Showing posts with label min. Show all posts
Showing posts with label min. Show all posts

ကျွန်တော့်ဝါဒယောက္ခမပြုစုနည်း


(ကျွန်တော့်ဝါဒယောက္ခမပြုစုနည်း)

ယောက္ခမဆိုရင်ရှောင်ကာမကွင်းပဲ
လောင်ချာတစ်စင်းနှင့်ဗျုင်းပါလေ
နိုင်ကွက်ကိုသာအပိုင်တွကိလို့
ပြိုင်ဖက်ကဲ့သို့ထိုးနှက်စေ...

အိမ်ဦးခန်းမှာကောင်းစွာထားလို့
ပေါင်းသဟာများနှင့်အရက်သောက်စေ
ထမင်းကျွေးလျှင်စားမ၀င်အောင်
သွားကျိုးညောင်းဖို့ခဲ့ထည့်လေ....

ငါးသလောက်ပေါင်းကိုအတင်းကြီးတုတ်ဖို့
ဒညင်းသီးပြုတ်နှင့်ကျွေးပါလေ..
ဆူးပုတ်ရွက်ကိုလေးကာချက်ကွဲ့
သွေးပါတက်မဲ့နည်းလမ်းတွေ...

အချိုတည်းရင်သွားဝယ်ထားကွယ့်
သကြးတစ်ပိသာနှင့်မင်းဂွတ်တွေ
ဖရဲသီးပေါ်ဘဲဥဆမ်းထည့်
သဲအူကျွမ်းမဲ့ဖြစ်ရပ်တွေ..

နှလုံးရောဂါဖြစ်ရလေအောင်..
ချစ်ဆွေများနှင့်မူးရမ်းစေ
အဆုတ်ကင်ဆာမြန်မြန်ဦးမယ်
ချော့တုက်စေ......

ဦးနှောက်သွေးကြောပြတ်ကာသွားမယ်
ဓါတ်စာအမှားနှင့်ချီးမြှောက်လေ..
ကောက်ခါငင်ခါလေငန်းဖြတ်လို့
သေလမ်းဖွင့်ဖို့ကြိုးစားစေ...

အဲ့ဒါမှယောက္ခမသတ်နည်း
ဖတ်ပြီးမှတ်ပါလေ... ။


ဒီ ကဗျာကို ရယ်စရာမဂ္ဂဇင်း တွင်လဲဖတ်ရှုနိုင်ပါသည်..။
တင်ပြသူကတော့

SYTAN

ဘော်လီဘောအချစ်


(ဘော်လီဘောအချစ်)

ကျွန်တော်ချစ်တယ်ပြောစဉ်က
"နေပါအုံးရှင်"ဆိုတဲ့စကားလေးတစ်ခွန်း....
ကျွန်တော်ကအတင်းမငြင်းပါနဲ့တော့နော်ဆိုစဉ်က
"အင်း"လို့ခေါင်းညိတ်ပြခဲ့တဲ့စကားလေးတစ်ခွန်း...
ကျွန်တော်ကပိုကဲပြီးတော့
သိပ်ချစ်တာပဲလို့ပြောစဉ်က
"ကိုကို"နဲ့ထပ်တူပါပဲဆိုတဲ့စကားလေးတစ်ခွန်း..
ကျွန်တော်နဲ့လျှောက်သွားတဲ့အခါ
"သိပ်ပျော်တာပဲ"ဆိုတဲ့စကားလေးတစ်ခွန်း...
ကျွန်တော်သွားမတွေ့ဖြစ်တဲ့အခါ
"မျှော်လိုက်ရတာ"ကိုကိုရယ်ဆိုတဲ့စကားလေးတစ်ခွန်း
အချစ်ဆုံးဆိုပြီးတော့ပေးတာနော်ဆိုပြီးတော့
ပေးလိုက်တဲ့"ဓါတ်ပုံလေး"တစ်ပုံ
အဲ့ဒါလေးတွေနဲ့ဘဲ
နွားပြာကြီးသွားဖြဲနေလို့မှမဆုံးခင်
"မုန်းလိုက်ပါရှင်"ဆိုတဲ့
မထင်မှတ်ထားတဲ့စကားလက်ဆောင်လေးတစ်ခွန်း...
သြော်......ရက်စက်လိုက်တာလို့တောင်မှ
မပြောရက်နိုင်ခင် ဝေးလွင့်ခဲ့ရတယ်
ဆိုးလိုက်တဲ့ကံကြမ္မာရယ်....။

မင်းအတွက်


(မင်းအတွက်)

မင်းကလုံးလုံးမေ့ထားနိုင်ပေမဲ့
ငါကတော့အမြဲသတိရနေတယ်....
မင်းကပြုံးပျော်ရွှင်မြူးနေပေမဲ့
ငါကတော့ဝမ်းနည်းလွမ်းမောနေရတယ်...
မင်းကသာယာကြည်နူးနိုင်ပေမဲ့
ငါကတော့အဆွေးပင်လယ်ဝေရတယ်..
မင်းကရယ်ရယ်မောမောရှိပေမဲ့
ငါတော့မျက်ရည်မြစ်ကြီးစီးနေရတယ်...
မင်းကအမုန်းကြီးသွားပေမဲ့
ငါကတော့ချစ်နေသေးတယ်....
တစ်လောကလုံးမှာ
ဒီကမ ၻာၾကီးမွာ
ငါ့ကိုယ်ငါထက်ပိုပြီးချစ်တာ
မင်းတစ်ယောက်ထဲရှိပါတယ်ကွာ...
မေတ္တာသမား
ငါ့နှုတ်ဖျားက
စကားတွေမှာ
မတရားလို့အမှားပါခဲ့ရင်
ချစ်တတ်တဲ့နှလုံးသား
ကားစင်တင်လို့ကွပ်မျက်ပါတော့
မင်းအတွက်ဆို
ငါ့အသက်ကိုပေး
စတေးရဲပါတယ်လေ
မင်းလေးအတွက်ပေါ့....။

အရှက်ပြေ


(အရှက်ပြေ)

သူကဂျင်းစိမ်းဆိုရင်
ကိုယ်ကမိတ်သလင်
သူမုန်းရင်ကိုယ်ကမေ့
သူကွေ့တော့ကိုယ်ကရှောင်
သူမှောင်တော့ကိုယ်ကမဲ
သူခွဲတော့ကိုယ်ကပစ်
သူကထားရစ်မှတော့
ကိုယ်ကလဲသွားရမှာပေါ့......
သူမခင်ယင်
ကိုယ်မကြင်ရုံပေါ့......
ခုများတော့ဒီလိုမဟုတ်
အဆွေးရုပ်ကိုတန်ဆာဆင်လို့
လွမ်းဘုရင်ဘွဲ့လေးကိုမှ
တသသမက်မောတတ်တဲ့
ရှက်ကြောပြတ်နှလုံးသား
အဲ့ဒီနှလုံးသားအစုတ်ပလုတ်
ရင်ခေါင်းထဲကထုတ်လို့
ကျီးအာပင်ထိပ်ဖျားမှာ
ချိတ်လို့သာထင်းလိုက်ချင်တယ်
လှဧကရီရေ......။

ချစ်သူကကြိုး


(ချစ်သူကကြိုး)

နေချင်သေးလျက်
နှုတ်ဆက်လို့လှည့်ထွက်သွား
ရှိုက်သံလေးလေးများထားခဲ့သူ...
ကြင်နာသေးလျက်
ရင်အနာတေးဖွဲ့လို့
တမင်သာအဝေးသို့ပြေးတဲ့သူ......
ပြုံးချင်သေးလျက်
နှလုံးရင်မအေးပါပဲ
အရှုံးတမင်ပေးတဲ့
အမုန်းဘုရင်မလေးသူ............
သစ္စာရှိလျက်
ချစ်တာမသိပါဘူးတဲ့
အနှစ်မဲ့အရူးစကားများနဲ့
အမုန်းဘက်ကူးသွားတဲ့သူ.........
တကယ်တော့လဲမင်းအသဲမှမင်းမပိုင်
ချုပ်ကိုင်ထိန်းထား
မင်းနောက်နားမှာ
ကြိုးစလေးများ
တွေ့လိုက်သားကွယ်........။

Keratosis pilaris ဆားဝက်ခြံ

Q: ဆရာ သမီးမျက်မှာ နှာခေါင်းဘေး မျက်လုံးအောက်မှာ ဗျုတ်ကလေးတွေ ရှိနေပါတယ်။ အဖုလေးတွေအများကြီးပါ မနက်အိပ်ယာနိုးချိန်မှာ မသိသာပေမဲ့ နေ့လည်ကစပြီး အရမ်း သိသာပါတယ် အဲဒီ အဖုလေးတွေကို ကုလို့ ရနိုင်ပါလား။ တချို့ က အဲဒါကို ဆားဝက်ခြံလို့ ပြောပြီး၊ တချို့က အဆီဖုလို့ ပြောပါတယ် မျက်နှာအရေပြား ချောချင်ပါတယ်။ ကုလို့  ရနိုင်ပါလားဆရာ။ ဖြေကြားပေးပါ။
A: အရေပြားမှာ ဖြစ်တာတွေက အတော်ကို များလှတယ်။ မျက်မြင်မဟုတ်ဘဲ မှန်းရတာ သိပ်တော့ မကောင်းဘူး။ သေခြာ ကြည့်တာတောင် ခွဲခြားရတာ ခက်သေးတယ်။ မေးတဲ့စာထဲကအတိုင်း  

ဝက်ခြံနဲ့ဆင်တယ်ဆိုရင် အနီးစပ်ဆုံးက Keratosis pilaris acne-like bumps ဖြစ်နိုင်တယ်။ အများဆုံးဖြစ်တဲ့ နေရာတွေက လက်ဖျံ၊ ပေါင်နဲ့ တင်ပါးမှာဖြစ်တယ်။ မျက်နှာမှာလည်း ဖြစ်ပါတယ်။ နီ-ဖြူ၊ မနာ-မယားဘူး။ ကြမ်းနေတယ်။ ကုရတာခက်လို့ စိတ်ပျက်စေနိုင်တယ်။ မဆိုးတာက ဘာမှ တခြားဒုက္ခမပေးနိုင်ဘူး။ ငယ်သူတွေမှာ ဖြစ်တာများပြီး အသက် ၃၀ လောက်မှာ ပျောက်သွားတယ်။ မျက်နှာမှာ ဖြစ်လို့ ပျောက်ရင် အမာရွတ်ကျန်တတ်တယ်။ ဆိုလိုတာက သု့ဖါသာလည်း ပျောက်ပါတယ်။ ဆေးတမျိုးနဲ့ မရတတ်ဘူး။ ကိုယ့်ဖါသာ ဂရူစိုက်တာ လုပ်ရမယ်။ ဆေး
Topical exfoliants (alpha-hydroxy, lactic or salicylic acid or urea) ပါတဲ့လိမ်းဆေး၊ Topical corticosteroids စတီရွိုက်ပါတဲ့လမ်းဆေး၊ Topical retinoids (vitamin A) ပါတဲ့လိမ်းဆေး၊ Tretinoin (Retin-A Micro, Avita) and tazarotene (Tazorac) သုံးနိုင်တယ်။

မိမိဖါသာဂရုစိုက်ခြင်း Lifestyle and home remedies
• Go easy on your skin အရေပြားကို ညင်ညင်သာသာ ကိုင်တွယ်ယုယပါ။
• Gently dry off မျက်နှာသစ်၊ ရေချိုးပြီးတိုင်း အသာအယာ ခြောက်သွေ့ပေးပါ။
• Use a moisturizing lotion or lubricating cream ရေချိုးပြီးရင် ရေငွေ့ဓါတ်ပေးတဲ့လိမ်းဆေးသုံးပါ။
• Try lactic acid (လက်တစ်-အက်စစ်) ပါတဲ့လိမ်းဆေး၊ တနေ့ ၂ ကြိမ်လိမ်းပါ။
• Use a humidifier အိမ်မှာ ရေငွေ့ဓါတ်ပေးတဲ့ ကရိယာတပ်ဆင်ပါ။
• Moisturize skin အရေပြားကို Eucerin and Cetaphil လိုဆေးနဲ့ ရေငွေ့ပေးပါ။
• Use warm water and limit bath time ရေချိုးရင် အချိန်များများပေးပါ၊ ရေနွေး (ရေပူမဟုတ်) နဲ့ချိုးပါ။
• Avoid harsh, drying soaps ဆပ်ပြာကို အပြင်စားတွေမသုံးပါနဲ့။ ဆီ-အဆီပါတဲ့ Neutrogena, Basis or Dove ဆပ်ပြာတွေ ဖြစ်တယ်။ Deodorant and antibacterial detergents တွေရှောင်ပါ။ ကြော်ညာကောင်းတဲ့ လိမ်းဆေး၊ ဆပ်ပြာတွေ သတိထားပါ။ အရေပြားကို နူးညံ့၊ သန့်ရှင်းနေဘို့နဲ့ ခြောက်သွေ့ မနေစေဘို့ ဖြစ်တယ်။
• Pat dry အရေပြားကို ရေချိုး၊ မျက်နှာသစ်ပြီးရင် မျက်နှာသုတ်ပုဝါနဲ့ ပွတ်တိုက်ချသလို မဖြစ်စေဘဲ၊ အောက်ဖက်ကို ဖိ-တို့ သုတ်တာမျိုး လုပ်ပါ။ ရုပ်ရှင်မင်းသမီများ လုပ်သလိုပေါ့။

Enhanced by Zemanta

Migraine မိုင်ဂရင်း ခေါင်းကိုက်ရောဂါ

Migraine (မိုင်ဂရင်း) ဆိုတာ ဦးနှောက်ထဲက သွေးကြောတွေ ဖေါင်းကြွတာကြောင့် ဖြစ်ရတဲ့ ခေါင်းကိုက်ရောဂါ ဖြစ်တယ်။ သွေးကြောဘေးက ရှိနေတဲ့ အာရုံကြောတွေကို တင်းအား သက်ရောက်စေလို့ ဓါတ်ပစ္စည်းတွေ ထွက်လာစေတယ်။ ဆက်ပြီး သွေးကြောတွေကို ရောင်စေ၊ နာစေလို့ ဖြစ်ရတာပါ။
အာရုံကြောစနစ်ထဲက Sympathetic nervous system ကို ထိခိုက်တာ ဖြစ်ပါတယ်။ သူ့ကြောင့် ခေါင်းကိုက်တာအပြင် ပျို့ချင်၊ အန်ချင်၊ ၀မ်းသွားချင်တာပါ ဆက်ဖြစ်စေတယ်။ အစာအိမ်ထဲက အစာတွေ အောက်ဆက် ဆင်းမှာကိုလည်း နှေးစေတယ်။ ဖြစ်နေလို့ ဆေးတိုက်တဲ့အခါ၊ ဆေးက အောက်အဆင်း နှေးလို့ ဆေးမတိုးသလိုမျိုး ဖြစ်စေတယ်။ သွေးစီးဆင်းမှုကို နှေးစေလို့ လူနာရဲ့ မျက်နှာဟာ ခပ်ဖွေးဖွေး ဖြစ်နေမယ်။ ခြေ-လက် အေးစက်စက်နေမယ်။ မျက်စိက မြင်တာ၊ နားက ကြားတာတွေကိုပါ သက်ရောက်သေးတယ်။
နာတာရှည်ပြီး၊ ပြန်ပြန်ဖြစ်တဲ့ ရောဂါတခုဖြစ်တယ်။ ဖြစ်တိုင်းတော့ ခေါင်းကိုက်ချင်မှ ကိုက်တယ်။ ကိုက်ပုံ ကိုက်နည်း ကလည်း ထူးတယ်။ ပြင်းပြင်းထံထံ၊ နားထင်တဖက်မှာ ထိုးကိုက်တယ်။ နဖူးမှာလည်း ကိုက်တဲ့လူ ကိုက်တယ်။ နောက်စေ့မှာ ဖြစ်သူ ဖြစ်တယ်။ ၃ ပုံ ၂ ပုံလောက်က ခေါင်းနှစ်ဖက်လုံး ခံစားရတယ်။ တဖက် ဖြစ်သူတွေက ဘက်ပြောင်း ဖြစ်တတ်သေးတယ်။ ၄ နာရီကနေ ၃ ရက်အထိ ကြာတတ်တယ်။

မဖြစ်ခင် သတိပေးသလို လက္ခဏာတွေ အရင်လာတတ်တယ်။ အအိပ်ပျက်တာ၊ စိတ်တိုချင်တာ၊ အားယုတ်တာ၊ စိတ်ဓါတ် ကျတာ၊ သန်းတာ၊ အချို-အငန် ချင်ခြင်းတတ်လာတာ။ ၂၀% လောက်မှာ Migraine aura ဆိုတဲ့ နိမိတ်တွေက ခေါင်း မကိုက်ခင် ကလေးမှာ ဖြစ်ဖြစ် တပြိုင်နက်တည်း ဖြစ်ဖြစ် ပေါ်တယ်။ အလင်းရောင် စူးစူးရှရှတွေ ဖြင်ရတယ်။ မြင်ကွင်းရဲ့ အလည်ကနေ စပြီး၊ အလည်ခေါင်မှာ ဘာမှ မမြင်ရတဲ့ အပေါက်လိုလည်း ပါသေးတယ်။ အသက်ကြီးသူတွေမှာ ဒါမျိုးသာ ဖြစ်ပြီး၊ ခေါင်းဆက် မကိုက်သူတွေလည်း ရှိတယ်။ တခါဖြစ်တာ ၂၄ နာရီ ကြာတဲ့နောက် အားအင်တွေ ဆုတ်ယုတ်ပြီး၊ အသံတွေ၊ အလင်းတွေ သိပ်မကြည့်ချင်၊ မကြားချင် ဖြစ်လာတတ်တယ်။

အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။ အချို့အမျိုးသမီးတွေ ရာသီလာခါနီး၊ လာနေတုံးမှာ (မိုင်ဂရိမ်း) ရောဂါ ခံစားကြရလေ့ ရှိတယ်။ Menstrual migraines လို့ ခေါ်လိုက်တယ်။

ဆေးမကူနည်းတွေနဲ့ စရအောင်။ ရေခဲတင်ပါ၊ စိတ်တင်းအား လျှော့နည်း လုပ်ပါ။ “အိပ်စက်ခြင်းသည် အကောင်းဆုံးနည်း” ဖြစ်သည်။ အဲလိုဖြစ်တတ်တာကို စေ့ဆော်တဲ့ အလုပ်မှန်သမျှ ရှောင်နိုင်အောင် ကြိုးစားပါ။ ဆေးလိပ် မသောက်တာမျိုး၊ ဒီအစားစားလို့ ဖြစ်တာထင်ရင် ရှောင်တာမျိုး။ အိပ်ချိန်၊ အိပ်ရာထချိန် မှန်ပါစေ။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ အစားစားချိန် မှန်ပါစေ။ ထမင်း တနပ်လွတ်သွားတာ မဖြစ်ပါစေနဲ့။

Medication for migraine ဆေးတွေ သုံးရအောင်။ သာမန်ဖြစ်သူတွေဟာ Acetaminophen (Tylenol) နဲ့ NSAID (စတီရွိုက်) မပါတဲ့ အကိုက်-အနာပျောက်ဆေးတွေကို သုံးနိုင်တယ်။ NSAID ဆိုတာ Aspirin, Ibuprofen တွေကို ပြောတာပါ။

အလယ်အလတ်စား နဲ့ ပြင်းထံသူတွေအတွက် ဆေးတွေကတော့
• Triptans, Sumatriptan Injection or Tablet or nasal inhaler, Zolmitriptan (Zomig), Rizatriptan (Maxalt), Naratriptan (Amerge), almotriptan (Axert) and frovatriptan (Frovalan)
• Ergots (Ergomar, Wigraine, and Cafergot) and Dihydroergotamine (Migranal, DHE-45)
• Midrin

ဆေးစွဲတတ်တဲ့ အပြင်စားဆေးတွေ Narcotics and butalbital-containing medications ကိုလည်း သုံးရတတ်တယ်။ အန်တာ များသူတွေအတွက် Prochlorperazine (Compazine) or Metoclopramide (Reglan) ဆေးပေးတယ်။ သွေးကြောထဲ ထိုးရတဲ့ဆေးတွေ DHE-45 (dihydroergotamine), prochlorperazine (Compazine), and Valproate (Depacon) လည်းသုံးတယ်။

Migraine ကို လုံးဝပျောက်အောင် မတတ်နိုင်သေးပါ။ ကာကွယ်ဆေးတွေက ၀ယ်ရ-ရှာရတာ မခက်ပါ။ Beta blockers (Propranolol), Calcium-channel blockers (Diltiazem, Verapamil, Nimodipine), Tricyclic antidepressants (Amitriptyline, Nortriptyline, Doxepin, Amipramine), Antiserotonin agents (Methysergide), Anticonvulsants (valproic acid, phenobarbital, topiramate) တွေကို သုံးနိုင်ပါတယ်။

အအိပ်ပျက်တာ၊ ညစာ မစားဘဲနေတာ၊ အလင်းရောင် စူးစူးရှရှ မြင်တာ၊ (ကေဖင်း) များတဲ့ ကော်ဖီ-လက်ဘက်ရည် သောက်တာ၊ ချောကလက်၊ ၀ိုင်၊ လျှော့ပါ၊ ရှောင်ပါ။ ဆီးချို ရှိလို့ကြောင့်ဖြစ်ဖြစ်၊ မ၀အောင်ဖြစ်ဖြစ်သုံးတဲ့ သကြားစားထိုး Aspartame ကလည်းဖြစ်စေတယ်။

Chinese restaurant syndrome ဆိုတာ တကယ်ရှိတယ်။ တရုပ်စားသောက်ဆိုင်မှာ စားရင် ခေါင်းကိုက်တာကို ခေါ်တယ်။ ဗိုလ်စာတွေဖြစ်တဲ့ hot dogs, ham, bacon and sausages တွေထဲမှာ Nitrates and nitrites ပါလို့ (မိုင်ဂရင်း) ဖြစ်တတ်တယ်။ “တရုပ်ကလဲ အကျိုးမပေးဘူး။ ဗိုလ်လဲ အကျိုးမဖြစ်ဘူး။” မုန့်ပျားသလက်ကြောင့် ခေါင်းကိုက်တယ်လို့တော့ မကြားဘူးသေးပါ။

(မိုင်ဂရင်း) က မျိုးရိုးလိုက်ပါတယ်။ လူနာ တ၀က်ကကျော်က မိသားစုထဲမှာ တယောက်မက ရှိနေတတ်တယ်။
(မိုင်ဂရင်း) ခေါင်းကိုက် ဖြစ်တော့မယ်ဆိုရင် ဆရာဝန်ညွှန်ထားတဲ့ဆေး ချက်ချင်းသောက်လိုက်ပါ။ ရေ-အရည် အများကြီး သောက်ပါ။ အိပ်ရာမှာ သက်တောင့်သက်သာ လှဲနေပါ။ အခန်းဟာ တိတ်ဆိပ်ရာ၊ အလင်းရောင် မများတာဖြစ်ရမယ်။ နဖူမှာ အေးတဲ့အ၀တ်-အရာတခုခု ပတ်ထားပါ။ နာတဲ့နေရာ နှိပ်နယ်ပေးပါ။

Weight loss ပိန်ချင်သလား

Q: ဝတဲ့လူက ပိန်ချင်တယ် ပိန်တဲ့လူက ဝချင်တယ်။ ပိန်တဲ့နည်းတွေ သိပေမဲ့ မလိုက်နာနိုင်ဘူး။ ဘယ်လိုလုပ်ရမလဲ။

A: ဒီအမေးမျိုးက “ဘာဖြေလာမလဲ ဆိုတာတောင် ရိပ်မိနေသူတွေက မေးတာမျိုး” ဖြစ်တတ်တယ်။ မေးကြသူ အရေအတွက်လည်း မရေမတွက်နိုင်အောင် များပါတယ်။

ဒီတော့ဖြေတဲ့သူကလည်း လူပါး ၀လိုက်ရမှာဘဲ။ “ခေါင်” က စ, ကိုင်မယ်။ “ဒုက္ခ ဆင်းရဲခြင်း၊ အနစ္စ အမြဲမရှိခြင်း၊ အနတ္တ အစိုးမရခြင်း၊” ဆိုတာကို တရားနာသူ မှန်သမျှ၊ တရားစာအုပ်ဖတ်သူ မှန်သမျှ သိကြတယ် မဟုတ်လား။ ကျွန်တော်လဲ ပါတယ်နော်။ ကျွန်တော်တို့မှာ ဘာလို့ တရားမရကြသလဲ ဆိုတော့ သိဒတ္ထမင်းသား ၂၉ နှစ်သားက သိသလို၊ ထင်သလို၊ လုပ်သလို၊ မဟုတ်ကြလို့ဘဲ။

လေးတာကို ပြောပြီးနောက် ခပ်ပေါ့ပေါ့ ပြောပါမယ်။ မလိုက်နာချင်သူမျိုးဟာ လိုက်နာဘို့ လိုလောက်အောင် မ၀သေးလို့လဲ ဖြစ်နိုင်တတ်။ “လှလို့ ၀လို့” ဆိုတာလည်း အလွန် နားဝင်ချိုလှတဲ့ နုတ်ခွန်းဆက်ဘဲ မဟုတ်ပါလား။ နောက်မျိုးက “ရချင်တာမရ ဆိုတာလဲ၊ မရှိသေးလို့ဘဲ” နေမှာပေါ့။

ဆရာမတယောက် ရှိတယ်။ သူလဲ နဲနဲဝတယ်။ သူကိုယ်တိုင် ပြောလို့ ပြောတာပါ။ ၀တာထက် သွေးဖိအား များနေတာမို့ ဆေးလဲပေး၊ နည်းလဲညွှန် လုပ်တယ်။ အငန်၊ အဆီ၊ အချို လျော့စား၊ လေ့ကျင်ခန်း များများလုပ် စသဖြင့်ပေါ့။ လိုက် မလုပ်ဖြစ်တာတွေကိုလဲ သူကိုယ်တိုင်ဘဲ၊ ရိုးရိုး သားသား ပြောပါတယ်။ ဒီတော့ “အေးကွာ ၀တဲ့လူတိုင်း အပျိုကြီး မဖြစ်ကြပါဘူး” လို့ ပြောထားလိုက်တယ်။ သူနဲ့ ဖူးစာပါသူကနေ “၀ိတ်လျော့ပါလား” လို့ ပြောလာရင်တော့၊ ဆရာဝန် ချွတ်လို့ မကျွတ်သူ၊ ကျွတ်သွားစရာ ရှိမလားလို့ပေါ့။

ဒီနည်းနဲ့မရ အပျိုကြီးဘ၀ နှစ်ခြိုက်နေသူဆိုရင်၊ တမျိုးပြင် သင်ရအုံးမယ်။ “ဒီလူနာက ၀ပြီး၊ အဆီများနေလို့ ဒီရောဂါ ဖြစ်တာကွ” ပေါ့။ သွန်သင်တယ်၊ ဆုံးမတယ်၊ ပညာပေးတယ်၊ ဆိုတာမှာ နည်းမျိုးစုံ လုပ်ရတာ။ ချော့တန် ချော့။ ခြောက်တန် ခြောက်။ မြှောက်တန် မြှောက်။ ငေါက်တန် ငေါက်။ ဘုရားက ချွတ်မရသူလည်း ရှိခဲ့သလို၊ ဒီဆရာနဲ့မရ နောက်ဆရာကြမှ ကျွတ်ရသူတွေလဲ ရှိတယ်။ ဒီတော့ နောက်ဆရာ ရေးတာ ရှာဖတ်ပါလေ။

အရပ် 5'-6" (1.675 m) ရှိတဲ့ မိန်းကလေးဟာ အလေးချိန် 58.9 Kg (129.58 Lb) - 63.5 Kg (139.7 Lb) လို့ နိုင်ငံတကာ စံညွှန်းက ဆိုပါတယ်။ 123 Lb ရှိသင့်တယ်လို့ နောက်တနည်းက အဖြေပေးပါတယ်။ ဒီဂဏန်း အားလုံးက အနောက်နိုင်ငံတွေ အတွက်ပါ။ အာရှမှာဆို ဒီထက် နည်းတာတောင် ပုံမှန်ဖြစ်မယ်။

ပိန်ဆေးထဲမှာ လူသုံးများတာကတော့ Sibutramine ဖြစ်တယ်။ အိန္ဒိယမှာတော့ ကုဋေ ၂၀၀ ကိုယ်အလေးချိန်ကျဆေး ဈေးကွက်ထဲမှာ (Meridia) နာမည်နဲ့ ရောင်းနေပါတယ်။ အမေရိကားနဲ့ ဥရောပမှာတော့ ဒီဆေးကို ရောင်းခွင့် ပိတ်လိုက်ပါပြီ။ နှလုံးရောဂါ ဖြစ်စေနိုင်လို့ပါ။

ကလိုရီများတာတွေ ငါးရက်လောက် လျော့စား၊ တနေ့ကို ငါးမိနစ်လောက် ချွေးထွက်အောင် လေ့ကျင်မှု တခုခုလုပ်ပြီး၊ “ငါပိန်ရမယ်၊ ငါပိန်ရမယ်၊” ဆိုပြီး တနေ့ ငါးခါ ရွတ်ပါ။ ငါးကျပ်သား မဟုတ်ဘူး၊ ငါးပေါင် ကျရမယ်လို့ သန္နိဋ္ဌာန်ချပါခင်ဗျား။

အင်းလေးကန်အကြောင်း


ပြည်ထောင်စုမြန်မာနိုင်ငံတွင် လမ်းကို မြေတွင်မတွေ့ရ ရေတွင်သာတွေ့ရသောအရပ်၊ ခရီးကို လှည်းနှင့်မသွား၊ လှေနှင့်သွားသောအရပ်၊ လှေကိုလက်ဖြင့်မလှော် ခြေနှင့်လှော်သောအရပ်၊ အိမ်ကိုကုန်းတွင်မဆောက် ရေတွင်ဆောက်သောအရပ်ကို ပြပါဆိုလျှင် အင်းလေးကန်ကို ပြရပါလိမ့်မည်။အင်းလေးကန်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၂၉ဝဝ)ကျော်မြင့်သော ရှမ်းပြည်နယ် ညောင်ရွှေချိုင့်ဝှမ်းတွင် တောင်နှင့်မြောက်တန်းလျက်တည်ရှိသည်။ ယခင်က ဤအင်းကြီးသည် အလျား၃၆မိုင်ခန့်၊ အနံ၈မိုင်ခန့် ရှိခဲ့သော်လည်း ယခုအခါတွင်မူ အလျား၁၂မိုင်ခန့်၊ အနံ၎မိုင်ခန့်သာရှိတော့သည်။
အင်းလေးကန်၏ သမိုင်းမှာ ဤသို့ဖြစ်သည်။ ပုံဂံပြည်အလောင်းစည်သူမင်းကြီး
တိုင်းခန်းလှည့်လည်ခဲ့ရာ ဤအင်းကြီးသို့ရောက်လာသည်။ မင်းကြီး၏ အမှုထမ်းများတွင် ထားဝယ်သားများလည်း လိုက်ပါလာကြသည်။ ထိုထားဝယ်သား မင်းမှုထမ်းများသည် အင်းကြီးထဲတွင် နမ့်ပန်၊ ဟဲယာ၊ နောင်တော၊ ရွာကြီးဘန့်ပုံးဆိုသော ရွာလေးရွာကို တည်ထောင်နေထိုင်ကြသည်။ အင်းထဲက ရွာလေးရွာကို အင်းလေးရွာဟုခေါ်ရာမှာ အင်းကြီးသည်လည်း အင်းလေးကန်ဟု အမည်တွင်ခဲ့သည်။


အင်းလေးကန်ကို တောင်များဝန်းရံလျက်ရှိသည်။ အရှေ့ဘက်ရှိ ဆင်တောင်နှင့် အနောက်ဘက်ရှိ သန်းတောင်တို့မှာ အင်းလေးရေပြင်တွင် အရိပ်ကျလျက်ရှိသည်။ တောင်အရိပ်အောက်ရေပြင်တွင် ကျွန်းများ အနှံ့အပြားရှိကြသည်။ ဤကျွန်းများကို မှီခို၍တည်ဆောက်ထားသော ရွာများမှာလည်း အနှံ့အပြားပင်ဖြစ်သည်။ ဤရွာများတွင်နေထိုင်ကြသော သူတို့သည် ထားဝယ်သားများမှ ဆင်းသက်လာသူများဖြစ်ကြသည်။ ရှမ်းအမျိုးသားများက အင်းသားများကို မန့်နောင်ဟုခေါ်ကြသည်။ မန့်ဆိုသည်မှာ မြန်မာ၊ နောင်ဆိုသည်မှာ ကန်ဟုဆိုလိုသည်။ ကန်တွင်းနေ မြန်မာများဟု အဓိပ္ပာယ်ရသည်။
အင်းလေးကန်ထဲတွင် ထူးဆန်းသောအရာများမှာ ကျွန်းမျောများဖြစ်သည်။ ရေစီးဖြင့်ရွေ့မျောနေသော ကျွန်းများဖြစ်သဖြင့် ကျွန်းမျောဟုသာမန်ခေါ်ကြသော်လည်း အင်းသားများကမူ ကုန်းပေါ်ဖုတ်ဟုခေါ်ကြသည်။ အင်းရေတိမ်တွင် မြက်ပင်၊ ကိုင်းပင်၊ မှော်ပင်၊ ရေညှိပင်များ အစုလိုက်ပေါက်ကြသည်။ ထိုအပင်များသည် အချိန်ကြာသောအခါ ရေပေါ်သစ်ဆွေးကျွန်းများ ဖြစ်လာကြသည်။ ကျွန်းမျောများသည် ၄ပေ၊ ၅ပေခန့်ထုရှိ၍ မြက်ပင်၊ ကိုင်းပင်များပေါက်ကြသည်။

ကျွန်းမျောများသည် အင်းသားများ၏ စားဝတ်နေရေးကို များစွာကျေးဇူးပြုသည်။ ကျွန်းမျောကြီးများကို မှီ၍ ရွာတည်ကြသည်။ အိမ်၊ ကျောင်း၊ ဇရပ်စသည်တို့ကို ဆောက်ကြသည်။ စိုက်ပျိုးရေးလုပ်ဆောင်ကြသည်။ ကျွန်းမျောငယ်များကို မှီ၍ ငါးလုပ်ငန်းကိုလည်း လုပ်ကိုင်ကြသည်။
အင်းသားတို့သည် ကျွန်းမျောကြီးများပေါ်တွင် အသီးအနှံ့စိုက်ပျိုးကြသည်။ ၎င်းကိုရေခြံလုပ်ငန်းဟုခေါ်သည်။ ကြက်သွန်၊ ပဲ၊ ငရုတ်၊ ခရမ်းချဉ်စသော ဟင်းသီးဟင်းရွက် အမျိုးမျိုးကို ရေခြံများတွင် စိုက်ပျိုးကာ မြို့ရွာများသို့ ပို့ဆောင်ရောင်းချကြသည်။ အင်းလေးကန်တွင် ခရမ်းချဉ်သီး အများဆုံးထွက်သည်။ ရေခြံလုပ်ငန်းကို သီတင်းကျွတ်လတွင်စ၍ တပို့တွဲလလောက်တွင် အဆုံးသတ်သည်။ ထိုအခါ အင်းထဲတွင် ငါးလုပ်ငန်းပေါ်လာသည်။ ဤသို့ရာသီအလိုက် အသက်မွေးကျောင်းမှုကို ပြုရသဖြင့် တံငါခြောက်လ ခြံခြောက်လဆိုသော အင်းသားတို့၏ ဆိုရိုးစကား ပေါ်ပေါက်လာသည်။
ငါးလုပ်ငန်းတွင် အသုံးပြုသော ငါးဖမ်းကိရိယာအမျိုးမျိုးမှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ ထိုငါးဖမ်းကိရိယာများမှာ ပိုက်၊ စန့်၊ ယက်သဲ့၊ ဆောင်း၊ မြှုံး၊ ဟူးခေါ်ယင်း၊ ငါးမျှားချိတ်၊ ခက်ရင်း စသည်တို့ဖြစ်သည်။

အင်းထဲမှရသော ငါးအမျိုးမျိုးမှာ ငါးဖိန်း၊ ငါးခုံးမ၊ ငါးတောင်နွယ်၊ ငါးလူး၊ ငါးရံ့၊ ငါးခူ၊ ငါးဖယ်၊ ငါးသားဖွဲခေါ် ငါးပေါက်ကလေးများ စသည်တို့ဖြစ်ကြသည်။ ဤငါးမျိုးမျိုးတို့ကို ပိုက်ချခြင်း၊ စန့်ခင်းခြင်း၊ ယက်သဲ့ဆွဲခြင်း၊ ဆောင်းအုပ်ခြင်း၊ မြှုံးထောင်ခြင်း၊ ယင်းပိတ်ခြင်း၊ ငါးမျှားချိတ်ဖြင့်မျှားခြင်း၊ ခက်ရင်းဖြင့်ထိုးခြင်း စသည့်နည်းအမျိုးမျိုးဖြင့် ဖမ်းယူကြသည်။ ပိုက်ဆောင်းခေါ် ငါးဖမ်းကိရိယာမှာ လက်ခုပ်တစ်ဖောင်မကမြင့်သော ဆောင်းကျဲကြီးဖြစ်သည်။ ဆောင်းအတွင်းတွင် အိတ်ရှည်သဏ္ဌာန်ပိုက်ကို သွင်း၍ ဆောင်းရိုးတံများတွင် တွယ်ဆက်ထားသည်။ ငါးဖမ်းသူသည် လှေတစ်စင်းနှင့် ကန်ရေပြင်တွင် လှည့်လည်သွားလာကာ ငါးရှိမည်ထင်ရသော နေရာသို့ရောက်သောအခါ ဤပိုက်ဆောင်းဖြင့်အုပ်၍ ဖမ်းသည်။
စန့်ခေါ်သော ငါးဖမ်းကိရိယာမှာ အလျား၉ပေ၊ အနံ၎ပေရှိသော ပိုက်ကို ယကွင်းသဖွယ် ဝါးခြမ်းနှစ်ချောင်းဖြင့် ထောင့်လေးထောင့်ကို ကြက်ခြေခတ်ချည်ထားသည်။ ပြီးလျှင် ထိုဝါးစိုက်၍တန်းစီထားသော ကျွန်းမျောကလေးများတွင် လာရောက်မှီခိုကြသော ငါးများကို စန့်ခင်း၍ဖမ်းသည်။
နည်းအမျိုးမျိုးဖြင့် ဖမ်း၍ရသော အင်းငါးများနှင့် ပုစွန်များကို ရှမ်းပြည်နယ်တောင်ပိုင်းနေ လုပ်သားပြည်သူတို့ စားသုံးကြသည်။ အင်းလေးငါးပိနှင့် ငါးခြောက်များကိုမှု ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းနေ လုပ်သားပြည်သူတို့က စားသုံးလေသည်။
အင်းသားများသည် လက်မှုပညာအရာတွင်လည်း ထူးချွန်ပြောင်မြောက်ကြသည်။ ပန်းပဲလုပ်ငန်း၊ လက်သမားလုပ်ငန်း၊ ယွန်းထည်လုပ်ငန်း၊ ငွေပန်းတိမ်လုပ်ငန်း၊ နိဗ္ဗာန်ကုန်လုပ်ငန်း စသည်တို့ဖြင့် အသက်မွေးကြသည်။ အင်းသားပညာသည်တို့ ကျွမ်းကျင်စွာလုပ်ဆောင်သော လုပ်ငန်းကြီးတစ်ရပ်မှာ ပိုးထည်လုပ်ငန်းဖြစ်သည်။ အင်းပေါခုံ၊ သာလေ၊ မန်ကျည်းဆိပ်၊ ဟဲလုံ၊ မိုင်မျိုး စသောရွာများက ရက်လုပ်သည့် တွဲလုံချည်၊ စည်းလုံချည်၊ ဇင်းမယ်လုံချည်၊ အင်းလေးလုံချည်၊ ပိုးလွယ်အိတ်၊ ချည်လွယ်အိတ်များကို မြန်မာနိုင်ငံ အနှံ့အပြားတွင်တွေ့နိုင်သည်။ ပဒုမ္မာကြာရိုးမှအမျှင်များဖြင့်လည်း ကြာသင်္ကန်းရက်လုပ်ကြသည်။
အင်းသားများသည် စကားပြောဆိုဆက်ဆံရာတွင် ယဉ်ကျေးသိမ်မွေ့ကြသည်။ သာယာပြေပြစ်ကြသည်။ သူတို့ပြောသော မြန်မာစကားသည် ထားဝယ်စကားနှင့် အသံထွက်ဆင်၍ ပုံဂံခေတ်ရေးသားပုံနှင့် နီးစပ်သည်ဟုဆိုကြသည်။ အထူးထင်ရှားသောအချက်မှာ လဆွဲသံကို ပြောဆိုနေဆဲရှိခြင်းဖြစ်သည်။ လိမ့်ကျသည်ကို က္လသည်၊ စာသင်ကျောင်းကို က္လောင်း၊ ချော့မော့သည်ကို ခ္လေါ့သည်။ ရေချိုးသည်ကို ခ္လိုးသည်ဟူ၍ သုံးနှုန်းပြောဆိုလေ့ရှိသည်။
အင်းသားတို့သည် ရတနာသုံးပါးကို အလွန်ရိုသေကိုင်းရှိုင်းကြသည်။ အလှူအတန်း ရက်ရောကြသည်။ အင်းလေးတစ်ဝိုက်တွင် ခမ်းနားကြီးကျယ်သော ဘုရား၊ တန်ဆောင်း၊ ကျောင်း၊ ဇရပ်တို့များစွာရှိသည်။ ဖောင်တော်ဦးဘုရားမှာ အလွန်တန်ခိုးကြီးသည်။ သီတွင်းကျွတ်လတွင် ဖောင်တော်ဦးဘုရားပွဲတော်ကို ကမ်းညွတ်မျှစည်ကားစွာ ကျင်းပသည်။ ဤပွဲတော်တွင် ခြေဖြင့်လှော်၍ပြိုင်သော လှေပွဲမှာ အလွန်အံ့သြဖွယ်ကောင်းသည်။
အင်းလေးသဘာဝပုံစံ အလှအပကို ပြည်တွင်း၊ ပြည်ပခရီးသည်များ လာရောက်လေ့လာကြသည်။ ခရီးသွားလုပ်ငန်းဖြင့် အင်းလေးဒေသဖွံ့ဖြိုးတိုးတက်လာသည်။ ထိုသို့ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ အင်းလေကန်ကြီးရေရှည် တည်တံ့အောင် ကန်ကြီးကို ထိန်းသိမ်း၍ မှော်၊ ဒိုက်များဆယ်ယူခြင်း၊ သစ်တောထိန်းသိမ်းခြင်း စသော သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို ပူးပေါင်းပါဝင် လုပ်ကိုင်ရန်လိုအပ်ပါသည်။

နို့​သောက်​ခြင်း​​ကြောင့်​ ​အ​မျိုး​သား​များ​တွင်​ ​ဆီး​ကြိတ်​ ကင်​ဆာ​ ဖြစ်​နိုင်​ခြေ​​ မြင့်​တက်​နိုင်


နို့သောက်ခြင်းသည် အရိုးများကို သန်မာ စေပြီး ကျန်းမာရေး အတွက် အထောက်အကူ ဖြစ်စေ နိုင်ကြောင်း

လူအများ အနေနှင့် ကာလကြာရှည် ယုံကြည် နေခဲ့သော်လည်း သုတေသန ရလဒ် နှစ်ခုက နို့ကို စွဲမြဲစွာ သောက်နေ ခြင်းကြောင့် အမျိုးသားများတွင် ဆီးကြိတ် ကင်ဆာ ဖြစ်နိုင်ခြေ မြင့်တက် လာ စေကြောင်း ဖော်ထုတ် ခဲ့သည်။ ဗီတာမင် B၊ ပိုတက်ဆီယမ်၊ မက်ဂနီဆီယမ်နှင့် ပရိုတိန်းဓာတ်တို့ ပေါကြွယ်ဝစွာ ပါဝင် သော်လည်း အီတလီနှင့် ကနေဒါတွင် ပြုလုပ်ခဲ့သည့် သုတေသန ရလဒ်များက နို့သည် ဆီးကြိတ် ကင်ဆာနှင့် ဆက်စပ်မှု ရှိကြောင်း တွေ့ရှိလာသည်။ နေ့စဉ် ၂၀၀ မီလီလီတာ ထက်ပိုသော နို့ကို ပုံမှန် သောက်နေခြင်းသည် အမျိုးသား တစ်ဦး အတွက် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်ခြေကို နှစ်ဆ မြင့်တက်လာစေကြောင်း ကနေဒါမှ ပညာရှင်များက ပြောကြားခဲ့သည်။ ယင်းနှင့်အလားတူ အဖြေမျိုးကို အီတလီ သုတေသီများကလည်း ဖော်ထုတ်တွေ့ရှိခဲ့သည်။ ဥရောပတွင် အဓိက စားသောက်ကုန်စည် တစ်ခုအဖြစ် တည်ရှိနေသည့် နို့နှင့်ပတ်သက်ပြီး ပညာရှင်များကြား သဘောထား
ကွဲလွဲမှုများ ရှိနေဆဲဖြစ်ပြီး နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် နို့အတွင်း ပါဝင်သည့် ဟိုမုန်းတစ်မျိုးသည် သွေးထဲရှိ သကြားဓာတ်ကို ခိုင်မာစေပြီး ဆီးချိုဖြစ်စေရန် တွန်းအားပေးကြောင်း ဖော်ပြခဲ့သည်။ အမေရိကန်တွင် အရွယ်ရောက်သူများအား တစ်နေ့လျင် နို့ ၃ ခွက်မျှသောက်ရန် တိုက်တွန်းလျက်ရှိရာ ပညာရှင်များကြား ကွဲပြားသော အမြင်မျိုး ရှိနေခြင်းကို ဖော်ပြလျက်ရှိသည်။ဟားဗက်တက္ကသိုလ်မှ ပရော်ဖက်ဆာ ဝေါ်တာဝီးလက်ကမူ နို့ကြောင့် ဆီးကြိတ်ကင်ဆာ ဖြစ်နိုင်သည်ဆိုသော ဖော်ပြချက်များအတွက် သက်သေပြရန် အခြေအနေမှာ အနည်းငယ်သာ ရှိနေသေးကြောင်း ဝေဖန်ခဲ့သည်။ အမေရိကန်နိုင်ငံ ကာရိုလိုင်းနား တက္ကသိုလ်မှ သုတေသီများသည်လည်း လွန်ခဲ့သော ၂ နှစ်က ဆီးကြိတ်ကင်ဆာ အပါအဝင် ကင်ဆာရောဂါသည် ၂၇၀၀၀ ကျော်နှင့် နို့သောက်သုံးမှု ဆက်စပ်ခြင်းရှိမရှိ လေ့လာခဲ့ဖူးပြီး ထိုစဉ်က ခိုင်မာသော အထောက်အထားများ မတွေ့ခဲ့ရကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူအရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးမြို့ဖြစ်ကြောင်း သိရ


လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများ ဆုံးသုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။'အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal လိုင်း၊ Dial Up လိုင်းနဲ့ Wimax လိုင်းတွေကို အများပြည်သူတွေဆီ သုံးစွဲခွင့် ချထားပေးလျက်
ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်ကဖေးက အင်တာနက်လိုင်းတွေကိုလည်း တိုးချဲ့ချထားပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခရိုင်မြို့ကြီးတွေ အားလုံးနီးပါးကိုလည်း အင်တာနက်ကွန်ရက် လွှမ်းခြုံမှုရှိစေဖို့ ADSLလိုင်းတွေ တိုးချဲ့တပ်ဆင်ပေးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက်အသုံးပြုသူ တစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်'ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။

ထို့ပြင်ပြည်တွင်း၌ အင်တာနက်မြန်နှုန်းများ မြှင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများ အပြင် ပြည်တွင်းဆက်ကြောင်းများ၌လည်း Bandwidth များ တိုးချဲ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။'မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာနဲ့ ချိတ်ဆက်ထားတဲ့ အင်တာနေရှင်နယ် ဆက်ကြောင်းသုံးကြောင်း ရှိပါတယ်။ အဲဒီထဲက Sea Me We 3 နဲ့ Cross Border Link ဆက်ကြောင်းတွေက ဖိုက်ဘာစနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ Satellite Link ဖြစ်ပြီး Satellite စနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာသုံးစွဲနေတဲ့ အင်တာနက်အမြန်နှုန်းတွေ ပိုမိုမြင့်မားလာဖို့အတွက် အင်တာနေရှင်နယ် ဆက်ကြောင်းတွေရော ပြည်တွင်း ဆက်ကြောင်းတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးဆက်ကြောင်းစတဲ့ ဆက်ကြောင်းတွေမှာပါ Bandwidth တွေ တိုးချဲ့သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောကြားခဲ့သည်။ထို့ပြင် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများအဖြစ် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများနှင့် ချိတ်ဆက်ထားကြောင်း သိရှိရသည်။ ထို့ပြင် ပြည်တွင်းအင်တာနက် မြန်နှုန်းများ ပိုမိုမြှင့်တင်နိုင်မည့် Fiber to Home စနစ်ကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်၌ မန္တလေးတိုင်းအတွင်း စတင်ဝန်ဆောင်မှုပေးလျက်ရှိပြီး ရန်ကုန်မြို့၌လည်း မကြာမီ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

မြန်မာနိုင်ငံတွင် အင်တာနက် အသုံးပြုသူအရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးမြို့ဖြစ်ကြောင်း သိရ

လတ်တလောစာရင်းများအရ မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုသူ အရေအတွက် လေးသိန်းကျော်ရှိနေပြီး ရန်ကုန်မြို့သည် အင်တာနက်သုံးစွဲမှု အများဆုံးဖြစ်ကြောင်း၊ မန္တလေးမြို့သည် ဒုတိယအများ ဆုံးသုံးစွဲသည့် မြို့ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရှိရသည်။ မြန်မာနိုင်ငံတွင် အင်တာနက် တပ်ဆင်ထားသော လိုင်းအရေအတွက်မှာ ၄၀၀၀၀ ကျော်ရှိပြီး အများစုမှာ ADSL အင်တာနက် လိုင်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း သိရှိရသည်။ ADSL လိုင်းဖြင့် အင်တာနက် သုံးစွဲသူအရေအတွက်မှာ ရန်ကုန်မြို့၌ အများဆုံးဖြစ်ပြီး အရေအတွက်အားဖြင့် ၅၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။

အင်တာနက်သုံးစွဲမှုများ၏ ရာခိုင်နှုန်း အများအပြားသည် လုပ်ငန်းပိုင်းဆိုင်ရာ အသုံးပြုမှုအတွက် တပ်ဆင်ထားခြင်းဖြစ်ပြီး အချို့ကသာ နေအိမ်များတွင် တပ်ဆင်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။'အခုလက်ရှိ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေနဲ့ အင်တာနက်လိုင်းတွေအဖြစ် MPT Satellite Terminal လိုင်း၊ Dial Up လိုင်းနဲ့ Wimax လိုင်းတွေကို အများပြည်သူတွေဆီ သုံးစွဲခွင့် ချထားပေးလျက် ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ အင်တာနက်ကဖေးက အင်တာနက်လိုင်းတွေကိုလည်း တိုးချဲ့ချထားပေးလျက် ရှိပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ခရိုင်မြို့ကြီးတွေ အားလုံးနီးပါးကိုလည်း အင်တာနက်ကွန်ရက် လွှမ်းခြုံမှုရှိစေဖို့ ADSLလိုင်းတွေ တိုးချဲ့တပ်ဆင်ပေးပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာအများဆုံး အသုံးပြုနေတဲ့ အင်တာနက်လိုင်း အမျိုးအစားက ADSL အမျိုးအစား ဖြစ်ပြီး ပြည်နယ်နဲ့တိုင်းရှိ မြို့ကြီး ၄၂ မြို့မှာ ADSL လိုင်းနဲ့ အင်တာနက်အသုံးပြုသူ တစ်သောင်းကျော် ရှိနေပြီဖြစ်ပါတယ်'ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦး က ပြောကြားခဲ့သည်။







ထို့ပြင်ပြည်တွင်း၌ အင်တာနက်မြန်နှုန်းများ မြှင့်တင်နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ဖိုက်ဘာဆက်ကြောင်းများ အပြင် ပြည်တွင်းဆက်ကြောင်းများ၌လည်း Bandwidth များ တိုးချဲ့နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။'မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာနဲ့ ချိတ်ဆက်ထားတဲ့ အင်တာနေရှင်နယ် ဆက်ကြောင်းသုံးကြောင်း ရှိပါတယ်။ အဲဒီထဲက Sea Me We 3 နဲ့ Cross Border Link ဆက်ကြောင်းတွေက ဖိုက်ဘာစနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ နောက်တစ်ကြောင်းကတော့ Satellite Link ဖြစ်ပြီး Satellite စနစ်နဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ပြည်တွင်းမှာသုံးစွဲနေတဲ့ အင်တာနက်အမြန်နှုန်းတွေ ပိုမိုမြင့်မားလာဖို့အတွက် အင်တာနေရှင်နယ် ဆက်ကြောင်းတွေရော ပြည်တွင်း ဆက်ကြောင်းတွေဖြစ်တဲ့ ရန်ကုန်၊ မန္တလေးဆက်ကြောင်းစတဲ့ ဆက်ကြောင်းတွေမှာပါ Bandwidth တွေ တိုးချဲ့သွားမှာ ဖြစ်ပါတယ်'ဟု ၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် နယ်စပ်ဖြတ်ကျော် ဆက်ကြောင်းများအဖြစ် အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံများနှင့် ချိတ်ဆက်ထားကြောင်း သိရှိရသည်။ ထို့ပြင် ပြည်တွင်းအင်တာနက် မြန်နှုန်းများ ပိုမိုမြှင့်တင်နိုင်မည့် Fiber to Home စနစ်ကို ဆောင်ရွက်လျက်ရှိရာ ယခုအချိန်၌ မန္တလေးတိုင်းအတွင်း စတင်ဝန်ဆောင်မှုပေးလျက်ရှိပြီး ရန်ကုန်မြို့၌လည်း မကြာမီ အသုံးပြုနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

အာဂအကြီးစားများ























သွေးထွက်စေတနာ

မင်းရဲ့အကြည့်တွေကြောင့်
ငါစွဲလမ်းမိခဲ့တယ်
မင်းရဲ့အပြုံးလှအောက်မှာ
ငါကျရှုံးခဲ့တယ်
မင်းရဲ့စကားတွေအောက်မှာ
ငါခံစားခဲ့ရတယ်
မင်းရဲ့စေတနာတွေက
ငါ့ကိုဝေဒနာတွေတိုးစေတယ်

မင်းမသိလို့လား
ရှေးလူကြီးတွေပြောခဲ့ကျတယ်
အချစ်ကြီးသူကရှုံးတယ်ဆိုတာ
င့ါအတွက်တော့
သွေးထွက်နေတယ်ချစ်သူ.....။


ငါ့ကမ ၻာၾကီး

(ငါ့ကမၻာၾကီး)

သာယာလိုက်တဲ့ကောင်းကင်
ကြည်လင်နေတဲ့ရေပြင်
ငါထိုင်ကြည့်နေမိတယ်
အတွေးတစ်ခုဝင်လာစဉ်ပေါ့
အတိတ်မှာသာယာပေမဲ့
အရိပ်တွေကတစ္ဆေလိုပေါ့
အရာရာတိုင်းဟာ
နဂိုအတိုင်းလှနေပေမဲ့
ငါ့ရင်ထဲမှာတော့

သုသာန်တစ်စလိုပဲ
ခြောက်ခမ်းနေခဲ့တာကြာပါပြီ
မင်းထားသွားခဲ့တဲ့
ငါ့ကမ္ဘာကြီးမှာပေါ့...။

ချစ်သူအတွက်

(ချစ်သူအတွက်)
နှလုံးသားကလာတဲ့ဆန္ဒတွေကို
နှုတ်ဖျားကတစ်ဆင့်
မင်းလေးသိစေဖို့
ရိုးသားစွာနဲ့
ဖွင့်ဟ၀န်ခံလိုက်ပါရစေ
သိပ်ချစ်တယ်ကောင်မလေးရေ......။

ချစ်သူအတွက်ငါဟာ
ဓူဝံကြယ်ကိုဆွတ်ယူမယ်လို့
ငါမုသာားမဆိုခြင်ဘူး
သန့်ရှင်းစွာနဲ့ပဲ
ချစ်သူကိုကြင်နာပါရစေကွာ......။

ကြယ်ပွင့်လေးတွေ
ကြွေကျတာကိုမြင်တိုင်းပေါ့
နီးစပ်ကြဖို့ဆုတောင်းမိတာ
ကောင်းကင်ကကြယ်တွေ



ကုန်တော့မယ်ချစ်သူရေ......။

သတိရစိတ်နဲ့
အိပ်ပျက်ညတွေထဲ
မင်းပုံရိပ်လေး
စိုးမိုးနေဆဲမို့
မိုင်းလင်းသွားမှာကို
ငါဟာကြောက်ရွံ့နေတတ်ပြီ...။

ကြယ်တွေလဲငို
ကောင်းကင်လဲပြို
ဆောင်းလေးကသွေး
အေးစက်တဲ့ခန္ဓာ
ပူရှနေတဲ့ကန္တာရ
ငါ့နှလုံးသားက
နှိုးထလှုပ်ရှုားနေပါတယ်....။


အိမ်မက်တိုင်းကို
ရောက်လာသူရေ
လန့်နိုးလာတိုင်း
ငါရင်မောတာကို
သိစေချင်တယ်
ချစ်သူ.....။