Showing posts with label LuSoe. Show all posts
Showing posts with label LuSoe. Show all posts

All Google Services

logo3w.png
အားလုံးကိုသိစေခြင်ပါတယ် Google ကပေးထားတဲ့ services တွေကိုပေါ့ဗျာ အကုန်လုံးကို Free ပေးထားပါတယ်
(1) https://www.google.com ဒါကတော့ တော်တော်များများကို သိရှိပြီးဖြစ်ပါတယ် Search Engines ဖြစ်ပါတယ်
(2) http://images.google.com ဒါကတော့ Google ကနေ ပုံတွေကို အလွယ်ရှာလို့ရတဲ့ Search Engines ပါပဲ
(3) http://video.google.com ဒါကတော့ Video တွေရှာတဲ့ လင့်ပါပဲ အရင်ကတော့ သုံးလို့မရပါဘူး ခုကတော့ အကုန်ပြန်ဖွင့်ထားပေးပြီးဖြစ်သောကြောင့် အသုံးပြုလို့ရနေပါပြီ
(4) http://maps.google.com မြေပုံတွေကိုရှာဖွေလို့ရပါတယ် တစ်ကမ္ဘာလုံးကိုပေါ့ဗျာ
(၅) http://news.google.com ဒါကတော့ သီတင်းတွေကြည့်ဖို့ပါ
(၆) http://www.google.com/prdhp?hl=en&tab=vf ဒီလင့်ကတော့ Shopping ပေါ့ဗျာ Credit ရှိရင်တော့ တစ်ခါထဲဝယ်ယူလို့ရပါတယ် မြန်မာနိုင်ငံအတွက်တော့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို လေ့လာလို့ရပါတယ်
(၇) https://mail.google.com ဒီလင့်ကတော့ Google Mail ပေါ့ဗျာ အားလုံးသိကြမှာပါ
(၈) http://translate.google.com ဒီလင့်ကတော့ ဘာသာပြန်ပေးတာပါ စာပိုဒ်တစ်ပိုဒ်ကို ထည့်လိုက်ပါ ဘာဘာသာဖြစ်ဖြစ်ပေါ့ဗျာ ပြီးတော့ ကိုယ်ပြောင်းခြင်တဲ့ ဘာသာကိုပြောင်းလို့ရပါတယ် မှတ်ချက် = မြန်မာစာ ကသိပ်ရှုပ်ထွေးလွန်းတော့ သူများနိုင်ငံတွေက မလေ့လာနိုင်တာကြောင့် မြန်မာစာမရပါဘူး နောက်ပိုင်းမှာတော့ရလာပါလိမ့်မယ် Google က ကြိုးပမ်းပေးနေပါပြီ
(၉) http://books.google.com ဒီလင့်ကတော့ စာအုပ်တွေရှာလို့ရပါတယ် တစ်ချို့ကတော့ ရောင်းတာပေါ့ တစ်ချို့လည်း free ပေးထားပါတယ် မြန်မာစာအုပ်တစ်ချို့လည်းရှိပါတယ်
(၁၀) http://www.google.com/finance?hl=en&tab=we ဒါကတော့ ကျွန်တော်လည်းမသိသေးပါဘူး သိသောသူများ ပြန်လည် မျှဝေပေးပါဗျာ mawcity@mawcity.com ကိုမေးလေးပို့ပေးပါနော်
(၁၁) http://scholar.google.com ဒီလင့်ကတော့ ကျောင်းတွေနဲ့ပတ်သတ်ပါတယ် နိုင်ငံတကာကျောင်းတွေပေါ့ဗျာ Online ကနေလည်း ကျောင်းတက်လို့ရပါတယ်
(၁၂) http://www.google.com/blogsearch?hl=en ဒီလင့်ကတော့ တော်တော်များများသိကြမှာပါ blogspot.com ဆိုတဲ့ဘလော့တွေကိုရှာလို့ရပါတယ် ခုနောက်ပိုင်းမှာ ဒါလေးကိုလည်း ပြန်ဖွင့်ပေးထားပါတယ်
အရင်ကတော့ ကျော်ခွပြီးသုံးရတာပေါ့ဗျာ ကိုယ်ပိုင်ဘလော့ကိုလည်း တည်ဆောက်လို့ရပါတယ် www.blogger.com ကနေ ကိုယ်ပိုင် blogspot.com ဆိုတဲ့ဆိုက်လေးကို တည်ဆောက်လို့ရပါတယ်
(၁၃) http://www.youtube.com ဒါကတော့ Video တွေအစုံအစုံရှိပါတယ် တော်တော်များများသိကြမှာပါ မသိတာတစ်ခုက Google ကလုပ်ထားပေးတဲ့ services တစ်ခုပဲဆိုတာကို မသိကြသေးတာဖြစ်မှာပါ အရင်ကတော့ သုံးလို့မရပါဘူး ခုနောက်ပိုင်းမှာတော့ပြန်ဖွင့်ပေးထားတဲ့အတွက် အသုံးပြုလို့ရနေပါပြီ
(၁၄) https://www.google.com/calendar?hl=en&tab=bc ဒီလင့်ကတော့ Google Calendar ဖြစ်ပါတယ် ဘယ်လိုအသုံးပြုရတာလည်းဆိုတော့ ကိုယ့်ရဲ့ အချိန်ဇယားပေါ့ဗျာ ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို မှတ်ထားလို့ရပါတယ်
(၁၅) http://picasaweb.google.com/home?hl=en&tab=bq ဒါလေးကတော့ကိုယ့်ဓာတ်ပုံတွေကို စုစည်းပြီး web photo album လေးတစ်ခုတည်ဆောက်ထားလို့ရပါတယ်
(၁၆) https://docs.google.com/?hl=en&tab=bo&authuser=0 ဒါလေးကတော့ Micorsoft Office သုံးဖူးသူတွေအတွက်ကောင်းပါတယ် အားသာချက် တော်တော်လေးကိုများပါတယ် ကိုယ်ပိုင် Folder လေးတွေစောင်ပြီး ကိုယ့်ရဲ့ data လေးတွေကို သိမ်းထားလို့ရပါတယ် အစုံပေါ့ဗျာ သိပ်ကိုကောင်းပါတယ်
(၁၇) https://sites.google.com ဒါလေးကတော့ ကိုယ်ပိုင် ဆိုက်လေးလုပ်ထားခြင်ရင်ပေါ့ဗျာ လန်းတယ်ဗျ သူများတွေလုပ်ထားတာရှိပါတယ် အဲ့ဒါကိုကောင်းကောင်းလုပ်တက်မယ်ဆိုရင်တော့ ကိုယ်ပိုင်ဆိုက်လုပ်ဖို့အတွက် ၀ယ်ဖို့ကိုမလိုတော့ပါဘူး
(၁၈) http://groups.google.com/grphp?hl=en&tab=bg ဒါကတော့ဗျာ Google မှာ Group ဖွဲ့ထားတာပေါ့ဗျာ ဥပမာ သူငယ်ချင်း ၅ ယောက်ဖွဲ့ထားမယ်ဆိုရင် သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အွန်လှိုင်းမှာ မတွေ့ခဲ့ရင် မှာစရာရှိတဲ့စကားတွေမှာခဲ့လို့ရတယ် ကျန်တဲ့ ၄ ယောက်ကို သိခြင်တာတွေကိုလည်း မျှဝေလို့ရတာပေါ့ဗျာ
(၁၉) http://reader.google.com ပါ သိပ်ကိုလန်းပါတယ် စာဖတ်ဝါသနာရှင်တွေနဲ့ နည်းပညာလေ့လာသူတွေ အတွက်အရမ်းကောင်းပါတယ် အသုံးပြုနည်းလေးကိုတော့ ဒီလင့်နားကနေ သွားကြည့်နိုင်ပါတယ်
(၂၀) http://www.google.com/alerts?hl=en ဒါကတော့ google Alerts ပေါ့ဗျာ ဒါလေးလည်းလန်းတာပဲ ကိုယ်သိခြင်တဲ့အကြောင်းအရာကို Alerts ပေးထားမယ်ဆိုရင် ကိုယ့်မေးထဲကို ၀င်လာမှာပါ
(၂၁) http://code.google.com/intl/en/ ဒါလေးလည်းလန်းပါတယ် ကိုယ်ပိုင် ဆိုက်ထောင်တဲ့သူတွေအတွက်အရမ်းကိုကောင်းပါတယ်
အားလုံးပဲ ဒီလောက်လေးနဲ့ရပ်ထားပါရစေ နောက်မှာ အသေးစိတ်ပြန်ရေးပေးပါမယ် အင်တာနက်သုံးတယ်ဆိုတာ ချက်နေတာကို ဆိုလိုတာမဟုတ်ပါဘူး လေ့လာမယ် မျှဝေမယ် ရယူမယ် ဖန်တီးမယ် အဲ့အဆင့်တွေကိုရောက် အောင်သုံးကြည့်ကြပါလို့ပြောခြင်ပါတယ် အခတ်အခဲတွေအတွက် mawcity@mawcity.com ကိုဆက်သွားမေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ဗျာ

AdobePhotoShopစာအုပ်များ

Adobe Photo Shop 7.0 ရေးသားထားသူကို မသိပါ ဒါကြောင့်ပါဗျာ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop 7.0 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs2 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs3 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Photoshopcs4.JPG
Adobe Photo Shop cs4 မျိုးဆက်ရေးသားထားပါသည်
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs4 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs4 Keyboard Shortcuts Mac Os အတွက်ပါ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
PhotoShopNote.JPG
မြန်မာမိသားစုဖိုရမ်မှ တင်ဆက်ထားသော photoshop မှတ်စုများ ၁
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
PhotoShopCsTools.JPG
မျိုးဆက်ရေးသားထားသော Photoshop CS Tools များ၏လှို့ဝှက်ချက်
Adobe Photoshop CS,CS2,CS3,CS4,CS5 အားလုံးအတွက်ပါ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

Creacker လမ်းညွှန်


Cracker.jpg
ဗိုလ်ကြီးမျိုးမြင့်ထိုက် ရေးသားထားသော Cracker လမ်းညွှန် စာအုပ်လေးဖြစ်ပါတယ်ဗျာ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

AutoCad စာအုပ်များ

Auto Cad နဲ့ပတ်သတ်သော စာအုပ်များကို တင်ပေးလိုက်ပါတယ်ဗျာ
Auto Cad 2002
AutoCad2002.jpg
ရေးသားသူကို မသိရှိရသေးပါဘူးဗျာ အကယ်၍များ ရေးသားထားသူ မြင်တွေ့မိပါက ကျွန်တော့်ကို အကြောင်းကြားပေးပါဗျာ ရေးသားသူနေရာမှာ ပြန်ထည့်ပေးပါမယ်ဗျာ ကျေးဇူးတင်ပါတယ်ဗျာ
တိုက်ရိုက် ဖတ်ရှု့ရန် နှင့် Download ရယူရန်
ဒါကတော့ ကကကွန် ရေးသားထားသော Auto Cad 2002 ဖြစ်ပါတယ်
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
ဒါကတော့ Robert Tin Aye ရေးသားထားသော Auto Cad 2002 ဖြစ်ပါတယ် မြန်မာလိုတွေပါပဲဗျာ အင်္ဂလိပ်နာမည်ဖြစ်နေလို့ အင်္ဂလိပ်လိုများထင်နေမှာဆိုးလို့ပါ
အပိုင်း (၁) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၂) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၃) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
AutoCad2005.bmp
အောင်လင်းရေးသားထားသော Auto Cad 2005 ဖြစ်ပါတယ်ဗျာ
Auto Cad 2005 အပိုင်း (၁)
တိုက်ရိုက် ဖတ်ရှု့ရန် နှင့် Download ရယူရန်
Auto Cad 2005 အပိုင်း (၂)
တိုက်ရိုက် ဖတ်ရှု့ရန် နှင့် Download ရယူရန်
Auto Cad 2009 ဖြစ်ပါတယ်ဗျာ
AutoCAD_2009.jpg
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Downlad ရယူရန်
အောင်ဇော်လတ် ဘာသာပြန်ဆိုထားသော Auto Cad 2010 ဖြစ်ပါတယ်ဗျာ
autocad2010.jpg
စာအုပ် နံပါတ် (၁)
အပိုင်း (၁) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၂) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၃) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
စာအုပ် နံပါတ် (၂)
အပိုင်း (၁) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၂) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၃) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

WiFiဆိုတာ

wifi.gif
WiFi အကြောင်းကို ကျွန်တော် စေ့စေ့ ပေါက်ပေါက်တော့ နားမလည်သေးပါဘူး တစ်ခုတော့ သိပါတယ် Wireless Connection လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်ဗျာ WiFi ဆိုတာကတော့ Wireless Connection တစ်ခုရဲ့နာမည်ပါပဲ အသုံးများကြလို့သာ အထင်တွေ အမြင်တွေ များနေကြခြင်းဖြစ်ပါတယ် ဗျာ Wifi ရဲ့ အရှည်ကတော့ Wireless Fidelity ဖြစ်ပါတယ် ဗျာ တစ်ခုပဲမှတ်သားထားလိုက်ပါဗျာ wifi ဆိုတဲ့ wireless connection ဆိုတာက ၀ါယာကြိုးကိုအစားထိုးတဲ့ ပစ္စည်းတစ်ခုလို့ပဲ မှတ်ထားလိုက်ပါ တခြားဆိုက်တွေကနေ ကူးယူထားတဲ့ wifi အကြောင်း တွေကို စာအုပ်လေးတစ်အုပ်ပြန်လုပ်ထားပြီးတော့ တင်ပေးလိုက်ပါတယ် ဗျာ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အဆင်ပြေကြပါစေဗျာ

CyberProVersion6.0.243

CyberCafePro%206%20Full%20%2B%20Serial.jpg
Internet Cafe တွေမှာ အသုံးပြုတဲ့ Software လေးပါဗျာ ကောင်တာစက်မှာ သွင်းထားပြီး ဆိုင်က စက်တွေရဲ့ အသုံးပြုတဲ့အချိန်နဲ့ ကျသင့်ငွေကို အော်တိုတွက်ချက်ပေးပါတယ်ဗျာ
Software Download ရယူရန်
CyberCafePro_Online_Manual.pdf
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
OneRoof_CyberCafePro_ClientManual.pdf
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
OneRoof_CyberCafePro_MCS_Server_Manual.pdf
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Skin4CCP6.rar ဒါလေးကတော့ ပုံစံလေးတွေကို ပြောင်းလဲဖို့ပါ
Download ရယူရန်
အဆင်ပြေကြပါစေဗျာ

ကွန်ပျူတာအခြေခံစာအုပ်

Basic.gif
ကွန်ပျူတာအား စတင်လေ့လာသူတွေ အတွက် သိပ်ကောင်းတယ်လို့ပြောရမယ်ဆိုပေမယ့် တက်ပြီးသားသူတွေလည်း ပြန်ဖတ်ကြည့်စေခြင်ပါတယ် စာအုပ်လေးပါဗျာ
လွမ်းဧကရီ ဆိုသူက ရေးသားထားသော စာအုပ်လေးပါဗျာ အဆင်ပြေကြပါစေဗျာ
အွန်လှိုင်းမှ တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download လုပ်ရန်

Cyber link Power Director 9

largeImg.png
Power Director 9 ပါ သိကြမယ်လို့တော့ထင်ပါတယ် Graphic မှာ Adobe Photo Shop က ဘုရင်ဖြစ်သလို Photo Slide Show မှာ Power Director ကဘုရင်လို့ ပြောလို့ရပါတယ် သူက effect တွေ တော်တော်လေးကို များပါတယ် ပြီးတော့ စိတ်ကြိုက်ပြန်လည် ပြုပြင်လို့ရပါတယ်  effect တွေမလောက်ဘူးလို့ထင်ရင်လည်း ထပ်ပြီးတော့ Download ဆွဲလို့ရပါတယ် သူ့ရဲ့ effect တွေကို အလကားပေးပါတယ် ဒီနေရာလေးမှာ အကောင့်ဖောက်ပြီးရင်တော့ effect တွေကို တမုန်းသာ Download ဆွဲလို့ရပါတယ် တော်တော်လေးကိုများပါတယ်
Register Key ကတော့ BF937-FZ7NB-KHZEY-B3LAP-BNEFL-VT3EW ဖြစ်ပါတယ်
From Mediafire.com
အပိုင်း(၁) 100 Mb
အပိုင်း(၂) 100 Mb
အပိုင်း(၃) 100 Mb
အပိုင်း(၄) 100 Mb
အပိုင်း(၅) 100 Mb
အပိုင်း(၆) 100 Mb
အပိုင်း(၇) 73.77 Mb
အဆင်ပြေကြပါစေဗျာ ကျွန်တော် Upload တင်ထားတာမဟုတ်ပါဘူး သူများတင်ထားတာကို ပြန်မျှဝေပေးတာပါ ကျေးဇူးတင်မြဲပါဗျာ

Photo Dex PhotoSliteShow များ

Photo Dex ကထုပ်လုပ်တဲ့ Photo Slite Show Software လေးတွေပါ စုစုပေါင်း သုံး ခုရှိပါတယ်

Pro Show Gold ဒါလေးကိုတော့ လူသိတော်တော်များကြပါတယ်
ProShow Producer ဒါလေးကလည်း သိကြမယ်ထင်ပါတယ်
ProShow Web ဒါလေးကတော့ Online ပေါ်ကနေ Photo Slite Show လုပ်တာပါ ကွန်နရှင်တော့ နည်းနည်း စကားပြောတာပေါ့ဗျာ
အဲ့ဒီ software လေးတွေကို လိုခြင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာ Try it free နဲ့ Download ဆွဲလိုက်ပါ သူ့ရဲ့ ပင်ကိုယ် ဆိုက်ပဲဖြစ်ပါတယ် ကိုယ်လိုခြင်တာကို Download ဆွဲပြီးတော့ Install လုပ်လိုက်ပါ ပြီးတော့ အောက်နားလေးမှာ သုံးခုလုံးအတွက် key Gen ကို ထည့်ထားပေးပါတယ် သုံးခုလုံးအတွက်ဖြစ်ပါတယ် အဲ့နားက key ကိုရယူပြီးတော့ မိမိ Install လုပ်ထားတဲ့ Software ကိုဖွင့်လိုက်ပါ ပြီးတော့ Help >> Enter Registration ထဲကို ၀င်လုက်ပါ အဲ့နားလေးမှာ စောစောက ရယူထားတဲ့ Key လေးကို ထည့်ပေးလိုက်ပါက full version ဖြစ်သွားပါပြီခင်ညာ
Software Download
Pro Show Gold v 4.5
ProShow Producer v 4.52
သူ့ပင်ကိုယ်ဆိုက်လေးရဲ့ လင့်လေးပါပဲ
Key Gen Download
Password လေးကတော့ juckzero ပါ

Kaspersky 2012

Kaspersky 2012
============
Kasper မှ Kasper ဆိုသောသူများအတွက်ပါ
Kaspersky Antivirus 2012
-------------------------------------
Kav2012.gif
DOWNLOAD

Kaspersky internet security 2012
-----------------------------------------------
kis2012.jpg
DOWNLOAD

Kaspersky Trial Reset
--------------------------------
Tri.jpg
DOWNLOAD

Kaspersky Key
----------------------
Key.jpg
DOWNLOAD

Kaspersky Offline Update
==================
Kaspersky Daily Update
DOWNLOAD
Kaspersky Weekly Update
DOWNLOAD
Kaspersky Monthly Update
DOWNLOAD
Kaspersky Antivirus နဲ့ Internet Security အတွက် ကျွန်တော်ဆိုက်လေးရဲ့ ထုံးဆံလေးအတိုင်း ညာဘက်က Antivirus များအတွက် Update ဆိုတဲ့ Drop Down Menu လေးထဲတွင်ထားရှိပါတယ် ကျေးဇူးတင်မြဲပါဗျာ

Gtalk New Theme

Gtalk Theme အသစ်လေးပါ Smile လေးတွေလည်း ဒီဇိုင်း အသစ်လေးတွေပါပဲ တစ်ခုတော့ရှိတယ် နှစ်ဖက်လုံးမှာ ဒီ Theme လေးကို သွင်းထားမှမြင်ရမှာဖြစ်ပါတယ် အရင်ဆုံး Install လုပ်ဖို့အတွက် DOWNLOAD ဆွဲလိုက်ပါ Password ကတော့ juckzero ပါ  ပြီးတော့ Win7 အတွက်နဲ့ Win XP အတွက်ဆိုပြီး နှစ်မျိုးပါပါတယ် မိမိသုံးတဲ့ Window ပေါ်မှုတည်ပြီးတော့ ရွှေးချယ်လိုက်ပါ ပြီးပါက Gtalk ကိုပိတ်လိုက်ပါ သွင်းမယ့် အမျိုးအစားကို  ရွှေးပြီး Double Click နှိပ်ပြီးတော့ သွင်းလိုက်ရုံပါပဲ သွင်းပြီးသွားပါက Gtalk ကိုပြန်ဖွင့်လိုက်ပါ Setting ထဲကိုဝင်လိုက်ပါ ပြီးတော့ Apperance ကိုရွှေးချယ်လိုက်ပြီး
ညာဘက်နားလေးက Chat Theme အောက်နားက Drop Down Menu လေးကို နှိပ်လိုက်ပြီးတော့ gtalk smilile theme v3.0 by nitin ကိုရွှေးချယ်ပေးလိုက်ပါ တော်တော်လေးကို လှပါတယ် အဆင်ပြေကြပါစေဗျာ ကျေးဇူးတင်မြဲပါဗျာ

Driveနှင့်Folderအားဖြောက်ထားခြင်း

Dirve တွေနဲ့ Folder တွေကို ဖြောတ်ထားကြမယ်
အရင်ဆုံး Folder ဖြောက်နည်းကို ပြောပြပါမယ်

ပထမနည်း
========
 ဖျောက်ခြင်တဲ့ Folder ကို Right Click >> Properties ထဲက Hidden ကို အမှန်ခြစ်ပေးလိုက်ပါ ပီးတော့ Apply ကိုနှိပ်လိုက်ပါ ပီးတော့ OK ကိုနှိပ်လိုက်ပါ ပျောက်သွားပါပီ အဲ့ Folder လေး ပြန်ဖြေခြင်တယ်ဆိုရင်တော့ Start >> Control Panel >> Folder Option ကိုဖွင့်လိုက်ပါ ပီးတော့ View ကိုနှိပ်လိုက်ပါ အောက်ကပုံလေးကိုကြည့်ပါ


အဲ့ထဲက အနီချယ်ပြထားတဲ့စာလုံးတွေကို သေခြာကြည့်ပါ (အပေါ်က နှစ်ခုပဲနော် အောက်က ဟာက ဒုတိယနည်းအတွက်ပါ) ဘာကြောင့်လည်းဆိုတော့ Win XP နဲ့ Win 7 မှာ ကွဟချက်ရှိနေလို့ပါ နဂိုလ်အနေအထားကတော့ Don't Show Hidden Files,folders. or drivers နားလေးမှာ အမဲခြစ်လေးပေးထားပါလိမ့်မယ် အဲ့ဒါလေးကို Show hidden files,folders,and drives ကို ပြောင်းပီး အမဲခြစ်လေး ပေးလိုက်ပါ ပီးတော့ Apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ စောစောက ဖွက်ထားတဲ့ Folder လေးပေါ်လာပါလိမ့်မယ် အဲ့ folder လေးကို Right Click နှိပ်လိုက်ပါ ပီးတော့ စောစောက ပေးထားတဲ့ Hidden ကို အမှန်ခြစ်လေး ပြန်ဖြုတ်လိုက်ပါ ပီးတော့ apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ ပြန်ပေါ်လာပါလိမ့်မယ် ပီးပါက folder option ကိုပြန်သွားပီးတော့ Restore Defaults ကိုပြန်နှိပ်လိုက်ပါ ပီးတော့ Apply ကိုနှိပ်ပါ OK ကိုနှိပ်လိုက်ပါ

ဒုတိယနည်း
=======
နည်းနည်းပိုကောင်းပါတယ် ဒုတိယနည်းကတော့ folder လေးတစ်ခုကို ရယူလိုက်ပါ ပီးတော့ Start >> Run (Win+R) ကိုသွားလိုက်ပါ cmd လို့ရိုက်ထည့်ပီးတော့ Enter ကိုနှိပ်လိုက်ပါ အကွက်မဲမဲကြီးပေါ်လာပါလိမ့်မယ် အဲ့နားမှာ ကိုယ့်ထားတဲ့ Folder နားကိုသွားပါမယ် ကျွန်တော်က Desktop ပေါ်မှာထားတော့ cd desktop လို့ရိုက်ထည့်လိုက်ပါတယ် Drive D; ထဲမှာထားတယ်ဆိုရင် D: လို့ရိုက်ထည့်ပီးတော့ Enter နှိပ်လိုက်ပါ အကယ်၍ D: အောက်က 123 ဆိုတဲ့ Folder အောက်မှာ ဖွက်မယ့်ဖိုင်ကို ထည့်ထားမယ်ဆိုရင် D: လို့ရိုက်ပီး Enter နှိပ်လိုက်ပါ D:\> လို့ပေါ်လာပါလိမ့်မယ် အဲ့နားလေးမှာ cd 123 လို့ရိုက်ထည့်လိုပ်ပါ Enter နှိပ်ပါ D:\123> ဆိုပီးပေါ်လာပါလိမ့်မယ် 123 နေရာမှာ ကိုယ့် ရဲ့ folder name ကိုရိုက်ထည့်ရပါမယ် Folder Name တွေကို Space Bar ခံထားခဲ့မယ်ဆိုရင် ဥပမာ 123 4 ပေါ့ဗျာ အဲ့လိုဆိုရင် "123 4" အဲ့လိုရိုက်ထည့်ရပါမယ် မှတ်သားရမှာတော့ Space ဘား ထည့်ထားရင် မျက်တောင်မွှေးကို သုံးရမှာဖြစ်ပါတယ် ဖြောက်မယ့် Folder ရဲ့နေရာက ကိုရောက်ပီးဆိုရင် attrib +a +s +h +r 123 ပီးတော့ Enter သာချလိုက် ပျောက်သွားပါလိမ့်မယ် 123 နေရာမှာက ကိုယ့် Folder Name ကိုထည့်ရမှာပါပီးတော့  ဖွက်တာ ပီးဆီး သွားပါပီ ပြန်ဖောပြပါမယ်
ဒီပုံလေး ထဲကအတိုင်း ပြန်ဖော်ပါမယ်
Show Hidden files, Folders, and drives
Hide extensions for kown file types ကို အမှန်ခြစ်ဖြုတ်ပါ
Hide protected operation system files (recommended) ကိုအမှန်ခြစ်ဖြုတ်လိုက်ပါ မိမိဖွက်ထားတဲ့ folder ကို မွဲမွဲလေး မြင်ရပါလိမ့်မယ် အဲ့ဒါကို ပထမနည်းအတိုင်း Folder ကို Right Click >> Properties နှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်


Hidden လေးကို ကိုင်တွယ်လို့မရတော့ပါဘူး ပြန်ဖော်လို့လည်းမရပါဘူး အထူးသဖြင့်တော့ ကိုယ့် folder တွေကို Virus ကိုက်သွားရင်ဖြစ်တက်သော ပုံစံလေးပါတယ် အဲ့တော့ ပြန်ဖော်မယ် ဒါက တမင်ဖျောက်ပီးတော့ ပြန်ဖော်တာဖြစ်ပါတယ် Virus ကိုက်သွားလို့ဖိုင်တွေ ပျောက်သွားတယ်ဆိုရင်လည်း ဒီနည်းလေးနဲ့ ပြန်ဖော်လို့ရပါတယ် စောစောက Folder ကိုပြန်ဖော်မယ်ဆိုရင်တော့ အပေါ်က အဆင့်ဆင့် အတိုင်း ပြန်သွားလိုက်ပါ attrib -a -s -h -r 123 လို့ရိုက်ထည့်လိုက်ပါ အော်တိုပြန်ပေါ်လာပါလိမ့်မယ် Properties ထဲမှာလည်း နဂိုလ်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်

တတိယနည်း
==========
Drive တစ်ခုလုံးထဲက ဖိုင်တွေကို ဖျောက်မယ် ပီးတော့ ပြန်ဖော်မယ် အထူသဖြင့် virus တွေလုပ်တက်တဲ့ အကျင့်လို့ပြောရမှာပါ Virus တွေက ကိုယ့်ရဲ့ memory stick ထဲက Folder တွေကို ဖျောက်ပစ်တက်ကြပါတယ် ပြီးတော့ မိမိရဲ့ folder name တွေရဲ့အနောက်နားလေးမှာ .exe ဆိုပြီးတော့ လိုက်ပူးနေပါတယ် သာမန်ကြည့်ရင်တော့မမြင်ရပါဘူး ထူးခြားတာကတော့ Folder တစ်ခုကိုဖွင့်လိုက်တိုင်း ခါတိုင်းပုံစံလေးအတိုင်းမပွင့်နေပဲ new explorer နဲ့ပွင့်နေပါလိမ့်မယ် သိသာပါတယ် ဘာကြောင့်လိုက်ပူးနေရလည်းဆိုတော့ အဲ့ .exe Folder လေးကို တစ်ခုဖွင့်မိလိုက်တိုင်း virus ကို Auto Install လုပ်ပါတယ် ဖွင့်ဖန်များလာတော့ ကိုယ့်ကွန်ပျူတာလည်း virus လက်အောက်ခံဖြစ်သွားတာပေါ့ဗျာ အဲ့.exe ဆိုတာလေးကို  တွေ့ခြင်တယ်ဆိုရင်တော့ ထိပ်ဆုံးပုံလေးနားကအတိုင်း Hide extensions for kown file types ကို အမှန်ခြစ်ဖြုတ်ပါ ဒါဆိုရင်တွေ့ရပါလိမ့်မယ် .exe တွေကို အဲ့ဒါတွေအကုန်လုံးက ဖိုင်အမှန်မဟုတ်ပါဘူး အကုန်ဖြတ်ပစ်လည်းမိမိ Data တွေမရှုံးပါဘူး ရှိနေပါသေးတယ် Virus ကဖြောတ်ထားခြင်းဖြစ်ပါတယ် ပြန်ဖော်လို့ရပါတယ်  ကြုံခဲ့ရင် ဖြေရှင်းလို့ရအောင်ပါ ခုလောလောဆယ်ဖျောက်ပါပါမယ် Start >> Run (win+r) ကိုဖွင့်လိုက်ပါ cmd လို့ရိုက်ထည့်ပီးတော့ enter နှိပ်လိုက်ပါ ပြီးတော့
attrib +s +h +r n:\*.* /s /d ဆိုတာလေးကိုရိုက်ထည့်လိုက်ပါ မရိုက်ခင်မှတော့ n: ဆိုတာလေးကို သတိထားလိုက်ပါ အဲ့နားလေးမှာ မိမိဖြောက်ခြင်တဲ့ Drive Name ကိုထည့်ရမှာဖြစ်ပါတယ် ဥပမာ D: ကို ဖြောက်ခြင်တယ်ဆိုရင်တော့ attrib +s +h +r d:\*.* /s /d လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် မိမိရဲ့ memory stick လေးကိုပဲစမ်းပါနော် တော်ကြာမဆိုင်တာတွေဖြစ်ကုန်မှာဆိုးရိမ်လို့ပါ အဲ့ဒါလေးကို ပြန်ဖော်ခြင်တယ် ဒါမှမဟုတ် virus က မိမိ memory stick ထဲက ဖိုင်တွေကို ဖြောက်ထားလို့ ပြန်ဖော်မယ်ဆိုရင်တော့ attrib -s -h -r d:\*.* /s /d ရိုက်ရိုက်ထည့်လိုက်ပါ + နေရာမှာ - ပြောင်းလိုက်တာပဲဖြစ်ပါတယ် Folder လေးတွေကို ဖြောက်နိုင်ဖောင်နိုင်ကြပါစေဗျာ Virus တွေကို Manual သတ်နည်းနဲ့ အပြင်းအထန် ကိုယ်ပိုင်ကာကွယ်နည်းလေးကို ရေးပေးပါမယ်

Driver တွေကို ဖျောက်မယ်
=================
ဒါကတော့ ဥပမာ မိမိ ကွန်ပျူတာကို သူများအသုံးများတယ်ထားဗျာ အဲ့တော့ ကိုယ်က Drive  C: D: E: သုံးခုရှိမယ်ဆိုရင်တော့ ကိုယ်က E: ထဲမှာ လှို့ဝှက်ချက်တွေကို သိမ်းထားမယ် Personal Data တွေပေါ့ဗျာ အဲ့ဆိုသူများကို ကွန်ပျူတာ ပေးမသုံးတော့လည်း မကောင်း ကိုယ့် Data တွေကို ကြည့်သွားမှာ ကူးသွားမှာ ကြောက်တယ်ဆိုရင်တော့ ဒီနည်းလေးကို သုံးကြည့်လိုက်ပါ အဆင်ပြေပါတယ် နည်းလေးတွေကတော့များပါတယ် ကဲစလိုက်ကြတာပေါ့ဗျာ

ပထမနည်း
========
My Computer ကို Right Click နှိပ်လိုက်ပါ ပြီးတော့ Manage ထဲကိုဝင်လိုက်ပါ ပြီးတော့ Disk Management ထဲကို ဆက်ဝင်လိုက်ပါ အဲ့ထဲမှာ မိမိ Drive မှာခွဲထားတဲ့ Partition တွေကိုတွေ့ရမှာဖြစ်ပါတယ် မိမိဖြောက်ခြင်တဲ့ Drive ကို ကလစ်လိုက်ပါ ဥပမာ Drive E: ကိုရွှေးလိုက်မယ်ဗျာ ပြီးတော့ Drive E: တည့်တည့်မှာ Right Click နှိပ်လိုက်ပါ ပြီးတော့ Change Drive Letter and Paths ... ဆိုတာလေးကို နှိပ်လိုက်ပါ Box လေးတစ်ခုပွင့်လာပါလိမ့်မယ် အဲ့နားလေးမှာ မိမိဖြောက်ခြင်တာ E: ဖြစ်တဲ့အတွက် E: ဆိုတာလေးကို တစ်ချက်ကလစ်ပေးလိုက်ပြီးတော့ Remove ဆိုတာလေးကို နှိပ်လိုက်ပါ Disk Management ဆိုတဲ့ Box လေးပွင့်လာပြီး Yes လား No လားဆိုတာလေး ကိုမေးလာပါလိမ့်မယ် ကိုယ်က ဖြောက်မှဖြစ်တဲ့အတွက်ကြောင့် Yes ကိုနှိပ်လိုက်ပါ နည်းနည်းလေးစောင့်လိုက်ပါ ပြီးတော့ Win+E သို့မဟုတ် My Computer ကိုဖွင့်ကြည့်လိုက်ပါ ပျောက်သွားတာကိုတွေ့ရပါလိမ့်မယ် အကယ်၍ မပျောက်ခဲ့ဘူးဆိုရင် restart ချကြည့်လိုက်ပါ ပျောက်သွားပါလိမ့်မယ်   ပြန်ဖော်မယ့်နည်းလေးကိုပါ  ပြေပြပါမယ် ပြန်ဖော်မယ်ဆိုရင်တော့ စောစောက နည်းလေးအတိုင်းပဲ အဆင်အလိုက်ပြန်သွားလိုက်ပါ Disk Management ကိုရောက်ပြီဆိုရင်တော့ Drive Letter မပါတဲ့ partition ကိုတွေ့ရပါလိမ့်မယ် စောစောက ကိုယ်ဖြောက်ခဲ့တဲ့နေရာလေးမှာပဲ ရှိမှာဖြစ်ပါတယ် အဲ့ဒါလေးကို Right Click နှိပ်လိုက်ပါ ပြီးတော့ Change Drive Letter and Paths ...  ဆိုတဲ့အထဲကိုပဲပြန်ဝင်လိုက်ပါ Box လေးတစ်ခု ပြန်ကြလာပါလိမ့်မယ် အဲ့နားလေးမှာ Add ကိုနှိပ်လိုက်ပါ ပြီးတော့ Assign The following drive letter ဆိုတာလေးကို အမဲစက်လေး ပေးထားတာ တွေ့ရပါလိမ့်မယ် ညာဘက်နားလေးမှာ E ဆိုပြီးတော့ ညာဘက်ကပ်ရပ်လေးနားမှာ မြားလေးတစ်ခုကို တွေ့ပါလိမ့်မယ် အဲ့ဒါလေးကို နှိပ်လိုက်ပါပြီးတော့ ကိုယ်ကြိုက်တာစ်ခု ကိုရွှေးလို့ရပါတယ် ကိုယ်က ဖြောက်ထားတာ E: ကို E: လို့ပဲ ပြန်ပေါ်စေခြင်တယ်ဆိုရင်တော့ E ကိုပဲရွှေးပေးပြီးတော့ OK ကိုနှိပ်လိုက်ပါ ပြီးတော့ My Computer ကိုပြန်ဖွင့်ကြည့်လိုက်ပါ ပြန်ပေါ်နေတာကို တွေ့ရပါလိမ့်မယ်
မှတ်ချက် >>> Win7 မှာဆိုရင်တော့ Drive ကိုဖြောက်ပြီးနည်း လမ်းစဉ်ပြီးပါက restart မချပါက အဲ့ Drive လေးကပေါ်နေပါမယ် ဒါပေမယ့် အသုံးပြုလို့မရပါဘူး ပြန်ဖော်မယ်ဆိုရင်လည်း တစ်ခါတစ်လေ ချက်ခြင်းရသလို တစ်ခါတစ်လေမှာ restart ပြန်ချရပါတယ်

ဒုတိယနည်း
=========
Start >> Run (Win+R) ဟုနှိပ်လိုက်ပါ Run Box ပွင့်လာပါလိမ့်မယ် အဲ့နားလေးမှာ regedit လို့ရိုက်ထည့်လိုက်ပါ ပြီးတော့ အောက်က အဆင့်အတိုင်းသွားလိုက်ပါ HKEY_CURRENT_USER >> Software >> Microsoft >> Windows >> CurrentVersion >> Policies >> Explorer သို့အရောက်သွားလိုက်ပါ တစ်ချို့ကွန်ပျူတာမှာတော့ Policies နားရောက်ပြီးတော့ Explorer ကို ဆိုတာမရှိနေပါဘူး ဒါကြောင့် Explorer ဆိုတာလေးကို စောက်ပေးရမှာဖြစ်ပါတယ် Explorer ဆိုတဲ့ Key လေးတစ်ခုစောက်ဖို့အတွက် Policies ကို Right Click နှိပ်လိုက်ပါ ပြီးတော့ New ပြီးတော့ Key ကိုရွှေးပေးလိုက်ပါ Name ကို Explorer လို့ပေးလိုက်ပါ ပြီးတော့ Explorer ရဲ့ညာဘက်ခြမ်းမှာ မှာ Right Click နှိပ်လိုက်ပါ ပြီးတော့ New->DWORD (32) ကိုယူလိုက်ပါ reg key လေးတစ်ခု ကျလာပါက NoDrives လို့နာမည်ပေးလိုက်ပါ ပြီးတော့ဖွင့်လိုက်ပါ Value Data မှာ 0 လို့မြင်တွေ့ရပါမယ် အဲ့ဒါလေးကို ပြောင်ပေးရမှာဖြစ်ပါတယ် ပြောင်းဖို့အတွက်
A: 1, B: 2, C: 4, D: 8, E: 16, F: 32, G: 64, H: 128, I: 256, J: 512, K: 1024, L: 2048, M: 4096, N: 8192, O: 16384, P: 32768, Q: 65536, R: 131072, S: 262144, T: 524288, U: 1048576, V: 2097152, W: 4194304, X: 8388608, Y: 16777216, Z: 33554432, ALL: 67108863 ဒီဂဏာန်းလေးတွေက ကိုယ်ဖျောက်ခြင်တဲ့ Drive တွေအတွက်ဖြစ်ပါတယ် ဥပမာ Drive A: ကိုဖြောက်မယ်ဆိုရင် Value Data မှာ 1 လို့ဖြည့်ပေးရပါမယ် ထိုနည်းအတူ Drive X: ကိုဖြောက်မယ်ဆိုရင်တော့ 8388608 လို့ပြောင်းပေးရပါမယ် Drive အားလုံးကိုဖြောက်ထားမယ်ဆိုရင်တော့ 67108863 ကိုရိုက်ထည့်ရမှာဖြစ်ပါတယ် အကယ်၍ Drive D: နှင့် Drive E: ကို ဖြောက်ခြင်တယ်ဆိုရင်တော့ Drive D: ရဲ့ Value နဲ့ Drive E: ရဲ့ Value ကို ပေါင်းရမှာဖြစ်ပါတယ် (8)D:+(16)E: = 23 ဖြစ်လို့ Value Data မှာ 23 လို့ရိုက်ထည့်ရမှာဖြစ်ပါတယ် ပြီးတော့ ကွန်ပျူတာကို restart ချလိုက်ပါ မိမိဖြောက်ထားတဲ့ Drive လေးကို မတွေ့ရတော့ပါဘူး ကဲအဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ် ဒီနည်းလေးကို ကျွန်တော် အရမ်းကိုကြိုက်ပါတယ် တော်ရုံတန်ယုံဆိုရင်မသိဘူးပေါ့ဗျာ ဖြောက်ထားတာကိုပြောတာပါ ပထမနည်းက အသုံးပြုခွင့်ကိုပါ ပိတ်ထားတာပါ ဒီနည်းကတော့ အိုက် Drive လေးကို အသုံးပြုလို့ရပါတယ် ကိုယ်က Drive D: ကိုပိတ်ထားမယ်ဆိုရင် Start >> Run (Win+R) ကိုနှိပ်လိုက်ပါ ပြီးတော့ d: လို့ရိုက်ထည့်လိုက်တာနဲ့ Drive D: ပွင့်လာပါလိမ့်မယ် အကယ်၍မလိုခြင်တော့ဘူး ပြန်ဖြတ်ခြင်တယ်ဆိုရင်တော့ အပေါ်က Registry အဆင့်အတိုင်းဝင်သွားလိုက်ပါ ပြီးတော့ ကိုစောစောက ဆောက်ထားတဲ့ NoDrives ဆိုတဲ့ DWORD ကို Delete ပေးလိုက်လိုက်ရင်ရပါပြီ အဆင်ပြေကြပါစေဗျာ ကျွန်တော်ပိုစ့်ရေးတာ အရမ်းနှေးပါတယ် အလုပ်တစ်ဖက်နဲ့ ရေးရတာမလို့ နားလည်ပေးကြပါဗျာ ဒီပိုစ့်လေးကိုတောင် ကျွန်တော် ၁ ပတ်လောက် နည်းနည်းရ နည်းနည်း ရေးခဲ့တာပါ နောက်ရေမယ့်ပိုစ့် ခေါင်းစဉ်လေးကတော့ Virus အားကာကွယ်ခြင်းကို ရေးမယ်လို့ စိတ်ကူးထားပါတယ် ကျေးဇူးတင်မြဲပါဗျာ

MozillaFirefoxမြန်စေရန်

Mozilla Firefox ကို လျှင်လျှင်မြန်မြန်အသုံးပြုလိုလျှင် နည်းလေး သုံးနည်းရှိပါတယ် စမ်းကြည့်ပါ
ဒီဖြစ်စဉ်လေးတွေအကုန်လုံးကို လုပ်မယ်ဆိုရင် အရင်ဆုံး mozilla firefox ကိုပိတ်ထားရပါမယ်
နည်းလမ်း (၁)
=========
၁ ။ လင့်နှိပ်သောနေရာမှာ about:config ဟုရိုက်ထည့်ပီး Enter ခေါက်လိုက်ပါ
၂ ။ network.http.pipelining ဒါလေးကိုရှာလိုက်ပါ ပီးတော့ Double Click နှိပ်လိုက်ပါ ပြီးတော့ ပေါ်လာတဲ့ ဘောက်လေးထဲမှာ true လို့ပြောင်းပေးလိုက်ပါ
     network.http.proxy.pipelining ဒါလေးကိုရှာလိုက်ပါ ပီးတော့ Double Click နှိပ်လိုက်ပါ ပြီးတော့ ပေါ်လာတဲ့ ဘောက်လေးထဲမှာ true လို့ပြောင်းပေးလိုက်ပါ
     network.http.pipelining.maxrequests ဒါလေးကိုရှာလိုက်ပါ ပီးတော့ Double Click နှိပ်လိုက်ပါ ပြီးတော့ ပေါ်လာတဲ့ ဘောက်လေးထဲမှာ 30 လို့ပြင်ပေးလိုက်ပါ
၃ ။ နေရာလွတ်လေး တစ်နေရာမှာ Right Click နှိပ်လိုက်ပါ ပြီးတော့ New ဆိုတာလေးကို မောက်လေးနဲကထောက်လိုက်ပါ Integer ဆိုတာလေးကို နှိပ်လိုက်ပါ New interger value ဆိုတဲ့ ဘောက်လေးကျလာပါလိမ့်မယ် အဲ့နားလေးမှာ Enter the preference name ဆိုတာလေးရဲ့အောက်နားလေးမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပြီး OK  ကိုနှိပ် လိုက်ပါ နောက်ထပ် ဘောက်လေးတစ်ခု ကျလာပါလိမ့်မယ် ဘောက်လေးနားမှာ nglayout.initialpaint.delay ဆိုတာလေးကို တွေ့ရပါလိမ့်မယ် အိုက်အောက်နားလေးမှာ 0 လို့ရေးလိုက်ပြီး OK ကိုနှိပ်လိုက်ပါ
အဆင်ပြေသွားပါလိမ့်မယ်

နည်းလမ်း(၂)
========
၁ ။ Tools > Options > Advanced Tab အဆင့်အတိုင်းသွားလိုက်ပါ ပြီးတော့ Update ဆိုတဲ့ Tab လေးကိုနှိပ်လိုက်ပါ "Automatically Check for Updates to: ဆိုတဲ့အောက်နားလေးမှာ အကုန်လုံးကို အမှန်ခြစ် ဖြုတ်လိုက်ပါ ပြီးတော့ OK ပေါ့ဗျာ

နည်းလမ်း (၃)
=========
၁ ။ အရင်ဆုံး upx307w ဆိုတဲ့ software လေးကို အရင် DOWNLOAD ဆွဲလိုက်ပါ Password လေးက juckzero နော်
၂ ။ ဆွဲထားတဲ့ rar ဖိုင်လေးကို Copy ကူးပြီး C:\Program Files\Mozilla Firefox ဆိုတဲ့အောက်နားလေးမှာ သွား paste လိုက်ပါ ပြီးတော့ ဖိုင်လေးကို ဖြေခြလိုက်ပါ
၃ ။ Start >> Run >> cmd ကိုဖွင့်လိုက်ပါ ပီးတော့ ကုတ်လေးကို ရိုက်ထည့်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်
for %v in (*.exe *.dll components\*.dll plugins\*.dll) do upx "C:\Program Files\Mozilla Firefox\%v"
နည်းလမ်း (၄)
=========
၁ ။အရင်ဆုံး SpeedyFox 1.6 ဆိုတဲ့ Software လေးကို DOWNLOAD ဆွဲလိုက်ပါ Password လေးက juckzero နော်
၂ ။ ပြီးတော့ ဖွင့်လိုက်ပါ ဖွင့်ပြီးသွားပါက ဖွင့်လိုက်ပါ ပြီးတော့ Speed Up My Firefox ဆိုတာလေးကို နှိပ်ပေးလိုက်ပါ အဆင်ပြေသွားပါပြီဗျာ

GuiterChordရှာပေးမယ့်Software

Chord Pickout
==========
Untitled.png
ကျွန်တော်ရှာတွေ့တာဒီနေ့မှာတွေ့တာပါ ဒီနေ့ပဲ download ဆွဲပြီးတော့ ဒီနေ့ပဲ စမ်းသပ်ခဲ့ပါတယ် အဆင်လည်း ပြေရော ဒီနေ့မှာပဲ Upload ပြန်တင်ပေးပြီး ပိုစ့်တစ်ခုကို ထပ်တိုးစေခဲ့ပါတယ် software နာမည်က Chord Pickout ပါ ။ ဒါလေးကတော့ တော်တော်လေးကို ထူးဆန်းလွန်းပါတယ် မဖြစ်နိုင်ဘူးလို့ ကျွန်တော် ထင်ထားခဲ့ပါတယ်ဗျာ သီချင်းခွေတွေ အသစ်ထွက်တိုင်း စာအုပ်တွေလိုက်ဝယ် ပြီးတော့ မှဂီတာနဲ့ ပြန်တီး နေရတယ်ဗျာ တစ်ချို့ နိုင်ငံခြားသီချင်းတွေကျတော့ ကျွန်တော် ကလည်းမကျွမ်းတော့ မတက်နိုင်ဘူးဗျ ဘယ်လိုမှလည်း ရှာမတွေ့ဘူးဗျာ အခု ဒီ Software လေးကတော့ တော်တော်လေးကို အဆင်ပြေတယ်ဗျာ သုံးရတာလည်း လွယ်လိုက်တာမှ လွန်ရောဗျာ တကယ် သီချင်းတစ်ပုဒ်ကို ဒီ Software လေးနဲ့ဖွင့်လိုက်တာနဲ့ Chord လေးတွေကို တန်းစီပြီး ရေးချလာပါတယ် ဗျာ အရမ်းကိုအဆင်ပြေတယ် မြန်မာသီချင်းတွေကော ဘာသီချင်းဖြစ်ဖြစ်ဗျာ mp3 ဖိုင်နဲ့ wave ဖိုင်ဖြစ်နေရင် ရပါပြီဗျာ စမ်းကြည့်လိုက်ပါ ကျေးဇူးတင်မြဲပါဗျာ Version ကတော့ 1.5 ပါပဲ အပေါ်ကပုံလေးကတော့ လေးဖြူရဲ့ တန်ဖိုးဆိုတဲ့ သီချင်းလေးကို စမ်းပြထားတာဖြစ်ပါတယ် ဗျာ Password ကတော့ juckzero ပါ Download ရယူရန် ဒီနေရာလေးကို နှိပ်လိုက်ပါနော် ကျေးဇူးတင်မြဲပါဗျာ







ImTOODVDtoMP4Converter

DVD ကနေ ကိုလိုခြင်တဲ့ Format ပြောင်းလို့ရပါတယ် တော်တော်လေးကို အဆင်ပြေပါတယ် ကျွန်တော် ကိုယ်တိုင် လက်ရှိသုံးနေပါတယ် အသုံးပြုနည်း UserGuide ဆိုတဲ့ စာအုပ်လေးပါ တင်ထားပေးပါတယ် အင်္ဂလိပ်လိုမဟုတ်ပါဘူး မြန်မာလိုပါပဲ ကျွန်တော် ကိုယ်တိုင်ရေးထားတာပါ အဆင်ပြေကြပါစေဗျာ ကျေးဇူးတင်မြဲပါဗျာ
down.gifRead.gif


Gmailအသုံးပြုနည်းစာအုပ်

29fz0o4jpg.png
ကျွန်တော်စာအုပ်လေးတစ်အုပ်ကို ရထားပါတယ် ခုမှ Gmail စတင်အသုံးပြုမယ့် သူများအတွက် အလွန်ကို အထောက်အကူပြုပါတယ် ကျွန်တော် တောင်မသိသေးတဲ့ အကြောင်းအရာတွေရှိနေသေးတော့ ပြန်လေ့လာနေရပါတယ် အားလုံးလည်းကြိုက်ကြမယ်ထင်ပါတယ်ဗျာ မိုးထပ်မြင့်(နည်းပညာ) ဆိုက်မှာ Download လုပ်ပြီးတော့ ပြန်တင်ထားပေးခြင်းဖြစ်ပါတယ် ရေးသားသူက မိုးသောက်လုလင်ဖြစ်ပါတယ် တော်တော်လေးကို ပြည့်စုံပါတယ် ကြည့်ကြည့်ကြပါ အစမ်းသဘောအရင် ကြည့်ကြည့်ပါ စိတ်ဝင်စားပြီဆိုရင် DOWNLOAD ကိုနှိပ်လိုက်ပါ
အွန်လှိုင်းပေါ်မှတိုက်ရိုက်ကြည့်ရနDOWNLOADဆွဲရန်
 ဒီစာအုပ်လေးကို ဖတ်ဖို့အတွက် PDF reader ရှိမှရပါမယ် Pdf reader မရှိသေးသူများ အောက်က နေရာမှာ Download ဆွဲလို့ရပါတယ် ဒါကတော့ Foxit Reader ပါ ဒါလေးကတော့ Adobe Reader ပါ အကုန်ဖရီးနော် ၀ယ်စရာမလို့ဘူး ပီးတော့ ကြိုက်တဲ့ Version ကိုရွှေးသုံးလို့ရပါတယ် အဆင်ပြေကြပါစေဗျာ

                                                                   ကျေးဇူးတင်မြဲပါ

NetWorkမှအခြားကွန်ပျူတာကိုထိန်းမယ်

တခြားကွန်ပျူတာမှာအသုံးပြုနေတဲ့ program ကို ပိတ်ပစ်မယ်ဗျာ

=========================================================

အကယ်၍ ကိုယ့်ဘေးနားမှာ အာကျယ်အာကျယ်နဲ့ Gtalk ကို ၇အိမ်ကြား ၈အိမ်ကြား ပြောနေသူတွေရဲ့ Gtalk ကိုလှန်းပိတ်ပစ်မယ်ဗျာ နားညီးတယ်  စိတ်ဒုက္ခရောက်တယ် ကဲစလိုက်ကြရအောင်

၁။ ပထမဆုံး Command Prompt ထဲ ၀င်လိုက်ပါ။ Start >> Run >> cmd နှိပ်ပီး enter ကိုနှိပ်လိုက်ပါ ပြီးတော့ သူ့ကွန်ပျူတာကို ရှာလိုက်ပါမယ် နက်ဆိုင်တော်တော်များများကတော့ စက်နံပါတ်နဲ့ Computer name ကိုတူတူထားတာများပါတယ် net view ကိုရိုက်ထည့်လိုက်ပါမယ် လှမ်းထိန်းလို့ရတဲ့ ကွန်ပျူတာတွေ ပေါ်လာပါလိမ့်မယ် ဥပမာ computer3 ပေါ့ နံပါတ် 3 စက်လို့ ယူဆလိုက်ပါမယ် သူ့ကွန်ပျူတာမှာ run နေတဲ့ Program list ကိုကြည့်နိုင်ဖို့ tasklist/s computername လို့ရိုက်ထည့်ပါ computername မှာလုပ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်ရပါမယ် ဒါဆိုရင် သူ့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Program list တွေကျလာပါလိမ့်မယ် လှမ်းပိတ်ဖို့အတွက် taskkill/s computername /im programname ကိုရိုက်ထည့်ပါ computername နေရာမှာတော့ ပိတ်ပစ်မယ့်ကွန်ပျူတာရဲ့နာမည်ကို ထည့်ပါ programname နေရာမှာတော့ ကိုယ်ပိတ်ခြင်တဲ့ program name ကိုရိုက်ထည့်ပါ ဥပမာ googletalk.exe ပေါ့ဗျာ အလွယ်တစ်ခုအနေနဲ့ရေးပြမယ်နော်

1 . cmd

2 . net view

3. tasklist/s computer name

4. taskkill/s computer name /im program name

အဲ့ဒါအလွယ်မှတ်နည်းပေါ့ဗျာ


တခြားကွန်ပျူတာကို ပိတ်ပစ်မယ်ဗျာ
=======================
အရင်ဆုံး cmd ကိုဖွင့်လိုက်ပါ ပီးတော့ net view ကိုနှိပ်လိုက်ပါ ပြီးတော့ ကိုယ်ပိတ်ပစ်ခြင်တဲ့ ကွန်ပျူတာရဲ့ နာမည်ကိုမှတ်လိုက်ပါ ပီးတော့ shutdown -i ကိုရိုက်ထည့်လိုက်ပါ box လေးတစ်ခု ကျလာပါလိမ့်မယ်
Add ကိုနှိပ်လိုက်ပါ ပိတ်ခြင်တဲ့ကွန်ပျူတာရဲ့ နာမည်ကိုရိုက်ထည့်လိုက်ပါ ဥပမာ computer 7 ပေါ့ဗျာ
ပီးတော့အောက်နားလေးမှာ ဘာလုပ်မလည်း restart လုပ်ပစ်မလား shutdown လုပ်ပစ်မလား ရွှေးလိုက်ပါ Warn users of the action ကိုအမှန်ခြစ်ပေးပြီး အောက်နားမှာ shutdown ချမယ် seconds ကိုသပ်မှတ်ပေးလို့ရပါတယ် ဒါပေမယ့် အဲ့လိုလုပ်လိုက်ရင် လူသိမှာပေါ့ဗျာ ဒါကြောင့် warn users of the action ကို အမှန်ခြစ်ဖြုတ်ပစ်လိုက်ပါ အောက်နားလေးမှာ Opction အောက်နာလေးမှာ တစ်ခုခုကိုရွှေးလိုက်ပါ ပီးတော့ OK ကိုနှိပ်လိုက်ပါ ခဏကြာစောင့်ကြည့်လိုက်ပါ မကျဘူးဆိုရင်တော့ နောက်တစ်ခုကို ထပ်ရွှေးပေါ့ဗျာ Comment ဆိုတာလေးကို လည်း တွေ့မှာပါ အဲ့နားလေးမှာ I Hack Your Computer Now . Your Computer Will Be Shutdown After 10 Second . So Sorry . အဲ့လိုချိန်းခြောက်စာလေးရေးပြီးတော့ အပေါ်က Shutdown Time ကို 10 Second ပေးလိုက်ပေါ့ဗျာ
အတိုမှတ်နည်းလေးပါ
cmd >> shutdown -i >> Add >> Computer name >> OK

နောက်တစ်နည်းရှိပါသေးတယ် သူများကွန်ပျူတာကို ပိတ်တဲ့နည်း
=========================================
c:\>runas /netonly /user name\administrator "shutdown /s /m \\computername /t 00
ကုတ်ကို copy ကူးယူလိုက်ပါ ပြိးတော့ note pad ကိုဖွင့်လိုက်ပါ note pad ထဲမျာ pased ပြီးတော့
user name နေရာမှာ ကိုယ့်ရဲ့ computer name ကိုထည့်ပေးပါ ပြီးတော့ computername နေရာမှာ Shutdown ချမယ် Computer name ကိုထည့်ပေးပါ ပီးတော့  t 00 နေရာမှာ Shutdown ကျမယ် အချိန်ကို သတ်မှတ်ပေးရမှာပါ ချက်ခြင်းကျစေခြင်တော့ 00 လို့ထားပါတယ် ပီးတော့
File အောက်နားက Save As ကိုရွှေးလိုက်ပါ name နေရာမှာ Shutdown.bat လို့ရေးပီး Save လိုက်ပါ .bat ဖိုင်လေး တစ်ဖိုင်ကျလာပါလိ့မ်မယ် အဲ့ဒါလေးကို Double Click နှိပ်လိုက်ပါက အစီအစဉ် ပြီး မြောက်သွားပါပြီ မကောင်းတဲ့ ပညာရပ် တစ်ခု ဖြစ်နေတော့ အခတ်အခဲကြုံရင် ကိုယ့်ဘာသာကိုယ် ဆက်လက်ပီးတော့ လေးလာကြပါ ပြန်လည် မေးမြန်းခြင်းခွင့်မပြုပါ ကျွန်တော်ကိုယ်တိုင် စမ်းသပ်ထားတာအောင်မြင်ပါတယ်





လမ်းခွဲလ္ဘက်ရည်

badcoffee.png
"ညီ အားလား" ခေတ်စားနေတဲ့ Gtalk ကနေ ပြောလာသော ကျွန်တော်ရဲ့ အစ်ကိုတစ်ယောက်လို သဘောထားတဲ့ သူငယ်ချင်းတစ်ယောက် လို့ပဲပြောရမှာပေါ့ဗျာ "အားပါတယ် ကိုကြီး" "အပြင်ထွက်လို့ရလား" "ရပါတယ် ဟိုတစ်ယောက်လာရင်" ကျွန်တော်က သူသွင်းပေးခဲ့တဲ့ အလုပ်မှာ အလုပ်ရခါစလေးပေါ့ဗျာ "အဲ့ဆိုရင် လက္ဘရည် သွားသောက်ရအောင်" "ဟိုတစ်ယောက်လာတာနဲ့ သွားရအောင်လေ" "အောက်ပြီညီရေ့ ခုလာခဲ့မယ်" "ဟုတ်" တအောင့်လောက်ကြာတော့ ဆိုင်ကို သူရောက်လာခဲ့ပါတယ် ကွန်ပျူတာ တစ်လုံးရှေ့မှာ သူထိုင်ပြီး အင်တာနက် သုံးနေရင်း ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို စောင့်ကူနေပါတယ် ခဏကြာ ရောက်လာတော့ နှစ်ယောက်သား အပြင်ကိုထွက်ခဲ့ပါတယ် "ဘယ်ဆိုင်သွားမလည်း ညီ" ကျွန်တော်ကို အမြဲတမ်း ညီ လို့တလေး တစား ခေါ်တက်သော အစ်ကို "ကြိုက်တဲ့ဆိုင်ကို သွားဗျာ" အမြဲတမ်း ဆိုင်မရွှေးတက်သော ကျွန်တော်ရဲ့ အကျင့် ဒါနဲ့နာမည်ကြီးဆိုင်လေးတစ်ဆိုင်ကို သူခေါ်သွားပါတယ် "ဘာသောက်မလည်း အစ်ကို" စားပွဲထိုးလေးရဲ့ အသံကို နားထောင်ရင်းနှစ်ယောက်သာ မှာလိုက်တယ် "ညီ အလုပ်အဆင်ပြေရဲ့လား" "ပြေပါတယ် ကိုကြီး" ကျွန်တော်လက်ရှိအလုပ်က သူ့မျက်နှာ သူ့စကား သူ့ရဲ့အာမခံပေးမှုကြောင့် ကျွန်တော် အလုပ်ရခဲ့ပါတယ် ဒုတိယမြောက် သူသွင်းပေးခဲ့သော အလုပ်ဖြစ်ပါတယ် ပထမ သူသွင်းပေးခဲ့တဲ့အလုပ်က ကျွန်တော် နေမကောင်းဖြစ်ပြီး ဆေးရုံ တစ်လလောက် တက်ရတာနဲ့ နားလိုက်ရပါတယ် "ညီစားလို့ကောင်းရဲ့လား" "ကောင်းပါတယ်" သူကတော့အရမ်းကို ချွေတာတက်ပါတယ် အအေးပဲသောက်ပါတယ် ကျွန်တော်ကတော့ အအေးကော နေ့လည်စာပါပေါင်းစားပစ်လိုက်ပါတယ် "ညီ ဆေးလပ်တစ်ပွဲလောက်" စားပွဲထိုးကို လှန်းပြောလိုက်တယ် ဒါနဲ့ နှစ်ယောက်သား ဆေးလိပ်လေးသောက်ရင် စကားပြောရင်းနဲ့ နှစ်နာရီ ၀န်းကျင်လောက်ကြာသွားပါတယ် "ညီ အလုပ်နောက်ကျနေမယ် လစ်ရအောင်" "ရပါတယ် အေးဆေးပါ" ဘယ်အရာကိုမှအလေးမထားတက်သော ကျွန်တော်ရဲ့ အကျင့်ဆိုးလေးတစ်ခု "ညီကလည်း နည်းနည်းလေး လေးလေးစားစား လုပ်သင့်ပါတယ်" "ဟုတ်ကိုကြီး" ကျွန်တော် ကို အမြဲတမ်း ဆုံးမ သြ၀ါဒပေးတက်ပါတယ် "ဘယ်လောက်လဲ ညီလေး" စားပွဲထိုးကိုခေါ်လိုက်ပါတယ် ပြီးတော့ သူအကုန် ဒိုင်ခံရှင်းခဲ့ပါတယ် "သွားမယ် ညီ" နှစ်ယောက်သား ဆိုင်ပြင်ကို ထွက်ခဲ့ပါတယ် သူလည်းသူ့အလုပ်ရှိသေးတော့ ဆိုင်ရှေ့ကနေပဲ လမ်းခွဲလိုက်ကြပါတယ် ကျွန်တော်လည်း ကျွန်တော့်အလုပ်ကိုပဲ ပြန်ခဲ့ပါတယ် နောက်ရင် "အစ်ကို ကွမ်းစားမလား" "တော်ပြီ ညီ" "သူ့ကိုလုပ်ပေးလိုက်နော်" ကျွန်တော်ဆိုင်ရှင်ကိုလှမ်းပြောပြီး ကျသင့်သလောက် တစ်ခါထဲ ရှင်းခဲ့လိုက်တယ် ပြီးတော့ ကျွန်တော်လည်း အလုပ်နောက်ကျနေပြီဖြစ်တော့ "လစ်တော့မယ် အစ်ကို" ကျွန်တော်ထွက်လာခဲ့ပါတယ် ညနေ ဆိုင်ကအပြန် ကွမ်းယာဆိုင်လေးကို ထပ်ဝင်ခဲ့ပါတယ် "သူမယူသွားဘူးညီ" ကွမ်းယာဆိုင်ရှင်ရဲ့စကားကြောင့် ကျွန်တော် စိတ်ထဲမှာတစ်မျိုးဖြစ်သွားခဲ့ပါတယ် အရင်က ဘယ်တော့အခါမှ မငြင်းခဲဖူးခဲ့ပါဘူး မရှိအတူ ရှိအတူ နေခဲ့ကြတာမဟုတ်ပါလား ကြားထဲမှာ ကျွန်တော် အလုပ်ရှုပ်နေတာနဲ့ သူဆိုင်ကို မရောက်ဖြစ်တော့ပါဘူး တစ်ရက် သတိရလို့ သူ့ဆိုင်ကို ရောက်သွားတယ် သူစိမ်းတစ်ယောက်လို ကျွန်တော် ကိုဆက်ဆံနေပါတယ် ဘာကြောင့်လဲ စဉ်းစားလို့ ခုထိကို မရပါဘူး သူ့အခတ်အခဲနဲ့သူ ဒါမှမဟုတ် ကျွန်တော်ကို မခင်ခြင်တော့တာလည်း ဖြစ်မှာပါလေ .....
ကျွန်တော် နေမကောင်းဖြစ်တုန်းက သူ့အိပ်ယာကို ပေးအိပ်ပြီး ခုံပေါ်မှာ အိပ်နေခဲ့တဲ့ ကျွန်တော့်အစ်ကို အစစ အရာရာ ဆုံးမသွန်သင်ခဲ့တဲ့ ကျွန်တော် အစ်ကို လည်းဟုတ် သူငယ်ချင်းလည်း ဟုတ် ရေစက်ကုန်ခဲ့ပြီ မဟုတ်ပါလား .................


Bloggerများအားလုံးအဆင်ပြေပါစေဗျာ

တခြား Blogger တွေပိုစ့်ကို ဘယ်လိုအဆင်ပြေအောင်တင်နေကြလည်းဆိုတာကိုတော့ ကျွန်တော်မသိပါဘူး ကျော်ပြီးတင်တာ များမယ်လို့ကျွန်တော်ယူဆပါတယ် ကျော်တယ်ဆိုပေမယ့် တစ်ခါတစ်လေမှာ ကျော်လို့မရလို့ ပိုစ့်တွေ နောက်ကျတက်ကျပါတယ် ခုပြေပြမှာကတော့ Gmail ကနေ ပိုစ့်တင်တဲ့နည်းလေးပါ Blogger သမားများအတွက်ပေါ့ဗျာ Gmail ကိုတော့ ကျော်ဝင်ရမယ်လို့ မထင်ပါဘူး ဒါကြောင့် အဲ့နည်းလေးကို မျှဝေလိုက်ပါတယ် တစ်ခုလောက် ကြော်ဌာဝင်ပါရစေဗျာ တစ်ချို့က ဒီလောက်လွယ်တဲ့ကိစ္စလေးကိုတောင်မသိဘူးလို့ပြေကြမှာပဲ ဟုတ်ပါတယ် လက်ခံပေးပါတယ် ဒါပေမယ့် မသိသေးသော သူများကို ရည်ရွယ်လိုက်ပါတယ် ဘလော့ကို ပွင့်အောင် ပရိတ်သတ်တွေဖတ်လို့ရအောင် Domain ၀ယ်တယ် ပြီးတော့ချိတ်ထားကြတယ် ကြည့်တဲ့လူတွေအတွက် အဆင်ပြေသွားပါတယ် ဒါပေမယ့် ဘလော့တင်ဖို့တော့ ကျော်ရခွရနဲ့ သိပ်အဆင်မပြေပါဘူး ဖြစ်နေတယ်ဆိုရင် ခုနည်းလေးကို သုံးကြည့်လိုက်ပါ အရင်ဆုံးတော့ ကျော်ဝင်ရအုံးမှာပါ www.blogger.com ကိုဖွင့်လိုက်ပါ မိမိ အကောင့်ဖြင့် Sign In ၀င်လိုက်ပါ ပြီးတော့ Setting ထဲကိုဝင်လိုက်ပါ Email & Mobile ကိုရွှေးလိုက်ပါ ပြီးတော့ Posting Options အောက်က Email Posting Address နားလေးကိုကြည့်လိုက်ပါ ရှေ့မှာက မိမိ ရဲ့ Profile Name လေးကို အသေဖြစ်နေပါလိမ့်မယ် အဲ့ဒါလေးကိုပြောင်းခြင်တယ်ဆိုရင်တော့ Profile Name ကိုပြောင်းရပါမယ် နောက်နားလေးမှာက အကွက်လေး လွတ်နေပါလိမ့်မယ် အဲ့နေရာနားလေးမှာ ကိုယ်လိုခြင်တဲ့ Address ကိုရိုက်ထည့်ရပါမယ် ကကယ်၍ သူမပေးတဲ့ Address ဆိုရင်တော့ အယ်ရာတက်လာပါမယ် တခြားနာမည် တစ်ခုကိုပဲ ပြင်ပေးလိုက်ပါ အဆင်ပြေသွားပါမယ် ဥပမာ name.naeme@blogger.com ပါ အဲ့ Address ကိုမှတ်ထားလိုက်ပါ မေးကနေ ပိုစ်တင်ရမယ် Address ဖြစ်ပါတယ် အဲ့လိုမျိုးပုံစံလေးပါ ပြီးသွားရင် Publish emails immediately ရဲ့ဘေးနားလေးမှာ ကလစ်တစ်ချက်ပေးပြီးတော့ Save Settings ဆိုတာလေးကိုနှိပ်လိုက်ပါမယ် အောက်မှာပုံလေး တင်ပေးလိုက်ပါတယ် ကြည့်လိုက်ပါ ပုံတွေကို အကျယ်ချဲ့ကြည့်ခြင်ရင် ပုံတည့်တည့်ကို နှိပ်လိုက်ပါ နောက်ပိုင်းမှာလည်း ဒီ စနှစ်ကို ထည့်ထည့်သုံးသွားမှာပါ အရင်ပိုစ့်တွေမှာတုန်းကတော့ မရှိပါဘူး

72056415.jpg

နီရောင်ခြယ်ထားသော နေရာလေးမှာ ကိုယ့်နာမည်နှင့် ကိုယ်ဖြစ်ပါတယ် အဲ့ Blogger မေးရဲ့ adress လေးကို သူများသိသွားလည်း ပို့လို့မရပါဘူး ဘာလို့လည်းဆိုတော့ Blogger ဖွင့်ထားတဲ့ မေးကနေပဲ ပို့လို့ရမှာဖြစ်ပါတယ် တခြား ဘယ်မေးနဲ့ ပို့ပို့ ရမှာ မဟုတ်ပါဘူး Blogger mail adress လုပ်ထားလို့ သူများသိသွားပြီး သူများတွေရှောက်ပို့မှာကို မဆိုးရိမ်ရပါဘူး ကျွန်တော် ကိုယ်တိုင်သေခြာ စမ်းပြီးသွားပါပြီ တစ်လက်စထည်း မေးကနေ ပိုစ့်တစ်ခုကို တင်ပြပါမယ် အဆင့်တွေ အကုန်ပြီးဆီးသွားပြီ ဆိုပါက မေးကိုဖွင့်လိုက်ပါ ကျော်ဖို့လည်း မလိုပါဘူး ခွဖို့လည်း မလိုပါဘူး ခြေထောက်တွေ ရှည်ကုန်မှာဆိုးလို့ စေတနာနော် စာပဲ တင်မယ်ဆိုရင်မေးကိုကြိုက်သလိုဖွင့်လိုက်ပါ ပိုစ့်ထဲမှာ ပုံထည့်မယ် လင့်တွေလည်း ညွှန်မယ်ဆိုရင်တော့ Gmail ကို Standard နဲ့ဖွင့်လိုက်ပါ ပုံတင်ဖို့အတွက် Setting လေးတွေကို နည်းနည်း ပြောင်းရပါမယ် Gmail Setting ထဲကို ၀င်လိုက်ပါ
20899008.jpg
 ပြီးတော့ အဲ့အောက်ထဲက Lab ဆိုတာလေး ထဲကို ၀င်လိုက်ပါ အောက်ကပုံလေးမှာပြထားတာလေးကို ရှာပြီး Enable ပေးလုက်ပါ
55964694.jpg
Save ကိုနှိပ်လိုက်ပါ အောက်ဆုံးနားလေးမှာ ဖြစ်မှာပါ ပြောင်းလိုက်ရငါဘာထူးလာလဲဆိုတော့ compose mail ထဲကိုဝင်ကြည့်လိုက်ပါ ပုံမှန်ဆိုရင်တော့ သတိထားမိမှာမဟုတ်ကြပါဘူး ပုံလေးကိုကြည့်လိုက်ပါ ဓာတ်ပုံတင်ဖို့ တစ်ခုတိုးလာပါလိမ့်မယ် တောင်တန်းပုံလေးနဲ့ပါ အဲ့ဒါလေးကို အားပြုပြီးတော့ ဓာတ်ပုံတွေတင်ရမှာပါ
51225356.jpg
ပုံတွေတင်မယ်ဆိုရင် အဲ့ တောင်တန်းပုံ လေးကိုနှိပ်လိုက်ပါ အောက်ကပုံလေး ပေါ်လာပါလိမ့်မယ်
92539858.jpg
အဲ့နားမှာ ကျွန်တော် ကတော့ ကွန်ပျူတာကနေတိုက်ရိုက် upload မတင်ပါဘူး အဲ့ဒါကြောင့် web address ကိုရွှေးချယ်လိုက်ပါတယ် ပြီးတော့ ကျွန်တော် upload တင်တဲ့ဆိုက်က Direct link ကို paste လိုက်ပါတယ် ပြီးတော့ ခဏစောင့်လိုက်ပါ ပုံပေါ်လာပါက Ok ကိုနှိပ်လိုက်တာနဲ့ ဘာလို့လည်းဆိုတော့ computer ကနေတိုက်ရိုက်တင်ပါက ဆိုက်ပေါ်ရောက်သွားရင် ဓာတ်ပုံနေရာမှာ ကွက်လပ်ကြီးဖြစ်နေပါမယ် ကျော်ကြည့်မှသာမြင်ရမှာဖြစ်ပါတယ် တစ်ခါထဲမြင်ရခြင်တယ်ဆိုရင်တော့ တခြား Image Hosting တွေမှာ upload တင်ပြီးမှ လင့်ကိုယူလာပြီး တင်မှ ပိုအဆင်ပြေပါတယ် စာဖတ်သူတွေအဆင်ပြေဖို့က အဓိကကျပါတယ် ဒါကြောင့် မလို့ပါ ကျွန်တော်ဒီပိုစ့်ကို တင်နေတဲ့ နမူနာပုံစံလေးကို အောက်မှာတင်ပေးလိုက်ပါတယ် ကြည့်ကြည့်ပါ အဆင်ပြေပါတယ်
finalyb.jpg
အားလုံး ပြီးဆီးသွားပါက To : ဆိုတဲ့နေရာလေးမှာ ခုနက Blogger Mail Address ကိုထည့်လိုက်ပါ Subject : ဆိုတဲ့နေရာမှာတော့ ခေါင်းစဉ်ပေါ့ဗျာ ဒီနည်းကို မေးပို့တဲ့နေရာမှာလည်း အသုံးခြလို့ရပါတယ် အဓိကကတော့ Address ပါ သူများတွေကိုလည်း ဒီနည်းလေးနဲ့ ဓာတ်ပုံတွေကိုတွဲပြီးတော့ မေးပို့လို့ရပါတယ်
                                                                                                            Blogger များအားလုံး အဆင်ပြေကြပါစေဗျာ



Blogger,Wordpass,Notepad တွေအတွက်ဆေး

Blogger,Wordpass,Notepad တွေအတွက်ဆေး
Blogger ကို အတင်းအကျက်ဘန်းထားတယ်ဆိုတာ လူတိုင်းနည်းနည်း သိကြပါတယ် ။ အဲ့ဒါက ပြသနာမဟုတ်သေးပါဘူး ဘန်းနိုင်လို့ ဘန်းတာပဲ ဘန်းပလေ့စေပေါ့ ဟုတ်တယ်မလား ။ တစ်ချို့တွေက Proxy တွေကို ကျော်ပီးတော့ ၀င်ကြည့်ကြပါတယ် အဲ့လို ပင်ပန်းခံပြီးဝင်ကြည့် ကြသောသူများ အားလုံးကိုလည်း တကယ် ကျေးဇူးတင်မဆုံးပါဘူး ဘယ် ဘလော့ကာမဆို ကိုယ့်ဆိုက်ကို သူများတွေ ၀င်ကြည့်စေခြင်ကြပါတယ် ကြည့်တဲ့လူမရှိပဲရေးနေရင်တော့ ဘာထူးတော့မှာလည်းဗျာ ဘလော့ကာတော်တော်များများ Domain ၀ယ်ထားတာကို တွေ့ရပါတယ် ဒါပေမယ့် ခု Skynet တွေမှာ တစ်ချို့ Domain တွေကိုဘန်းထားတာတွေ့ရပါတယ် ကျွန်တော့် Domain ဆိုရင်လည်း ဘန်းခံထားရပါတယ် ဘာကြောင့် ဘန်းလည်းဆိုတာကိုတော့ မသိပါဘူး ကိုယ့် Domain ကိုဘယ်နိုင်ငံတွေက ဘန်းထားလည်း ဆိုတာကို စစ်ဆေးကြည့်လို့ရပါတယ် Just Ping ဆိုတဲ့ဆိုက်လေးမှာ မိမိ Domain ကိုရိုက်ထည့်ပြီးတော့ စစ်ဆေးနိုင်ပါတယ် အောက်ကပုံလေးက ကျွန်တော် Domain က ဘယ်ကဘန်းထားတယ်ဆိုတာကို စစ်ဆေးထားတဲ့ပုံလေးပါ
43257644.jpg
အပေါ်ပိုင်းလေးကိုပဲပြထားတာပါ နိုင်ငံတော်တော်များများကို စစ်ဆေးပေးပါတယ်
ကဲနောက်တစ်ခုကတော့ ဘလော့ကာတွေရဲ့ ပရိတ်သတ်တွေအတွက်ပါ ဘယ်လိုဖတ်ရမလည်း proxy မကျော်ခြင်ဘူး ဆိုရင် ကျော်ရင်လည်း ဆိုက်ပွင့်တာ အရမ်းလေးတယ်ဆိုတာကို သိကြမှာပါ အဲ့ဒါကြောင့် ဒီနည်းလေးကို စမ်းကြည့်စေခြင်ပါတယ် အရင်ဆုံး Google Reader ကိုဖွင့်လိုက်ပါ မိမိ Gamil အကောင့်တစ်ခုခုဖြင့် ၀င်လိုက်ပါ Gmail ၀င်တဲ့နည်းအတိုင်းပါပဲ username နဲ့ password ပေါ့ ဒီ Setting ကို Google ကအစကတည်းက ထည့်ပေးထားပါတယ် page လေးပွင့်လာပြီဆိုရင် Add a subscription ဆိုတာလေးကို ရှာပြီးတော့ နှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်
74503555.jpg
အဲ့နားမှာ ကိုယ့်ကြည့်ခြင်တဲ့ ဆိုက်ရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ပါ http://kuntha.blogspot.com ကိုကျွန်တော် ရိုက်ထည့်လိုက်ပါတယ် ပီးတော့ Add ကိုနှိပ်လိုက်ပါ အောက်ကပုံလေးတွေအတိုင်း မြင်နေရပါမယ် မိမိ စိတ်ကြိုက် အပ်ထားလို့ရပါတယ် လိုရင် လိုသလိုပေါ့ဗျာ ကျွန်တော်ကတော့ အများကြီး ကိုအပ်ထားပါတယ်
35561829.jpg
ကျွန်တော် ကြိုက်တဲ့ blog တွေပါ အဲ့ဒါနည်းတူ Wordpass,Notepad တွေကိုလည်း အပ်လို့ရပါတယ် www.mawcity.com ကိုလည်း အပ်ထားလို့ရပါတယ် ဟိဟိ ကြော်ဌာပါ ပြီးတော့ ကိုယ်ကြည့်ခြင်တဲ့ ဆိုက်လေးကို နှိပ်လိုက်ပါ ထိုဘလော့မှာရှိသော ခေါင်းစဉ်တွေ တန်းစီပြီးတော့ ကျလာပါလိမ့်မယ် အဲ့ဒါလေးတွေကို ကလစ်လိုက်ရုံနဲ့ ဖတ်လို့ရသွားပါပြီ ဖတ်လို့ရပါပြီ တစ်ခုတော့ ရှိတယ်ဗျ သူဆိုက်ကအပြင်အဆင်တွေကိုလုံးဝ မြင်ရမှာမဟုတ်ပါဘူး စာတွေ ပုံတွေ ကိုမြင်ရပါမယ် ဘလော့ကာ ပရိတ်သတ်များ အားလုံး အဆင်ပြေကြပါစေဗျာ နောက်နေ့မှာ ဘလော့ကို freedom မကျော် ဘာမှကျော်စရာမလိုပဲ မေးကနေ တင်လို့ရအောင် တင်ပြပါအုံးမယ် ကျွန်တော်လည်း လက်ရှိ မေးကနေပဲ blogger.com ကိုupload လုပ်နေပါတယ် မေးပွင့်တာနဲ့ ဘလော့တင်လို့ရပါတယ်