မျှော်လင့်ခြင်း (၃)

*အဲဒီညတွေပေါ့ - ရနံ့ချို

ငါ့ကို အလဲထိုးသွားတာ….

*လမ်းပြကြယ်တွေပျာက်ဆုံးသွားပြီး

မိုးစက်ကြမ်းကြမ်းတွေ သွန်ကျဲနေချိန်

တိုက်တိုက်ဆိုင်ဆိုင်ပဲ

အနားက ..မင်းထွက်သွားခဲ့တယ်။

*ကျန်ရစ်သူက ….ကိုယ်ပါ။

ချန်ရစ်သူကတော့ …ရနံ့ချို ရယ်ပါ။

*ဒီလို ထောင်ချိုးတွေအသုံးချဖို့

မင်း ……….

ဘယ်အချိန်ကများ လေ့ကျင့်ခဲ့လေသလဲ။

သံသရာသာ ပြန်မလားဘူးဆိုရင်

ငါ နောင်တရမှာမဟုတ်ဘူး။

*အခုတော့

နောင်တတွေတဝေေ၀နဲ့

မျှော်လင့်နေဆဲပေါ့။               

No comments: