Blogger,Wordpass,Notepad တွေအတွက်ဆေး

Blogger,Wordpass,Notepad တွေအတွက်ဆေး
Blogger ကို အတင်းအကျက်ဘန်းထားတယ်ဆိုတာ လူတိုင်းနည်းနည်း သိကြပါတယ် ။ အဲ့ဒါက ပြသနာမဟုတ်သေးပါဘူး ဘန်းနိုင်လို့ ဘန်းတာပဲ ဘန်းပလေ့စေပေါ့ ဟုတ်တယ်မလား ။ တစ်ချို့တွေက Proxy တွေကို ကျော်ပီးတော့ ၀င်ကြည့်ကြပါတယ် အဲ့လို ပင်ပန်းခံပြီးဝင်ကြည့် ကြသောသူများ အားလုံးကိုလည်း တကယ် ကျေးဇူးတင်မဆုံးပါဘူး ဘယ် ဘလော့ကာမဆို ကိုယ့်ဆိုက်ကို သူများတွေ ၀င်ကြည့်စေခြင်ကြပါတယ် ကြည့်တဲ့လူမရှိပဲရေးနေရင်တော့ ဘာထူးတော့မှာလည်းဗျာ ဘလော့ကာတော်တော်များများ Domain ၀ယ်ထားတာကို တွေ့ရပါတယ် ဒါပေမယ့် ခု Skynet တွေမှာ တစ်ချို့ Domain တွေကိုဘန်းထားတာတွေ့ရပါတယ် ကျွန်တော့် Domain ဆိုရင်လည်း ဘန်းခံထားရပါတယ် ဘာကြောင့် ဘန်းလည်းဆိုတာကိုတော့ မသိပါဘူး ကိုယ့် Domain ကိုဘယ်နိုင်ငံတွေက ဘန်းထားလည်း ဆိုတာကို စစ်ဆေးကြည့်လို့ရပါတယ် Just Ping ဆိုတဲ့ဆိုက်လေးမှာ မိမိ Domain ကိုရိုက်ထည့်ပြီးတော့ စစ်ဆေးနိုင်ပါတယ် အောက်ကပုံလေးက ကျွန်တော် Domain က ဘယ်ကဘန်းထားတယ်ဆိုတာကို စစ်ဆေးထားတဲ့ပုံလေးပါ
43257644.jpg
အပေါ်ပိုင်းလေးကိုပဲပြထားတာပါ နိုင်ငံတော်တော်များများကို စစ်ဆေးပေးပါတယ်
ကဲနောက်တစ်ခုကတော့ ဘလော့ကာတွေရဲ့ ပရိတ်သတ်တွေအတွက်ပါ ဘယ်လိုဖတ်ရမလည်း proxy မကျော်ခြင်ဘူး ဆိုရင် ကျော်ရင်လည်း ဆိုက်ပွင့်တာ အရမ်းလေးတယ်ဆိုတာကို သိကြမှာပါ အဲ့ဒါကြောင့် ဒီနည်းလေးကို စမ်းကြည့်စေခြင်ပါတယ် အရင်ဆုံး Google Reader ကိုဖွင့်လိုက်ပါ မိမိ Gamil အကောင့်တစ်ခုခုဖြင့် ၀င်လိုက်ပါ Gmail ၀င်တဲ့နည်းအတိုင်းပါပဲ username နဲ့ password ပေါ့ ဒီ Setting ကို Google ကအစကတည်းက ထည့်ပေးထားပါတယ် page လေးပွင့်လာပြီဆိုရင် Add a subscription ဆိုတာလေးကို ရှာပြီးတော့ နှိပ်လိုက်ပါ အောက်ကပုံလေးအတိုင်း မြင်ရပါလိမ့်မယ်
74503555.jpg
အဲ့နားမှာ ကိုယ့်ကြည့်ခြင်တဲ့ ဆိုက်ရဲ့ လိပ်စာကို ရိုက်ထည့်လိုက်ပါ http://kuntha.blogspot.com ကိုကျွန်တော် ရိုက်ထည့်လိုက်ပါတယ် ပီးတော့ Add ကိုနှိပ်လိုက်ပါ အောက်ကပုံလေးတွေအတိုင်း မြင်နေရပါမယ် မိမိ စိတ်ကြိုက် အပ်ထားလို့ရပါတယ် လိုရင် လိုသလိုပေါ့ဗျာ ကျွန်တော်ကတော့ အများကြီး ကိုအပ်ထားပါတယ်
35561829.jpg
ကျွန်တော် ကြိုက်တဲ့ blog တွေပါ အဲ့ဒါနည်းတူ Wordpass,Notepad တွေကိုလည်း အပ်လို့ရပါတယ် www.mawcity.com ကိုလည်း အပ်ထားလို့ရပါတယ် ဟိဟိ ကြော်ဌာပါ ပြီးတော့ ကိုယ်ကြည့်ခြင်တဲ့ ဆိုက်လေးကို နှိပ်လိုက်ပါ ထိုဘလော့မှာရှိသော ခေါင်းစဉ်တွေ တန်းစီပြီးတော့ ကျလာပါလိမ့်မယ် အဲ့ဒါလေးတွေကို ကလစ်လိုက်ရုံနဲ့ ဖတ်လို့ရသွားပါပြီ ဖတ်လို့ရပါပြီ တစ်ခုတော့ ရှိတယ်ဗျ သူဆိုက်ကအပြင်အဆင်တွေကိုလုံးဝ မြင်ရမှာမဟုတ်ပါဘူး စာတွေ ပုံတွေ ကိုမြင်ရပါမယ် ဘလော့ကာ ပရိတ်သတ်များ အားလုံး အဆင်ပြေကြပါစေဗျာ နောက်နေ့မှာ ဘလော့ကို freedom မကျော် ဘာမှကျော်စရာမလိုပဲ မေးကနေ တင်လို့ရအောင် တင်ပြပါအုံးမယ် ကျွန်တော်လည်း လက်ရှိ မေးကနေပဲ blogger.com ကိုupload လုပ်နေပါတယ် မေးပွင့်တာနဲ့ ဘလော့တင်လို့ရပါတယ်



No comments: