ကမ္ဘာကြီး၏ကြီးမားသောပြောင်းလဲမှုတစ်ခု


ချီလီငလျင်ကြီးသည်
လူရာပေါင်းများစွာကို အသက်ဆုံးရှုံးစေရုံသာမက ကမ္ဘာကြီး၏ ဒြပ်ထုအနေအထားကိုပါ
ပြောင်းလဲသွား စေပြီး ကမ္ဘာကြီးလှည်ပတ်ရာ ၀င်ရိုးပြောင်းလဲကာ
နေတစ်နေ့၏အချိန်ကိုတိုတောင်းသွားစေလိမ့်မည်ဟု နာဆာအဖွဲ့ကပညာရှင်များက မတ်လ
၁ ရက်နေ့က ပြောကြားခဲ့သည်။ ဖေဖ၀ါရီ ၂၇ ရက်နေ့တွင် ၈ဒသမ၈မဂ္ဂနီကျူဒ်ရှိသော
ငလျင်ကြီး မလှုပ်ခင်ကပင် နေ့တစ်နေ့၏ အချိန်သည် အနည်းငယ်
တိုတောင်းသွားသည်ဟု ဆိုသည်။ နေ့တစ်နေ့၏အချိန်သည် ၂ ဒသမ ၂၆
မိုက်ခရိုစက္ကန့်(တစ်မိုက်ခရိုစက္ကန့် သည် တစ်စက္ကန့်၏ တစ်သန်းပုံ
တစ်ပုံနှင့် ညီမျှသည်) တိုတောင်းသွားခဲ့သည် ဟုဆိုသည်။
တာဆာအဖွဲ့မှဘူမိဗေဒပညာရှင် ရစ်ချက် ဂရော့စ်က ကမ္ဘာကြီး၏၀င်ရိုးသည် ၈
စင်တီမီတာသို့မဟုတ် သုံးလက်မခန့် ပြောင်းရွေသွားသည်ဟုဆိုသည်။ ကမ္ဘာကြီး၏
လည်ပတ် နှုန်းသည် ၂၀၀၄ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ
စူမတ်တြား၌လှုပ်ခဲံသည့် ငလျင်ကြီးပြီးနောက် အနည်းငယ်မြန်ဆန်
လာခဲ့သည်ဟုဆိုသည်။ ၉ဒ ဒသမ ၁မဂ္ဂနီကျုရှိသော စူမတ်တြားငလျင်သည် နေ့တစ်နေ့၏
အချိန်ကို ၆ ဒသမ ၈ မိုက်ခရိုစက္ကန့်တိုတောင်းစေသည်ဟုဆိုသည်။ ချီလီနှင့်
အင်ဒိုနီးရှား နှစ်ရပ်စလုံးသည် ကမ္ဘာမြေအောက် ကျောက်လွှာကြီးများတည်ရှိမှု
ဒိုင်မေးရှင်းကိုပြောင်းလဲစေနိုင်ပြီး ကမ္ဘာကြီး၏ လည်ပတ်မှုနှုန်း
မြန်ဆန်လာစေသည်ဟုဆိုသည်။

No comments: