ပြဒါးတစ်လမ်းသံတစ်လမ်း



ပြဒါးတစ်လမ်းသံတစ်လမ်း

မင်းရဲ့အနားမှာနေခြင်ပေမဲ့
ငါမလှမ်းခဲ့နိုင်ဘူးချစ်သူ
ငါ့ဘ၀ထဲကိုလဲမခေါ်ရက်
ကမ်းလက်ကိုပုတ်ခြလို့
ရည်မှန်းဘ၀ကို
ငါကြိုးစားပါသေးတယ်
မင်းနဲ့ငါ့လမ်းက
ပြဒါးတစ်လမ်း
သံတစ်လမ်းမို့
ပေါင်းစပ်ဖို့ခက်တယ်
အသိုင်းဝိုင်းတွေက
တံတိုင်းတစ်ခုလို
ကာဆီးနေတယ်
မင်းမှန်းထားတဲ့
ပန်းတိုင်ကိုငါမလှမ်းနိုင်ဘူး
မင်းမှန်းထားတဲ့
ဂုဏ်ဒြပ်တွေကို
ငါမပေးနိုင်ဘူးချစ်သူ......။



No comments: