Showing posts with label Hacaking. Show all posts
Showing posts with label Hacaking. Show all posts

NetWorkမှအခြားကွန်ပျူတာကိုထိန်းမယ်

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ပစ်မယ်ဗျာ

=========================================================

အကယ်၍ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Gtalk ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk ကိုလှန်းပိတ်ပစ်မယ်ဗျာ နားညီးတယ်  စိတ်ဒုက္ခရောက်တယ် ကဲစလိုက်ကြရအောင်

၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd နှိပ်ပီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ် net view ကိုရိုက်ထည့်လိုက်ပါမယ် လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ် ဥပမာ computer3 ပေါ့ နံပါတ် 3 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့ရေးပြမယ်နော်

1 . cmd

2 . net view

3. tasklist/s computer name

4. taskkill/s computer name /im program name

အဲ့ဒါအလွယ်မှတ်နည်းပေါ့ဗျာ


တခြားကွန်ပျူတာကို ပိတ်ပစ်မယ်ဗျာ
=======================
အရင်ဆုံး cmd ကိုဖွင့်လိုက်ပါ ပီးတော့ net view ကိုနှိပ်လိုက်ပါ ပြီးတော့ ကိုယ်ပိတ်ပစ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုမှတ်လိုက်ပါ ပီးတော့ shutdown -i ကိုရိုက်ထည့်လိုက်ပါ box လေးတစ်ခု ကျလာပါလိမ့်မယ်
Add ကိုနှိပ်လိုက်ပါ ပိတ်ခြင်တဲ့ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်လိုက်ပါ ဥပမာ computer 7 ပေါ့ဗျာ
ပီးတော့အောက်နားလေးမှာ ဘာလုပ်မလည်း restart လုပ်ပစ်မလား shutdown လုပ်ပစ်မလား ရွှေးလိုက်ပါ Warn users of the action ကိုအမှန်ခြစ်ပေးပြီး အောက်နားမှာ shutdown ချမယ် seconds ကိုသပ်မှတ်ပေးလို့ရပါတယ် ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် လူသိမှာပေါ့ဗျာ ဒါကြောင့် warn users of the action ကို အမှန်ခြစ်ဖြုတ်ပစ်လိုက်ပါ အောက်နားလေးမှာ Opction အောက်နာလေးမှာ တစ်ခုခုကိုရွှေးလိုက်ပါ ပီးတော့ OK ကိုနှိပ်လိုက်ပါ ခဏကြာစောင့်ကြည့်လိုက်ပါ မကျဘူးဆိုရင်တော့ နောက်တစ်ခုကို ထပ်ရွှေးပေါ့ဗျာ Comment ဆိုတာလေးကို လည်း တွေ့မှာပါ အဲ့နားလေးမှာ I Hack Your Computer Now . Your Computer Will Be Shutdown After 10 Second . So Sorry . အဲ့လိုချိန်းခြောက်စာလေးရေးပြီးတော့ အပေါ်က Shutdown Time ကို 10 Second ပေးလိုက်ပေါ့ဗျာ
အတိုမှတ်နည်းလေးပါ
cmd >> shutdown -i >> Add >> Computer name >> OK

နောက်တစ်နည်းရှိပါသေးတယ် သူများကွန်ပျူတာကို ပိတ်တဲ့နည်း
=========================================
c:\>runas /netonly /user name\administrator "shutdown /s /m \\computername /t 00
ကုတ်ကို copy ကူးယူလိုက်ပါ ပြိးတော့ note pad ကိုဖွင့်လိုက်ပါ note pad ထဲမျာ pased ပြီးတော့
user name နေရာမှာ ကိုယ့်ရဲ့ computer name ကိုထည့်ပေးပါ ပြီးတော့ computername နေရာမှာ Shutdown ချမယ် Computer name ကိုထည့်ပေးပါ ပီးတော့  t 00 နေရာမှာ Shutdown ကျမယ် အချိန်ကို သတ်မှတ်ပေးရမှာပါ ချက်ခြင်းကျစေခြင်တော့ 00 လို့ထားပါတယ် ပီးတော့
File အောက်နားက Save As ကိုရွှေးလိုက်ပါ name နေရာမှာ Shutdown.bat လို့ရေးပီး Save လိုက်ပါ .bat ဖိုင်လေး တစ်ဖိုင်ကျလာပါလိ့မ်မယ် အဲ့ဒါလေးကို Double Click နှိပ်လိုက်ပါက အစီအစဉ် ပြီး မြောက်သွားပါပြီ မကောင်းတဲ့ ပညာရပ် တစ်ခု ဖြစ်နေတော့ အခတ်အခဲကြုံရင် ကိုယ့်ဘာသာကိုယ် ဆက်လက်ပီးတော့ လေးလာကြပါ ပြန်လည် မေးမြန်းခြင်းခွင့်မပြုပါ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားတာအောင်မြင်ပါတယ်





SuperHiddenFile

ဖိုင်တွေကို အတကုန် ဖွက်ထားမယ် ဟိဟိ
ဖိုင်တွေကို ဖွက်ထားမယ်ဆိုလို့ တော်တော်များများ တွေးမိကြမယ်ထင်ပါတယ် ဖိုင်ကို hidden လုပ်ထားတာပေါ့ ခုပြောပြမှာက နှစ်နည်းရှိပါတယ် တစ်နည်းက ပေါ်တင်ဖော်ထားမှာပါ ဒါပေမယ့် သူများတွေမသိအောက်ဝှက်ထားပါမယ် နောက်တစ်နည်းကတော့ Super Hidden လုပ်ထားတာပေါ့ ထိပ်ဆုံး ဒုတိယနည်းကို အရင်ပြောပြပါမယ် ပိုလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် သူ့ရဲ့ လိုအပ်ချက်ကတော့ ဓာတ်ပုံ တစ်ပုံရယ် win rar ရယ်ဖြစ်ပါတယ် အိုက်နှစ်ခုရှိပီဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ ထိပ်ဆုံး ကိုယ်ဖွက်ခြင်တဲ့ ဖိုင်တွေကို Win rar ထဲကိုထည့်လိုက်ပါ အိုက်ဖိုင်ကို ကျွန်တော်ကတော့ D: အောက်က 000 မှာထားလိုက်ပါတယ် ကိုယ်အဆင်ပြေနဲ့နေရာမှာထားလို့ရပါတယ် အိုက် win rar ဖိုင်နှင့် အတူ ဓာတ်ပုံလေး တစ်ပုံကိုလည်း ထားလိုက်ပါမယ် ပီးဒါနဲ့ Run(win+r)>>cmd ကိုဖွင့်လိုက်ပါ ပီးတော့ d: လို့ရိုက်ထည့်လိုက်ပါ ပြီးရင် d:\> ဆိုဒါလေးပေါ်လာပါလိမ့်မယ် အိုက်နားလေးမှာ cd file name location ကိုရိုက်ထည့်လိုက်ပါ ကျွန်တော်က D: နားမှာထားတော့ cd 000 လို့ရိုက်လိုက်ပါမယ် ကိုယ်ထားတဲ့နေရာရယ် ကိုယ့်ရဲ့ဖိုင် နာမည်ကို ရိုက်ထည့်ရပါမယ် မသိပါက ကျွန်တော် ထားတဲ့နေရာရယ် ကျွန်တော်ထားတဲ့ နာမည်ရယ်ကိုလိုက်ပေးလိုက်ပါ ပီးပါက ကျွန်တော win rar ဖိုင်နာမည်ကို 000 လို့ပေးထားပါတယ် photo ရဲ့နာမည်ကို 111 လို့ပေးထားပါတယ် .jpg အမျိုးအစားဖြစ်ပါတယ် အကယ်၍ Photo က .png အမျိုးအစေားဖြစ်မယ်ဆိုရင် .png လို့ပြောင်းရိုက်ရပါမယ် ရိုက်ရမယ့် ကုတ်လေးကတော့ copy / b 111.jpg +000.rar 222.jpg အဲ့ဒါလေးပဲဖြစ်ပါတယ် 222.jpg ကတော့ ကိုယ်ထွက်ခြင်တဲ့ဖိုင် name လေးပဲပေါ့ဗျာ အိုက်ဆိုရင် 222 ဆိုတဲ့ photo လေးတစ်ပုံထွက်လာပါလိမ့်မယ် ဖွင့်ကြည့်လိုက်ပါ ဓာတ်ပုံပဲပွင့်လာပါမယ် ဒါပေမယ့် အဲ့ဒါကို Right Click >> Open with >>win rar ကိုရွှေးပေးလိုက်ပါ ခုနက 000 ဆိုတဲ့ folder လေးပွင့်လာပါလိမ့်မယ် အရင် 000 folder လေးနဲ့ 111 ဆိုတဲ့ photo လေးကို delete လုပ်လိုက်ပေါ့ အဲ့ဒါဆိုရင် ကိုယ်ဖွက်ထားတဲ့ ဖိုင်လေးကို ဘယ်သူမှ သတိထားမိမှာမဟုတ်တော့ပါဘူး စိတ်မချရင် win rar ကို password ပါပေးထားလိုက်ပါ အိုက်ဆိုရင် Right Click >> Open with >>win rar ဆိုတာနဲ့ password တောင်းလာပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ ဒုတိယနည်းကို ဆက်ပြောပြမယ်နော် ခုနက ကျွန်တော် လုပ်ထားတဲ့ 222.jpg ဆိုတဲ့ ဖိုင်လေးကို ပိုလုံခြုံအောက် ဆက်ဖြောက်ပါမယ် အဖြောက်လွန်ပီးတော့လည်း ကိုယ့်ဘာသာကိုယ်လည်း ဒုက္ခ မရောက်စေနဲ့နော် cmd ကိုပြန်ဖွင့်ပါမယ် ပီးတော့ d: လိုပြန်ရိုက်ပါမယ် ပီးတော့ cd 000 လို့ရိုက်ပါမယ် 000 ဆိုတာက folder name ပါ ပီးတာနဲ့ attrib +a +s +h +r 222.jpg လို့ရိုက်လိုက်ပါမယ် အဲ့မှာဘာထူးခြားလာလည်းဆိုတော့ စောစောက ဓာတ်ပုံနဲ့ win rar နဲ့ပေါင်းထားတဲ့ ဖိုင်လေးပါ ပျောက်သွားပါမယ် ကဲ ဘယ်လုပ်မလည်း ပျက်သွားပီ ဟီးဟီး စတာ မပျက်ပါဘူး ရှိပါသေးတယ် အဲ့ဒါကိုဖွင့်ခြင်တယ်ဆိုရင်တော့ ဗျာ attrib -a -s -h -r 222.jpg လို့ပြန်ရိုက်လိုက်ပေါ့ဗျာ အိုက်ဆိုရင် 222 ဆိုတဲ့ ဓာတ်ပုံလေးပြန်ပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကို အပေါ်က အဆင်အတိုင်း ပြန်ဖွင့်လို့ရပါတယ် ရှုပ်ကုန်ပြီထင်ပါရဲ့ဗျာ ကျွန်တော်လည်း တက်သလိုပဲရှင်းပြရတယ်ဆိုတော့ဗျာ နောက်ထပ်တစ်ခုထပ်ပြောပြမယ်ဗျာ အဲ့ဒါလေးကို အလွယ် .bat ဖိုင်လေး တစ်ခုနဲ့ ထပ်လုပ်ပြပါမယ် နှစ်ခုလုံးပေါ့ အောက်က ကုတ်လေးတွေကို copy ကူးပြီးတော့ notepad ထဲကို ထည့်လိုက်ပါ notepad ကို Right Click >> New >> new text document ဖြင့်ရယူနိုင်ပါတယ် ကုတ်လေးတွေကို ကူးယူလိုက်ပါ

@echo off
d:
cd 000
copy / b 111.jpg +000.rar 222.jpg
attrib +a +s +h +r 222.jpg

ကူးပီးတော့ notepad ထဲကို ထည့်လိုက်ပါ ပီးတော့ d: ဆိုတဲ့နေရာမှာ မိမိဖိုင်ထားတဲ့နေရာကိုပြင်ပါ ဥပမာ f: အောက်မှာ ထားထားမယ်ဆိုရင် f: လို့ပြင်လိုက်ပါ cd 000 ဆိုတဲ့နေရာမှာ 000 ကို ကိုယ့်ရဲ့ ဖိုင် name ကိုပြင်ဆင်ပါ 111.jpg မှာ မိမိရဲ့ ဓာတ်ပုံ နာမည်ေးလကို ပြင်ဆင်ပါ ဥပမာ ကိုယ့်ဓာတ်ပုံလေးရဲ့ နာမည်လေးက 999.png ထားလိုက်ဗျာ အိုက်ဆိုရင် 999.png ပေါ့ဗျာ ပီးတော့ 000.rar နားမှာ ကိုယ့်ရဲ့ rar ဖိုင်ရဲ့ နာမည်ကို ပြင်ဆင်ပါ ဥပမာ 555.rar ဆိုရင် 555.rar လို့ပြင်ဆင်လိုက်ပါ ပီးတော့ 222.jpg ဆိုတဲ့နေရာလေးမှာတေ့ ခုနက 999.png ဆိုတာလေးထားလိုက်ပါ အိုက်ဆိုရင် 666.png လို့ပြင်လိုက်ပါမယ် မှတ်ချက် ကိုယ့်ပုံက jpg ဆိုရင် .jpg လို့ပြောင်းပါ png ဆိုရင် .png လို့ပြောင်းပါ နောက်ဆုံး attrib +a +s +h +r နေရာမှာ အပေါ်က နောက်ဆုံး 222.jpg ဆိုတဲ့ နေရာမှာ ထားတဲ့ နာမည်ဖြစ်ရပါမယ် အပေါ်မှာ 333.jpg ဆိုရင် အောက်နားလေးမှာ 333.jpg ဖြစ်ရပါမယ် အဲ့ဒါတွေကတော့ လုံးဝ ဖြောက်ပစ်လိုက်တဲ့ ကုတ်လေးပါ ပီးတော့ အိုက်ကုတ်းလေးကို notepad လေးထဲကို ထည့်ပီးတော့ 000.bat လို့ Save မှတ်လိုက်ပါမယ် 000 နားမှာ ကိုယ်လိုခြင်တဲ့ နာမည်ကိုပြင်လို့ရပါတယ် ပီးတော့ bat ဖိုင်လေးတစ်ခုကျလာပါလိမ့်မယ် အဲ့ဒါလေးကို Double Click နှိပ်လိုက်တာနဲ့ မိမိ ဖွက်လိုတဲ့ File လေးပျောက်သွားပါလိမ့်မယ်
ပြန်ဖြေမယ့်ကုတ်လေးကတော့ အောက်နားလေးမှာ ကူးလိုက်ပါ

@echo off
d:
cd 000
copy / b 111.jpg +000.rar 222.jpg
attrib -a -s -h -r 222.jpg

ဒါလေးပါပဲ + နေရာမှာ - လေးပဲပြောင်းသွားတာပါ အဲ့ဒါဆိုရင် မိမိရဲ့ winrar နဲ့ photo ပေါင်းထားတဲ့ ပုံလေး ပြန်ပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကို အပေါ်ကနည်းလေး အတိုင်း ပြန်ဖွင့်လို့ရပါတယ်

နဂိုလ် အတိုင်းပြန်လိုခြင်တယ် မဖျောက်ခြင်တော့ဘူးဆိုရင်တော့ဗျာ အောက်ကကုတ်လေးပါ ဒါပေမယ့် ဓာတ်ပုံနဲ့ photo ပေါင်းထားတာလေးကတော့ ပျက်ပျက်မှာမဟုတ်ပါဘူး

@echo off
d:
cd 000
copy / b 222.jpg 000.rar

ဓာတ်ပုံလေးကို နဂိုလ်အတိုင်လေး ပြန်လိုခြင်တယ်ဆိုရင်တော့ဗျာ ဟီးဟီးဟီး ကျွန်တော် ရှာဖွေနေဆဲပါဗျာ ကျွန်တော်လည်း မသိဘူးဖြစ်နေတယ်ဗျ အဲ့ဒါကိုကို သိသောသူများလည်းပြောပြပေးကြပါ

ရုရှားနိုင်ငံသူHacker

ရုရှားနိုင်ငံသူ ခရစ္စတီနာ ဆဗီချင်စကာယာသည် ယခုအခါ ကမ္ဘာပေါ်တွင် ညှို့အားအပြင်းဆုံး Hacker အဖြစ် နာမည်ကြီးလာသည်။ အသက်(၂၂)နှစ်ရှိပြီဖြစ်သော မျက်ဝန်းပြာပြာနှင့် လှပျိုဖြူသည် ရုရှားမှ ဆိုင်ဘာရာဇ၀တ်မှုများနှင့် ဆက်နွယ်နေသော ကွန်ပျူတာ ပညာရှင်တစ်ဦးဖြစ်သည်။ သူမသည် ဗြိတိန်နိုင်ငံမှ အင်တာနက် သုံးစွဲသူများအား ပေါင်စတာလင် (၆)သန်းမျှ နစ်နာအောင် ပြုလုပ်ခဲ့သူဟု ယူဆရပြီး ကမ္ဘာ့နိုင်ငံကြီးများတွင် ပေါင်(၂၂)သန်းဖိုးမျှ နစ်နာပျက်စီးမှုများ ဖြစ်ပေါ်စေသည့် အဆင့်မြင့် နည်းပညာများ အသုံးပြုနေသည့် ဆိုင်ဘာရာဇ၀တ်ဂိုဏ်း တစ်ခုနှင့် ဆက်နွယ်နေကြောင်း အမေရိကန် ရဲများက စွပ်စွဲထားသည်။ Zeus Trojanဟု အမည်ပေးထားသော ဗိုင်းရပ်စ်တစ်မျိုးကို အသုံးပြုသော အဆိုပါ ဆိုင်ဘာရာဇ၀တ်ဂိုဏ်းသည် ဘဏ်Accountများကို Hackလုပ်ပြီး Account နံပါတ်များ၊ သက်ဆိုင်ရာ Account ပိုင်ရှင်၏ အမည်နှင့် နံပါတ်များကို ခိုးယူခဲ့သလို ဘဏ်Accountအတုများဖြင့်လည်း လှည့်စားမှုများ ပြုလုပ်ခဲ့သည်။

sexiest hacker

နယူးယော့ခ်တွင် ကျောင်းတက်နေသည့် ခရစ္စတီးနားသည် အရှေ့ဥရောပ နိုင်ငံများမှ Hacker (၃၇)ဦး ပါဝင်သော ဂိုဏ်းအနက်မှ အမေရိကန်တွင် ပညာသင်ကြားနေသူ (၄)ဦးတွင် အပါအ၀င်ဟု ယူဆရသည်။ ထိုဂိုဏ်းသည် အမေရိကန်၊ ဗြိတိန်နှင့် ကမ္ဘာအနှံ့သို့ ချိတ်ဆက်ကာ ဘဏ်Accountများအား ခိုးယူခဲ့ခြင်းဖြစ်သည်။ နယူးယော့ခ် တရားရုံးတွင် အမှုရင်ဆိုင်ရမည့် ခရစ္စတီနာသည် သူမ၏ ကျွမ်းကျင်မှုမှ ရရှိသော အမြတ်အစွန်းကို ဂိုဏ်းထံသို့ လွှဲပေးပြီး ရာခိုင်နှုန်းဖြင့် ငွေကြေးရရှိသည်ဟု ယုံကြည်ရသည်။ သူမသည် ယခုအခါ အမေရိကန်သို့ ထိုးဖောက်ဝင်ရောက်ကာ သူလျှိုလုပ်ငန်း ဆောင်ရွက်ခဲ့သည့် အသက်(၂၈)နှစ်အရွယ် ရုရှားသူ အန်နာချပ်မန်းကဲ့သို့ နာမည်ကြီးနေပြီဖြစ်သည်။ အန်နာအား အမေရိကန်က ဇူလိုင်လအတွင်း ဖော်ထုတ်နိုင်ခဲ့ပြီးနောက် ပြည်နှင်ဒဏ် ပေးခဲ့သည်။ ဆိုင်ဘာ ရာဇ၀တ်မှုများနှင့် ပတ်သက်ပြီး မက်ဟန်တန်မှ အစိုးရရှေ့နေ ပရိဘာဟာရာက “ဒီဂျစ်တယ်ခေတ်မှာ ကောင်းကျိုးတွေ အများကြီး ရလာတယ်။ ဒါပေမယ့် တစ်ဖက်ကလည်း တရားဥပဒေ စိုးမိုးရေးအတွက် စိန်ခေါ်မှုတွေလည်း ကြီးလာတယ်။ ဥပမာ၊ ဘဏ်တစ်ခုကို မျက်နှာဖုံးဝတ်၊ သေနတ်ပြပြီး ဓားပြတိုက်တာတွေထက် နည်းပညာနဲ့ ဓားပြတိုက်လာတာတွေက ပိုဆိုးတယ်”ဟု သုံးသပ်သွားသည်။ ခရစ္စတီနာသည် ဘဏ်ဖောက်ထွင်းမှု၊ ငွေကြေးအလွဲသုံးစားလုပ်မှုများနှင့် စွဲချက်တင်ခံရမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ပုံတွေကိုကြည့်လို့မရအောင်လုပ်နည်း

ကွန်ပျူတာဖိုင်များတွင် Header code တွေပါတယ်။ အဲဒီ Header code တွေက Hex number တွေဖြစ်ပါတယ်။
Hex number ဆိုတာက 0 to F (0.1.2...9,A,B....F) တွေဖြစ်ပါတယ်။ အဲဒီ Header code တွေကို ပြောင်းလိုက်ရင်
အဲဒီဖိုင်ကို ဖွင့်မရတော့ပါဘူး။ အဲဒီယူဆချက်ကိုသုံးပြီးတော့ jpeg ဖိုင်တွေရဲ့ Header code ကိုပြောင်းရင်
အဲဒီ JPEG ဖိုင်ဟာ ဖွင့်မရတော့ဘူးလေ။ သူများမမြင်စေချင်တဲ့ ကိုယ့်ဓာတ်ပုံတွေကို ဒီနည်းလမ်းသုံးပြီး
ဘာ software မှမလိုပဲ ဖျောက်လို့ရပါတယ်။

1. Start ကနေ Run ကိုသွားပါ။ cmd လို့ရိုက်ထည့်ပါ။
2. အနက်ရောင် Command Prompt Window ပွင့်လာပါလိမ့်မယ်။
3. debug "Your Picture File Location" လို့ရိုက်ထည့်ပါ။ ဥပမာ. သင့်ပုံက D:\ ထဲမှာရှိပြီး File name က
mypic.jpg ဆိုရင် debug D:\mypic.jpg လို့ရိုက်ပါ။ ပြီးရင် Enter ခေါက်ပါ။
4. e 100 လို့ရိုက်ပြီး Enter ခေါက်ပါ။
5. ။ ဥပမာ- 1381:0100 FF. လို့ပေါ်လာပါလိမ့်မယ်။ အဲဒီမှာ FF. ဆိုတာ မူရင်း Header code ဖြစ်ပါတယ်။
အဲဒါကို သေချာမှတ်ထားပါ။ ပြီးတော့ AA လို့ရိုက်ပြီး Enter ခေါက်ပါ။
AA လို့မရိုက်ချင်လည်း 00,11,22,....,FF ထဲကနေ ကိုယ်ကြိုက်တာကိုရိုက်ပါ။
ဒါပေမဲ့ မူရင်း Header code ကိုတော့ ရိုက်လို့မရဘူးနော်။
6. w လို့ရိုက်ပြီး Enter ခေါက်ပါ။
7. Writing xxxxx bytes ဆိုပြီး ပေါ်လာပါလိမ့်မယ်။ ဥပမာ Writing 0B586 bytes
8. q လို့ရိုက်ပြီး Enter ခေါက်ပါ။
9. ပြီးရင် Exit လို့ရိုက်ပြီး Enter ခေါက်လိုက်ရင် Command Prompt ကနေထွက်သွားပါလိမ့်မယ်။

ဒါဆိုရင် ပြီးသွားပါပြီ။ ကြိုက်တဲ့ Picture Viewer နဲ့ကြည့်ပါ။ လုံးဝမရပါဘူး။

ဖြည်နည်း

1. အပေါ်ကအဆင့်ကအတိုင်း အဆင့် ၄အထိသွားပါ။
2. အဆင့် ၅မှာ မူရင်း header code ကိုပြန်ထည့်ပေးပါ။ ပြီးရင် ကျန်အဆင့်တွေအတိုင်း လုပ်ဆောင်ပါ။

Startကိုနာမည်ပြောင်းမယ်


တော်တော်တော့အန္တရယ်များပါတယ် သေခြာကြည့်ပါ ရှောက်မရမ်းပါနဲ့ နားလည်အောင်သေခြာဖတ်ပါ လို့အရင်ဆုံးပြောပါရစေ registry ဆိုတာနဲ့အကုန်လုံးကကြောက်ကြတာချီးပဲ 7magic ကတော့ တောင်ကြီးသားပီပီ မီးကို ကစားရတာကြိုက်တယ်လေ တဲထိပ်ရင်ဖိုလေးပေါ့ အဲ့ဒါမှာ အဓိပ္ပါယ်ရှိတယ် လို့ ကျွန်တော်ကတော့ ထင်တယ်လေ ကျွန်တော်ရဲ့ကွန်ပျူတာကို လည်း Live CD တစ်ချပ်ထုပ်ထားပါတယ် တစ်ခုခု မှားလို့ ပျက်သွားခဲ့ရင် Live CD လေးပြန်ထည့်လိုက် အကုန် Copy ပြန်လုပ်လိုက်ရင် အကုန်ပြန်အဆင်ပြေသွားပါတယ် စိတ်ဝင်စားရင်တော့ နောက် Live CD အကြောင်းလေးရယ် ပြုလုပ်နည်းရယ်ကို ပြောပြသွားပါမယ် လောလောဆယ်တော့ ဒီ Software လေးကိုတော့ အရင် Download ဆွဲလိုက်နော် ပီးရင် Install လုပ်လိုက် သိပ်မခတ်ပါဘူး Install လုပ်ပြီးပြီဆိုရင် ဖွင့်လိုက်ပါ အောက်က ပုံလေးအတိုင်းတက်လာပါလိမ့်မယ်


ပြီးရင် File ကနေ open ကို ဖွင့်လိုက်ပါ C:WINDOW အောက်က explorer.exe ကို ရွှေးပေးလိုက်ပါ ပီးရင် အကွက်ဖြူဖြူလေးနားမှာ ပေါ်လာပါလိမ့်မယ် ထပ်မှာပါရစေ မလွဲပါစေနဲ့နော် အဲ့နားလေးက String Table ဘေးနားလေးက အပေါင်းလက္ခနာကို နှိပ်လိုက်ပါ 37 ကိုရွှေးပါ အောက်နားလေးမှာ 1033 ကိုရွှေးလိုက်ပါ ညာဘက်အကွက်နားလေးမှာ start ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အဲ့ဒါလေးကို ကိုကြိုက်တဲ့ နာမည်ပြောင်းလိုက်ပေါ့နော် မှော်ကတော့ maw လို့ပြောင်းထားပါတယ် ပီးရင် Compile Script ကိုနှပ်ပေးပါ မပီးသေးပါဘူး 38 အောက်နားက 1033 ကိုနှိပ်လိုက်ပါ start မှာ အပေါ်ကပြောင်းထားတဲ့နာမည်အတိုင်း ပြန်ရိုက်ထည့်ပါ အပေါ်မှာ maw လို့ရိုက်ရင် အောက်နားမှာလည်း maw လို့ပဲရိုက်လိုက်ပါ ပီးရင် Compile Script အောက်နားလေးမှာ 37 မှာပြင်ထားတာကို ပုံနဲ့ ပြပေးမယ်နော် ကြည့်လိုက်ပါ
ဒါပေမယ့် window ရဲ့ တံဆိတ်လေးကပါနေတယ်နော် အဲ့ဒါကိုပြောင်းခြင်တယ်ဆိုရင် အတိုကောက်ပဲပြောပြတော့မယ်နော် ထိပ်ဆုံး Download လုပ်ခိုင်းထားတဲ့ Software ကိုဖွင့်လိုက်ပါ Bitmap =>> 143 =>> 1033 ကိုသွားလိုက်ပါ ပီးရင်
Action -> Replace bitmap -> Open with new bitmap အဆင့်အတိုင်းသွားလိုက်ပါ Action လေးက File ရှိတဲ့ ဘားလေးနားမှာပါပဲ ပီးရင် ဓာတ်ပုံလေးတစ်ပုံကိုရွှေးပေးလိုက်ပါ replace ကိုနှိပ်လိုက်ပါ ဓာတ်ပုံလေးကတော့ အရမ်းကြီးလို့မရဘူးနော် အခုပြထားတဲ့ 25x20 ဆိုက်လောက်ပဲရမှာနော် ကိုယ်ပိုင်ဓာတ်ပုံကိုလည်း အဲ့ဆိုက်ရအောင်လိုက်လုပ်ပြင်လိုက်ပေါ့နော်
ပီးဆီးသွားပီဆိုရင် file ကနေ Save as ကို နှိပ်လိုက်ပါ ပီးရင် C:WINDOW အောက်ကိုရွှေးပေးလိုက်ပါ ကိုယ်ကြိုက်တဲ့နာမည်ပေးလိုက်ပါ နောက်မှာ .exe ကိုတော့ထည့်ပေးပါ ဥပမာ maw.exe ပေါ့ စာလုံးအရမ်းရှည်ရင်တော့ ဒုက္ခရောက်လိမ့်မယ်နော် ပီးရင် Save ကိုနှိပ်ပေးလိုက်ပါ အကုန်ပီးသွားရင် တော့ Win+R ကိုနှိပ်လိုက်ပါ regedit လို့ရိုက်ထည့်လိုက်ပါ enter နှိပ်လိုက်ပါ ပီးရင်အောက်ပါအတိုင်းအဆင်အလိုက်သွားလိုက်ပါ HKEY_LOCAL_MACHINE\ SOFTWARE\ Microsoft\ Windows NT\ CurrentVersion\ Winlogon ရောက်ပီးဆိုရင် shell လေးကိုရှာပီးတော့ ဖွင့်လိုက်ပါ အထည်းမှာ explorer.exe လို့ရေးထားတာတွေ့ရပါလိမ့်မယ် အဲ့ဒါကို အပေါ်က save လုပ်ခဲ့တဲ့နာမည် ဥပမာ maw.exe လို့ပြောင်းပေးလိုက်ပါ OK ကိုနှိပ်ပီး registry ကိုပိတ်လိုက်ပါ မပီးသေးပါဘူး စိတ်ရှည်ပါ နည်းနှစ်နည်း ပေးပါမယ် နောက်ဆုံးအဆင့်ကို
ပထမနည်း
Task Manager ကိုဖွင့်လိုက်ပါ မဖွင့်တက်ပါက Ctrl+Alt+Delete ကီးသုံးလုံးကို တစ်ပြိုင်တည်းနှိပ်လိုက်ပါ Processes ကိုနှိပ်လိုက်ပါ အောက်နားမှာ explorer.exe ကို ရှာလိုက်ပါ မောက်စ့် လေးနဲ့ တစ်ချက်ကလစ်ပီး End Processes ကိုနှိပ်လိုက်ပါ ပီးရင် File အောက်နားက New Task (Run...) ကိုနှိပ်လိုက်ပါ ခုနက save ခဲ့တဲ့ ဖိုင်နာမည် ဥပမာ maw.exe ကို ရိုက်ထည့်ပေးပီးတော့ OK ကိုနှိပ်လိုက်ပါ start ကို အသာလေးချောင်းကြည့်လိုက်ပါ အဆင်ပြေမှာပါ

ဒုတိယနည်း
ဒုတိယနည်းလေးကတော့ အရမ်းကို ခတ်ခဲနက်နည်းပါတယ် နည်းလေးကတော့ ဒီလိုလေးပါ ကွန်ပျူတာကိ restart ချလိုက်ပါ ပြန်တက်လားရင် start လေးကို အသာလေးချောင်းကြည့်လိုက်ပါနော် ဟိဟိ အဆင်ပြေပါစေနော်

စမ်းကြည့်သူများ အဆင်ပြေကြပါစေ မစမ်းရဲရင်လည်း အတင်းမတိုက်တွန်းပါဘူး ပီးတော့ Resource Hacker ဆိုတဲ့ Software လေးကို သေခြာလေ့လာကြည့်ပါ Window ရဲ့ အစိတ်အပိုင်း များစွာကို ပြင်ဆင်လို့ရပါတယ် အခုက Start လေးကို ပဲပြင်ပြထားတာပါ နောက်ပိုင်းမှာ ဘာတွေကို ထပ်ပြင်လို့ရသေးလည်းဆိုတာတွေကို ရေးပေးခြင်ပါသေးတယ် စောင့်မျှော်ကြပါ နောက်လထိပေါ့ နော် နည်းပညာလိုက်စားသူများ တိုးတက်မှုများရှိကြပါစေလို့ ဆုတောင်းပေးပါတယ်

ဖိုင်တွေကိုဖြတ်လို့မရအောင်လုပ်ခြင်း

ဖိုင်တွေကိုသူများမဖျက်နိုင်အောင် လုပ်လို့ ရပါတယ်။အောက်ပါအတိုင်းလိုက်လုပ်ကြည့်ပါ။
Start -> Run -> cmd
d: - သင်သိမ်းမယ့်ဖိုင်ရဲ့  director ကိုဝင်တာပါ။ E: ,F: , G: လို့ရိုက်ပြီးလည်းသိမ်းနိုင်ပါတယ်။ရှိခဲ့ ရင်ပေါ့။
ထို့နောက်
md \lpt1\\
လို့ ရိုက်ထည့်လိုက်ပါ။ D: ထဲတွင် lpt1 နာမည်နဲ့ ဖိုင်တစ်ဖိုင်ဖြစ်လာပါလိမ့်မယ်။ကြိုက်သလောက်ဖျက်။
အဲ့ဒါဆိုရင် ကိုယ့်ဖိုင်တွေအဖျက်မခံရတော့ပါဘူး။ဖျက်ချင်တယ်ဆိုရင်တော့
rd \lpt1\\
လို့ပြန်ရိုက်လိုက်မယ်ဆိုရင် ပြန်ပျက်သွားပါလိမ့်မယ်။

WindowStartUpအသံပြောင်းမယ်

Window တက် လာ ရင် အသံ ပြောင်းတဲ့ နည်းလေးကို ဆွေးနွေးပါ့ မယ်….
ကျွန်တော်တို့ အရင် ဆုံးလုပ် ရမှာ က အရင်ဆုံး run box ကို open ပါ။ပြီးရင်
command box(cmd) ပေါ် လာပါမယ်။အဲဒီ box မှာ mmsys.cpl လို့ ရိုက်
ပါမယ်။enter ခေါက်.. sound and audio device properdies box
လေးကျလာပါမယ်။အဲ ဒီ BOXမှာ SOUND ကို သွားပါ။ example တခု လုပ်
ပြပါမယ်။program events box အောက် မှာ ရှိ တဲ့  exit window ကို mouse နဲclick ပါ။အောက် ကsounds:ဆို တဲ့ box မှာ C:\Documents and
settins\yourcomputer name\My Music ကိုမြင်ပါ လိမ့်မယ်။ဘေးက Browse ကို
click ပါ။သင် သိမ်းထားသော file ကို ရွေးပြီး insert လုပ်ပါ။ဒါ ဆို ပြီးပါပြီ။…………
မှတ်ချက်……..ကျွန်တော်တို့  ဒီ sound ကို change ရင် သင်change သော song
track ဟာ( .wav) နဲ့ ပဲ သုံးလို့  ရပါတယ်။သီချင်းလေးတွေကို (.wav) change
ပြီး လုပ်ကြည့်ပါ။ဒီနည်းကို window တက် တာတင် မက close တဲ့ နေရာ ၊error
တက်ရင်သိအောင်အချက် ပေးတာတို့ အစရှိသဖြင့် သုံးလို့ ရပါတယ်။ သင်ရဲ့စိတ်ကူးနဲ့ လုပ်ကြည့် ပါ…..

Shutdownအားဖျောက်ထားချင်ရင်

သင့်ရဲ့သူငယ်ချင်း Computer မှာ ပညာသွား ပြချင်တယ် ဆိုရင်တော့ ဒီနည်းလမ်းကိုသုံးလိုက်ပါ။ 
Start Menu က Shut Down Option ကို ဖျောက်ထားတဲ့ နည်းပါ။
Registery Edit ထဲသွားလိုက်ပါ။
HKEY_CURRENT_USER \Software \Microsoft \Windows \CurrentVersion
\Explorer "NoClose"="DWORD:1″ လို့ပေးလိုက်ပါ။ လွယ်လွယ်လေးပါ။
သင့်ပျော်ရွှင်မှု တွက် သူတစ်ပါးတော့ ဒုက္ခ မရောက်ပါစေနဲ့ လို့တော့ မှာပါ ရစေ။

--


ဖိုင်များအားUSB Drives ဖြင့်ကူးယူလို့မရအောင်လုပ်ခြင်း

ကိုယ့်စက်က ဖိုင်တွေကို USB Drives နဲ့ကူးယူလို့မရအောင် လုပ်ကြမယ်/တခါတလေ
ကိုယ့်စက်ထဲက ဒေတာတွေကို သူများတွေ USB Drives နဲ့ကူးသွားမှာမလိုလားဘူး။
အထူးသဖြင့် လူဝင်လူထွက်များတဲ့ရုံးတွေမှာဆိုပိုဆိုးတယ်။ ဒါဆိုရင် အဲလို
USB Drives နဲ့ ကော်ပီကူးလို့မရအောင် Registry ထဲမှာသွားပြင်ကြရအောင်။
1) Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။
2) ဒီလမ်းကြောင်းအတိုင်း တဆင့်ပြီးတဆင့်သွားလိုက်ပါ “HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control”
3) key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePolicies လို့ နာမည်ပေးလိုက်ပါ။
4) StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို
ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect
ဆိုပြီး အမည်ပေးလိုက်ပါ။ 5) အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။
ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ တခါတရံ ကိုယ်ပြောင်းထားတဲ့ setting
အလုပ်လုပ်ဖို့ computer ကို restart ချပေးဖို့လိုပါတယ်။
စက်ပြန်တက်လာတဲ့အခါ သင့်စက်ထဲက ဘယ်ဖိုင်ကိုမှ USB Drives
တွေနဲ့ကူးလို့ရမှာ မဟုတ်တော့ပါဘူး။ ကူးလိုက်ရင်အောက်ပါအတိုင်း error
message တက်ပါလိမ့်မယ်။ ဒီနည်းကို Window XP SP 2 မှ Vista
အထိသုံးလို့ရပါတယ်။ ဒါပေမဲ့ ဖိုင်ကူးမဲ့လူက administrator status
ရထားရင်တော့ ဒီ setting ကိုအလွယ်တကူပြန်ပြင်လို့ရပါတယ်။
မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows
မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွမ်းကျင်သူဖြစ်ပါက Registry ကို ကြိုတင်၍
backup လုပ်ထားရန်လိုအပ်ပါသည်။  

USBအသုံးပြုလို့မရအောင်

USB Drive ထိုးရင် ဗိုင်းရ် တက်တက်လာတယ်။
ကွန်ပျူတာ ဗိုင်းရ် ကိုက်မှာ စိုးလို. USB,MP3,MP4  စသည်. USB Drive 
ထိုးတာ ပိတ်ချင်တယ်ဆိုရင်တော.
USB အသုံးပြုခွင့်ပိတ်ထားနည်းလေးပါ။
ပထမနည်း
HKEY_LOCAL_MACHINE /SYSTEM /CurrentControlSet /Services /UsbStor 
ကို ရွေးပေးလိုက်ပါ။
ညာဘက်မှာ ပြထားတဲ့ start ကို Double click လုပ်ပြီး ဖွင့်လိုက်ပါ။ Value
Data dialog box ပေါ်လာ ပါလိမ့်မယ်။ Value တန်ဖိုးက default ဆိုရင် (3) ပါ။
USB drive တွေကို ပိတ်ထားချင်တယ် ဆိုရင်တော့ (4) လို့ပြောင်း ပေးလိုက်ပါ။
USB Drive တွေ ဖြစ်တဲ့ MP3, MP4 နဲက Flash Drive တွေ သုံးလို့
မရတော့ပါဘူး။ လွယ်မှ လွယ်ပဲ။
ဒုတိယနည်း

(၁) RUN >>> REGEDIT ကိုခေါ်ပါ။
(၂) HKEY_LOCAL_MACHINE >>> SYSTEM >>>
CURRENT CONTROL SET>>>CONTROL
ကိုရောက်အောင်သွားပါ။
(၃) RIGHT CLICK >>> NEW >>> KEY ပြုလုပ်ပါ။
(၄) KEY NAME ကို StorageDevicePolicies ဟုပေးပါ။
(၅) USB အသုံးပြုခွင့်ပိတ်လိုလျှင် KEY VALUE ကို 1 ဟုရိုက်ပါ။
အသုံးပြုခွင့်ပေးလိုလျှင် 0 ဟုရိုက်ပါ။
တစ်ခုတော့ကြိုပြောပါရစေ အထူးသဖြင့်တော့ Internet ဆိုင်တွေဆိုရင် ပိတ်မထားသင့်ပါဘူး
ဘာကြောင့်လည်းဆိုတော့ အင်တာနက်ဆိုတာ ချက်ရုံသက်သက်မဟုတ်လို့ပါ
ဘယ်သူပဲဖြစ်ဖြစ် ကိုယ့် Data တွေကို ယူသွားခြင်ကြပါတယ်
vious ကြောက်ရင်တော့ Deepfreeze Software နဲ့ Antivious 
ကောင်းကောင်းလေးကိုသုံးထားသင့်ပါတယ်
ဘာကြောင့်ရေရသလည်းဆိုတော့ တစ်ချို့ Internet ဆိုင်တွေမှာပိတ်ထားတာတွေ့ဖူးလို့ပါ
ကျွန်တော် သာဆိုရင် အဲ့နက်ဆိုင်ကိုထိုင်ဖို့ စိတ်ကူးကိုမရှိပါဘူး
တစ်ခါလေးပဲသွားထိုင်လိုက်ပါတယ် Data တွေကို CD နဲ့ကူးပေးတယ် Print ထုပ်ပေးတယ်
Stick နဲ့ကူးခွင့်မပေးထားဘူးလေ သူတို့က CD တွေ Print တွေကို အလကားလည်းမကူးပေးပဲနဲ့
အလကားကူးပေးတယ်ထားအုံး ကျွန်တော် အိမ်မှာ CD ခွေတွေဆိုရင် ပုံခံနေတာ ဘယ်နားကိုသွားသိမ်းမလည်း
ပီးတော့ အဲ့ Internet ဆိုင်မှာပဲ Data တွေကိုပြန်သုံးမယ်ဆိုရင်ကော သူတို့ကစက်ထည်းကိုပြန်ထည့်ပေးမှာလား
ထည့်ပေးမယ်ထားအုံး ကျွန်တော်ဆိုရင် တစ်ရက်တစ်ချပ်ထားလိုက်ဗျာ 
ပီးတော့ upload တင်မယ့်ရက်ဆိုရင်
အကုန်လုံးကိုတစ်ပြိုင်ထည်း တင်တာ ခွေတွေကိုအထပ်လိုက်ယူလာမယ် ပီးတော့အကုန်စက်ထည်းပြန်ထည့်ခိုင်းမယ်
လုပ်ပေးနိုင်မလား သူတို့လည်းအလုပ်ရှုပ်တယ် 
ကိုယ်လည်းအချိန်ပိုကုန်တယ်လေ ဘလော့တာရေးတာ
ကျွန်တော် ကိုယ်ပိုင်အင်တာနက်လည်းမရှိပါ ကိုယ်ပိုင်ကွန်ပျူတာလည်းမရှိပါ 
portable hardisk တစ်လုံးသာပိုင်ဆိုင်ပါသည်
ပြောနေတာရှည်နေပီ ပြန်ဖွင့်တဲ့နည်းကိုရေးပေးလိုက်မယ်နော် 
အကယ်၍ပိတ်ထာတာနဲ့ ကြုံလို့ကတော့ တစ်ခါတည်းပြန်ဖွင့်လိုက်
နက်ဆိုင်တွေမှာပဲပြောတာနော် သူများ ရဲ့ Personal Computer ကိုတော့သွားမလုပ်ပါနဲ့
သူများက Vious ကြောက်လို့ပါဆို
သွားပုံကတော့ ပိတ်တဲ့နည်းအတိုင်းအဆင့်ဆင့်ပဲ ပြန်သွားလိုက်နော်
ပထမနည်းကို Data Value တန်ဖိုးက default ကို (3) ပြန်ပြောင်းပေးလိုက်ပါ
ဒုတိယနည်းကို StorageDevicePolicies  ဆိုတဲ့ ဖိုင်လေးကို delete လုပ်လိုက်ပါ
ကဲ အဆင်ပြေနိုင်ကျပါစေဗျာ။

Windowမတက်ခင်စာတန်းထိုးရန်

Window Log Screen မတက်မီ User များအား မိမိသတိပေးလိုသောအကြောင်းအရာများအား Registry ထဲသို့သွားရောက်ပြင်ဆင်ပြသနိုင်ပါသည် ။ သတိထားရမှာက Win NT,XP,2000 အတွက်သာဖြစ်သည်။
နောက်တစ်ခုပြောခြင်တာက Registry အားပြုပြင်မည်ဟုစိတ်ကူးတိုင်း Backup လုပ်ထားရန်လိုအပ်သည်။
တစ်ခုခုမှားသွားခဲ့လျှင် Restore ပြန်လုပ်လို့ရပါသည် ။
ကယ်စလိုက်ကြရအောင်နော် ပထမဆုံး Start>>Run (သို့) Window+R ကိုနှိပ်လိုက်ပါ ပီးလျှင် ပေါ်လာသေားစာရိုက်ရန်အကွက်လေးထဲမှာ regedit ဟုရိုက်ထည့်လိုက်ပါ ပီးလျှင်အောက်ပါအတိုင်း အဆင့်ဆင့်သွားလိုက်ပါ 
HKEY_LOCAL_MACHINE >> Software >> Microsoft >> windowNT >>CurrentVersion >> WinLogon
သို့ရောက်လျှင် Dialogbox ခေါင်းစည်းတွက်ပေါ်လို့သည့်စာသားအား
LegalNoticeCaprtion အားဖွင့်ပီး ဖော်ပြလိုသောစာများကိုရိုက်ထည့်လိုက်ပါ
Dialogbox ထဲတွင်ပေါ်လိုသောစာသားအတွက်
LegalNoticeText အားဖွင့်ပီး ဖော်ပြလိုသောစာများကိုရိုက်ထည့်လိုက်ပါ
အားလုံးပီးဆီးသွားပါက Computer အား Restart ချကြည့်လိုက်ပါ ထူးခြားချက်များကိုတွေ့ရှိရပါလိမ့်မယ်
အဆင်ပြေမှုများနှင့်ပြည့်စုံပါစေ ကျေးဇူးတင်ရှိပါသည်။

သင်(Hacker)တစ်ယောက်ဖြစ်လိုလျှင်

သင်ဘယ်လိုလုပ်မှ Hacker တစ်ယောက်ဖြစ်နိုင်မည်နည်း
ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ… ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်….
ကျွှန်တော်လည်း သေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ
ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကို ဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို
ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာ ဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ
မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ
ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲ
ပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ 
ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ်
ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်း လုပ်ဆောင်ပြီး…
ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး
လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို
ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။
တကယ့်ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ 
တာဝန်မယူတတ်တဲ့သူတွေ၊ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေဂျာနယ်လစ်တွေက ဟက်ကာဆိုတဲ စာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီးဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ 
ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်…သူတို့ကြားက အခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည်ထားကြသလိုပါပဲ… hackers build things, crackers break them ပါပဲ….။
ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ..
ဟက်ကာတစ်ယောက်ထားရှိတဲ့ သဘောထားတွေကိုပြောချင်ပါ တယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ
ဟက်ကာတွေပါ… အင်တာနတ်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System ကိုဖန်တီးခဲ့တဲ့သူတွေ… world
wide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့… ဟက်ကာတွေက
လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ…။ဟက်ကာဖြစ်ချင်ရင်တော့ 
အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။
ဆရာကြီးဖြစ်ချင်ရင်ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ 
ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတို င်းပါပဲ..
To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.
ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ့ အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်တော်တို့ရဲ့ကမ္ဘာကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်
နှက်နေ ပါတယ်.. ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့်
အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ဟက်ကာဖြစ်ဖို့အတွက်
ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်.. ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်
သွေးနေရမယ်ကိုယ့်ပညာကိုအမြဲတမ်း.. လေ့လာနေရပါမယ်..။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို
စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။
သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်
ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..
လေ့လာရင်းနဲ့တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီးနားလည်လာ..နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။
ဘယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါ ဘူး…နားမလည်တော့ဘူးလား..။
ကျွှန်တော်တို့ရဲ့အချိန်တွေကျွှန်တော်တို့ရဲ့ဦးနှောက်တွေကအရမ်းတန်ဖိုးရှိတာပါ။
လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ် … ပြသနာအသစ်တွေစောင့်နေတာကို
အဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။ဟက်ကာတွေစဉ်းစားနေရတဲ့
အချိန်ကအရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင်
သင်သိတာတွေမျှဝေပေးသင့်ပါတယ်သင်သိတဲ့
solutionတွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ
ပါ့..ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေါ့။
တစ်ခုတော့ရှိတာပေါ့…ပြသနာတစ်ခုအတွက်အဖြေဆိုတာ
တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်… ။ဟက်ကာ
(ပြောရရင်တော့ Creative peopleတွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်..သူတို့အပေါ်မှာ authority လာပြတာကို
ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး…ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။
သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ
တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။
အထက်ကစိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ
ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ဟက်ကာဖြစ်ဖို့ဆိုတာကိုယ့်ရဲ့
ပညာရပ်မှာကျွှမ်းကျင်မှု၊များများလေ့ကျင့်မှု၊
အသေအချာအာရုံစူးစိုက်မှု၊အလုပ်ကြိုးစားမှုတွေလည်းလိုအပ်ပါသေးတယ်။
Attitudeတွေကအရေးကြီးတာမှန်ပါတယ်..
ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်ကသင့်ကို
ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့သက်မှတ်လာစေဖို့အတွက်အရင်ဆုံးသင်လုပ်ရဦးမဲ့အခြေခံ
အကြောင်းအရာလေးတွေပြောချင်ပါတယ်။အရင်ဦးဆုံးတော့LearnHowtoProgramပါ။
ဒါကဟက်ကင်းမှာတော့အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော် ။ရှိရင်တော့ကျွှန်တော်လည်းမသိဘူး.. ။ဘာ language မှသင်မတတ်သေးဘူးဆိုရင်တော့ Pythonကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။
အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ languageတစ်ခုလို့သေချာမပြောနိုင်ပေမယ့် 
beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်..
ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တစ်ခုခုကိုကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ
အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင်လွယ်တယ်လို့မရှိပါဘူး။
ဟက်ကာတွေအတွက်အရေးကြီးတဲ့နောက်ထပ် language တွေကတော့ Perlနဲ့Lispတို့ပါပဲ။မရေးနိုင်ရင်တောင်ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။programmingကိုမတူညီတဲ့နည်းလမ်းတွေနဲ့
ချည်းကပ်တာပေါ့ ။အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level
ကိုlanguageတတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။Languageတွေအပေါ်မှာမှီခိုမှုမရှိဘဲပြသနာတွေအပေါ်မှာ
စဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။
သိပြီးသား concept တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင်
ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော
language တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့ 
ဘာကြာမှာလဲနော်။programming language လေ့လာတယ်ဆိုတာ 
natural language ကိုလေ့လာသလိုပါပဲ။အထက်ကဆရာ့ဆရာကြီးတွေ ရေးထားတာတွေကိုများများဖတ် ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊နောက်ထပ်ထပ်ပြီးတော့များများဖတ်၊
များများထပ်ရေး၊ပိုပြီးဖတ်၊ပိုပြီးရေး……၊ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့
သင်ရေးတာတွေကဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။အရင်တုန်းကတော့
codingကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ်
တော့ပါဘူး… open source နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating
systemတွေ(အဲဒါတွေအားလုံးဟက်ကာတွေလုပ်ထားတာ)အများကြီးရှိနေပါပြီ။
ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်းLinux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်းOpenSolarisသင့်ကွန်ပျူတာမှာInstallလုပ်လိုက်ပါတော့။
သြော်သင်က Windows ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute
လုပ်ထားတာလေ.. code တွေမှဖတ်လို့မရတာ ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix
တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ 
မပူပါနဲ့သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။
ကဲအခုချက်ချင်း Learn it , Run itနော်။ကလိတော့နော်။ 
အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ်
ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ 
ဗဟုသုတအသစ်တွေကိုအရသာခံပြီးတော့လေ့လာသင်ယူလိုက်စမ်းပါ..။
တခါတည်းပြောပြလိုက်မယ်နော်..Beginnerတွေအတွက်အသင့်တော်ဆုံးကတော့
Ubuntuဖြစ်လာနေပြီ…ကြုံတွေ့ရမယ့်ပြသနာတွေအတွက်လဲ
မပူပါနဲ့သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။
အားလုံးအဆင်ပြေရစေမယ်။ဟုတ်ပပြီဟက်ကာဖြစ်ချင်သူတွေအတွက်
နောက်ထပ်လေ့လာစရာတစ်ခုကတော့World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။
ဘာ language မှမတတ်တဲ့သူအတွက် HTMLကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေရစေမယ်။အကူအညီအများကြီးဖြစ်စေမှာပါ။ 
သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Websiteတစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ 
Hacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ဘာလို့လည်းဆိုတော့ Web
ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက 
ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိတည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ 
 သင့်ရဲ့ page မှာတော့ content တွေကိုကောင်းကောင်းထည့်ရမယ်..
စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့
Englishစာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။ 
Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာအဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ 
သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.. သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ.. ။ကဲ အခုပဲ စကြိုးစားပေတော့။
Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source 

တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ 
သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။ နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။ စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကိုလူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး.. အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ ။ 

သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။
Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ 
ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ 
တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။ System Administration, 

web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။
Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. 

နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?
A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး 

ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)
Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ 

လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲ

မူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ 
ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း 
နောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ 
အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွှန်တော့် Windows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ 
IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး..
(ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး 
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။
Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: ကျွှန်တော်တို့နဲ့ဆက်သွယ်ပါခင်ဗျာ။
ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။အရေးအသားမကောင်းပါက ကျွှန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ တော်သောကြောင့်သာဖြစ်ပါကြောင်း.. (မူရင်းဆောင်းပါး) ကိုသွားဖတ်ဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ။