မျှော်လင့်ခြင်း (၁)


*လမင်းငယ်ကို

တိမ်ညိုတွေမပိုင်ဆိုင်သလိုမျိုး

မင်းကို ..ငါ စွန့်ခွာလိုက်ရတာလား။

*သမုဒ္ဒရာ ရင်ခွင်အဆုံး

ထိုးနှစ်ဝင်ရောက်

ကြွေပစ်လိုက်ချင်ရဲ့ …

မချင့်မရဲပါ ..ချစ်သူ။

*ရင်ခွင်မှာ နွေ

ပါးပြင်မှာ မိုး

ဒီအဖြစ်မျိုးနဲ့ (မင်း..ကိုယ့်ကို)

အကျိုးချိုးနေတာလားကွယ်။

*မရောက်စေချင်ရင်

ကိုယ်မလျှောက်ပါဘူး ချစ်သူ

နောက်ကလိုက်ရသူမှာ

ပိုက်ထွေးစရာဆိုလို့

မင်းအချစ်တစ်ခုပဲရှိတာပါ။

…………………

*မျှော်လင့်စရာ

တခြား - မရှိပါဘူးကွယ်….။

No comments: