မြူမှုန်လမ်းခွဲ


(မြူမှုန်လမ်းခွဲ)
မြူနှင်းခိုးတို့၊ကျဆင်းနေတယ်
နေရောင်မပေါက်၊ဆောင်းဒဏ်အောက်မှာ
မင်းလေးရဲ့ကျောပြင်၊ငေးမောရင်းနဲ့
ဝေးကွာခြင်းရဲ့၊အသိစိတ်တွေ
ရင်ခွင်တွင်းမှာ၊လှိုင်းများပြင်းထန်
ပူနွေးကွဲရှ၊မုန်းမာန်တစ်စကို
ခံစားရတာ၊မြူမှုန်ဝေတဲ့
မြို့လေးမှာ၊ဆောင်းလေသွေးတိုင်း
အရင်တိုင်းသာ၊သတိရမိတယ်
ဒီလမ်းမှာပေါ့....။

No comments: