" ရှိနေခွင့် "


 
အနားမှာ ရှိခွင့်ပေးပါ
နောက်ဆုံးထွက်သက်
နှလုံးခုန် မရပ်သရွေ့တော့
ရင်ခုန်ချက်တိုင်းမှာ
မင်းပုံရိပ်တွေ
ပေါ်လာနေမိတာပါ
ဒါဟာ.....
မင်းအပေါ်ထားရှိတဲ့
ငါ့ရဲ့.......
စွဲလန်းခြင်းကြောင့်လား
ဒါမှမဟုတ်.......
ရူးသွပ်ခြင်းကြောင့်လားဆိုတာ
ငါ့ကိုငါတောင်
ပြန်မေးကြည့်ဖို့
ဆွံအနေခဲ့ပြီး.......

No comments: