Showing posts with label poem. Show all posts
Showing posts with label poem. Show all posts

ဓါတ်ပုံလေး

မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ

တယုတယ သိမ်းထားတဲ့ ဓါတ်ပုံလေး

ထုတ်ထုတ်ကြည့်ဖြစ်တယ်…

တောင့်တတိုင်း

တောင့်တတိုင်း ရွဲနစ်

မျက်လုံးအိမ်ထဲကမျက်ရည်တွေ

ဓါတ်ပုံလေးက ငါ့ကို တွေရီငေး

ငါက ဓါတ်ပုံလေးကို တွေရီငေး

လွမ်းတယ်။  

 

နန်းညွန့်ဦး

Email : kokohmawsayarlay@mawcity.com

မျှော်လင့်ခြင်း(၅)

အပြင်မှာ ရနံတွေချိုနေပြန်ပြီ….ချောငယ်။

တွေးမိနေတဲ့ စိတ်ကူးတစ်စုံ

ရန်ခုန်အောင် သူမလုပ်နိုင်ခဲ့ဘူး။

မျှော်လင့်ခြင်းကောင်းကင်တွေ..

ငါ့အလှည့်ကျမှ ဖူးပွင့်ခွင့်မကြုံတာ…

ငါ ကံဆိုးတက်လို့ပါ။

နင့်ကိုချစ်မိလို့

ငါရင်ကွဲရမယ်ဆိုရင်တောင်…

ငါ လေ…

ကျေနပ်နေပါမယ်။


Nann Nyunt Oo

Email : kokohmawsayarlay@mawcity.com

နောက်ဆုံးမက်ခွင့်

ကံကြမ္မာဆူးခတ်တွေနဲ့

သွေးချင်းချင်းထွက်အောင် ရိုက်ခတ်

ရင်ခွင်မှာပြိုဆင်းတဲ့ နတ်သမီး

အသည်းကွဲစီးချင်းကို

စီးလို့ ကလို့ နေခဲ့ပေါ့..။


နန်းညွန့်ဦး

Email : nnophoto@gmail.com

ကျန်ရစ်သူ

ရယူခြင်းမဲ့တဲ့အချစ်နဲ့

အနန္တများစွာချစ်ခဲ့

ငါပျိုးတဲ့ပန်း

ငါ့ကြောင့် မလန်းဆန်းမှာ

စိုးထိပ်နေရသူပါ….။

 

လမ်းခရီးနီးပေမယ့်

အဝေးကြီးလျှောက်ခဲ့ရတယ်

မလှပတဲ့ဘဝ

စာစဉ်တွေလုပ်ပြီး

ချမပြချင်သူပါ..။

 

လမ်းပင်လယ်မှာ

တစ်ပွင့်ကြွေ တစ်ပွင့်ဝေနဲ့

အပြိုင်းအရိုင်း လှပနေလိုက်တာများ

နားလည် ခံစားစေချင်လိုက်တာ..။

 

ဘာမှမလိုချင်ဘူး

ဒါပေမယ့် အားလုံးကို ပိုင်ဆိုင်ချင်နေတယ်..

လွင့် …ဝေ….ကြွေ…မျော

နေရတဲ့ဘ၀မှာ

တစ်ယောက်ထဲနေရတာ..

လွမ်း….လိုက်…တာ…။


နန်းညွန့်ဦး

Email : nnophoto@gmail.com

ပြိုင်မျဉ်း

ယူကလစ် ဂျီသြမေကြီက ပြောတယ်

မျဉ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံဘူးတဲ့..။

 

ရိုင်မန် ဂျီသြမေကြီကတစ်မျိုး ပြောတယ်

မျဉ်းပြိုင်နှစ်ကြောင်းဟာ အင်ဖန်နတီမှာ ဆုံတယ်တဲ့..။

 

ကောင်မလေးရေ..

နင်နဲ့ငါဟာ မျဉ်းပြိုင်တွေဆိုရင်…

ငါ … ရိုင်မန်ကိုပဲ လက်ခံလိုက်တော့မယ်..။

 

အင်ဖန်နတီဆိုတာ

တစ်ကယ်တော့ မဝေးပါဘူးဟာ…

အဆုံးသတ်က ငါတို့ရင်ထဲမှာပါ။

ဒါပေမယ့်

အသိဥာဏ် ရိက္ခာတွေတော့

ငါ .. ဖြည့်တင်းထားရလိမ့်မယ်..။

 

နန်းညွန့်ဦး

Email : nnophoto@gmail.com

ခစားခွင်

အို..အချစ်နတ်ဖုရားမ

အက်ပရိုဒိုက်

ဘယ်လိုကျိန်စာမျိုးနှင့်

ငါ့ရင်ကို စီးမိုးထားလေသနည်း…

 

သူ့အလှအား မြင်တွေ့စဉ်

တခဏ

ငါ့၏ရင်တွင်းမှ အသည်းနှလုံးတို့

တုန်ခါလှုပ်ယမ်းသွားသည်ကို

သင် မြင်လေသလော့..။

 

ချစ်သူ…(သခင်)

သင်၏ဆင်းလှအသရေကို

ရှိုက်ဖူးစဉ် အချိန်မှစ

ငါ၏ အသည်းနှလုံးအား

အချစ်စစ်မြှားတို့

တစိုက်စိုက်စူးဆင်း

တိုးဝင်နှစ်မြုပ်သွားလေ၏။

 

ငါသည်လည်း

သင့်ခြေရင်း ၀ပ်ဆင်း

သင်လိုရာ စေစားနိုင်သည့်

ချစ်ခြင်းတရား၏ ကျွန်ရင်း

တိုးသာ ဖြစ်လာလေသတည်း ။         


နန်းညွန့်ဦး

Email : nnophoto@gmail.com

For you know.

For you know.

A ball is no bell until you ring it!

And a song is no song until you sing it!

And love in your heart wasn't put there to stay,

Love isn't love until you give it away.

 

ခေါင်းလောင်းဟာ..သင်မထိုးမချင်း

ခေါင်းလောင်းမဟုတ်ဘူး ဆိုတာ သင်သိတယ်..။

သီချင်းဟာလည်း သင်မဆိုမချင်း

သီချင်း မဟုတ်ပါဘူး..။

သင့်နှလုံးသားထဲကို

ချစ်ခြင်းမေတ္တာ ထည့်ထားတာလဲ..ဒီလိုနေဖို့မဟုတ်ဘူး။

ချစ်ခြင်း မေတ္တာဟာ …..

သင် မဝေငှမချင်း..

ချစ်ခြင်းမေတ္တာ မဟုတ်ပါဘူး။

 

Nann Nyunt Oo

Email : nnophoto@gmail.com

www.mawcity.com

မျက်ရည်ရဲ့ဇာတိ

**ချစ်သူအဆောင်..

မိုးခေါင်တဲ့အကြောင်းကြောင့်

ငါ့ကောင်းကင်မှာ မိုးတွေညို

မျက်ရည်စိုနေခဲ့ပြီလေ..။

**မိုး၇ွာတဲ့နေ့မှာ..

မေ့တက်ခြင်းကိုအတူဆောင်း

ခိုလေးအတောင်ညောင်းနေရော့မယ်။

**မျှော်ပေါ့ လေးနာရီတဲ့

အချိန်ငှက်လေးဆီ လိပ်စာတပ်

ငါ့နှလုံးသားတံဆိပ်ခေါင်းကပ်ပို့လိုက်တယ်။

**ချစ်သူရေ..

မိုးတွေရွာလာပြီ

ထီးနီနီလေးစွတ်စွတ်စို

ချစ်သူကိုယ်မှာစီးဆင်း

ပေးဆပ်ခြင်းရဲ့အဓိပ္ပါယ် (အဲ့ဒါ..)

ကြာနွယ်ကြာရိုးနှင့်တွက်ချက်

မျက်ရည်စက်တို့ဖြစ်တည်ပုံဟာ

မုတ်သုံမိုးမဟုတ်တာ..

သေချာပါတယ်…။        

 

ဘ၀တိုင်း ဘ၀တိုင်းမှာ

မငိုရတဲ့ အချစ်မျိုးနဲ့

လူဖြစ်တိုင်း

တွေ့ဆုံရပါစေ…

တိုးရပါစေလို့ ….။

 

ကောင်းသောညပါ

**ကောင်းသောညပါ

ငါတို့ရဲ့ ဇာတ်လမ်းဟာ

မနက်ဖြန်ခါမှာ အဆုံးသတ်ရတော့မယ်။

**ခုတော့

အပြာရောင်အလင်းတောင်ပံနဲ့ နတ်သမီးလေးတွေဟာ

မင်းရဲ့ နှလုံးသားမျက်ရည်နှင့်ဝမ်းနည်းမှုပုံရိပ်တွေကို

ဖယ်ရှားပစ်လိမ့်မယ်….

ပြီးတော့

မင်းကို ငြိမ်းချမ်းခြင်း ပေးလိမ့်မယ်။

ကောင်းသောညပါ။

**ကောင်းသောညပါ..

မင်းရဲ့နားထဲမှာ..

ချစ်စရာကောင်းတဲ့ တီးတိုးသံတို့ရဲ့

နူးညံ့တဲ့ ပဲ့တင်ရိုက်ချက်တွေ..

တုန်ခါရိုက်ခတ်နေပါစေ..။

ပြီးတော့

အိပ်စက်ခြင်းရဲ့သဏ္ဍာန်မဲ့ စိတ်ကူးရိပ်တွေကနေ

မင်းရဲ့ အိမ်မက်တွေကို ဖြတ်သန်းလို့

ငါ့ရဲ့ အပြုံးရိပ်တွေ ဖြစ်တည်လာလိမ့်မယ်..။

**ကောင်းသောညပါ..။

မင်းရဲ့နှုတ်ခမ်းပါးတွေကို

ငါ စောင့်စားနေတဲ့အခါ

မင်းရဲ့မျက်ဝန်းတွေကို ဖွင့်ထားပေးပါ..

မင်းရဲ့အခြွေအရံတွေကိုလည်း

မခေါ်လိုက်ပါနှင့်ဦး

မင်းရဲ့ရင်ခွင်ကို နမ်းရှိုက်မလို့

နောက်တစ်ကြိမ်တည်းရယ်ပါ..။

**ကောင်းသောညပါ

ဒါဟာ သိပ်ကို နောက်ကျနေခဲ့ပြီလား..။

**ကောင်းသောညပါ..

တံခါးပိတ်လို့ မင်းလှည့်ထွက်သွားတယ်..။

…..

**ကောင်းသောညပါ..

…ဟုတ်တယ်…

မင်း …

ငါ့ရဲ့ ကောင်းသောည နှုတ်ဆက်သံကို

မစောင့်ပဲ

ဘယ်တော့မှ

အိပ်ယာဝင်မှာ မဟုတ်ပါဘူး…။             

နန်းညွန့်ဦး

 



*ရင်ဝှက်သူ*

*အာဒမ်က ဧ၀ကိုပြောတဲ့

ဘာသာစကားနဲ့ခြေဟန်လက်ဟန်မျိုး

*မြန်မာရာဇ၀င်ထဲက

နတ်ရှင်နောင်နဲ့ဓါတုကလျာတို့ရဲ့အဖြစ်မျိုး

*အနောက်တိုင်းပုံပြင်ထဲက

ရိုမီယိုနဲ့ ဂျူးလီယက်တို့ရူးသွတ်စေတဲ့အဖြစ်မျိုး

*ဒီနေ့ခေတ်မှာ ရှင်သန်လှုပ်ရှားနေတဲ့

ကောင်လေးနဲ့ကောင်မလေးတို့ရဲ့

အချစ်မျိုးတွေကျော်လွန်ပြီး

*မပြောဘဲသိစေချင်တယ်။

မဖြေဘဲ နားလည်စေချင်တယ်.

*ရှင်းရှင်းဆိုရရင် . . .

ရင်စကားကို .

ရင်နားနဲ့ပဲကြားစေချင်တယ်။


                      Nann Nyunt Oo              Email : nnophoto@gmail.com

ဆုံဆည်းရာ

ကောင်မလေးရေ…

နင့်ကိုငါချစ်ရတာ..

နေမင်းက လမင်းကိုမြတ်နိုးနေရသလိုပါပဲ..

ဆုံမလိုလိုနဲ့ ဝေးကွာလွန်းပါတယ်။

တစ်ခါတစ်ခါ

(ရနိုင်မယ်ဆိုရင်..)

နေမင်း လမင်းပြိုင်တူလင်းတဲ့

ရွှေရောင်ညနေခင်းကို..

လိုချင်မိပါရဲ့              

                                                                                     Nann Nyunt Oo

                                                                                          Email : nnophoto@gmail.com



အချစ်အတွက်ပေးဆပ်ခြင်း

မင်းပျှော်မယ်ဆိုရင်

ငါ့ခံစားမူတွေကို ရပ်လိုက်ပါ့မယ်

ငါ့ကြောင့် မင်းနှလုံးသားမှာ

ဒဏ်ရာဖြစ်ခဲ့တယ်ဆိုရင်

ငါ့မျက်ဝန်းတွေ

မင်း ကိုမကြည့်မိအောင်

အခြားတစ်ဖက်ကိုလွဲထားလိုက် ပါ့မယ်

မင်းလမ်ူလျှောက်နေတုန်းမှာ

အနှောက်အယှက် ဖြစ်ခဲ့ရင်

ငါရှောင်ထက်သွားပါ့မယ်

မင်းစကားပြောတဲ့နေရာမှာ

ငါအဖျက်သမားဖြစ်နေခဲ့ရင်

မလာမိအောင်နေပါ့မယ်

မင်းမမြင်ချင်တော့ဘူးဆိုရင်

အဝေးဆုံးနေရာကို

ငါထွက်သွားပေးပါ့မယ်

ချစ်သူ

ရူးသွပ်မှု

အချိန်တိုင်းလိုလို

မင်းပုံ ရိပ်တွေကို

ငါရှာဖွေနေမိတယ်

ပျော်သလိုနေတတ်တဲ့

ငါ့စိတ်တွေ

အခုတော့

တွေဝေငေးမောနေတတ်ခဲ့ပြီး

အမှတ်မထင်ကြည့်တတ်တဲ့

မင်းအကြည့်အောက်မှာ

ညိုဓာတ်တစ်ခုလို

ငါကပ်ညှိနေတာကတော့အမှန်ပါ

မဖြစ်နိုင်မှန်းသိရက်နဲ့

မင်းကိုငါတွယ်တာနေမိတယ်

ချစ်သူ

ဖွင့်ဟချက်

လေးနက်တဲ့စကားလုံးတွေ

ပြောချင်နေတာကြာပါပြီ

မင်ရယ်မှာစိုးလို့

မပြောခဲ့ပါဘူး

အမှန်ဆုံးစကားတွေ

ပြောချင်နေတာကြာပါပြီ

မင်းမယုံမှာစိုးလို့

မပြောခဲ့ပါဘူး

အဖိုးတန်းစကားလုံးတွေ

ပြောချင်နေတာ ကြာပါပြီ

တန်ရာတန်ဖိုးမရမှာစိုးလို့

မပြောခဲ့ပါဘူး

မင်းမျက်ဝန်ရဲ့

ထိုးနက်ချက်တိုင်းက

ငါ့ရဲ့ရင်ကို ခါးသက်စေခဲ့လို့ပါ

လွမ်းလို့

*အဖြူရောင်

အပူမလောင်တာ….

သူမသိလေခဲ့ရော့သလား?

*အမေးမရှိလို့

မဖြေခဲ့တာမဟုတ်ဘူး။

*ရင်ခွဲမယ့် နှုတ်ခမ်းကိုမှ

လွမ်းမိတာ …မှားလား။

*ကြိုးစားပြီးမေ့ပစ်တာ. …မှားလား။

*မလိုချင်သူ

ဘာမှမယူခဲ့တာ…မှားလား။

*မှားလား။…မှားလားမေးရင်းနဲ့

မှားခဲ့ကြတာ..

…မှားလား။

                                            နန်းညွန့်ဦး

မျှော်လင့်ခြင်း (၃)

*အဲဒီညတွေပေါ့ - ရနံ့ချို

ငါ့ကို အလဲထိုးသွားတာ….

*လမ်းပြကြယ်တွေပျာက်ဆုံးသွားပြီး

မိုးစက်ကြမ်းကြမ်းတွေ သွန်ကျဲနေချိန်

တိုက်တိုက်ဆိုင်ဆိုင်ပဲ

အနားက ..မင်းထွက်သွားခဲ့တယ်။

*ကျန်ရစ်သူက ….ကိုယ်ပါ။

ချန်ရစ်သူကတော့ …ရနံ့ချို ရယ်ပါ။

*ဒီလို ထောင်ချိုးတွေအသုံးချဖို့

မင်း ……….

ဘယ်အချိန်ကများ လေ့ကျင့်ခဲ့လေသလဲ။

သံသရာသာ ပြန်မလားဘူးဆိုရင်

ငါ နောင်တရမှာမဟုတ်ဘူး။

*အခုတော့

နောင်တတွေတဝေေ၀နဲ့

မျှော်လင့်နေဆဲပေါ့။               

မျှော်လင့်ခြင်း(၄)

*မိုးတွေ …

ရွာနေပြန်ပြီ ရနံ့ချို

အရင်လို ရှိနေဦးမလားဆိုပြီး

ခိုးခိုးကြည့်မိတာ ခဏခဏပါပဲ။

*မိုးကိုချစ်တဲ့မင်းကတော့

မိုးထဲမှာ ပျော်နေဦးမှာပါ။

မိုးထဲမှာပဲ  ဒီတစ်ယောက်နဲ့တွဲ

မိုးထဲမှာပဲ  ဒီတစ်ယောက်ကိုခွဲ

ငါလည်း …မိုးကိုတွေ့ရင်

လွမ်းတက်နေပြီ ရနံ့ချို

*မင်းကတော့ မိုးနဲ့အတူနေရရင်

အားလုံးကို မုန်းမေ့နိုင်တယ်လို့တောင်

ပြောနိုင်ခဲ့တာ မဟုတ်လား.

မုန်းတယ်ပြောတာ မင်းပဲလေ….။

မျှော်လင့်ခြင်း (၂)

*တစ်ရက်တွေ့ရဖို့

တစ်သက်မမေ့အောင် စောင့်နေရသူပါ။

*၀တ်မှုန်တွေအသာအယာချပြီး

တိတ်တဆိပ်ထွက်ခွာသွားတဲ့လိပ်ပြာငယ်လို

ဘ၀အခြေမတူတဲ့ ချစ်သူတွေလို

တစ်စစနဲ့ပြုစားနေတာလားကွယ်…

*မျှော်လင့်ခြင်းဟာ…

ငါ့အတွက်တော့

ကိန်းဂဏန်းတွေနဲ့ချပြလို့မရတဲ့

အဖြေကင်းတဲ့ပုဒ်စာတစ်ပုဒ်ပါ။

*မင်းနားလည်တက်မယ်ဆိုရင်

ရင်ဘက်ဟောင်းလောင်းဖွင့်ပြီး

မျှော်နေရတဲံ ရင်ခွင်ပိုင်ရှင်ဟာ

မင်းတစ်ဦးတည်းပါ အချစ်ရယ်။

*ငါမျှော်နေတာကို

မင်းသိသင့်ပြီထင်ပါရဲ့ ။           

မျှော်လင့်ခြင်း (၁)


*လမင်းငယ်ကို

တိမ်ညိုတွေမပိုင်ဆိုင်သလိုမျိုး

မင်းကို ..ငါ စွန့်ခွာလိုက်ရတာလား။

*သမုဒ္ဒရာ ရင်ခွင်အဆုံး

ထိုးနှစ်ဝင်ရောက်

ကြွေပစ်လိုက်ချင်ရဲ့ …

မချင့်မရဲပါ ..ချစ်သူ။

*ရင်ခွင်မှာ နွေ

ပါးပြင်မှာ မိုး

ဒီအဖြစ်မျိုးနဲ့ (မင်း..ကိုယ့်ကို)

အကျိုးချိုးနေတာလားကွယ်။

*မရောက်စေချင်ရင်

ကိုယ်မလျှောက်ပါဘူး ချစ်သူ

နောက်ကလိုက်ရသူမှာ

ပိုက်ထွေးစရာဆိုလို့

မင်းအချစ်တစ်ခုပဲရှိတာပါ။

…………………

*မျှော်လင့်စရာ

တခြား - မရှိပါဘူးကွယ်….။

သတိရပါ။

Remember

Remember near,

Remember far,

Forever Remember me.

AVE: still beyond the grave

Remember

That I have well loved

You…..

သတိရပါ

နီးနေရင်လည်းသတိရပါ။

ဝေးနေရင်လည်းသတိရပါ။

ထာဝရ ကျွန်ုပ်အား သတိရပါ။

တမလွန်ဘ၀သို့ရောက်သွားခဲ့ရင်လည်း

မင်းကို အသက်ထက်ဆုံးချစ်ခဲ့ဘူးတယ်ဆိုတာ….

သတိတရရှိစေချင်ပါတယ်။

                                                နန်းညွန့်ဦး