(ငါ့ကမ္ဘာကြီး)
သာယာလိုက်တဲ့ကောင်းကင်
ကြည်လင်နေတဲ့ရေပြင်
ငါထိုင်ကြည့်နေမိတယ်
အတွေးတစ်ခုဝင်လာစဉ်ပေါ့
အတိတ်မှာသာယာပေမဲ့
အရိပ်တွေကတစ္ဆေလိုပေါ့
အရာရာတိုင်းဟာ
နဂိုအတိုင်းလှနေပေမဲ့
ငါ့ရင်ထဲမှာတော့ သုသာန်တစ်စလိုပဲ
ခြောက်ခမ်းနေခဲ့တာကြာပါပြီ
မင်းထားသွားခဲ့တဲ့
ငါ့ကမ္ဘာကြီးမှာပေါ့...။
No comments:
Post a Comment