Showing posts with label tharlay. Show all posts
Showing posts with label tharlay. Show all posts

အချစ်အတွက်ပေးဆပ်ခြင်း

မင်းပျှော်မယ်ဆိုရင်

ငါ့ခံစားမူတွေကို ရပ်လိုက်ပါ့မယ်

ငါ့ကြောင့် မင်းနှလုံးသားမှာ

ဒဏ်ရာဖြစ်ခဲ့တယ်ဆိုရင်

ငါ့မျက်ဝန်းတွေ

မင်း ကိုမကြည့်မိအောင်

အခြားတစ်ဖက်ကိုလွဲထားလိုက် ပါ့မယ်

မင်းလမ်ူလျှောက်နေတုန်းမှာ

အနှောက်အယှက် ဖြစ်ခဲ့ရင်

ငါရှောင်ထက်သွားပါ့မယ်

မင်းစကားပြောတဲ့နေရာမှာ

ငါအဖျက်သမားဖြစ်နေခဲ့ရင်

မလာမိအောင်နေပါ့မယ်

မင်းမမြင်ချင်တော့ဘူးဆိုရင်

အဝေးဆုံးနေရာကို

ငါထွက်သွားပေးပါ့မယ်

ချစ်သူ

ရူးသွပ်မှု

အချိန်တိုင်းလိုလို

မင်းပုံ ရိပ်တွေကို

ငါရှာဖွေနေမိတယ်

ပျော်သလိုနေတတ်တဲ့

ငါ့စိတ်တွေ

အခုတော့

တွေဝေငေးမောနေတတ်ခဲ့ပြီး

အမှတ်မထင်ကြည့်တတ်တဲ့

မင်းအကြည့်အောက်မှာ

ညိုဓာတ်တစ်ခုလို

ငါကပ်ညှိနေတာကတော့အမှန်ပါ

မဖြစ်နိုင်မှန်းသိရက်နဲ့

မင်းကိုငါတွယ်တာနေမိတယ်

ချစ်သူ

ဖွင့်ဟချက်

လေးနက်တဲ့စကားလုံးတွေ

ပြောချင်နေတာကြာပါပြီ

မင်ရယ်မှာစိုးလို့

မပြောခဲ့ပါဘူး

အမှန်ဆုံးစကားတွေ

ပြောချင်နေတာကြာပါပြီ

မင်းမယုံမှာစိုးလို့

မပြောခဲ့ပါဘူး

အဖိုးတန်းစကားလုံးတွေ

ပြောချင်နေတာ ကြာပါပြီ

တန်ရာတန်ဖိုးမရမှာစိုးလို့

မပြောခဲ့ပါဘူး

မင်းမျက်ဝန်ရဲ့

ထိုးနက်ချက်တိုင်းက

ငါ့ရဲ့ရင်ကို ခါးသက်စေခဲ့လို့ပါ

" ရှိနေခွင့် "


 
အနားမှာ ရှိခွင့်ပေးပါ
နောက်ဆုံးထွက်သက်
နှလုံးခုန် မရပ်သရွေ့တော့
ရင်ခုန်ချက်တိုင်းမှာ
မင်းပုံရိပ်တွေ
ပေါ်လာနေမိတာပါ
ဒါဟာ.....
မင်းအပေါ်ထားရှိတဲ့
ငါ့ရဲ့.......
စွဲလန်းခြင်းကြောင့်လား
ဒါမှမဟုတ်.......
ရူးသွပ်ခြင်းကြောင့်လားဆိုတာ
ငါ့ကိုငါတောင်
ပြန်မေးကြည့်ဖို့
ဆွံအနေခဲ့ပြီး.......

နားလည်မှုရဲ့စွန့်လွတ်ခြင်း

ကျမ်းတမ်းနေတဲ့ငါ့ရဲ့ 
လက်ကို 
မင်းဘယ်ဆုပ်ကိုင်နိုင်မလည်း
ချွေးနံ့ထွတ်နေတဲ့
ငါပုခုံးကို 
မင်းဘယ်မှီချင်ပါ့မလည်း
ဒါပေမယ့်ငါ့ဝမ်မနည်းပါဘူး
ငါ့ဘ၀တွက်
မင်းကို  ချွေးသိပ်သဖွယ်သဘောမထားသလို
ကိုးကွယ်ရာတစ်ခုလို
လည်းသဘောမထားဘူး
အဝေးကို  မင်းထွတ်သွားနိုင်ပါတယ်
ခွင့်မတောင်းပဲနဲ့ပေါ့ ............

တစ်ဖက်သက်အတွေး



မတည်မြဲတဲ့ လောကကြီးမှာ
မင်းနဲ့ကိုယ်ကြား နားလည်မှုတော့
တည်မြဲနိုင်အောင် ကြိုးစားရမယ်..

အစိုးမရတဲ့ လောကကြီးမှာ
မင်းနဲ့ကိုယ့်ကြား နှလုံး သား ချင်းတော့
ရာသီကာလ ဒေသခြားလည်း
ချိန်တိုင်းရင်မှာ စိုးမိုနေအောင်ကြိုးစားရမယ်

ဒုက္ခကိုယ်စီ မကင်းကြတဲ့လောကကြီးမျာ
မင်းနဲ့ကိုယ်ကြား ဒုက္ခများကို
ချိုမြိန်ဒုက္ခ သွင်ပြောင်းကြဖို့
နှစ်ဦးသားရင်ဆိုင်ဖြေရှင်းမယ်...

ချစ်သူ( သို့)

ချစ်သူဆိုတာ... မျက်ဝန်းရိပ်မှာ အိပ်တဲ့သူ

ချစ်သူဆိုတာ... နှလုံးသားမှာခိုဝင်သူ

ချစ်သူဆိုတာ... သူရှိရာကိုညှို့ငင်းသူ

အတွေးတိုင်းမှာ ..... ချစ်သူ

အလွမ်းတိုင်းမှာ ..... ချစ်သူ

ခြေလှမ်းတိုင်းမှာ ..... ချစ်သူ

သြော်... အခုမင်းရဲ့နှလုံးသားကို

ခေါက်နေတာဟာ ချစ်မိနေသူ....

အို... ချစ်သူ....

မင်းရဲ့နှစ်လုံးသားကို ဖွဖွလေးခေါက်နေတဲ့

ချစ်မိသူတစ်ယောက်ကိုနှလုံးသားလေး

ဖွင့်ပေးပါလား ချစ်သူရယ်.....

(ကဗျာ )


ကောင်းကင် တိမ်တိုက်တွေ
ကြယ်တွေ လတွေ
ပင်လယ်တွေ တောင်တန်းတွေ
ကျေးငှက်လေးနဲ့ ပန်ပွင့်လေးတွေ
ဒါတွေက သဘာဝပါကွာ…
ခံစားတတ်သူတိုင်း
ကဗျာလေးတွေ ရေးမယ်ဆို
ရေးမကုန်လောက်ဘူးပေါ့…
ကိုယ့်ချစ်သူရဲ့ အလှလေးတွေ
တင်စားကြမယ်ဆိုလည်း
ကဗျာတွေ ရေးမကုန်လောက်ဘူးပေါ့…
အချစ်ကို အမျိုးမျိုးတင်စား
ကဗျာတွေ ရေးမကုန်လောက်ဘူးပေါ့…
ကြေကွဲမှုနာကြီးမှုတွေ ရေးမယ်ဆိုလည်း
ကဗျာတွေရေးမကုန်လောက်ဘူးပေါ့…
ဘဝရဲ့ ဒဿနတွေဆိုလည်း
ကဗျာတွေ ရေးမကုန်လောက်ဘူးပေါ့…
အရာရာအားလုံး ဟာ
ကဗျာဆန်နေကြတာလား
ကဗျာနဲ့ တင်စားဖော်ပြနေကြတာလား…
                                          ယောနသံ

( တကယ်တန်းဆိုရင်… )


တွေးကြည့်ရင် ပြည့်စုံဖို့ဆိုတာ
အဝေးကြီးမှာ လက်မလှမ်းနိုင်
ဒါပေမဲ့ ကြိုးစားစဲဘဝ
ဘာမှ ဖြစ်မလာသေးဘူးပေါ့

                                                           ခရောင်း လမ်းတွေ..
                                                   ဖယောင်း လမ်းတွေ..
                                                     ငါမသိဘူး…ငါသိတာ..
                                                             အဖုအထစ်တွေ ဆူးခက်တွေ
                                                          တိုးတိုးကြိတ်နေတဲ့ လမ်းပဲ
ဒါပေမဲ့ ကြိုးစား လျှောက်စဲပဲ…
မိုးဆက်တွေနဲ့ အတူမျက်ရည်
ကြတဲ့အမှောင်ညတွေမှာ
အရက်တစ်လုံးက
ငါ့အတွက်အဖော်ကောင်းပဲ…
                                                               လက်ညှိုးထိုး လှောင်းရီသံတွေ
                                                                   ကြားက အပြုံးရဲ့ရဲ့လေးပြန်ပြုံးရင်း
                                                                   မနက်ဖြန်များစွာကို ကျော်ဖြတ်လို့
                                              ကြိုးစားစဲပဲလေ…
မွေးထဲက လူတိုင်းဘလာကြီးပါပဲ
တကယ်တန်းဆိုရင်…
မဖြစ်သေးခင်
မအောင်မြင်သေးခင်
အပြစ်မမြင်ကြရင်
သိပ်ကောင်းမှာပဲ…..

                                                                           ယောနသံ

(ကဗျာမှတ်စု ရင်တွင်းဖြစ် )


ကဗျာ မရေးဖြစ်တော့တဲ့
 လက်တွေ...

မခံစားမှု့မရှိတော့တဲ့
နှလုံးသားတွေ..

လေးလန်ထိုင်းမှိုင်းနေတဲ့
 စိတ်တွေ.....

နိုးထအောင်..
 ငါအော်ဟစ်လိုက်တယ်

ငါ…မင်းကို…
   ထာဝရ…ချစ်နေမယ်….

သွေးသားနဲ့တည်ဆောက်တဲ့
အချစ်…မဟုတ်တဲ့….
သစ္စာနဲ့တည်ဆောက်တဲ့
အချစ်…နဲ့နည်းတူ
မင်းတစ်ယောက်ကို
သစ္စာရှိစွာ ငါချစ်တယ်…။

                      ယောနသံ

(_နှတ်ဆက်တေးမှာတမ်း_)

ကိုယ်တိုင်လည်း
ဖန်ဆင်ရှင်မဟုတ်တော့
နွံထဲခုန်ဆင်းကြသူ
အချင်းချင်း..
ဘယ်သူဟာ
 ကောက်တမျှင်ဖြစ်မလဲ့ အတွေးနဲ့
ဆင်ခြင်ဥာဏ်ရှိတဲ့
 လူသားကိုရုပ်ဝတ္ထုတွေနဲ့
 ကြီးစိုးမင်းမူထားလို့မရနိုင်ဘူး။
ပွဲသွားကြော့ကြော့
ပွဲပြန်မော့မော့တဲ့
ဇွဲမရှော့တမ်းဟေ့
ဘဝဟာကြမ်းချင် ကြမ်းပါစေ
 ငါတော့ဂုဏ်သိက္ခာနဲ့
အတူမော့ပြီးပြန်မယ်။
ဟေ့…အားလုံး
 နေ့နဲ့ ည မှားချင်မှားနေပါစေ
"ဘဝ"ကိုအမှောင်နဲဖြားယောင်းမခံနဲ့
                                  ယောနသံ

(မျက်လှည့်ဆရာဖောက်တဲ့အပေါက် )

ကမ္ဘာကြီးက ကြီးမားလွန်းလို့
လှည်ပတ်နေတာကို
သတိမထားမိကြဘူး။
နေမင်ကြီးက ဝေးကွာလွန်းလို့
ပူပြင်းလွန်တာကို သတိမပြုမိကြဘူး။
သံသရာကြီးက ရှည်လျားလွမ်လို့
အကြိမ်ကြိမ် သေဆုံးနေတာကို
သတိမပြုမိကြဘူး။
လူတယောက်ရဲ့ဘဝမှာ
 အချစ် အမုန်း အနိုင် အရှုံး အငို အပြုံး
ဆုံးပဲဆုံးနိုင်ဦးမလား။
မျက်လှည့်ဆရာက
အမှားနဲ အမှန်ကြားမှာ
အပ်တဖျားသာသာအပေါက်
လူမမြင်အောင်ဖောက်ထားတယ်။
အနာဂတ်အရေးတွေ အမှန်တရားတွေ
ဘာတွေဘယ်လိုပဲ လုပ်နေပါစေ
အပ်ပေါက်က ထုပ်မှတော့
အပ်ပေါက်လောက် ဖြစ်တော့မှာပေါ့။
ကမ်းကုန်အောင် ရက်စက်တဲ့
အပြုအမူတွေ နာကြင်အေးခဲ
 ထားခဲရတဲ့ဒါဏ်ရာတွေ
အပ်ပေါက်ထဲက ထုတ်ပြတော့
အပ်ပေါက်လောက်မြင်ရတော့မှာပေါ့။
ဒီလိုနဲ့ပဲ .......
သွေးချင်းချင်းနီရဲနေတဲ့အမှား
 ဓါးသွားရဲနောက်ကွယ်မှာ
 ပုန်းနေတဲအမှန်တရား
ခေါက်ရိုးကျိုးနေတဲ့ဒီအိမ်မက်
ဘယ်အချိန်ထိမက်မက်
အံကြိတ်ထားရဆဲ
 ခံစားချက်တွေနာကြင်ကွဲရှနေဆဲပေါ့။

ပျက်စီးသွားတဲ့မျှော်လင့်ချက်

ပြည့်တော့မလိုနဲ့
ပျက်ပျက်သွားတဲ့
ငါမျှော်လင့်ချက်တွေ
ပြေလည်တော့မလိုနဲ့
ပျက်စီးသွားတဲ့ ငါ့ရဲ့
ချစ်ခြင်းတွေ
နောက်ထပ်ငါဘယ်လို
မျှော်လင့်ရတော့မှာလဲ
မေ့မရနိုင်ပေမဲ့
မေ့ဖြောက်ရတော့မယ်
ချစ်ခဲ့ပါတယ် ချစ်သူ
ဒါပေမဲ့...
ချစ်ခြင်းရဲ့နောက်ကွယ်မှာ
မင်းပေးမဲ့နားကြည်းမှုတွေကို
ငါမခံနိုင်တော့ဝူးချစ်သူ
ငါတို့နှစ်ယောက်ရဲ့
ဇာတ်လမ်း ဒီမှာတင်ရပ်တာ
အကောင်းဆုံးဖြစ်မယ်
ထားခဲ့လိုက်တော့မယ်
အတိတ် မှာပဲ
နုတ်ဆက်ခဲ့ပါတယ် ချစ်သူ.....

ငါ

ငါ
ငါ မငိုဘူး... မျက်ရည်တော့ကျဖြစ်တယ် ငါအသဲမကွဲဘူး.. ရင်ထဲမှာတော့ အောက်သက်သက် ငါ မလွမ်းဘူး... တစ်ခုခုတော့ တောင်းတမိတယ် ငါ မရှုံးဘူး... ခေါင်းငိုက်စိုက်တော့ ဖြစ်နေတယ် ငါ မမှားဘူး... နောင်တတော့ ရမိတယ် ငါ အပြစ်မဟုတ်ဘူး.. ဒဏ်ပေးတာတော့ ခံရတယ် ငါ မမုန်းမိဘူး... စိတ်တော့ နာမိတယ် ငါ ခွင့်မလွှတ်ဘူး... အားတော့ နာမိတယ် နောက်ဆုံးတော့.. ငါ ဟာ ငါ ပဲ ပေါ့...

ဖွင့်ဟခြင်း

ဖွင့်ဟခြင်း

ချစ်သူရေ..
အနေဝေးနေပေမဲ့ 
သွေမအေးစတမ်းနော်
လွင့်ထွတ်လာတဲ့ရင်ထဲကစကား
ခက်ပြင်းပြင်းလေးနဲ့  မင်းရင်ထဲ
သံသယတွေကင်း နိုင်ပါစေ
အဓိပ္ပါယ်မဲ့  ငေးမေားခြင်းတွေနဲ့ 
အထီးကျန်ခြင်းဆိုတဲ့ အရသာကို
ဘယ်သူကပိုခံစားခြင်းမှာလဲကွယ်

ချစ်သူ

ချစ်သူ
ရှတတနဲ့ နေရက်တွေလည်း
တမြေ့မြေ့လောင်ကျွမ်း
မဟောင်းသေးတဲ့ 
ဇာတ်လမ်းလေးတွေ
အခုထိအမှတ်ရနေဆဲပါ
ခေါင်းစဉ်မရှိတဲ့ရင်ထဲက
မကြေနပ်ချက်တွေဟာ
ဘယ်နေရာမှာပေါက်ကွဲ ထွက်မလဲ
သေချာတာတစ်ခုကတော့
ဒို့နှစ်ယောက်ချစ်ခဲ့ကြတာလေ

အမှား တစ်ခု

အမှား တစ်ခု

ငါ့အနာဂါတ်တွေကြေမွခဲ့ပြီး

 ငါကိုယ်တိုင် လုပ် တဲ့

အမှား တစ်ခုကြောင့်ပေါ့

မင်းလေးဆီက

နာလည် မှု ကိုရပေးမဲ့

မင်း လေးဆီက

ယုံကြည့်မှုတွေပျောက်ဆုံးခဲ့တယ်

ငါ့ပြန်လိုချင်မိတယ်

မင်လေးရဲ့ ယုံကြည့်မှုကိုပေါ့

ဒါပေမဲ့မဖြစ်နိုင်မှန်းသိပါတယ်

မင်းပေးမဲ့ နာကြည်း ခြင်းတွေဟာ

ငါ့အတွက်ဆုလဒ်တစ်ခုအဖြစ်မှတ်ယူ ပြီး

ငါဖြေသိပ်၇မှာပေါ့ ချစ်သူ

ချစ်တဲ့စိတ်

44.jpg


ချစ်တဲ့စိတ်

ငါရေးချလိုက်မယ်

 စာမျက်နှာအပြည့် 

မင်းရဲ့ နာမည်ကို

ငါရေးချလိုက်မယ်

 စာမျက်နှာအပြည့် 

လွမ်းနေတဲ့ အကြောင်းတွေကို

ငါရေးချလိုက်မိပြီ

မင်းကိုချစ်နေမိတဲ့ 

အကြောင်းတွေကို

ငါမရေချင်တာတစ်ခုပဲရှိတယ်

မင်းထားခဲ့ မယ့် 

နေ့ ရက်တွေကို.....

online ပေါ်မှာ

i-miss-u_34.gif

online ပေါ်မှာ

ချက်တင်ထဲမှ

"ဟိတ်" ဆိုတဲ့ စတင် စကားတစ်ခွန်းနဲ့

ငါ့နှလုံးသား တဒိတ်ဒိတ်ခုန်အောင်

ပြုစားခဲ့တဲ့ .. မင်း....

ငါနေမကောင်းစဉ်မှာ ချက်တင်ထဲမှ

ဆေးပေါင်းဆုံကို တိုက်ကာကျွေးပြီး

ပြုစုပေးခဲ့တဲ့... မင်း ....

ငါစိတ်ညစ်တဲ့ အချိန်တိုင်း

နှစ်သိမ့်စကား ရွေးကာသုံးပြီး

အားပေးခဲ့တဲ့..မင်း...

အွန်လိုင်ပေါ်တွင် အချိန်တိုင်းလိုလို အမြဲရောက်လာပြီး

ကြင်နာနွေးထွေး ယုယအားပေး

သံယောဇဉ် ချစ်မေတ္တာတွေ ပေးခဲ့တဲ့ ..မင်း...

မင်းဘယ်သူလဲ ငါမသိခင်မှာ

အခုတော့ .. ရုတ်တရက်

အမုန်းမဘက် အပြုံးတစ်ချက်နဲ့

ငါ့ကိုထာဝရနှုတ်ဆက်သွားတော့

ငါဘယ်လိုနားလည်ရမလဲ.

သြော်... ယောင်္ကျားမာန တစ်ပိုင်းတစ်စနဲ့

မင်းကို မလွမ်း မချစ် မဖြစ်မိအောင် ကြိုးစားသော်လဲ (လည်း)

အွန်လိုင်းမေတ္တာစွမ်းပကားကြောင့် 

ငါ့နှလုံးသား မသိစိတ်က

မင်းပြန်လာချိန်ကို ထာဝရ စောင့်မျှော်ခဲ့ရပြီ......

ချစ်တဲ့သူတဲ့လား

images.jpg

ချစ်တဲ့သူတဲ့လား

ခင်တတ်စေခဲ့သလို ကျဉ်တတ်စေခဲ့သလား။

ချစ်တတ်စေခဲ့သလို မုန်းတတ်စေခဲ့သလား။

လွမ်းတတ်စေခဲ့သလို နာကျည်းတတ်စေခဲ့သလား။

ဂရုစိုက်ခဲ့မိသလို လစ်လျူရှုခဲ့စေသလား။

ကြင်နာတတ်စေခဲ့သလို ရက်စက်တတ်စေခဲ့သလား။

ကြည်နုးစေခဲ့သလို သွေးအေးစေခဲ့သလား။

နွေးထွေးစေခဲ့သလို အေးစက်စက်ဖြစ်စေခဲ့သလား။

နှစ်သိမ့်စေတတ်သလို ခံစားစေတတ်ခဲ့သလား။

နှစ်သက်စေခဲ့သလို ပစ်ရက်စေခဲ့သလား။

မြတ်နိုးစေခဲ့သလို စွန့်ခွာစေခဲ့သလား။

သတိယနေတတ်စေခဲ့သလို မေ့လျော့စေခဲ့သလား။

မျှော်လင့်နေတတ်သလို အမှတ်တမဲ့ဖြစ်စေခဲ့သလား။

ယုယစေတတ်ခဲ့သလို ညာနေတာတွေလို့ထင်စေခဲ့သလား။

တမ်းတစေတတ်ခဲ့သလို နွမ်းလျစေတတ်ခဲ့သလား။

ပြုံးတတ်စေခဲ့သလို မဲ့တတ်စေခဲ့သလား။

ရယ်တတ်စေခဲ့သလို ငိုတတ်စေခဲ့သလား။

ပျော်ရွှင်စေတတ်သလို ၀မ်းနည်းစေတတ်ခဲ့သလား။

နားလည်စေတတ်သလို ဥပက္ခာပြုတတ်စေခဲ့သလား။

ချစ်စေ . . . မုန်းစေ . . .

ပြုံးစေ . . . မဲ့စေ . . .

ရယ်စေ . . . ငိုစေ . . .

ဆန့်ကျင်ဘက်တွေကြားမှာ

နေသားကျအောင်သင်ပေးခဲ့တဲ့ . . . ချစ်သူ . . .

မင်းပေးတဲ့ ခံစားချက်ဝေဒနာတွေကြောင့်

ပြိုခဲ့တဲ့ မျက်ဝန်းကမိုးရေစက်တွေ. . .

ခု အချိန်ဆိုတဲ့ သမားတော်ကြောင့်

သက်သာရာရခဲ့ပေမယ့်

ချစ်တဲ့စိတ်ကြောင့်

မျက်ဝန်းမှာ မပြိုတဲ့မိုး အုံ့မိုးနေသလို

ပါးပါးလေးနဲ့ ၀ါးဝါးလေးဖြစ်နေသေးတယ် . . .

နောင်တချိန်မှာ အဆွေးကမ္ဘာထဲပေမယ့်

အပြုံးတစ ချိုမြမြကိုတုံ့ပြန်ပေးနိုင်လိမ့်မယ်

. . . . .ချစ်သူ . . . .

ဒါပေမယ့်ပေါ့လေ . . . .

မြတ်နိုးစိတ် ကြီးမားလွန်းတာကြောင့်

နှလုံးသားမှာ ထုထည် ကျစ်လစ်နေတဲ့

အချစ်ဆိုတဲ့ တိမ်တိုက်ဖြူလွလွကတော့

ရွာမြဲမစဲ တသဲသဲဆိုသလို

ဆက်လက်တည်ရှိနေမှာ

မင်းသိနိုင်မှာမဟုတ်ပါဘူးလေ