ဝဋ်ကြွေး

လေနုလေးတွေ ငါ့ပေါ် ဖြတ်တိုက်နေတယ် . . .
ဒီလူရင်မှာတော့ ဒဏ်ရာတွေ ဗလပွနဲ့ . . .
စုန်ချီဆန်ချီနဲ့ ရင်ခုန်သံလဲ
ဖြစ်ရိုးဖြစ်စဉ်နဲ့မို့သာ ခုန်နေတာ . .
သေချာပါတယ် . .
ငါမသေသေးဘူး . .

နှလုံးသားတော့ ပက်ကြာအတ်နေတယ် . .
ဝမ်းနည်းစိတ်နဲ့
ငါ့ခြေထောက်ကို ပြန်ကြည့်တော့
ငါရပ်နေတာ ကစ္စုပ္ပန်မှာ . .
ဒါပေမဲ့ . . .
အတွေးတွေက အတိတ်ဆီက
ဒဏ်ရာတွေကို တူးဖော်ပြီး
ငါတို့ အကြောင်းတွေကို ပြန်လှန်ကြည့်လို့ . .

ဟူး . . . . တော်ပြီ . .
အတွေးတွေ ဖျောက်ပြီး
အနာဂတ်ဆီ လှမ်းမယ်ကြံတော့လဲ
မင်းပုံရိမ်တွေက ငါ့ကို
အနာဂတ်မှာ ဆီးကြိုနေရဲ့ . .
ငါဒီမှာပဲ ရပ်နေရတော့မှာလား . . ?
ခြေလှမ်းတစ်လှမ်း လှမ်းမယ်ကြံရင်
မင်းဆိုတဲ့ အရာကြီးက
ခြောက်လန့်နေလို့ . . .  ။

No comments: