အနီရောင်ခြယ်ထားသော နေရာလေးမှာ ကိုယ့်နာမည်နှင့် ကိုယ်ဖြစ်ပါတယ် အဲ့ Blogger မေးရဲ့ adress လေးကို သူများသိသွားလည်း ပို့လို့မရပါဘူး ဘာလို့လည်းဆိုတော့ Blogger ဖွင့်ထားတဲ့ မေးကနေပဲ ပို့လို့ရမှာဖြစ်ပါတယ် တခြား ဘယ်မေးနဲ့ ပို့ပို့ ရမှာ မဟုတ်ပါဘူး Blogger mail adress လုပ်ထားလို့ သူများသိသွားပြီး သူများတွေရှောက်ပို့မှာကို မဆိုးရိမ်ရပါဘူး ကျွန်တော် ကိုယ်တိုင်သေခြာ စမ်းပြီးသွားပါပြီ တစ်လက်စထည်း မေးကနေ ပိုစ့်တစ်ခုကို တင်ပြပါမယ် အဆင့်တွေ အကုန်ပြီးဆီးသွားပြီ ဆိုပါက မေးကိုဖွင့်လိုက်ပါ ကျော်ဖို့လည်း မလိုပါဘူး ခွဖို့လည်း မလိုပါဘူး ခြေထောက်တွေ ရှည်ကုန်မှာဆိုးလို့ စေတနာနော် စာပဲ တင်မယ်ဆိုရင်မေးကိုကြိုက်သလိုဖွင့်လိုက်ပါ ပိုစ့်ထဲမှာ ပုံထည့်မယ် လင့်တွေလည်း ညွှန်မယ်ဆိုရင်တော့ Gmail ကို Standard နဲ့ဖွင့်လိုက်ပါ ပုံတင်ဖို့အတွက် Setting လေးတွေကို နည်းနည်း ပြောင်းရပါမယ် Gmail Setting ထဲကို ၀င်လိုက်ပါ
ပြီးတော့ အဲ့အောက်ထဲက Lab ဆိုတာလေး ထဲကို ၀င်လိုက်ပါ အောက်ကပုံလေးမှာပြထားတာလေးကို ရှာပြီး Enable ပေးလုက်ပါ
Save ကိုနှိပ်လိုက်ပါ အောက်ဆုံးနားလေးမှာ ဖြစ်မှာပါ ပြောင်းလိုက်ရငါဘာထူးလာလဲဆိုတော့ compose mail ထဲကိုဝင်ကြည့်လိုက်ပါ ပုံမှန်ဆိုရင်တော့ သတိထားမိမှာမဟုတ်ကြပါဘူး ပုံလေးကိုကြည့်လိုက်ပါ ဓာတ်ပုံတင်ဖို့ တစ်ခုတိုးလာပါလိမ့်မယ် တောင်တန်းပုံလေးနဲ့ပါ အဲ့ဒါလေးကို အားပြုပြီးတော့ ဓာတ်ပုံတွေတင်ရမှာပါ
ပုံတွေတင်မယ်ဆိုရင် အဲ့ တောင်တန်းပုံ လေးကိုနှိပ်လိုက်ပါ အောက်ကပုံလေး ပေါ်လာပါလိမ့်မယ်
အဲ့နားမှာ ကျွန်တော် ကတော့ ကွန်ပျူတာကနေတိုက်ရိုက် upload မတင်ပါဘူး အဲ့ဒါကြောင့် web address ကိုရွှေးချယ်လိုက်ပါတယ် ပြီးတော့ ကျွန်တော် upload တင်တဲ့ဆိုက်က Direct link ကို paste လိုက်ပါတယ် ပြီးတော့ ခဏစောင့်လိုက်ပါ ပုံပေါ်လာပါက Ok ကိုနှိပ်လိုက်တာနဲ့ ဘာလို့လည်းဆိုတော့ computer ကနေတိုက်ရိုက်တင်ပါက ဆိုက်ပေါ်ရောက်သွားရင် ဓာတ်ပုံနေရာမှာ ကွက်လပ်ကြီးဖြစ်နေပါမယ် ကျော်ကြည့်မှသာမြင်ရမှာဖြစ်ပါတယ် တစ်ခါထဲမြင်ရခြင်တယ်ဆိုရင်တော့ တခြား Image Hosting တွေမှာ upload တင်ပြီးမှ လင့်ကိုယူလာပြီး တင်မှ ပိုအဆင်ပြေပါတယ် စာဖတ်သူတွေအဆင်ပြေဖို့က အဓိကကျပါတယ် ဒါကြောင့် မလို့ပါ ကျွန်တော်ဒီပိုစ့်ကို တင်နေတဲ့ နမူနာပုံစံလေးကို အောက်မှာတင်ပေးလိုက်ပါတယ် ကြည့်ကြည့်ပါ အဆင်ပြေပါတယ်
အားလုံး ပြီးဆီးသွားပါက To : ဆိုတဲ့နေရာလေးမှာ ခုနက Blogger Mail Address ကိုထည့်လိုက်ပါ Subject : ဆိုတဲ့နေရာမှာတော့ ခေါင်းစဉ်ပေါ့ဗျာ ဒီနည်းကို မေးပို့တဲ့နေရာမှာလည်း အသုံးခြလို့ရပါတယ် အဓိကကတော့ Address ပါ သူများတွေကိုလည်း ဒီနည်းလေးနဲ့ ဓာတ်ပုံတွေကိုတွဲပြီးတော့ မေးပို့လို့ရပါတယ်
Blogger များအားလုံး အဆင်ပြေကြပါစေဗျာ
No comments:
Post a Comment