MotherboardChipset

ကွန်ပြူတာ hardware တိုင်းတွင်ဆားကစ်ဘုတ်များဖြင့် သီးခြားလာပါက
သူ့စွမ်းဆောင်ရည်အရ ထိန်းသိမ်းပေးရန် စီမံထားသည်ဟုယူဆရမည်။ ဆားကစ်
(Circuit) များသည် ထိုဟာ့ဒ်ဝဲ၏ Controller များဖြစ်သည်။ ဥပမာ Memory မှ
တစ်စုံတစ်ခုကိုရယူလိုလျှင် memory controller ကစီမံထိန်းသိမ်းပေးရသည်။
ကီးဘုတ်တွင်လည်း keyboard controller ရှိသည်။
ကွန်ပြူတာချစ်ပ်များတွင် ထိန်းသိမ်းနိုင်ရန်အတွက် logic များကို
သိနိုင်သည့် controller များပါဝင်ပြီး ယင်းကို Motherboard Chipset
ဟုခေါ်သည်။ CPU မှတစ်ဆင့် ကွန်ပြူတာနှင့်တွဲဖက်အသုံးပြုရသည့်
ဟာ့ဒ်ဝဲအတွင်းရှိ ချစ်ပ်များနှင့် မားသားဘုတ်ပေါ်ရှိ Chipset များသည်
အပြန်အလှန် တုန့်လှယ်ဆက်သွယ်ပြီး ကွန်ပြူတာလုပ်ငန်းစဉ် များကို
အကောင်အထည်ဖော်ပေးကြရသည်။
မားသားဘုတ်ပေါ်ရှိ Chitpset များတွင် အထင်ရှားဆုံးမှာ North Bridge နှင့်
South Bridge တို့ဖြစ်သည်။ North Bridge ချစ်ပ်သည် ဆက်သွယ်ရေးပိုင်းကို
ကိုယ်စားပြုသည်။ CPU နှင့် Memory ကတ်များကိုလည်းကောင်း AGP (Advanced
graphic port) ကတ်များကိုလည်းကောင်း အမြန်ဆုံး တုန့်ပြန်မှု ပေးနိုင်ရန်
ဆက်သွယ်ပေးရသည့် အပိုင်းလည်းဖြစ်သည်။
South Bridge ချစ်ပ်ဆိုသည်မှာ CPU နှင့် အခြား
ဟာ့ဒ်ဝဲပစ္စည်းများကိုဆက်သွယ်ပေးရသည့်အပိုင်းဖြစ်သည်။ ဥပမာ - PCI, ISA, IDE
နှင့်ဆက်သွယ်ရသည့် ပစ္စည်းများဖြစ်သည်။ ထိုချစ်ပ်နှစ်မျိုးစလုံးတွင်
လော့ဂျစ်ပမဏ (the bulk of the logic) များစွာထည့်သွင်းပေးထားသည်။ CPU
မှတစ်ဆင့် အခြားသော ဟာ့ဒ်ဝဲပေါင်းများစွာနှင့်ဆက်သွယ်
အသုံးပြုနိုင်ရန်ဖြစ်သည်။ ပုံတွင်ပရိုဆက်ဆာနှင့် North Bridge / South
Bridge ချစ်ပ်များဆက်သွယ်ပုံကို ပြဆိုထားသည်။

North Bridge နှင့် South Bridge chip များကို မားသားဘုတ်ပေါ်တွင်
တပ်ဆင်ထားရခြင်းသည် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသလိုဖြစ်နေသည်။ North
Bridge chip သည် ပရိုဆက်ဆာပြီးလျှင် ဒုတိယအကြီးဆုံးဖြစ်သည်။ အအေးဓာတ်
ရရှိနိုင်စေရန်အတွက် အပူစုပ်ကိရိယာ (heat sink) သို့မဟုတ် ပန်ကာ (fan)
ကိုတပ်ဆင်ထားတတ် ပါသည်။ North Bridge ချစ်ပ်သည် ပရိုဆက်ဆာနှင့် AGP slot
အကြားတွင်တပ်ဆင်ထားလေ့ရှိသည်။ South Bridge သည်
ပရိုဆက်ဆာနှင့်ဝေးကွာသည့်နေရာတွင် ရှိတတ်သည်။

No comments: