မျှော်လင့်ခြင်း (၂)

*တစ်ရက်တွေ့ရဖို့

တစ်သက်မမေ့အောင် စောင့်နေရသူပါ။

*၀တ်မှုန်တွေအသာအယာချပြီး

တိတ်တဆိပ်ထွက်ခွာသွားတဲ့လိပ်ပြာငယ်လို

ဘ၀အခြေမတူတဲ့ ချစ်သူတွေလို

တစ်စစနဲ့ပြုစားနေတာလားကွယ်…

*မျှော်လင့်ခြင်းဟာ…

ငါ့အတွက်တော့

ကိန်းဂဏန်းတွေနဲ့ချပြလို့မရတဲ့

အဖြေကင်းတဲ့ပုဒ်စာတစ်ပုဒ်ပါ။

*မင်းနားလည်တက်မယ်ဆိုရင်

ရင်ဘက်ဟောင်းလောင်းဖွင့်ပြီး

မျှော်နေရတဲံ ရင်ခွင်ပိုင်ရှင်ဟာ

မင်းတစ်ဦးတည်းပါ အချစ်ရယ်။

*ငါမျှော်နေတာကို

မင်းသိသင့်ပြီထင်ပါရဲ့ ။           

No comments: