(မျက်လှည့်ဆရာဖောက်တဲ့အပေါက် )

ကမ္ဘာကြီးက ကြီးမားလွန်းလို့
လှည်ပတ်နေတာကို
သတိမထားမိကြဘူး။
နေမင်ကြီးက ဝေးကွာလွန်းလို့
ပူပြင်းလွန်တာကို သတိမပြုမိကြဘူး။
သံသရာကြီးက ရှည်လျားလွမ်လို့
အကြိမ်ကြိမ် သေဆုံးနေတာကို
သတိမပြုမိကြဘူး။
လူတယောက်ရဲ့ဘဝမှာ
 အချစ် အမုန်း အနိုင် အရှုံး အငို အပြုံး
ဆုံးပဲဆုံးနိုင်ဦးမလား။
မျက်လှည့်ဆရာက
အမှားနဲ အမှန်ကြားမှာ
အပ်တဖျားသာသာအပေါက်
လူမမြင်အောင်ဖောက်ထားတယ်။
အနာဂတ်အရေးတွေ အမှန်တရားတွေ
ဘာတွေဘယ်လိုပဲ လုပ်နေပါစေ
အပ်ပေါက်က ထုပ်မှတော့
အပ်ပေါက်လောက် ဖြစ်တော့မှာပေါ့။
ကမ်းကုန်အောင် ရက်စက်တဲ့
အပြုအမူတွေ နာကြင်အေးခဲ
 ထားခဲရတဲ့ဒါဏ်ရာတွေ
အပ်ပေါက်ထဲက ထုတ်ပြတော့
အပ်ပေါက်လောက်မြင်ရတော့မှာပေါ့။
ဒီလိုနဲ့ပဲ .......
သွေးချင်းချင်းနီရဲနေတဲ့အမှား
 ဓါးသွားရဲနောက်ကွယ်မှာ
 ပုန်းနေတဲအမှန်တရား
ခေါက်ရိုးကျိုးနေတဲ့ဒီအိမ်မက်
ဘယ်အချိန်ထိမက်မက်
အံကြိတ်ထားရဆဲ
 ခံစားချက်တွေနာကြင်ကွဲရှနေဆဲပေါ့။

No comments: