(ကဗျာ )


ကောင်းကင် တိမ်တိုက်တွေ
ကြယ်တွေ လတွေ
ပင်လယ်တွေ တောင်တန်းတွေ
ကျေးငှက်လေးနဲ့ ပန်ပွင့်လေးတွေ
ဒါတွေက သဘာဝပါကွာ…
ခံစားတတ်သူတိုင်း
ကဗျာလေးတွေ ရေးမယ်ဆို
ရေးမကုန်လောက်ဘူးပေါ့…
ကိုယ့်ချစ်သူရဲ့ အလှလေးတွေ
တင်စားကြမယ်ဆိုလည်း
ကဗျာတွေ ရေးမကုန်လောက်ဘူးပေါ့…
အချစ်ကို အမျိုးမျိုးတင်စား
ကဗျာတွေ ရေးမကုန်လောက်ဘူးပေါ့…
ကြေကွဲမှုနာကြီးမှုတွေ ရေးမယ်ဆိုလည်း
ကဗျာတွေရေးမကုန်လောက်ဘူးပေါ့…
ဘဝရဲ့ ဒဿနတွေဆိုလည်း
ကဗျာတွေ ရေးမကုန်လောက်ဘူးပေါ့…
အရာရာအားလုံး ဟာ
ကဗျာဆန်နေကြတာလား
ကဗျာနဲ့ တင်စားဖော်ပြနေကြတာလား…
                                          ယောနသံ

No comments: