online ပေါ်မှာ

i-miss-u_34.gif

online ပေါ်မှာ

ချက်တင်ထဲမှ

"ဟိတ်" ဆိုတဲ့ စတင် စကားတစ်ခွန်းနဲ့

ငါ့နှလုံးသား တဒိတ်ဒိတ်ခုန်အောင်

ပြုစားခဲ့တဲ့ .. မင်း....

ငါနေမကောင်းစဉ်မှာ ချက်တင်ထဲမှ

ဆေးပေါင်းဆုံကို တိုက်ကာကျွေးပြီး

ပြုစုပေးခဲ့တဲ့... မင်း ....

ငါစိတ်ညစ်တဲ့ အချိန်တိုင်း

နှစ်သိမ့်စကား ရွေးကာသုံးပြီး

အားပေးခဲ့တဲ့..မင်း...

အွန်လိုင်ပေါ်တွင် အချိန်တိုင်းလိုလို အမြဲရောက်လာပြီး

ကြင်နာနွေးထွေး ယုယအားပေး

သံယောဇဉ် ချစ်မေတ္တာတွေ ပေးခဲ့တဲ့ ..မင်း...

မင်းဘယ်သူလဲ ငါမသိခင်မှာ

အခုတော့ .. ရုတ်တရက်

အမုန်းမဘက် အပြုံးတစ်ချက်နဲ့

ငါ့ကိုထာဝရနှုတ်ဆက်သွားတော့

ငါဘယ်လိုနားလည်ရမလဲ.

သြော်... ယောင်္ကျားမာန တစ်ပိုင်းတစ်စနဲ့

မင်းကို မလွမ်း မချစ် မဖြစ်မိအောင် ကြိုးစားသော်လဲ (လည်း)

အွန်လိုင်းမေတ္တာစွမ်းပကားကြောင့် 

ငါ့နှလုံးသား မသိစိတ်က

မင်းပြန်လာချိန်ကို ထာဝရ စောင့်မျှော်ခဲ့ရပြီ......

No comments: