ဂုဂလီယယ်မို မာကိုနီ GUGLIELMO MARCONI (1874-1973)

ရေဒီယိုတီထွင်သူ ဂုဂလီယယ်မိုမာကိုနီကို အီတလီ၊ ဗိုလိုငါမှာ ၁၈၇၄က မွေးဖွားပါတယ်။ မိဘတွေက ချမ်းသာကြွယ်ဝကြလို့ အိမ်မှာပဲ ဆရာတွေပင့်ပြီး
ပညာသင်ပေးပါတယ်။ ၁၈၉၄မှာ အသက် ၂၀ ပြည့်တဲ့အခါ မာကိုနီက အရင်နှစ်အတန်ကြာ ဟိန်ရစ်ဟော့ဇ် စမ်းသပ်တဲ့အကြောင်းတွေကို ဖတ်မိတယ်။ အဲ့ဒီ စမ်းသပ်ချက်တွေက လက်တွေ့ထင်ရှားပြသနိုင်တဲ့ အကွက်က အလင်းရောင်နဲ့ လျင်မြန်ခြင်းနဲ့ အတူ မျက်စေ့နဲ့ မမြင်နိုင်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေဟာ လေထဲမှာပျံ့လွင့်နိုင်တယ်ဆိုတဲ့ အချက်ဖြစ်ပါတယ်။
    အဲ့ဒီအခါမှာ ဝိုင်ယာကြိုးမပါပဲ သိပ်ဝေးကွာတဲ့နေရာတွေအထိ လိုချင်တဲ့ အကြောင်းအချက်ကို သင်္ကေတနဲ့ ပို့နိုင်တော့မယ်လို့ဆိုတဲ့ စိတ်ကူးဟာ မာကို
နီဆီမှာ ချက်ခြင်းမီးပွင့်သလို ဝင်းခနဲ ဖြစ်သွားတယ်။ ကြေးနန်းကြိုးနဲ့ ရိုက်ပြီး သတင်းပို့နေတာထက် အများကြီး ပိုစွမ်းတဲ့ နည်းရတော့မယ်လို့သိပြီး။ ဥပမာ ဒီနည်းနဲ့ ပင်လယ်ထဲက သဘောင်္ကိုသတင်းပို့နိုင်ပါတော့မယ်။
    တစ်နှစ်လောက် ကြံစည်စိတ်ကူးဆောင်ရွက်တဲ့အခါ ၁၈၉၅ ခုနှစ်မှာ မာကိုနီဟာ သုံးဖြစ်တဲ့နည်းကို အောင်မြင်စွာ ဖော်ထုတ်နိုင်ပြီ။ ၁၈၉၆ရောက်တော့
အင်္ဂလန်မှာ သူတီထွင်တဲ့နည်းကို ပြသလို့ ဒီနည်းမှာ သူစတင်သူပဲ။ မူပိုင်ဖြစ်တယ်လို့ အသိအမှတ်ပြုတာကို ခံရတယ်။ အဲ့ဒီအခါ မာကိုနီက ကုမ္ပဏီတစ်ခုတည်ထောင်ပြီး ပထမဆုံး မာကိုနီဂရမ်ကို ၁၈၉၈မှာ ပို့လွှင့်ခဲ့တယ်။ နောက်တစ်နှစ်ကျတော့ သူက အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး ဝိုင်ယာလက်မက်ဆေ့ခ်ျ ပို့နိုင်ပါတယ်။ သူ့တီထွင်ချက်တွေထဲမှာ အရေးပါဆုံး တစ်ခုအတွက် မူပိုင်ခွင့်ကို ၁၉၀၀ ပြည့်မှ ရရှိပေမဲ့ ဒီအတွင်းမှာ သူ့မူပိုင်အသစ်ထွင်တဲ့နည်းတွေ အများကြီးရှိပါတယ်။၁၉၀၁ ခုမှာ အတ္တလန်တစ် သမုဒ္ဒရာကိုဖြတ်ပြီး အင်္ဂလန်က နြူပေါင်လင်ကို ရေဒီယိုသတင်းပို့နိုင်
ခဲ့ပါတယ်။
    အက်စ်အက်စ်ရီပတ်ဗလစ် နာမည်ရှိတဲ့ သင်္ဘော ၁၉၀၉ ခုနှစ်က ပင်လယ်မှာ တိုက်ခိုက်နစ်မြုပ်တဲ့အခါ အခုတီထွင်ချက်ရဲ့အသုံးတည့်ပုံကို ပြဇာတ်စင်ပေါ်တင်ပြသလို ကွက်ကွက်ကွင်းကွင်း မြင်ကြရပါတယ်။ ရေဒီယိုသတင်းစကားနဲ့ အကူအညီတောင်းခံနိုင်ခဲ့လို့ ကယ်မယ့်သူပေါ်လာပြီး လူခြောက်ယောက်ကလွဲလို့ ကျန်သူအားလုံးကို ကယ်တင်နိုင်ခဲ့ပါတယ်။ အဲ့ဒီနှစ်ကပဲ ဂုဂလီယယ်မိုမာကိုနီကို သူ့တီထွင်ချက်တွေကြောင့် နိုဘယ်ဆုချီး
မြှင့်ခြင်း ခံရပါတယ်။ နောက်တစ်နှစ်ကျတော့ ရေဒီယိုအသံလွှင့်ချက်တွေကို မိုင်ခြောက်သောင်းကျော်ဝေးတဲ့ အိုင်ယာလန်မှ အာဂျင်တီးနားထိ
အောင်မြင်စွာပေးပို့နိုင်ခဲ့ပါတယ်။ တစ်လက်စတည်း ဆက်ပြီးပြောရမယ် ပေးပို့တဲ့ သတင်းစာကို မော့သင်္ကေတ ဝှက်မော့ကုတ်စနစ်အရအထက်တန်းနဲ့
ပေးပို့ရပါတယ်။ ရေဒီယိုနဲ့ အသံကိုပို့လို့ရပြီ ဆိုတာသိပေမဲ့ ၁၉၀၆ ရောက်မှ ဒီလိုပို့ဖြစ်ကြပါတယ်။ ရေဒီယိုအသံလွှင့်နည်းကို စီးပွားဖြစ်(တွင်တွင်ကျယ်
ကျယ်) သုံးတာကတော့ ၁၉၂၀ ကျော်ပြီးစ နှစ်တွေရောက်မှ အသုံးပြုလာကြပါတယ်။အဲ့ဒီအခါကျတော့လဲ ဒီနည်းဟာ သိပ်ခေတ်စားပြီး သိပ်အရေးပါ
လာပါတယ်။အခုလိုအလွန်အမင်းအရေးပါ အသုံးဝင်တဲ့နည်းကို မူပိုင်မှတ်ပုံတင်ဖို့ ရုံးတက်ပြီး ပြိုင်ဆိုင်ငြင်းခုံကြတော့လို့ လှုံ့ဆော်ပေးသလိုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ရုံးတော်က မာကိုနီကိုပဲ ဒီနည်းကို ရှေးဦးအကျဆုံး ဖော်ထုတ်နိုင်သူလို့ ရှင်းရှင်းလင်းလင်းပဲ ၁၉၁၄ ခုနှစ်က ဆုံးဖြတ်ချက်ချပေးပြီးတဲ့နောက်မှာ ဆက်လက်ငြင်းခုံခြင်း မပြုကြတော့ပါဘူးး။ သူ့ဘဝနိဂုံးမချုပ်ခင်နောက်ပိုင်းနှစ်တွေမှာ လှိုင်းတိုနဲ့ မိုင်ခရိုလှိုင်း ဆက်သွယ်ရေးဆိုင်ရာ သုတေသနမှာ အရေးပါတဲ့ အချက်တွေကို ဖော်ထုတ်ပေးခဲ့ပါသေးတယ်။ ရောမမှာ ၁၉၃၇ ခုနှစ်က ကွယ်လွန်သွားပါတယ်။
    မာကိုနီဟာ နည်းသစ်ရှာပေးနိုင်သူလို့ ထင်ပေါ်ကျော်ကြားတဲ့အတွက် သူ့ကျေးဇူးကြီးမားတာကို ရေဒီယိုနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝမှာ ထင်ထင်ရှားရှား
တွေ့ကြရပါတယ်။(တယ်လီဗေးရှင်း ရုပ်သံလွှင့်)ကို တီထွင်သူစာရင်းထဲမှာ မာကိုနီမပါ။ ဒါပေမဲ့ ရေဒီယိုထည့်သွင်းတာဟာ တယ်လီဗေးရှင်းရဲ့ အင်မတန်အရေးပါတဲ့ရှေ့တော်ပြေးမဟုတ်ပါလား။ ထင်ရှားတဲ့ အချက်က ကြိုးမဲ့ဆက်သွယ်ရေးဟာ ခေတ်သစ်ကမ္ဘာမှာ အင်မတန်ကြီးကျယ်
အဖိုးတန်နေတယ်။ ဒီနည်းကို ကိုင်ဆွဲပြီး သတင်းလွှင့်တယ်။ ဖျော်ဖြေတယ်။ စစ်ရေးစစ်မှုထုတ်ပြန်တယ်။ သိပ္ပံသုတေသနကို အသိပေးတယ်။ ရဲနဲ့ပတ်သက်တဲ့ မှုခင်းကိုအများသိစေတယ်။ တခြားကိစ္စအများကြီးလဲသုံးပါတယ်။ ကိစ္စတော်တော်များများမှာ အရင်ငါးဆက်အထက်က တီထွင်ခဲ့တဲ့ ကြေးနန်းကို ဆက်သုံးလဲ ဖြစ်တာပဲ ဆိုပေမဲ့ ကိစ္စတော်တော်များများမှာ ရေဒီယိုကို ဖယ်ထုတ်လို့မရပါ။ ရေဒီယိုက ဆက်သွယ်ချင်တယ်ဆိုရင် လမ်း
ပေါ်ကယာဉ်ရထားနဲ့ ပင်လယ်ထဲက သင်္ဘောပေါ်ကို ပျံသန်းနေတဲ့ လေယာဉ်ပျံဟာ လဟာပြင်က ဂြိုလ်တုအထိ လက်လှမ်းမီတယ်။ တယ်လီဖုန်းထက်
ပိုပြီး အရာရောက်တာလဲ ရှင်းရှင်းကြီး သိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေဒီယိုနေရာမှာ တယ်လီဖုန်းသုံးလဲဖြစ်တယ်ဆိုပေမဲ့ တယ်လီဖုန်းမရောက်တဲ့
နေရာဆိုရင် ရေဒီယိုသတင်းကိုပဲ သုံးကြရမှာ ဖြစ်ပါတယ်။
                               
                                                                                                                                      ကိုးကား
                                       
                                                                                                                    ဒေါက်တာသန်းထွန်း - ကျော်စွာ ၁၀၀

No comments: