မှားသွားသောမင်္ဂလာဆောင်

ကျွန်တော် ဆီမှာ သူငယ်ချင်းလေးတစ်ယောက်ရှိခဲ့တာပေါ့ နေ့ဆိုလည်းသူနားကိုသွားခြင်နေမိခဲ့တယ် ညဆိုရင်လည်းသတိရလို့ သူအိမ်ရှေ့နားကို ဂီတာသွားတီးတက်တယ် လေ သူကတော့ရိပ်မိလားသိဘူးလေ ကျွန်တော်သူကိုတိတ်တခိုးချစ်နေတယ်ဆိုတာကို ဒါပေမယ့်
သူက သူငယ်ချင်းတစ်ယောက်လိုပဲ တို့ကိုဆက်ဆံပေးနေတယ်လေ တစ်နေ့ တော့ ........တို့သူကို စာပေးပါတယ်လေ ရီးစားစာပေါ့ ဒါပေမယ့်သူက ငြင်းခဲ့တယ်လေ နောက်တော့ ယူသွားပါတယ် ကျွန်တော်တော်တော်လေးကိုပျော်သွားခဲ့တယ်လေ သူလက်ခံပီပေါ့လေ
တကယ်လည်းလက်ခံသွားခဲ့တယ်လေ နောက်တော့ချစ်သူတွေဖြစ်သွားခဲ့တယ်လေ နှစ်နှစ်လောက်တော့ကြာခဲ့တာပေါ့လေ နောက်တော့သိပ်ပီးတော့မကြာလိုက်ဘူ သူကကျွန်တော်ကိုရွဲ့တာလား စမ်းတာလားတော့သိဘူးလေ နောက်တစ်ယောက်နဲ့တွဲပြတယ်လေ
အမေရိကန်က လွတ်လိုက်တဲ့ အနုမြူဗုံးက နောက်ထပ်တစ်လုံး တို့ကိုလာမှန်တယ်လေ တော်တော်လေးကိုစိတ်တို ပီးတော့ လူသတ်ခြင်စိတ်ပေါက်သွားတယ်လေ ကျွန်တော် သူအတွက်နဲ့ ဒေါသကို ထိမ်းထားတာ လေးနှစ်ရှိသွားခဲ့ပီလေ အရင်ကဆိုဒေါသတစ်ခါထွက်ရင်
ဟိုကောင်ကတော့ ဆေးရုံပဲ လေ ဒီတစ်ခါလည်းတော်တော်လေးကို ဒေါသတွေထွက်နေပီလေ အဲဒါကြောင့် သူကိုသွားရှာရော သူရှေ့ဆိုတော့ စိတ်ကိုရအောင်ထိမ်းတယ်လေ သူကိုသေခြာပြောခဲ့တယ်လေ ဒါပေမယ့်အဆင်ပြေမှုတွေက ရှိခဲ့ဘူးလေ ဒါပေမယ့် နောက်ဆုံးကျွန်တော်
စကားတစ်ခွန်းပဲပြေခဲ့တယ်လေ မျက်လုံးထည်းက မျက်ရည်တွေလည်း ဆီးဆင်းနေခဲ့တယ် ဒေါသတွေလည်း အလိပ်လိုက်ထွက်နေတယ် ဒါပေမယ့် " ငါနင့်ကို တကယ်ချစ်တယ်ဆိုတာကိုတော့ မှတ်ထားပေးပါနော် " အဲဒါနဲ့ပဲအရှုံးသမားဘ၀နဲ့ လှည့်ထွက်လာရတယ်လေ
ထိုင်ရင်းစဉ်းစားရင် ဒေါဒကိုမီးရှို့သလိုတွေဖြစ်လာတယ် ညတောင်ရောက်သွားခဲ့ပီလေ မှောင်လည်းမှောင်သွားခဲ့ပီပေါ့လေ ဘေးနားကိုလှန်းကြည့်လိုက်တယ် " သံတုတ် တစ်ချောင်း " ဆွဲကိုင်လိုက်တယ် ပီးတော့ ဟို့အကောင်ကို လိုက်ရှာခဲ့တယ် တွေ့လည်းတွေ့ရော
တစ်ခါတည်းစဉ်းစားမနေဘူး ရိုက်ထည့်လိုက်ရော ခေါ်င်းတည့်တည့်ကို စိတ်ထည်းမှာတော့သူ့ကို သေစေခြင်နေတယ်လေ ဒါပေမယ့် သူက လက်နဲ့လှန်းကာလိုက်တယ်လေ ပီးတော့ မှောက်နေတဲ့အချိန်မှာပဲ မျက်နှာကိုပါလှန်းကန်လိုက်တယ် အဲ့အချိန်မှာ သူငယ်ချင်းတွေ
ရောက်လာတယ်လေ နောက်နေ့ရောက်တော့ ဒေါသလည်းပြေရော ဟိုကောင်ဆေးရုံကိုသွားကြည့်တယ်လေ သူကတို့ကိုပြောတယ် မင်းတို့က လူမိုက် အဖွဲ့ဖွဲ့ထားတယ်ဆိုတာငါသိပါတယ် ကျွန်တော်လည်းမေးခဲ့တာပေါ့ ဘယ်သူပြောလည်းဆိုတော့ ကျွန်တော်သိပ်ချစ်ရတဲ့ချစ်သူလေး ဖြစ်နေတယ် စဉ်းစားလို့လည်းမရခဲ့ပါဘူးလေ ဘယ်သူတွေကများ ကြားထည်းကနေ၀င်ရှုပ်သွားလည်းဆိုတာကို နောက်တော့ သူရွဲကိုယ်ရွဲနဲ့ သူကလည်း မခံခြင်စိတ်တွေ မုန်းတဲ့စိတ်တွေကို မွေးပီးတော့ ဟိုကောင်နဲ့ လက်ထပ်မယ်ဆိုပီးတော့
အိမ်နဲ့တိုင်ပင်တယ်လေ နောက်သိပ်မကြာဘူး ဖိတ်စာ ဟားးးးးးး ကျွန်တော်အတွက်တော့ ဒါဟာ ဖိတ်စာနဲ့မတူပဲ သေမင်းက ပို့လိုက်တဲ့သေတမ်းစာလိုဖြစ်နေတယ်လေ ဒါပေမယ့် သိပ်ချစ်တော့ လည်းမတက်နိုင်ဘူးဆိုပီးချက်ခြင်းပဲ မင်္ဂလာလက်ဖွဲ့ သွားဝယ်တယ် ပြီးတော့ စိတ်ကိုတက်နိုင်သလောက်လျှော့ချလိုက်တယ် ကိုယ့်ချစ်သူပျော်ရွှင်ဖို့ဆိုရင် ငါစွန့်လွတ်ရမှာပေါ ဟု ကိုယ့်ကိုယ့်ကို ပြန်ပီးနှစ်သိမ့်ခဲ့တယ်လေ မင်္ဂလာဆောင်ကိုသွားတော့ သူကိုတွေ့တယ် သူကပျော်နေပါတယ် ကျွန်တော်ကိုတောင်လုနုတ်ဆက်သွားသေးတယ်
ကျွန်တော်ကတော့ ရင်ထည်းမှာ ပူလှောင်နေခဲ့တယ်လေ အသည်းတွေကို တစ်ဖဲ့ခြင်း ဖဲ့နေသလိုပဲလေ တစ်ချိန်ကသိပ်ပီးတော့ လှခဲ့တဲ့ ချစ်သူလေးရဲ့အပြုံးလေးဟာ ဘယ်လိုဖြစ်သွားလည်းဆိုတာကို ရှင်းပြလို့မရဘူးလေ ကျွန်တော် မပြုံနိုင်ပေမယ့်လည်း ရအောင်တော့ပြုံးပြခဲ့တယ်လေ ပွဲပီးခါနီးမှ ကျွန်တော်ပြန်ဖြစ်ခဲ့တယ်လေ ဒါပေမယ့် ခန်းမအပြင်သို့ထွက်ခဲ့တယ်လေ ဒါပေမယ့် နောက်ဆုံးတစ်ကြိမ်လေးတော့ ချစ်သူလေးရဲ့မျက်နှာလေးကိုကြည့်မယ်ဆိုပီးတော့ ခန်းမနဲ့မကန်းမလန်းနေရာမှာထိုင်နေခဲ့ပါတယ်လေ ထွက်လာပါပြီ
သူလေး ကြည့်လိုက်သည် စိတ်ထည်းမှာ ထင်ထားတဲ့ပုံနှင့်တခြားဆီဖြစ်နေတယ် ငိုနေတယ်လေ သူက စိတ်ထည်းမှာဘယ်လိုဖြစ်သွားလည်းမသိတော့ဘူး တစ်မျိုးပြန်ပြီးတော့တွေးလိုက်ပါတယ် သူမိဘနှင့်ခွဲရလို့ ငိုတယ်လို့ တွေးလိုက်ပါတယ် လေ ညရောက်တော့ သူဖုန်းဆက်နေကြ အချိန် ဒါပေမယ့် သူမဆက်တာတော့တော်တော်လေးကြာခဲ့ပီလေ ဒါပေမယ် ကျွန်တော် နေ့တိုင်း ဖုန်းကိုထိုင်စောင့်ဖြစ်တယ်လေ ထူးထူးခြားခြား ညနေ ၅း၀၀ လောက်မှာ ဖုန်းလားတယ် တစ်ချိန်က သိပ်ချစ်ခဲ့ရတဲ့ချစ်သူ လေးရဲ့ဖုန်း ငိုသံကပါနေတယ် သူခေါ်နေကြအတိုင်းပဲ ကျွန်တော်ကိုခေါ်လိုက်တယ် အံအားတင့်သွားတယ် ကျွန်တော်သူကို ဘာကြောင့်များလည်း ခန့်မှန်ရင်း နဲ့သူပြောတာကိုဆက်ပီးတိတ်ဆိတ်စွာနဲ့နားထောင်နေခဲ့ပါတယ် သူမကပြောတယ် " သူနောင်တရနေပီတဲ့ သူကကျွန်တော်ကိုတကယ်ချစ်တာပါတဲ့
ပီးတော့ သူကတို့ကိုအစကတော့ ရွဲ့နေတာတဲ့ ဒါပေမယ့်နောက်တော့ ဟိုတယောက်ကိုသူတကယ်ချစ်မိသွားတယ်လို့ထင်လိုက်မိတယ်တဲ့ ပီးတော့ အိမ်ကလည်းပေးစားတော့ သူခေါ်င်းငြိမ့်လိုက်တယ်လေ ခုတော့သိပ်ကိုနှောက်ကျသွားပီ " တဲ့လေ ငိုနေတာ ချက်ခြင်းကို သူနားပြေးသွားခြင်မိတယ်လေ ဒါပေမယ့်ည ၈း၀၀ ရှိခဲ့ပီလေ ဒါပေမယ့်ရအောင်တော့သွားကြည့်ပါတယ် သူက တခြားအိမ်ကိုပြောင်းသွားပီလေ မင်္ဂလာဆောင်ပီးပီးဆိုမှတော့ ဟင်း စိတ်တွေညစ်နေရုံးကလွဲပီးတော့မတက်နိုင်ဘူးလေ နောက်ရင်နံနက်ရောက်တော့လည်း သူ့သူငယ်ချင်းတွေနားကိုမေးကြည့်တယ်လေ ညကမင်္ဂလာခန်းလည်းမ၀င် အိပ်လည်းမအိပ်ပဲ တစ်ညလုံးငိုနေတယ်လို့သိလိုက်ရတယ်လေ

No comments: