နည်းသစ်နည်းဆန်း အမျိုးမျိုးတီထွင်နိုင်တဲ့ သောမတ်အဲလ်ဖာအယ်ဒီဆင်ဟာ အိုင်ဟိုင်အို၊ မီလန်မှာ 1847 က မွေးဖွားခဲ့ပါတယ်။ကျောင်း
နေရတဲ့ ကာလက အစုစုသုံးလပဲ ရှိတယ်။ သူ့ကျောင်းဆရာက သူ့ကို ဉာဏ်နှေးကွေးသူ(ဉာဏ်မမီသူ)လို့ ယူဆတယ်။
အယ်ဒီဆင် ပထမဆုံး တီထွင်တဲ့ ပစ္စည်းက လျှပ်စစ်နဲ့ မဲရေတွက်စက်ဖြစ်တယ်။ အဲ့ဒီ အချိန်မှာ သူ့အသက်က (21)နှစ်ပဲရှိသေးတယ်။သိပ်မ
ရောင်းရဘူး၊ ဒါကြောင့် အယ်ဒီဆင်ဟာ အရောင်းရသွက်မဲ့ ပစ္စည်းကိုပဲရှာပြီး တီထွင်မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။ မဲရေစက်တီထွင်ပြီး မကြာမီ
ပစ္စည်းရေစနစ်ကို တီထွင်ပြီး ဒေါ်လာ(40 000) နဲ့ရောင်းရတယ်။ အဲ့ဒီအခါက ဒီလောက်ငွေဟာ အဆမတန်များပါတယ်။ နောက်ထပ်တီထွင်ချက်တွေ
ဆက်တိုက်ထွက်လာပါတယ်။ မကြာမီ အယ်ဒီဆင်ဟာ နာမည်ကျော် လူချမ်းသာတစ်ယောက်ဖြစ်လာပါတယ်။ သူကိုယ်တိုင် အစအဆုံး တီထွင်တဲ့ ပစ္စည်း
ကတော့ သီချင်းဓါတ်စက်ဖြစ်ပါတယ်။ ၁၈၇၇ မှာ သူကိုယ်တိုင် စတင်ကြံဆ တီထွင်တဲ့ ပစ္စည်းလို့ မှတ်ပုံတင်ခဲ့ပါတယ်။သူထွင်တဲ့ ပစ္စည်းတွေထဲမှာ ကမ္ဘာ
သုံးအထူးအရေးပါတဲ့ ပစ္စည်းကတော့ ၁၈၇၉ ခုမှာ တီထွင်တဲ့ အရောင်တောက်ပတဲ့ မီးလုံးဖြစ်ပါတယ်။
လျှပ်စစ်အလင်းရောင်စနစ်ကို အယ်ဒီဆင်က မစပါ။ အရင်ခပ်စောစောက ပါရီလမ်းတွေကို မီးထွန်းဖို့ လျှပ်စစ်မီးအိမ်ဆိုတာ ရှိခဲ့ဖူးတယ်။
အယ်ဒီဆင်က မီးသီးလုပ်တယ်။ သူကိုယ်တိုင်တီထွင်တဲ့ လျှပ်စစ်အားပေးစက်ကိုသုံးပြီး နေအိမ်မှာ မီးထွန်းလွယ်ကူအောင် လုပ်ပေးပါတယ်။ ၁၈၈၂ခုမှာ
သူ့ကုမ္ပဏီက မြို့တော်နယူးယောက်နေအိမ်သုံး လျှပ်စစ်မီးလုံးဆင်ပြီး မီးထွန်းပေးတဲ့အတွက် အဲ့ဒီကစပြီး နေအိမ်သုံး လျှပ်စစ်မီးဟာ တစ်ကမ္ဘာလုံးပြန့်နှံ့
တွင်ကျယ်သွားပါတယ်။
လျှပ်စစ်ဓါတ်အားကို ကိုယ်ပိုင်အိမ်တွင်းရောက်အောင် ဖြန့်ဖြူးတဲ့ကုမ္ပဏီကို စတင်တဲ့အတွက် အယ်ဒီဆင်ဟာ အလွန်အမင်းကြီးမားတဲ့စက်မှု
လုပ်ငန်းကြီးတစ်ရပ်ကို ထွန်းကားလာအောင် အစပျိုးသူဖြစ်ပါတယ်။ တကယ်တမ်းဖြစ်ပုံကို စာရင်းတင်ရရင် ဒီအိမ်သုံးလျှပ်စစ်ဟာ မီးထွန်းရုံသာမကအခု
ဆိုရင် ရုပ်လွှင့်စက်ကအစ အဝတ်လျှော်စက်အထိ လျှပ်စစ်ဓါတ်အားကို ဗဟိုဌာနတစ်ခုက ပိုက်ကွန်ဖြာသလို ဖြန့်ဖြူးနိုင်လို့ လျှပ်စစ်သုံး စက်မှုလုပ်ငန်းအ
ကြီးအကျယ်ဖြစ်ပေါ်လာပါတယ်။
အက်ဒီဆင် တွင်တွင်ကျယ်ကျယ် ဝင်ပြီးဆောင်ရွက်တဲ့ ကိစ္စနောက်တစ်ခုက ရုပ်ရှင်ကင်မရာနဲ့ ပရိုဂျက်တာဖြစ်ပါတယ်။ တယ်လီဖုန်းမှာ(သူတီ
ထွင်တဲ့ ကာဗွန်အသံပြောင်းနည်းကြောင့် အသံကိုကြည်လင်ပြတ်သားအောင် ကြားနိုင်လို့)သူက အရေးပါတဲ့ တိုးတက်မှုတစ်ရပ်ကို လုပ်ပေးတယ်လို့ဆို
နိုင်ပါတယ်။ ဒီလိုပဲ သံကြိုးနဲ့ သတင်းစကားပို့တဲ့နည်းနဲ့ စာရေးကူးတဲ့ လက်နှိပ်စက်တွေဟာ ကောင်းသထက်ကောင်းအောင် သူပါဝင်ပြုပြင်ဆောင်ရွက်ခဲ့
ပါတယ်။ အခြားတီထွင်ချက်တွေက နှုတ်ပြောကိုမှတ်တဲ့စက်၊ စာကိုမိတ္ထူကူးတဲ့စက်နဲ့ လျှပ်စစ်ဓါတ်အားကို သိုလှောင်တဲ့ ဓါတ်ခဲတွေဖြစ်ပါတယ်။ အယ်ဒီဆင်ရဲ့ တီထွင်မှု အစုစုဟာ မှတ်ပုံတင်ပြီး အားလုံးအစုစုတစ်ထောင်ကျော်ရှိတယ်။ အံ့သြကုန်နိုင်ဖွယ်ရာမရှိပါ။
အခုလို အံ့သြရတဲ့ အစွမ်းဟာဘာကြောင့် ဖြစ်နိုင်ပါသလဲလို့မေးရင် သူစပြီး တီထွင်မှုတွေ လုပ်စကပဲ အယ်ဒီဆင်ဟာ တကယ်စွမ်းတဲ့ပညာရှင်
တစ်ချို့ကို လက်ထောက်အဖြစ်နဲ့ငှားပြီး နယူးဂျာစီမြို့ မင်လိုပတ်မှာ သုတေသနဓါတ်စမ်းရုံ ထူထောင်ထားတဲ့ အတွက် ဖြစ်တယ်လို့ဖြေရပါမယ်။ဒီကနဦး
(အစ) ပုံစံကို လိုက်ပြီး စက်မှုလုပ်ငန်းကြီးတွေဆောင်ရွက်တဲ့အဖွဲ့တွေက သုတေသနဓါတ်စမ်းရုံတွေကို ထားလာကြပါတယ်။ အဲ့ဒီလို ပစ္စည်းကိရိယာစုံကို
အသင့် ဆင်ထားပြီး လူတော်တွေက အဖွဲ့လုပ်ငန်းအဖြစ် ကြိုးစားဆောင်ရွက်နည်းကို အယ်ဒီဆင်က စတင်ထီထွင်သူဖြစ်ပေမဲ့ ဒါမျိုးသူများလိုက်မလုပ်
ရလို့ မှတ်ပုံတင်ခွင့်တော့မရခဲ့ပါ။
အယ်ဒီဆင်ဟာ တီထွင်သူ သက်သက်မဟုတ်ပါ။ စက်မှုကုမ္ပဏီတွေ အများကြီးထောင်ပြီး ကုန်ပစ္စည်းတွေထုတ်လုပ် ရောင်းချပါသေးတယ်။
နောက်ဆုံးအင်မတန်အရာရောက် တွင်ကျယ်လာတဲ့ ကုမ္ပဏီဖြစ်ပါတယ်။ မူလဝါသနာက သိပ္ပံပညာရှင်စစ်စစ်မဟုတ်ပေမဲ့ အက်ဒီဆင်ဟာ အရေးပါအရာ
ရောက်တဲ့ သိပ္ပံနည်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့သူဖြစ်ပါတယ်။ ၁၈၈၂ မှာ သူဟာ လေမရှိသလောက်ဖြစ်အောင် စုပ်ယူထားတဲ့နေရာမှာ လျှပ်စစ်ဓါတ်
စီးချောင်းကို ထိမနေတဲ့ကြိုးနှစ်ခုမှာ လွှတ်ထားလို့ရတယ်ဆိုတာ စမ်းသပ်ရှာဖွေတွေ့ရှိခဲ့တယ်။ ဒီ အခြင်းအရာကို အက်ဒီဆင်လက်ရာလို့ ခေါ်တယ်။
အဲ့ဒါကို အဲ့ဒါကို အသင့်အတင့် စိတ်ဝင်စားစရာဖြစ်တယ်လို့ ပြောရုံနဲ့ မပြီးသေးဘူး။ လက်တွေ့အလုပ်တွေမှာ အရေးပါအရာရောက်တယ်လို့ ဖြည့်စွက်
ပြောဖို့လိုပါတယ်။ အဲ့ဒီကစပြီး တစတစ လေမရှိတဲ့ ဖန်ပြွန်ပေါ်လာပြီး လျှပ်စစ်စက်မှုမှာ အခြေခံဖြစ်လာပါတယ်။
သူ့တစ်သက်လုံး အယ်ဒီဆင်ဟာ နားပင်းမတက်ညံ့တယ်။ ဒီလိုဒုက္ခရှိနေတာတောင် အလုပ်ကို ပင်ပင်ပန်းပန်းဇွဲကြီးကြီးနဲ့ လုပ်နိုင်တာအံ့
သြစရာဖြစ်ပါတယ်။ အယ်ဒီဆင်က (ပထမဇနီးငယ်ငယ်နဲ့ သေဆုံးလို့) နောက်အိမ်ထောင်ပြုပါတယ်။ ဇနီးတစ်ယောက်နဲ့ သားသမီးသုံးယောက်စီ
ရပါတယ်။နယူးဂျာစီ အနောက်အောရိမ့်မှာ 1931ကျ သေဆုံးပါတယ်။
ကိုးကား
ဒေါက်တာသန်းထွန်း - ကျော်စွာ ၁၀၀
No comments:
Post a Comment