ဟဲ့ပလုတ်တုတ်

(ဟဲ့ပလုတ်တုတ်)
ပူလောင်သောက
လွမ်းရက်တွေများ
နားဖျားနှလုံးသား
ကုရာနတ္ထိဆေးမရှိ
စွန့်ခွာရက်က
ပြက္ခဒိန်ဟောင်း
နှစ်တွေပြောင်းလဲ
ရင်တွင်းဒဏ်ရာ
မသက်သာတော့
လွမ်းတေးဆိုညည်း
ရင်ဖွင့်ရင်းပေါ့
ရေးလိုက်မိတယ်
ကဗျာတစ်ပုဒ်
ဟဲ့........ပလုတ်တုတ်
ဇီးကွက်ရုပ်
ဂျိုးရုပ်ဘယ်မှာလဲ...။
(ကဗျာရေးနေစဉ်အိမ်မြှောင်ပြုတ်ကျလာသောကြောင့်ထယောင်ခြင်းဖြစ်သည်)

No comments: