွားလိုက်ပါ
cyberpoint07.jpg
ပြီးပါက Options box ပွင့်လာပါလိမ့်မယ် Content ကိုနှိပ်လိုက်ပါ အောက်ပါအတိုင်းမြင်ရပါလိမ့်မယ် အိုက်နားမှာ Default font: နေရာက ကျွန်တော် zawgtyi-one နေရာမှာ mm3 ကိုပြောင်းလိုက်ပါ ပီးပါက Advanced ကိုနှိပ်လိုက်ပါ
cyberpoint08.jpg

Advanced ကိုနှိပ်ပီးအောက်ကပုံလေးအတိုင်းတွေ့ရပါမယ် အကုန်လုံးကို myanmar 3 ပြောင်းပေးလိုက်ပါ
cyberpoint10.jpg

OK ကိုနှိပ်လိုက်ပါ ကပြီးဆီးသွားပါပြီ
အပေါ်ကအဆင့်တွေက ဖတ်လို့ရအောင်ပြုလုပ်နည်းဖြစ်ပါတယ် mm3 unicode ရိုက်လို့ရအောင်တော့ အောက်အကဆင့်တွေအတိုင်း ဆက်လုပ်ရပါအုံးမယ် download ဆွဲထားတဲ့ ဖိုင်ကို ပြန်ဖွင့်လိုက်ပါ အိုက်ထဲကုkeyman_free_6-2-176-9 ကိုဖွင့်လိုက်ပါအောက်ကပုံလေး အတိုင်းတွေ့ရပါမယ် Install ကိုနှိပ်လိုက်ပါ
tutorial4f.jpg
Next ကိုနှိပ်လိုက်ပါ
tutorial5v.jpg
ှုI accept this license ကို အမှန်ခြစ်ပေးပြီးတော့ next ကိုနှိပ်လိုက်ပါ
tutorial6k.jpg
Next ကိုနှိပ်လိုက်ပါ
tutorial7j.jpg
Next ကိုပဲနှိပ်လိုက်ပါ
tutorial8.jpg
အမှန်ခြစ်တွေကို မိမိလိုသလိုပြောင်းလဲပြီးတော့ Finished ကိုနှိပ်လိုက်ပါ
tutorial9m.jpg
ပြီးဆီးသွားပါက Download လုပ်ထားသော ဖိုင်လေးကို ပြန်ဖွင့်လိုက်ပါ myanmar3 ဆိုတာလေး ကပေါ်လာပါလိမ့်မယ် Double Click နှိပ်လိုက်ပါ

tutorial10.jpg
Install ကိုနှိပ်လိုက်ပါ ခဏစောင့်လိုက်ပါ
tutorial11t.jpg
ပြီးဆီးသွားပါက ကွန်ပျူတာရဲ့ ညာဘက် နာရီရှိတဲ့နေရာလေးနားမှာ Left Click ကိုနှိပ်ပြီးတော့ အသုံးပြုနိုင်ပါသည်

magic21.jpg
မသိသောသူများအတွက် ရည်စူးပါတယ် အဆင်ပြေကြပါစေဗျာ



How To Install Zaw Gyi Unicode

ဇော်ဂျီဖောင့်ကို window 7 နဲ့ window Vista မှာဘယ်လိုသွင်းမလည်း ???
တော်တော်များများကတော့ သွင်းတက်ကြမယ်ထင်ပါတယ် ဒါပေမယ့် မသိသေးသောသူများလည်း ရှိနေပါသေးတယ် အဲ့ဒါကြောင့် မသိသေးသောသူများအတွက်ရည်ရွယ်ပါတယ်
အရင်ဆုံး Download လုပ်လိုက်ပါ ပြီးတော့ ဖိုင်လေးကိုဖြေချလိုက်ပါ password လေးတော့ ခံထားတယ်ဗျ Password က juckzero ပါ နောက်ပိုင်းမှာလည်း ကျွန်တော် အိုက် password ကိုပဲ အများဆုံးအသုံးပြုပေးပါမယ် အခုစမယ်နော် ဖိုင်ကို ဖြေချပီးရင် ZG 2008 ကို Double Click နှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်း မြင်ရပါမယ် 29391011.jpg
Next ကိုနှိပ်လိုက်ပါ
89796985.jpg
Next ကိုပဲ နှိပ်ပါ ပီးတော့ နည်းနည်းလေး စောင့်လိုက်ပါ အောက်ကပုံလေး ပေါ်လာပါလိမ့်မယ်
46242928.jpg
Restart လုပ်မလားလို့မေးလာပါလိမ့်မယ် အိုက်မှာ Ok ကိုနှိပ်လိုက်ပါ Computer restart ကျသွားပါလိမ့်မယ် ပြန်တက်လာရင်တော့ ဇော်ဂျီယူနီကုတ်ကို ဖတ်လို့ရသွားပါပီ Win Xp မှာဆိုရင်တော့ တစ်ခါထဲ Ctrl + Shift ကိုနှိပ်ပီးတော့ အသုံးပြုလို့ရပါပြီ Win 7 နဲ့ Win Vista မှာတော့ ရမှာမဟုတ်ပါဘူး အောက်ကအဆင့်လေးကို ဆက်လုပ်ရပါမယ်
Zawgyi_Keyboard_L_setup ဆိုတဲ့ folder လေးကို ဖွင့်လိုက်ပါ ပုံလေးအတိုင်းမြင်ရပါလိမ့်မယ်
33555990.jpg
အိုက်နားလေးမှာ setup ကိုရွှေးပီးတော့ နှိပ်လိုက်ပါ
tutorial6k.jpg
I accept this license ကို အမှန်ခြစ်ပေးလိုက်ပါ ပီးတော့ Next ကို
tutorial8.jpg
next ကိုပဲနှိပ်လိုက်ပါ
46235177.jpg
ပြီးဆုံးသွားပြီဖြစ်လိုက် Close ကိုနှိပ်လိုက်ပီးတော့ zaw gyi unicode ကိုအသုံးပြုလို့ရသွားပါပီ
Ctrl + Shit ကို တစ်ခါတွဲနှိပ်လိုက်ပါ မြန်မာဖောင့်ကို ပြောင်းသွားပါမယ် Ctrl + Shit ကိုနောက်တစ်ခါ ပြန်တွဲနှိပ်လိုက်ရင် ယခင်သုံးနေသော အင်္ဂလိပ်ဖောင့်ကို ပြန်ပြောင်းသွားပါလိမ့်မယ် အင်တာနက် အသုံးပြုသူများအတွက် mozilla firefox နားမှာ ဘာ setting မှ ပြောင်းဖို့မလိုပဲ မြန်မာဆိုက်တွေကို ဖတ်လို့ရပါတယ် ရေးလို့လည်းရပါတယ် အဆင်ပြေကြပါစေဗျာ




Win7နဲ့WinVista အတွက်

                  win7 နဲ့ Vista မှာ Window Media Player ပါတာနဲ့ Format တော်တော်များများကို ကိုဖတ်ပေးပါတယ် ကြိုက်ဒါဖွင့် DVD ဖွင့်လို့လည်းရပါတယ် အဲ့ဒါလေးရဲ့ နာမည်ကလေးကတော့ Windows 7 Codecs 2.7.7 နဲ့ Vista Codec Package 5.9.1 တို့ဖြစ်ပါတယ် Download လုပ်ပီးသာ သွင်းကြည့်လိုက်ပါ အဆင်ပြေကြပါစေဗျာ ကျွန်တော် လက်ရှိအသုံးပြုနေပါတယ် အိုက်နှစ်ခုလုံးကို Download ဆွဲရင်သာ Download Manager တစ်ခုခုနှင့်ထည့်ဆွဲကြည့်လိုက်ပါ သူရဲ့ မူရင်းဆိုက်လေးကို ပဲ ပေးထားပါတယ် အဆင်ပြေကြပါစေဗျာ
                  Win7 Sp1 ထွက်ပီဆိုတောကို သိကြမယ်ထင်ပါတယ် လိုခြင်ကြမယ်ထင်ပါတယ် ဒါလေးကတော့ win7sp1 x64 ဖြစ်ပါတယ် ဒါလေးကတော့ win7sp1 x32 ခေါ် x86 ဖြစ်ပါတယ် သွင်းရတာတော့ သိပ်မခတ်ပါဘူး ဒီတိုင်း Double Click နှိပ်လိုက်ရုံးပါပဲ တစ်ခုရှိတာ တစ်ဝက်ရောက် ရင် ရပ်သွားပါတယ် ပြသနာမရှိပါဘူး စိတ်ရှည်ရှည်နဲ့သာ ကော်ဖီသောက်ပီးစောင့်နေလိုက်ပါ restart ကျသွားတက်ပါတယ် ဒါကတော့ window update လုပ်တိုင်းဖြစ်နေကြပါပဲ ပီးရင်ပြန်တက်လာပီး ဆက် Run နေပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ သူ့ရဲ့ ပင်ရင်းဆိုက်ကနေပဲ လင့်ပြန်ညွှန်ထားပါတယ် Download Manager တစ်ခုခုနဲ့သာထည့်ဆွဲလိုက်ပါ agree ကိုနှိပ်ပီး တော့ Download ဆွဲနိုင်ပါတယ် အကုန် Free တွေပဲနော် ဆိုက်လေးတွေကတော့ နည်းနည်းကြီးတယ် x32 ကတော့ 537Mb ရှိပါတယ် x64 ကတော့ 903Mb လောက်ရှိပါတယ် တစ်ခါထည်းလည်း Win7 ကနေ window update လုပ်လိုက်ရင်လည်းရပါတယ် ဒါပေမယ့် ဆိုက်ကကြီးတော့ တော်တော်လေးကို ဆွဲယူရနိုင်မယ်ထင်ပါတယ် အသစ်ကြိုက်သူများအတွက် အဆင်ပြေကြပါစေဗျာ သူ့ရဲ့မူရင်းဆိုက်ကိုပဲညျွန်ထားပါတယ်

အစက်လေးရဲ့ အစွမ်း

ကိုင်းအားလုံးကိုပျော်ရွှင်စေအောင် နည်းပညာလေးတစ်ခုမျှဝေမယ်နော် အပျော်သဘောပါ မသိတဲ့သူတွေလည်း တော်တော်များများကို ရှိမယ်ထင်ပါတယ် Run ကိုသိကြလားမသိဘူးနော် (Win+R) နှိပ်လိုက်ရင် Run Box လေးကျလာပါတယ် အိုက်နားမှာ ကိုလိုခြင်တဲ့ Program တစ်ခုကို ဖွင့်ကြည့်လို့ရတယ် ဆိုတာကိုကော သိကြမှာပါ ဒါပေမယ့် အခုပြောတဲ့ ဟာလေးက ကျွန်တော် တောင်မနေ့တစ်နေ့ကမှ သိလိုက်ရပါတယ် အားလုံးကို သိစေခြင်တာနဲ့ မျှဝေလိုက်ပါတယ် ထိပ်ဆုံး Win+R ကိုနှိပ်လိုက်ပါ ဒါမှမဟုတ် Start >> Run ကိုနှိပ်လိုက်ပါ ပီးတော့ အစက်လေးတစ်စက် . ကိုနှိပ်ထည့်လိုက်ပါ ပီးတော့ Enter ကိုနှိပ်လိုက်ပါ ဘာထူးခြားမလည်းဆိုတာ
အစက်တစ်စက် . Home Directory သို့ရောက်သွားပါတယ်
အစက်လေးနှစ်စက် .. User Directory သို့ရောက်သွားပါတယ်
အစက်လေးသုံးစက် ... My Computer သို့ရောက်သွားပါတယ် အစက်ကလေး သုံးစက်ထပ်ပိုသွားရင်တော့ My Computer ပဲပွင့်မှာဖြစ်ပါတယ်
ဘက်စလက် \ SystemDrive ထဲသို့ရောက်သွားပါတယ် အားလုံးပဲ လွယ်လွယ် ကူကူ အသုံးပြုနိုင်ကြပါစေဗျာ

WindowXPတင်နည်း

Window XP တင်တော့မယ်ဆိုရင် အရင်ဆုံး Window XP ခွေတစ်ခွေကိုလိုပါမယ် အခုတင်ပြထားတာကတော့ WindowXP SP2 ဖြစ်ပါတယ် တစ်ချို့ ပြန်ပြုပြင်ထားတဲ့ Window XP ခွေတွေရှိပါတယ် ဒါပေမယ့် error အရမ်းများပါတယ် သုံးဖို့အားမပေးပါဘူး အဲ့ခွေတွေဆိုရင်တော့ အရမ်းအဆင်ပြေပါတယ် တင်နည်းတွေကလည်း အခုတင်ပြတာနဲ့ သိပ်တော့မတူနိုင်ပါဘူး ကွဲလွဲတာတွေရှိမှာပါ အရင်ဆုံးလုပ်ရမှာက window မတက်ခင် Boot Order ကိုအရင်ပြောင်းရပါမယ်
1-ကွန်ပျူတာကို window မတက်ခင် del ကိုနှိပ်လိုက်ပါ (မှတ်ချက်=တစ်ချို့ကွန်ပျူတာတွေမှာ F2 , F12 တွေဖြစ်နိုင်ပါတယ် စာလေးကိုပဲသေခြာမှတ်ထားလိုက်ပါ=Press DEL to enter SETUP အိုက်စာလေးပေါ့ဗျာ DEL နေရာမှာ သူပြတဲ့ ကီးလေးကို နှိပ်ရမှာပါ F2 ဖြစ်ရင်လည်းဖြစ်မယ် F12 ဖြစ်ရင်လည်းဖြစ်မယ် တခြား ဟာတွေလည်းဖြစ်ရင်ဖြစ်မယ်ဗျာ)

2-ဒီလိုပုံလေးထွက်လာပါလိမ့်မယ် တခြားပုံလေးလည်းဖြစ်ရင်ဖြစ်မှာပါ တစ်ခုပဲ မှတ်ထားလိုက်ပါ Screen ပြာပြာကြီးတက်လာမယ်ဆိုတာတော့ သေခြာပါတယ်


















3-အဲ့ထဲက Boot ဆိုတဲ့ စာလုံးလေးကိုရှာလိုက်ပါ ပီးတော့ အဲ့ Boot နားကိုရောက်အောင်သွားလိုက်ပါ (မှတ်ချက်-Mouse ကိုအသုံးပြုလို့မရပါ Arrow Key နဲ့ပဲ အသုံးပြုရမှာဖြစ်ပါတယ်)Boot Devices တွေကိုတွေ့ရမှာပါ ထိပ်ဆုံးကတော့ window စတက်မယ့်နေရာကို ပြောတာပါ အကယ်၍ ထိပ်ဆုံးတစ်ခုမှ window boot file ကိုမတွေ့ရင် ဒုတိယတစ်ခုကို အော်တိုပြောင်းသွားပါတယ်


















4-First Boot Drvice ကို CD Room ကိုရွှေးပေးလိုက်ပါမယ် ဘာကြောင့်လည်းဆိုတော့ Window တင်မှာဖြစ်လို့ပါ


















5-ပီးရင် ပုံမှာပြထားတဲ့အတိုင်း Exit အောက်သုံးသွားလိုက်ပါ


















6-Exit Saving Changes ကိုရွှေးပေးလိုက်ပါ။yes ကိုနှိပ်ပေးလိုက်ပါ ပီးတာနဲ့ ကွန်ပျူတာ အစကနေ ပြန်ပွင့်လာပါလိမ့်မယ် restart ကျသွားတာပါ နည်းနည်းလေးစောင့်လိုက်ပါ-


















Window XP တင်ရန် အမှန်မကန်စတင်ပါပီဗျာ
1-ပီးရင် ပုံမှာအတိုင်း Press any key to boot from CD ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အစက်ကလေး ငါးစပ်မပြည့်ခင်မှာ ကြိုက်တဲ့ကီး တစ်ခုခုကို သာနှိပ်ချလိုက်ပါ ကျွန်တော် နှိပ်နေကျကတော့ Space Bar ပဲဖြစ်ပါတယ်

2-နည်းနည်းလေးစောင့်ပီးတော့ အောက်ပါပုံအတိုင်းတွေ့မြင်ရမှာပါ Enter ကိုနှိပ်လိုက်ပါ Window အသစ်တင်မယ်ဆိုရင် အကယ်၍ Window ကို Repare လုပ်မယ်ဆိုရင် တော့ R ကိုနှိပ်လိုက်ပါ

3-နည်းနည်းလေးတော့ထပ်စောင့်ရပါလိမ့်မယ် ပီးရင်ပုံပါအတိုင်းပွင့်လာပါလိမ့်မယ် အခုလုပ်ပြထားတာက Hardisk အသစ်ဖြစ်နေလို့ Partation C: D: အဲ့ဒါတွေမပေါ်တာပါ Hardisk အဟောင်းကို Window တင်ရင်တော့ ပေါ်ပါတယ် အဲ့ဆိုရင် တော C: ကိုရွှေးပီးတော့ Enter နှိပ်လိုက်တာနဲ့ရပါတယ် အခုက Partation မရှိသေးတဲ့အတွက် C ကိုနှိပ်လိုက်ပါတယ်


















4-ပီးတော့ F8 ကိုနှိပ်လိုက်ပါတယ်


















5-Partation ကို Format ပြန်ရိုက်မှာပါ အဲ့ဒါကို Format the partition using the NTFS file system ကိုပဲရွှေးပေးလိုက်ပါ ပီးတော့ Enter ကိုသာနှိပ်လိုက်ပါ (မှတ်ချက်-တခြားဟာကိုရွှေးရင်လည်းရပါတယ် ဒါပေမယ့် ကွန်ပျူတာအတွက် သိပ်မကောင်းပါဘူး နောက်ပိုင်း အရမ်းပြသနာတွေတက်ပါလိမ့်မယ် )


















6-အေးအေးဆေးဆေး ကော်ဖီသောက်ပီးတော့သာထိုင်စောင့်လိုက်ပါ ။ ပီးတာနဲ့ ကွန်ပျူတာ ကြီး restart ပြန်ကျသွားပါလိမ့်မယ် ထိုင်သာကြည့်နေလိုက်ပါ

7-ကွန်ပျူတာပြန်တက်လာပါလိမ့်မယ် Window file တွေကို အော်တို Install ထပ်လုပ်နေပါလိမ့်မယ် ထိုင်သာကြည့်နေလိုက်ပါ ဘာမှမလုပ်ပါနဲ့ ပီရင်အောက်ကပုံလေးပွင့်လာပါလိမ့်မယ် Next ကိုသာနှိပ်လိုက်ပါ























8-ပီးတော့ window ကီးတွေတောင်းပါလိမ့်မယ် ခွေဝယ်ကတည်းကပါလာပါလိမ့်မယ် ပြန်လည်ပြုပြင်ထားတဲ့ Window တွေကတော့ ဒီအဆင့်ပေါ်လာမှာမဟုတ်ပဲ ကျော်သွားပါလိမ့်မယ် အခုထည့်ပြထားတဲ့ ကီးတွေကတော့ တကယ်တမ်းထည့်ကြည့်ရင် အလုပ်လုပ်မှာမဟုတ်ဘူးနော် ရှောက်ရေးထားတာဗျ























9-Name ကိုဖြည့်ပေးလိုက်ပါ Organization ကိုလည်းဖြည့်ပေးလိုက်ပါ ဖြည့်ခြင်တာဖြည့်လို့ရပါတယ် Next ကိုနှိပ်လိုက်ပါ (Computer Information မှာသာတွေ့ရမှာပါ ဒီနာမည်တွေကို)























10-Computer name တဲ့ဖြည့်ပေးလိုက်ပါ အောက်က Password တွေကတော့ ဖြည့်လည်းရပါတယ် မဖြည့်လည်းရပါတယ် အကယ်၍ဖြည့်ထားမယ်ဆိုရင်တော့ ကွန်ပျူတာပွင့်လာတိုင်း Password တောင်းနေပါလိမ့်မယ် Password ကိုဖြည့်ပေးလိုက်မှကွန်ပျူတာပွင့်လာတာကိုတွေ့ရပါလိမ့်မယ် Next ကိုနှိပ်လိုက်ပါ























11-ဒါကတော့ အချိန်ကိုပြုပြင်တာပါ ကိုယ်နေတဲ့နှိင်ငံပေါ့ ပီးတော့ Time Zone ကို မြန်မာနိုင်ငံဆိုရင် Rangon ကိုရှာပီးတော့ရွှေးပေးလိုက်ပါ Next ကိုနှိပ်ပါ























12-Typical settings ကိုရွှေးပေးလိုက်ပါ ပီးတော့ Next ကိုနှိပ်ပါ (မှတ်ချက်-Custom settings ကိုရွှေးမယ်ဆိုရင်တော့ ဥပမာ-Window Media Player တို့ Internet Explorer တို့ကိုဖြုတ်ပီးစိတ်ကြိုက်တင်လို့ရပါတယ် အဓိကကတော့ Window ခွေနဲ့ အတူပါလာတဲ့ဖိုင်တွေကို မသွင်းပဲဖြုတ်ထားလို့ရပါတယ်)ပီးရင် Next ကိုနှိပ်လိုက်ပါ

13-အောက်ကဘောက်လေးပွင့်လာပါက OK ကိုသာနှိပ်လိုက်ပါ









14-ဒီအောက်က Box လေးကတော့ Net Work အတွက်ဖြစ်ပါတယ် တော်တော်များများကတော့ WORKGROUP ကိုပဲသုံးတာများပါတယ် ဒါပေမယ့် နက်ဆိုင်တွေမှာတော့ ဥပမာဆိုင်နာမည်က ၁၂၃ ထားလိုက်ဗျာ အဲ့ဆိုရင် ၁၂၃ လို့ထည့်တက်ကြပါတယ်























15-OK ကိုသာနှိပ်လိုက်ပါ











16-ဟောဒီ ဘောက်လေးပွင့်လာပါလိမ့်မယ် Next ကိုသာနှိပ်လိုက်ပါ






















17-ဒါလေးကတော့ တောာ်တော်များများကတော့ Not right now ကိုရွှေးထားတာများပါတယ် အသုံးပြုခြင်ရင်လည်းရပါတယ် နောက်ပိုင်း Window ကို Update တွေလုပ်ခိုင်းလာပါလိမ့်မယ် တစ်ခုခုကိုရွှေးပီးတော့ Next ကိုနှိပ်လိုက်ပါ






















18-ပီးတော့ Skip ကိုနှိပ်လိုက်ပါ






















19-Next ကိုနှိပ်လိုက်ပါ






















20-အကယ်၍ တစ်ခါတည်းနက်ချိတ်မယ်ဆိုရင်တော့ Yes ကိုရွှေးလိုက်ပါ နက်မချိတ်ဘူးဆိုရင်တော့ No ကိုပဲရွှေးပေးလိုက်ပါ ပီးတော့ next ကိုနှိပ်လိုက်ပါ






















21-ဒါကတော့ Window ကို တစ်ခါတည်း register လုပ်တာပါ မလုပ်ခြင်ရင်တော့ no ပေါ့ လုပ်မယ်ဆိုရင်တော့ Yes ပေါ့ဗျာ ဒါပေမယ့် မလုပ်တာကောင်းပါတယ် Next ကိုနှိပ်လိုက်ပါ






















22-အပေါ်မှာ no ကိုရွှေးထားမယ်ဆိုရင်တော့ ဒီဘောက်လေးက ကျလာမှာမဟုတ်ပါဘူး register လုပ်ဖို့တောင်းလာတာပါ လုပ်မယ်ဆိုရင်တော့ လိုအပ်တာတွေကို ဖြည့်ပေးလိုက်ပေါ့ဗျာ






















23-ဒါလေးကတော့ နာမည်တွေကိုထည့်ရမှာပါ ထိပ်ဆုံးတစ်ခုကိုထည့်ရင်ရပါပီ ပီးတော့ next ကိုနှိပ်လိုက်ပါ (အခြားနာမည်တွေက ဥပမာ ကွန်ပျူတာကို သုံးယောက်သုံးမယ်ထားဗျာ အဲ့ဆို ကွန်ပျူတာပွင့်လာတဲ့အချိန်မှာ ကိုယ့်နာမည်နဲ့ကိုယ် ကိုယ့် password နဲ့ကိုယ် အသုံးပြုလို့ရအောင်စီစဉ်ထားပေးတာပါ ကောင်းတာတစ်ခုက လူတစ်ယောက်ရဲ့Data ကို တစ်ယောက်က ကြည့်လို့မရပါဘူး ကွန်ပျူတာ တစ်လုံးထဲကို လေးငါးလုံးပုံစံ ဖြစ်သုံးတာပါ)

24-အားလုံးပီးဆီးသွားပီဖြစ်လို့ finished ကိုသာနှိပ်ချလိုက်ပါ






















နောက်ပိုင်းမှာ Driver သွင်းနည်းတွေရယ် Window တင်ပီးဘာတွေလိုအပ်လည်း ဘယ်လိုသွင်းလည်းဆိုတာကို ဆက်လက်တင်ပေးပါမယ် အဆင်ပြေကြပါစေဗျာ အဆင်မပြေမှုများရှိရင်လည်း ပြောခဲ့လို့ရပါတယ်ဗျာ