မျှော်လင့်ခြင်း(၄)

*မိုးတွေ …

ရွာနေပြန်ပြီ ရနံ့ချို

အရင်လို ရှိနေဦးမလားဆိုပြီး

ခိုးခိုးကြည့်မိတာ ခဏခဏပါပဲ။

*မိုးကိုချစ်တဲ့မင်းကတော့

မိုးထဲမှာ ပျော်နေဦးမှာပါ။

မိုးထဲမှာပဲ  ဒီတစ်ယောက်နဲ့တွဲ

မိုးထဲမှာပဲ  ဒီတစ်ယောက်ကိုခွဲ

ငါလည်း …မိုးကိုတွေ့ရင်

လွမ်းတက်နေပြီ ရနံ့ချို

*မင်းကတော့ မိုးနဲ့အတူနေရရင်

အားလုံးကို မုန်းမေ့နိုင်တယ်လို့တောင်

ပြောနိုင်ခဲ့တာ မဟုတ်လား.

မုန်းတယ်ပြောတာ မင်းပဲလေ….။

No comments: