လမ်းခွဲလ္ဘက်ရည်

badcoffee.png
"ညီ အားလား" ခေတ်စားနေတဲ့ Gtalk ကနေ ပြောလာသော ကျွန်တော်ရဲ့ အစ်ကိုတစ်ယောက်လို သဘောထားတဲ့ သူငယ်ချင်းတစ်ယောက် လို့ပဲပြောရမှာပေါ့ဗျာ "အားပါတယ် ကိုကြီး" "အပြင်ထွက်လို့ရလား" "ရပါတယ် ဟိုတစ်ယောက်လာရင်" ကျွန်တော်က သူသွင်းပေးခဲ့တဲ့ အလုပ်မှာ အလုပ်ရခါစလေးပေါ့ဗျာ "အဲ့ဆိုရင် လက္ဘရည် သွားသောက်ရအောင်" "ဟိုတစ်ယောက်လာတာနဲ့ သွားရအောင်လေ" "အောက်ပြီညီရေ့ ခုလာခဲ့မယ်" "ဟုတ်" တအောင့်လောက်ကြာတော့ ဆိုင်ကို သူရောက်လာခဲ့ပါတယ် ကွန်ပျူတာ တစ်လုံးရှေ့မှာ သူထိုင်ပြီး အင်တာနက် သုံးနေရင်း ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက်ကို စောင့်ကူနေပါတယ် ခဏကြာ ရောက်လာတော့ နှစ်ယောက်သား အပြင်ကိုထွက်ခဲ့ပါတယ် "ဘယ်ဆိုင်သွားမလည်း ညီ" ကျွန်တော်ကို အမြဲတမ်း ညီ လို့တလေး တစား ခေါ်တက်သော အစ်ကို "ကြိုက်တဲ့ဆိုင်ကို သွားဗျာ" အမြဲတမ်း ဆိုင်မရွှေးတက်သော ကျွန်တော်ရဲ့ အကျင့် ဒါနဲ့နာမည်ကြီးဆိုင်လေးတစ်ဆိုင်ကို သူခေါ်သွားပါတယ် "ဘာသောက်မလည်း အစ်ကို" စားပွဲထိုးလေးရဲ့ အသံကို နားထောင်ရင်းနှစ်ယောက်သာ မှာလိုက်တယ် "ညီ အလုပ်အဆင်ပြေရဲ့လား" "ပြေပါတယ် ကိုကြီး" ကျွန်တော်လက်ရှိအလုပ်က သူ့မျက်နှာ သူ့စကား သူ့ရဲ့အာမခံပေးမှုကြောင့် ကျွန်တော် အလုပ်ရခဲ့ပါတယ် ဒုတိယမြောက် သူသွင်းပေးခဲ့သော အလုပ်ဖြစ်ပါတယ် ပထမ သူသွင်းပေးခဲ့တဲ့အလုပ်က ကျွန်တော် နေမကောင်းဖြစ်ပြီး ဆေးရုံ တစ်လလောက် တက်ရတာနဲ့ နားလိုက်ရပါတယ် "ညီစားလို့ကောင်းရဲ့လား" "ကောင်းပါတယ်" သူကတော့အရမ်းကို ချွေတာတက်ပါတယ် အအေးပဲသောက်ပါတယ် ကျွန်တော်ကတော့ အအေးကော နေ့လည်စာပါပေါင်းစားပစ်လိုက်ပါတယ် "ညီ ဆေးလပ်တစ်ပွဲလောက်" စားပွဲထိုးကို လှန်းပြောလိုက်တယ် ဒါနဲ့ နှစ်ယောက်သား ဆေးလိပ်လေးသောက်ရင် စကားပြောရင်းနဲ့ နှစ်နာရီ ၀န်းကျင်လောက်ကြာသွားပါတယ် "ညီ အလုပ်နောက်ကျနေမယ် လစ်ရအောင်" "ရပါတယ် အေးဆေးပါ" ဘယ်အရာကိုမှအလေးမထားတက်သော ကျွန်တော်ရဲ့ အကျင့်ဆိုးလေးတစ်ခု "ညီကလည်း နည်းနည်းလေး လေးလေးစားစား လုပ်သင့်ပါတယ်" "ဟုတ်ကိုကြီး" ကျွန်တော် ကို အမြဲတမ်း ဆုံးမ သြ၀ါဒပေးတက်ပါတယ် "ဘယ်လောက်လဲ ညီလေး" စားပွဲထိုးကိုခေါ်လိုက်ပါတယ် ပြီးတော့ သူအကုန် ဒိုင်ခံရှင်းခဲ့ပါတယ် "သွားမယ် ညီ" နှစ်ယောက်သား ဆိုင်ပြင်ကို ထွက်ခဲ့ပါတယ် သူလည်းသူ့အလုပ်ရှိသေးတော့ ဆိုင်ရှေ့ကနေပဲ လမ်းခွဲလိုက်ကြပါတယ် ကျွန်တော်လည်း ကျွန်တော့်အလုပ်ကိုပဲ ပြန်ခဲ့ပါတယ် နောက်ရင် "အစ်ကို ကွမ်းစားမလား" "တော်ပြီ ညီ" "သူ့ကိုလုပ်ပေးလိုက်နော်" ကျွန်တော်ဆိုင်ရှင်ကိုလှမ်းပြောပြီး ကျသင့်သလောက် တစ်ခါထဲ ရှင်းခဲ့လိုက်တယ် ပြီးတော့ ကျွန်တော်လည်း အလုပ်နောက်ကျနေပြီဖြစ်တော့ "လစ်တော့မယ် အစ်ကို" ကျွန်တော်ထွက်လာခဲ့ပါတယ် ညနေ ဆိုင်ကအပြန် ကွမ်းယာဆိုင်လေးကို ထပ်ဝင်ခဲ့ပါတယ် "သူမယူသွားဘူးညီ" ကွမ်းယာဆိုင်ရှင်ရဲ့စကားကြောင့် ကျွန်တော် စိတ်ထဲမှာတစ်မျိုးဖြစ်သွားခဲ့ပါတယ် အရင်က ဘယ်တော့အခါမှ မငြင်းခဲဖူးခဲ့ပါဘူး မရှိအတူ ရှိအတူ နေခဲ့ကြတာမဟုတ်ပါလား ကြားထဲမှာ ကျွန်တော် အလုပ်ရှုပ်နေတာနဲ့ သူဆိုင်ကို မရောက်ဖြစ်တော့ပါဘူး တစ်ရက် သတိရလို့ သူ့ဆိုင်ကို ရောက်သွားတယ် သူစိမ်းတစ်ယောက်လို ကျွန်တော် ကိုဆက်ဆံနေပါတယ် ဘာကြောင့်လဲ စဉ်းစားလို့ ခုထိကို မရပါဘူး သူ့အခတ်အခဲနဲ့သူ ဒါမှမဟုတ် ကျွန်တော်ကို မခင်ခြင်တော့တာလည်း ဖြစ်မှာပါလေ .....
ကျွန်တော် နေမကောင်းဖြစ်တုန်းက သူ့အိပ်ယာကို ပေးအိပ်ပြီး ခုံပေါ်မှာ အိပ်နေခဲ့တဲ့ ကျွန်တော့်အစ်ကို အစစ အရာရာ ဆုံးမသွန်သင်ခဲ့တဲ့ ကျွန်တော် အစ်ကို လည်းဟုတ် သူငယ်ချင်းလည်း ဟုတ် ရေစက်ကုန်ခဲ့ပြီ မဟုတ်ပါလား .................


No comments: