ဆိုင်လန် (Ts'ai Lun)

ဆိုင်လန် (Ts'ai Lun)
အေဒီ 105 ဝန်းကျင်

    
    ဒီစာကိုဖတ်တဲ့ လူများစုဟာ စက္ကူကိုစတင်တီထွင်တဲ့ ဆိုင်လန်ကို ကြားဖူးကြမှာ မဟုတ်ပါ။ သူတီထွင်တဲ့ ပစ္စည်းရဲ့ အရေးပါအရာရောက်ပုံကို ထောက်ပြီးပြောရရင် သူ့ကို အနောက်တိုင်းကလူတွေမသိတာဟာ အများကြီးရုပ်ဆိုးပါတယ်။စွယ်စုံကျမ်းကြီးတွေမှာတောင်သူ့အကြောင်းသုံးလေး
ကြောင်းလောက်တောင်မရေး၊ ခိုင်လုံတယ်လို့ဆိုတဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ်တွေ ထဲမှာလဲမပါ။ စက္ကူသိပ်အရေးပါတာတောင်စက္ကူ
စတင်လုပ်သူကိုမသိကြ၊ မပြောကြတာထောက်ရင် သူဟာ တကယ်မရှိတဲ့ လူလားလို့ထင်စရာ ဖြစ်နေပါတယ်။ သေသေချာချာ သုတေသနလုပ်တော့ သူဟာ တရုတ်နန်းတွင်းသားအရာရှိတစ်ဦးဖြစ်တယ်။ ခရစ်နှစ် 105 လောက်က ဧကရာဇ်ဟောတိကို စက္ကူနမူနာတွေ ဆက်သဖူးတယ်လို့ သိရပါတယ်။ (ဟန်မင်းဆက် မင်းသုံးရာဇဝင်)ထဲမှာ ဆိုင်လန်က တီထွင်ချက်တစ်ခု လုပ်ပုံကို အပိုအလို အညာအလှိုင်းမပါဘဲ ရိုးရိုးဖြောင့်ဖြောင့်ရေးထားတာကို
 တွေ့နိုင်ပါတယ်။
    ဆိုင်လန်ရဲ့ ဘဝဇာတ်လမ်းကိုတော့ သိပ်မသိပါ။ တရုတ်မှတ်တမ်းအရ သူက မိန်းမစိုး(အပျိုထိန်း)တစ်ယောက်ဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်က သူ့တီထွင်ချက်ကို နှစ်သက်မြတ်နိုးလို့ သူ့ကို
ရာထူးတိုးပေးတယ်။ ဒါပေမဲ့ နန်းတွင်းလုပ်ကြံမှုမှာပါတယ်ဆိုပြီး ပထုတ်လိုက်လို့ တိမ်မြုပ်သွားရတယ်။ တရုတ်မှတ်တမ်းထဲမှာတော့ သူ့ဂုဏ်သိက္ခာကျဆင်းလို့ ရေကောင်းကောင်းချိုး၊ အဝတ်ကောင်းေ
ကာင်းဝတ်ပြီးမှ အဆိပ်သောက်သေတယ်လို့ ဖော်ပြထားပါတယ်။
    တရုတ်နိုင်ငံအနှံ့အပြားမှာ စက္ကူကို ခရစ်နှစ်ရာစုနှစ်တွင်းမှာပဲ အသုံးပြုခဲ့ကြတဲ့အပြင် ရာစုနှစ်အနည်းငယ်အတွင်းမှာပဲ တရုတ်က တခြားအာရှနိုင်ငံတွေကိုပါ စက္ကူတင်ပို့ရောင်းချခဲ့ပါတယ်။
စက္ကူလုပ်နည်းကိုလဲ သူတစ်ပါးမသိအောင် လျှို့ဝှက်ထားပါတယ်။ ခရစ် 751 မှာ စက္ကူလုပ်တက်တဲ့ တရုတ်တွေကို အာရပ်ကဖမ်းသွားပြီး မကြာခင်မှာ စမခန်(Samarkhand)နဲ့ ဗက်ဂဒက်(Baghdad)
မှာ စက္ကူပြုလုပ်တာကို တွေ့ရပါတယ်။ အာရပ်လောကမှာ ဒီစက္ကူလုပ်တဲ့ပညာ တဖြည်းဖြည်းပျံ့နှံ့လာပြီး တစ်ဆယ့်နှစ်ရာစုနှစ်ရောက်ခါမှ အာရပ်တွေဆီက ဥရောပတိုက်သားတွေက သင်ယူပါတယ်။
စက္ကသုံးစွဲခြင်းလဲ တဖြည်းဖြည်း ပျံ့နှံ့ပြီး ဂုတင်ဗတ်က ခေတ်စာပုံနှိပ်စက်ကို တီထွင်တဲ့အခါ အနောက်နိုင်ငံတွေမှာ သားရေချပ်ပေါ်စာရေးတဲ့ အလေ့တိမ်ကောပြီး စက္ကူနဲ့ မှတ်သာတဲ့ အလေ့ရောက်
လာပါတော့တယ်။
    အခုတော့ စက္ကူသုံးတဲ့အလေ့ဟာ သိပ်တွင်ကျယ်ပြီးနေတော့ ဟိုအရင်စက္ကူမပေါ်ခင်က ဘယ်လိုများနေပါလိမ့်မလဲလို့ ဘယ်သူမှမသိ၊ တွေးလို့လဲ မကြည့်ကြတော့ပါ။ တရုတ်နိုင်ငံမှာ ဆိုင်
လန်လက်ထက် မရောက်မီ စာအုပ်မရှိသေးဘူး၊ ဝါးပေါ်မှာပဲရေးတယ်။ အထားအသိုအသိမ်းအဆည်းခက်မယ်ပေါ့။ ဒါကြောင့်ကျမ်းဂန်တချို့ကို ပိုးပေါ်မှာ ရေးတယ်၊ အဲ့ဒါကျတော့ ကုန်ကျစာရိတ်များ
လို့ အများမသုံးနိုင်ပါ။ အနောက်တိုင်းမှာတော့ စက္ကူမပေါ်ခင်က သားရေပြားပေါ်မှာရေးတယ်။  သိုးရေခွံ၊ နွားကလေးရေကို အထူးပြုပြင်ပေးမှ မင်နဲ့ ရေးလို့ရတယ်။ သားရေအစား ဂရိ၊ ရောမနဲ့ အီဂျစ်
မှာ ပက်ပီရပ်( papyrus, ကျူပင်) ကိုသုံးတယ်၊ သူလည်းလုပ်ရတာ လက်ဝင်တယ်၊ ဈေးကြီးတယ်၊ ရှားတယ်။
    ခုခေတ်မှာ စာအုပ်နဲ့ စာရေးကိရိယာတွေ သိပ်ပေါများလာတာဟာ စက္ကူပေါ်လာတာကနေ ဆင်းသက်တဲ့ ရလဒ်လို့ပြောနိုင်ပါတယ်။ စက္ကူနဲ့ စာပုံနှိပ်စက် တွဲဖက်နေတော့ စက္ကူဟာ ပုံနှိပ်စက်
ကြောင့် အသုံးတွင်တာ အမှန်တော့ စက္ကူလို ပေါပေါသုံးစရာမရှိရင်  ပုံနှိပ်စက်ဟာ သိပ်မတွင်နိုင်ပါ။
    ဆိုင်လန်တီထွင်ပြီး နှစ်တစ်ထောင်ကျော်မှ ဥရောပမှာ စက္ကူပေါ်လာတယ်။ ပြီးတော့ ဥရောပတိုက်သားက တီထွင်နိုင်တာမဟုတ်။ အာရပ်တွေကို ဆရာတင်ရတယ်။  ဒီနေရာမှာ ပြောရမှာက
တရုတ်လုပ်ပေးတဲ့ စက္ကူကို မြင်ကြရပေမယ့် တခြားအာရှတိုက်သားတွေ ဘယ်သူတွေကမှ သူတို့ဘာသာ စက္ကူလုပ်မဖြစ်ဘူး။ အသေအချာပြောနိုင်တာက စက္ကူစစ်စစ်ဖြစ်ဖို့ လုပ်နည်းဟာ ခက်ခဲလိုက်
ပုံက အသင့်အတင့်တိုးတက်နေတဲ့ ဓလေ့မှာ ဥာဏ်မပွင့်နိုင်တဲ့ နည်းဖြစ်မယ်။ သိပ်ထူးခြားထက်မြက်စွမ်းဆောင်နိုင်သူက တီထွင်ပေးမှ ဖြစ်ပေါ်လာတာ။ ဆိုင်လန်က ဒီလို လူစားဖြစ်ပြီး သူ့ချမှတ်ပေး
တဲ့ စက္ကူလုပ်နည်းဟာ အခြေခံအားဖြင့်တူတူပါပဲ။

                                                                                                                                  ကျော်စွာ100 (ဒေါက်တာသန်းထွန်း)
                                                                                                                                  The 100: Ranking of the most influential
                                                                                                                                  persons in History by Michael H.Hart

ဆေးအသုံးစုံနေ ပင်သပြေ

မြန်မာ့ဆေးကျမ်းတို့တွင် သပြေပင်၏ ဂုဏ်နှင့် စွပ်းရည်ကို
အခေါက် ၊ အသီး ၊ အစေ့ ၊ အရွက်ညွန့်
ဟူ၍ခွဲခြားပြဆိုသည်။

(သပြေခေါက်)သည် ဖန်၏ ။ မီးလေးတို့ကို ချုပ်စေသည် ။ ချို၏ ၊ ကြေကျက်လွယ်၏

ခြောက်သွေ့၏ ။ ခြောက်သွေ့သောနူတ်ကို မြိန်စေ၏ ။ သည်းခြေနာပူလောင်ခြင်း
တို့ကိုပြေပျောက်စေတတ်၏ ။
(သပြေသီး) သည် ချို၏ ။ ဖန်၏ ။ အေးသည် နူတ်ကို မြိန်စေ၏ ။ ခြောက်သွေ့၏ ။
မီးလေတို့ကို ချုပ်စေ၏ ။
သလိပ်သည်းခြေရောဂါနှင့် အစာမကြေ ၊ လေပြည့်ရောဂါ ပျောက်၏ ။
(သပြေ အစေ့သည်)ချို၏ ။ (မလ)တို့ကို ချုပ်စေ၏။ ဆီးရောဂါကို ပယ်ဖျောက်နိုင်၏ ။
( သပြေညွန့်သည် )အေး၏ ။ခြောက်၏ ။ ချုပ်၏ ။ အစာမကြေ၀မ်းရောင်နှင့်
ဝမ်းကြေတင်းခြင်းတို့ကို
ဖြစ်စေ၏ ။
သပြေကို ရောဂါအလိုက် ဤသို့ သုံးနိုင်သည် ။
(၁) အပူကြောင့်ဖြစ်သော အာခံတွင်းကွဲခြင်း ၊ လျှာကွဲခြင်း
၊လည်ချောင်းကွဲခြင်း ၊အနာတို့ဖြစ်လျှင်
အပြေရွက်နုလတ်လတ်ဆတ်ဆတ်ကိုရေဖြင့် ရောကြိတ်ကာ ပါးစပ်တွင် ငုံပေးပါက
ပျောက်သည် ။
(၂) မြင်းသရိုက်နာကို ငပြေနု(၁၂)ပဲသား ကို ကြိတ်၍
နွားနို့(၁၃)ကျပ်သားတွင် ဖျော်၍ သောက်ရသည် ။
အနည်းဆုံး (၇)ရက်ဆက်သောက်ပေးရသည် ။
(၃) သပြေသီး အစေ့ ၊ သရက်စေ့ ၊ ကြစုသီးတို့ကိုအမျှစီစု၍လှော်ပါ ။
ပြီးလျှင် အမှုန့်ပြုပါ ။
ဝမ်းပျက် ၊ ၀မ်းသွား ၊မီးယပ်ဝမ်း ၊ သွေးဝမ်းရောဂါတို့ဖြစ်လျှင်
ထိုဆေးတစ်လွက်လျှင် လေးပဲသားခန့်
မနက် ည တကြိမ်စီ သောက်ပေးပါ ။
(၄) သပြေသီး အစေ့မှုန့်နှင့် သကြားခဲအတူရောစပ်ပါ ။ ထိုဆေးတစ်ခွက်စာ (၈)
ပဲသားကို တစ်နေ့နှစ်ကြိမ်
သောက်ပါက ၀စ္စမဂ်`၌ သွေးစီးယိုခြင်း သွေးဝမ်းသွားရောဂါပျောက်သည် ။
(၅) မကျက်နိုင်သော အနာများဖြစ်လျှင် သပြေသီး အစေ့ကို ရေဖြင့်
ကြိတ်၍လိမ်းပေးနိုင်သည် ။
(၆) သပြေသီး သတ္တုရည် တစ်ကျပ်သားကို နံနက်ညတစ်ခွက်စီသောက်ပါက
သရွက်ကြီးရောဂါပျောက်သည် ။
(၇) သပြေသီး အစေ့ အခြောက်ကို အမှုန့်ပြု၍ ဆေးမှုန့် (၈)ပဲသားကို
ရေကျက်အေးဖြင့် နေစဉ်သောက်လျှင်
ဆီးချိုပျောက်သည် ။
(၈) သပြေခေါက် (၈)ပဲသားကို နွားနို့ဖြင့်သွေး ၊ပျားရည်သင့်ရုံထည့် ၊
တစ်ခွက်စာကို စတီးဟင်းခပ်ဇွန်း နှစ်ဇွန်းမျှ သောက်ပါက အတိသာရ
ဝမ်းရောဂါ ပျောက်သည် ။
(၉) သပြေရွက်သတ္တုရည်ကို ကင်းကိုက် ဒဏ်ရာ`၌ လိမ်းပါက ကင်းဆိပ်ကျ၏ ။
(၁၀) သပြေသီး၏ ဂုဏ်သတ္တိသည် ၀မ်းတွင်းမှ ဆံပင်နှင့် သံစများကို
ကြေပျက်နိုင်စွမ်းရှိသည် ။
(၁၁) သပြေသီးမှည့်ကို (၁၅)ရက်ဆက်တိုက်စားဝါးပြီးလျှင် သပြေခေါက်မှုန့်
တစ်ကျပ်သားကို နေ့စဉ်စားပါ
ဆီးချို ဝေဒနာရှင်များ အတွက် အကောင်းဆုံးဆေးဖြစ်ပါသည် ။
(၁၂) သပြေခေါက်သတ္တုရည် (၈)ပဲ နွားနို့(၅) ကျပ်သားတို့ကို ရောစပ်ပြီး
တစ်နေ့နှစ်ကြိမ်သောက်ပါ ။
ပြီးလျှင် ထောပတ် တစ်ကျပ်သားကို ကျွေးပါ ။
သည်းခြေဖောက်ပြန်သော ရောဂါ အတွက် အကောင်းဆုံး ဆေးဖြစ်ပါသည်။
(၁၃) သပြေသီး မှည့် သတ္တုရည်ကို အ၀တ်ဖြင့် စစ်၍ ပုလင်းတွင် ထည့်ပြီး
လေးငါးရက်မျှကြာအောင်
ထားပါ ။ အချဉ်ပေါက်လာလျှင် သပြေသီးပုန်းရည် ဟု ခေါ်သည် ။
သပြေသီးပုန်းရည်(၈)ပဲ ရေ(၂)ကျပ်သား ရောစပ်၍ တစ်နာရီခြားဆက်တိုက်ပေးပါ ။
ကာလ၀မ်းရောဂါပျောက်ပါသည် ။
(၁၄) လေထိုး လေအောင့် ရောဂါကို သပြေပုန်းရည် တစ်ပဲသားမျှ နေ့စဉ် တိုက်ပေးပါ ။
ပျောက်ကင်းစေပါသည်။
(၁၅) သရက်ရွက်ကြီးရောဂါဖြစ်ပါကလည်း အထက်ပါ အချိုးအဆ အတိုင်း အပြေပုန်းရည်ကို
နေ့စဉ်တိုက်ပါ ။ ရောဂါပျောက်ပါသည် ။
( သပြေသည် ယဉ်ကျေးမူ့အစဉ်အလာကြီးသည် ။ အောင် အတိတ်အောင်
နိမိတ်ကိုလည်း ဆောင်သည်
ပန်းမမည်သော်လည်း ပန်းအဖြစ်ထူးခြားစွာ သုံးသည် ။ ဖော်ပြခဲ့သည့်
အတိုင်း ဆေးဖက်ဝင်မူ့လည်း
များသည် အိမ်ရှေ့တွင် သပြေပင်တစ်ပင်စိုက်ထားရုံဖြင့်ကျက်သရေ မင်္ဂံလာ
ပြည့်ဝသကဲ့သို့
ဆေးဆရာတစ်ဦး အိမ်သို့ပင့်ထားသည်ဟု ဆိုပါကလည်း မှန်ကန်နေမည်ဖြစ်သတည်း )

အမှတ်(၅၁) အောက်တို့ဘာလ

(၁၉၉၆) အာရောဂျံမဂ္ဂဇင်း

ဟင်းလျှာဆေးဖက်အစွမ်းထက်ကြက်သွန်နီဆေး

(၁) ဦးခေါင်း၌ ဘောက်များရှိ၍ ယားယံနေပါက ကြက်သွန်နီဥကို ထု၍
ရေနှင့်ဖျော်ပြီး ခေါင်းလျှော်ပေးပါ။
(၂) ဆံပင်ဖြူပါက ကြက်သွန်နီဥကို ထက်ပိုင်းဖြတ်၍ ဦးခေါင်းကို
ပွတ်ပေးပါ။(သို့) ကြက်သွန်နီဥတစ်ခုကို
နေ့စဉ်မှန်မှန်စားပေးပါ။
(၃)မျက်စိနာပါက ကြက်သွန်နီဥ သတ္တုရည် (ကြက်သွန်ဥကို ညစ်၍ရသောအရည်) ကို
မျက်စိတွင် ကွင်းပေးပါ။
(၄) နှာခေါင်းသွေးလျှံပါက ကြက်သွန်နီဥကို လှီး၍ရှုပေးပါ။
(၅) နားပြည်ယိုလျှင် နားကို သန့်စင်အောင် ဆေးကြောပြီး လတ်ဆတ်သော
ကြက်သွန်နီသတ္တုရည်ကို
ထဲသို့ တစ်နေ့သုံးကြိမ်၊ လေးကြိမ် ထည့်ပေးခြင်း၊ နားကိုက်ပါက
ကြက်သွန်နီ သတ္တုရည်ကို
ပူအောင် အပူပေး၍ခပ်နွေးနွေး (နားထဲသို့ ထည့်နိုင်လောက်သည့်
အပူချိန်ပမာဏ ) ဖြင့်ထည့်၍ဖြစ်စေ၊
ကြက်သွန်နီကို မီးဖုတ်ပြီး အလယ်မှခွဲ၍ အလည်ပိုင်းနားတွင်ထည့်၍
ဖြစ်စေ ပြုလုပ်ပေးပါ။
(၆) လေနာ ၊ရင်ဘတ်အောင့်ခြင်းဖြစ်ပါက ကြက်သွန်နီဥ(၂၅ိ)
ကျပ်သားကိုမန်ကျည်းမှည့်နှင့် ထန်းလျှက်
(၁၂ိ) ကျပ်သားစီ ၊ စမုန်မျိုးငါးပါး (တစ်ပါးလျှင် (၁) ပဲသားစီ) ရော၍
ကြိတ်ပြီး ထောပတ်ငါးကျပ်သားနှင့်
နယ်၍ တကြိမ်လျှင် ထ္မင်းစားဇွန်းတစ်ဇွန်းပမာဏကို တစ်နေ့လျှင်
နှစ်ကြိမ်စားပေးပါ။
(၇) ၀မ်းကိုက်လျှင် ကြက်သွန်နီဥနှင့် ထန်းလျှက်ကို စားကောင်းရုံ ပမာဏ
ရော၍ ကြိတ်စားပါ။
(၈) ၀မ်းချုပ်ပါက ကြက်သွန်နီဥ သုံးဥခန့်နှင့် မန်ကျည်းရွက်နု လ္ဘက်ရည်
အကြမ်းပန်းကန် နှစ်လုံး
ပမာဏရော၍ ထောင်း၍စားပါါ။
(၉)ကလေးများဆီးချုပ်ပါက မီးဖုတ်ထားသော ကြက်သွန်နီတစ်လုံးကို ထက်ခြမ်းခွဲ၍
ဆီးအိမ်ပေါ်တွင်
ပူပူနွေးနွေး (ခံနိုင်ရုံ) ကပ်ပေးခြင်း ၊ ကလေးများဝမ်းဗိုက်နာပါက
ကြက်သွန်နီဥ သတ္တုရည်လ္ဘက်ဇွန်း
တစ်ဇွန်း ပမာဏ တိုက်ပေးခြင်း၊ ကလေးများအားနဲပါက ကြက်သွန်နီဥကို
မီးဖုတ်၍ ထန်းလျှက်နှင့်
ကျွေးခြင်း၊ ၀က်သက်ရောဂါဖြစ်ပါက တကြိမ်လျှင် ကြက်သွန်နီဥ
သတ္တုရည်လ္ဘက်ဇွန်းတစ်ဇွန်းပမာဏ
တစ်နေ့လျှင် လေးကြိမ်တိုက်ပေးခြင်း များပြူလုပ်ပေးပါ။
(၁၀) ဆီးများလိုပါက ကြက်သွန်နီဥ အစိမ်းစားပေးခြင်း၊ ဆီးသွားသည့်အခါ
ဆီးတစ်စက်ခြင်းကျ၍
ဆီးကျန်ပါက ကြက်သွန်နီဥ ပြုတ်၍ သောက်ပေးခြင်း၊ ဆီးပူပါက
ကြက်သွန်နီဥ သတ္တုရည်ကို
သကြားနှင့်သောက်ခြင်း၊ ဆီးကြောင့် ဖြစ်သော ဖောရော်ခြင်းနှင့်
ကျောက်တည်ခြင်း အတွက်
ကြက်သွန်နီသတ္တုရည်လ္ဘက်ရည် အချိုပန်းကန် တစ်လုံးစာကို ဖျော်ရည်လုပ်၍
သောက်ခြင်းစသည့်
တို့ ပြုလုပ်ပေးပါ။
(၁၁) သွေးမြင်သရိုက်ရောဂါနှင့် လိပ်ခေါင်းထွက်ရောဂါများ အတွက် လတ်ဆတ်သော
ကြက်သွန်နီဥ
သတ္တုရည် ထမင်းစားဇွန်းတစ်ဇွန်းတွင် သကြားလ္ဘက်စားဇွန်း
တစ်ဇွန်းထည့်၍ တစ်နေ့တကြိမ်
နေ့အခါတွင် တိုက်ကြွေးပါ။
(၁၂) နေအပူချိန်လွန်ကဲသောအခါတွင် ခရီးသွားမိသဖြင့် နေပူလောင်ခြင်းဖြစ်ပါက
ကြက်သွန်နီဥသတ္တူရည်
လိမ်းပေးပါ။
(၁၃) သတိမေ့ခြင်း ၊ ၀က်ရူးပြန်ခြင်းတို့ အတွက် ကာယကံရှင်အား
ကြက်သွန်နီဥကို ထောင်း၍
ထွက်သော အနံ့ကို ရှုစေပါ။
(၁၄) ချောင်းဆိုးပန်းနာ ရောဂါများအတွက် ကြက်သွန်နီဥသတ္တုရည် ထမင်းစားဇွန်း ပမာဏကို
တစ်နေ့ သုံးကြိမ် သောက်စေခြင်း ၊ ကြက်သွန်နီဥကို
ထမင်းနှင့်စားစေခြင်းများ ပြုလုပ်ပါ။
(၁၅) အမျိုးသမီးများ ဓမ္မတာ သွေးစင်ကြယ်စေရန် အတွက် ဥတု ဓမ္မတာသွေးလာချိန်မတိုင်မီ
တစ်ရက် နှစ်ရက်ခန့်ကြို၍ ကြက်သွန်ဥနီကို စားပေးပါ။
(၁၆) အနာစိမ်းများ ၊ သက်တံနာများ အတွက် ကြက်သွန်နီဥကို အလယ်မှ ခြမ်း၍
အနာပေါ်တွင် ပတ်တီး
စည်းပေးခြင်း ပြူလုပ်ပါ။
(၁၇) အရေပြားများအတွက် ကြက်သွန်နီဥ သတ္တုရည်ကို လိမ်းပါ။
(၁၈) ကင်း အမျိုးမျိုး၊ ပျား ၊ ကင်းမြီးကောက် ၊ အခြားပိုးမွားများ
အပါအ၀င် သတ္တ၀ါများ အကိုက်ခံရပါက
အကိုက်ခံရသောနေရာတွင် ကြက်သွန်နီဥသတ္တုရည်ကို သုတ်လိမ်းပေးရမည့်
အပြင် အဆိုပါ အရည်
အကြမ်းပန်းကန် တ၀က်ပမာဏကိုလည်း သောက်ပါ။

အတွေးသစ်ဂျာနယ်

(၁၉.၇.၂၀၀၄)

ဆေးဖက်ဝင် ဆီးဖြူသီး

(၁) ဒူလာသွေးဝမ်းပျက်ရောဂါအတွက် ဆီးဖြူသီးခြောက်ကို ငါးရှဥ့်နှင့် ချက်စားရသည်၊
(၂) အရေးပြားတွင် ဖြစ်တတ်သော ယားနာ၊ပွေး၊ညင်း၊တင်းတိပ်များအတွက်
ဆီးဖြူသီးခြောက်(သို့)အစိုကို
သွေး၍ သံပုရာသီးအနည်းငယ်ထည့်ပြီးလိမ်းရသည်။
(၃) ဆီးချိုရောဂါအတွက် ဆီးဖြူ(သို့)မြေဆီးဖြူ ပဉ္စငါးပါးပြုတ်သောက်ရသည်၊
(၄) နှားခေါင်းသွေးလျုံလြင်းအတွက် ဆီးဖြူသီးကို ကြိတ်၍ထိပ်ကအုံပေးရသည်။
(၅)ဆီးပုပ်ရောက်ဂါအတွက် ဆီးဖြူသီးခြောက်မှုန့်ကို
ထန်းလျက်၊များရည်၊တကာနှင့်နယ်စားရသည်။
(၆)သွေးဝမ်းသွားလျှင် ဆီးဖြူသီး အစိမ်းကိုထောင်း၍ အရည်ညစ်ယူပြီး
သံပုရာရည်နှင့် သောက်ရသည်။
(၇) လျှာကွဲခြင်း၊ပါးစပ်ကွဲခြင်း၊ပေါက်ခြင်းနှင့်
ရေစီးကမ်းပြိုခြင်းများအတွက် ဆီးဖြူသီးရွက်ကို ရေနှင့်သုံးခွက်
တစ်ခွက်တင်ကျို၍ရသော အရည်ကို ပလုတ်ကျင်းပေးရသည်။
(၈)ဆီးဖြူသီးသည် ချောင်းဆိုး၊ ပန်းနာ၊လေနာ တို့ကို ပျောက်ကင်းစေသည်၊
(၉) မီးလှောင်နာ၊ရေနွေးပူလောင်နာများအတွက် ဆီးဖြူရွက်ကို အကျွမ်းလှော်၍
အမှုန့်ပြူပြီး ဖြူးပေးရသည်၊
(၁၀) ကလေးများတွင် ဖြစ်တတ်သော သောကျဗဟုံးနာအတွက် ဆီးဖြူရွက်ကို ကျွမ်းအောင် လှော်၍
လိမ်းသောရသည်၊
(၁၁) ၀မ်းသက်ခြင်း၊ အစာမကြေခြင်းများ အတွက် ဆီးဖြူရွက်နုများကို
ပုန်းရည်နှင့် ကျွေးရသည်။
(၁၂) မျက်စိတွင်ဖြစ်တတ်သော ရောဂါများအတွက် အစေ့ကို ထုထောင်းချေပြီး
ရေနွေးနှင့်ပြုတ်၍
မျက်စိကို ဆေးကြောပေးရသည်။
(၁၃) သွေးလွန်( ရာသီလွန်လျှင်) ဆီးဖြူသီးအလုံးကြီးကို စားရသည်။
(၁၄) သွေးဒူလာ အတွက် ဆီးဖြူ၊ဖန်ခါး၊ကြစု၊သစ်သီးစိမ့်၊ နံသာဆီတုံး
ခွက်တစ်ခွက်တင်ပြု၍ အသင့်အတင့်
သောက်သုံးပေးရသည်။
(၁၅) ဒူလာသရောနာ(ဆီးသွားသော အခါ ခါးကိုက်ပြီး
အဖြူဖတ်များပါသောရောဂါ)တွက် ဆီးဖြူသီး၊
နနွမ်းစုကြီးတို့ကို ကြိတ်၍ စားပေးရသည်၊
(၁၆) ဒူလာမုတ္တကိတ်ရောဂါအတွက် ဆီးဖြူသီးကို စားပေးရသည်။
(၁၇) သွေးဝမ်းလွန်ရောဂါများ အတွက် ဆီးဖြူ၇ွက်ပြုတ်အရည်ကို
ထန်းလျက်(သို့)သကြားနှင့်
ဖျော်သောက်ရသည်။
(၁၈) ထုံကျင်နာအတွက် ဆီးဖြူသီးခြောက်၊ ဖန်ခါးသီးခြောက်၊
ဆင်သမနွယ်၊ကန့်ချုပ်နီ၊နွားဖြေရင်း၊မာလာ၊
အိပ်မွေ့သီး၊ ငရုတ်ကောင်း၊ ကံကော်ဝတ်ဆံနှင့် အတူ စု၍ သကြားနှင့်
သုံးဆောင်ရသည်၊
(၁၉) လျှာကွဲခြင်း အတွက် ဆီုးဖြူသီးကို ရေနှင့်သုံးခွက်တစ်ခွက်တင်ပြုတ်၍
ပလုတ်ကျင်းပေးရသည်၊
(၂၀)မက္ခရုရောဂါ အတွက် ဆီးဖြူသီးမီးဖုတ်၊ ယင်းပြာကို ဆီနှင့် ဖျော်၍ပွတ်ပေးရသည်။
(၂၁)မီးယပ်ဖြူဆင်းခြင်း အတွက် ဆီးဖြူသီးစေ့ကို ရေနွေးနှင့်သွေး၍ ရေကို
စစ်ယူပြီး ပျားရည်၊ သကြား
တို့နှင့် ရောသောက်ရသည်။
(၂၂)အညောင်း၊ခါးနာခါးကိုက်၊ အမောအပန်း၊ဒုလာရောဂါအတွက်
ငါးရှဥ့်ပနီမီးကင်ခြောက်ကို ဆီးဖြူသီး
ခြောက်ထည့်ပြီး နူးအောင် ပြုတ်ရသည်။
ကြက်သွန်၊ဆားခတ်၍ နှမ်းဆီနှင့်မကြာမကြာ ကြော်ချက်စားရသည်။
(တစ်နေ့တစ်ဇွန်းမှာ့နှစ်ဇွန်း
ထိမှီဝဲရသည်။
(၂၃) ဓါတ်ချူပ်ရောဂါအတွက် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီး
ပျားရည်နှင့် ရောစားရသည်။
ဓါတ်ကို ပျော့စေပါသည်။
(၂၄)ဆီးဖြူသီးခြောက်ဆေးသည် အစာကိုကြေလွယ်စေသည်။ ယောကျာင်္ံးတို့၏ ခွန်အားကို
ဖြစ်စေသည်။
ကာမအားကို ဖြစ်စေပါသည်။
(၂၅) အသက်ရှည်၊ အဆင်းလှစေရန် ဆီးဖြူသီးကို အခြောက်လှမ်း၍ အမှုန့်ပြုပြီး
ပျားရည်နှင့် ရောစားရသည်။
(၂၆)ဘင်ခြောက်ခြင်းကို ပြေစေရန် ၊ဓါတ်သွားစေရန် ဆီးဖြူသီး အစိမ်းကို စားရသည်။
(၂၇) အသံသာစေရန် ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းလျှာများနှင့် ချက်စားရသည်။
(၂ဂ) ချောင်းဆိုး၊မျက်စိနာ၊ကင်းပျောက်စေရန်၊ ပိုးများသေစေရန်
ဆီးဖြူသီးကို ဆားရည်စိမ်၍ ဟင်းများ
တွင် ထည့်ချက်စားရသည်။
(၂၉) လေတင်တုန်းရောဂါများအတွက် ဆီးဖြူသီးမှုန့်ကို ပျားရည်နှင့် ရောစားရသည်။
(၃၀) အသားအရေတွန့်ခြင်းကို ကာကွယ်ရန်၊ အသံသာ အဆင်းလှရန်၊ ဓါတ်ချူပ်မူ့ကို
ကာကွယ်၍ ဓါတ်ပျော့
ရန် ဆီးဖြူသီးခြောက်မှုန့်ကို ရေချိုးပြီး ကိုယ်တိုက်ပေးရသည်။
(၃၁) အတိသာရ၀မ်းရောဂါ အတွက် ဆီးဖြူသီးကို မှုန့်ညက်နေအောင် ထောင်း၍
ချက်နားတွင် အုံပေးရ
သည်။
(၃၂) ကြို့ထိုးရောဂါအတွက် ဆီးဖြူသီးကို ကြိတ်ညစ်ရည်၊ပိတ်ချင်းမှုန့်၊
ပျားရည်တို့ကို ရောကျွေးရသည်။
အသက်ရှုပွန်ချောင်း နာကျင်ခြင်း ပါပျောက်ကင်းစေပါသည်။
(၃၃)ပြည်တုလာသရော ရောဂါများတွက် ဆီးဖြူသီးကို အမြစ်ကြိတ်ညစ်ရည်၊ ပျားရည်
နနွမ်းတို့ကို
ရောကျွေးရသည်။
(၃၄) ၀မ်းချူပ်၊နှလုံးထုံ၊ အစာမကြေ၊ သည်းခြေရောဂါများတွက် ဆီးဖြူသီးကို
(၁၂) နာရီခန့် ရေစိမ်ရသည်။
ရေသွန်ပြီး ရေထပ်ထည့်၍ (၃)နာရီခန့်ပြုတ်ရသည်။ အစေ့ထုတ်၍သကြား(၃)ဆ ထပ်ထည့်၍
ယိုထုတ်ထား၇သည်။
(၃၅) ဆီးအောင့်ရောဂါများ အတွက် ဆီးဖြူသီးကြိတ်ညစ်ရည်ကို ဖာလာမှုန့်ရော၍သောက်ရ၏။
(၃၆) ဆီးလွန်ရောဂါအတွက် ဆီးဖြူသီးကြိတ်ညစ်ရည်၊ ငှက်ပျောသီးမှည့်၊
ပျားရည်၊သကြားတို့ကို ရောပြီး
လျှက်ရသည်။
(၃၇) ပိတ်ဝမ်းကိုက်ခြင်း၊၀မ်းသက်ခြင်း၊ သွေးလျှုံ၊ သွေးအန်၊
သွေးကျရောဂါဖြစ်ခြင်း အတွက်
ဆီးဖြူသီးခြောက်ကို ပြုတ်ပြီး သကြားခပ်၍ သောက်ရသည်။
(၃၈) မီးယပ်ဖြူဆင်း ရောဂါများအတွက် ဆီးဖြူသီးခြောက်ကို ရေစိမ်၍
တစ်နေ့(၂)ကြိမ်တိုက်ရသည်။
(၃၉) သွေးဒူလာအတွက် ဆီးဖြူသီးခြောက်၊ဆားလှော်၊ စမုန်နက်လှော်၊ကြက်သွန်ဖြူ လှော်၊
ကြောင်ပန်းရွက်ခြောက်၊ ဆေးပိုတီတို့ကို ညက်ညက်ထောင်းပြီး
မန်ကျည်းစေ့ခန့်နေ့စဉ်စားရသည်။
(၄၀) လူပျိုနာများ အတွက် ဆီးဖြူမြစ်၊ ထန်းမြစ်၊
ဆူးရစ်မြစ်၊ကင်သလင်းမြစ်တို့ကို ခုတ်ဆင်း၍
သုံးခွက်တစ်ခွက် တင်ကျိုရသည်။ အရည်စစ်ပြီး ရေတစ်ဝက်ရော၍
သုံးခွက်တစ်ခွက်တင်ကျိုပြီး
သုံးကြိမ်ပြုလုပ်ရသည်။တနေ့ အကြမ်းပန်းကန်တစ်လုံး သောက်ရသည်။
(၄၁) ဆီးကြောင့် ဖြစ်သော မျက်စိမှုန်၊ မျက်စိနာနှင့် ဒူလာပါဒရက်ရောဂါအတွက်
ဆီးဖြူသီး ကြိတ်ညစ်ရည်
နှမ်းဆီစစ်စစ်၊ကြိတ်မှန်ရွက်ကြိတ်ညစ်ရည်၊ နွားနို့
၊နွယ်ချို၊တို့ကို သန့်စင်သော ကြေးအိုးတွင်
ထည့်ချက်ရသည်။ ရသော အရည်ကို မျက်စိတွင် ခတ်ပေးရသည်။
(၄၂) ဆီးဝမ်းလေမှန်၍ ကျန်းမာ ၀ဖြိုးစေရန် ဆီးဖြူသီးခြောက် စမုန်နက် ၊
ဆေးပိုးတီ ဆ၀က်သာ၊
ကြစု၊ပွေးကိုင်း၊သိန္ဓော၊ ကျောက်ချဉ်၊ဆားတို့ကို
ညက်ညက်အမှုန့်ပြူပြီး လျှက်ပေးရသည်။
(၄၃) ဆီးဖြူရွက်ပြုတ်ရည်သည် ခံတွင်း၌ ပေါက်သော အနာ ပျောက်ကင်းစေပါသည်။
(၄၄) သစ်ကိုင်းတွင် သီးလျှာက်ရှိသော အသီးမှ ကွဲစိမ့်၍ ထွက်လာသော အရည်ကို
မျက်စဉ်းဆေးအဖြစ်
သုံးသည်။ မျက်စိရောင်ရောဂါကို ကင်းဝေးစေသည်။
(၄၅) ထုံနစိုရောဂါ အတွက် ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍
ဖျော်ရည် အဖြစ် သုံးဆောင်ကြ
သည်။
(၄၆) ဆီးဖြူသီး ကြိတ်ညစ်ရည်ကို သကြားနှင့် ရော၍ သုံးဆောင်လျှင်
ဆီးအောင့်၊ သွေးဝမ်းကိုက်ခြင်း
သည်းခြေကြောင့် ထိုးအောင့်ခြင်း ၊ကြို့ထိုးခြင်း ၊အန်ခြင်း
၊နာတာရှည်ဝမ်းချူပ်ရောဂါတို့ကို
ပျောက်ကင်းစေပါသည်။
(၄၇) မျက်စဉ်းဆေး အဖြစ် ဆီးဖြူသီးမှုန့်ကို ရေတွင် ထည့်၍ တစ်ညစိမ် ထားရသည်။
နံနက်တွင် မျက်စိဆေးပေးနိုင်သည်။ မျက်စဉ်းဆေးအဖြစ် သုံးနိုင်သည်။
(၄ဂ) အစာမကြေရောဂါ ၀မ်းသွားရောဂါတို့ အတွက် ဆီးဖြူသီး ရွက်နုနုကို
နွားနို့ ၊ ဒိန်ချဉ်နှင့်
ရောသောက်ပေးရသည်။
(၄၉) ဆီးဖြူသီးမှုန့်သည် လိပ်ခေါင်းရောဂါ ၊ ၀မ်းကိုက်ရောဂါ ၀မ်းသွားရောဂါ
နှာစေးရောဂါတို့အတွက်
အလွန်အသုံးဝင်သည်။
(၅၀) ဆီးဖြူသီးသည် ပန်းနာ၊ ချောင်းဆိုး ကိုယ်ခန္ဓာခန်းခြောက်ရောဂါ ၊ အသားဝါရောဂါ
ဝမ်းမီးညံ့ခြင်း၊ သုတ်ခိုင်ခြင်း ကင်းဝေးစေသည်။
(၅၁) ဆီးဖြူသီး အဆံကို ပြုတ်၍ မျက်စဉ်းအဖြစ် မျက်စိနာ ရောဂါကို ပျောက်ကင်းစေပါသည်။
(၅၂) နှလုံး(ရင်ဘတ်)ကို ကောင်းစေသည်။
(၅၃) သွေးကို ချူပ်စေတတ်သဖြင့် နှလုံး၊သွေးအန် ၊သွေးပေါင်ကျရောဂါ
၊သွေးဖောက်ပြန်သောရောဂါ
တို့ကို ပျောက်ကင်းစေပါသည်။
(၅၄) သုတ်ကိုပွားစေတတ်၊သန္ဓေကို တည်စေတတ် အစွမ်းရှိသဖြင့် သုတ်၊ဆီးရောဂါ
မီးယပ်ရောဂါ ၊သားအိမ်အားနည်းရောဂါတို့ကို ပျောက်ကင်းစေပါသည်။
(၅၅) ချောင်းဆိုးရောဂါ ၊ပန်းနာရောဂါ ၊ အဆုတ်နာရောဂါတို့ကို ပျောက်ကင်းစေပါသည်။
(၅၆) ဆီးကိုများစေတတ်သည် ။ ဒူလာသရောနာကို ဖျက်ဆီးတတ်သဖြင့် သည်းခြေကြောင့်ဖြစ်သော
ဒူလာသရောနာ တို့ကို ပျောက်ကင်းစေပါသည်။
(၅၇) နူနာကို ဖျက်ဆီးတတ်သော အစွမ်းရှိ၍ နူနာ၊အနာကြီး အရေပြား
ရောဂါတို့ကို ပျောက်ကင်း
စေပါသည်။
(၅၈)လတ်ဆတ်သောဆီးဖြူသီးသည် အစာအိမ်အားတိုးဆေးနှင့်လေဆေးဖြစ်သည်။
(၅၉) လတ်ဆတ်သောဆီးဖြူသီးသည် သန်ချဆေးအဖြစ်လဲ အသုံးဝင်သည်။
(၆၀) အားဆေးအဖြစ်ဆီးဖြူသီးကြိတ်ညစ်ရည်ကို ထောပတ်နှင့် စားပေးရသည်။
(၆၁) လတ်ဆတ်သောဆီးဖြူသီးသည် ဆီးရွင်စေခြင်း၊ ၀မ်းနုတ်ဆေး အဖြစ် အသုံးဝင်သည်။


အာရောဂျံမဂ္ဂဇင်း

အမှတ်(၅၁)အောက်တိုဘာ (၁၉၉၆)ခုနှစ်

နျူးကလီးယားဗုံး 15 လုံးထက်ပင် ပေါက်ကွဲအား ပို၍ပြင်းသော ဥက္ကာခဲ ကမ္ဘာကို ဖြတ်သွား

                 နျူးကလီးယားဗုံး 15 လုံးထက်ပင် ပေါက်ကွဲအား ပို၍ပြင်းသော ဥက္ကာခဲတစ်လုံးဟာ ကမ္ဘာမြေကို ဧပြီလ 15 ရက်နေ့ညက လနဲ့ ကမ္ဘာအကြား
အကွာအဝေးရဲ့ 10ဆ ရှိတဲ့နေရာကနေ ဖြတ်သန်းသွားကြောင်း သိရသည်။ နက္ခတ္တဗေဒပညာရှင်တွေဟာ အဲ့ဒီ စီးကရက်ပုံ ဥက္ကာခဲကို ဧပြီလ 11 ရက်နေ့
ညနေကတည်းက ခြေရာခံမိပြီး စောင့်ကြည့်ခဲ့တာဖြစ်ပါတယ်။ ဥက္ကာခဲဟာ မြင်ကွင်းပေါ်ကနေ ပေါ်လိုက်ပျောက်လိုက်ဖြစ်နေတာကို နက္ခတ္တဗေဒပညာရှင်
တွေဟာ အစပိုင်းမှာ အဖြေရှာမရဖြစ်ခဲ့ကြပေမဲ့ သူ့ရဲ့ရှည်မျောမျောပုံသဏ္ဍာန်ကြောင့် လည်တယ်ဆိုတာနောက်ကျမှ နားလည်သဘောပေါက်ခဲ့ရပါတယ်။
2011 GP59 လို့အမည်ပေးထားတဲ့ ဥက္ကာခဲဟာ မီတာ 50ရှည်လျားပြီး တစ်ပတ်လည်ဖို့ 7မိနစ်ခွဲကြာပါတယ်။ ဒါကြောင့်သူ့ရဲ့တောက်ပမှုဟာ 4မိနစ်ကို တစ်
ကြိမ်နှုန်းလောက်နဲ့ ပြောင်းပြောင်းသွားပါတယ်။ နိုင်ငံတွေကို တစ်နိုင်ငံလုံးနီးပါး ပျက်စီးသွားနိုင်တဲ့ အဲ့ဒီ ဥက္ကာခဲကို ကမ္ဘာမြေကနေ မိုင်ပေါင်း 220,000 က
နေဖြတ်သန်းသွားခဲ့ပါတယ်။ နက္ခတ္တဗေဒပညာရှင်တွေဟာ ကမ္ဘာမြေတစ်ဝိုက်မှာရှိတဲ့ ဥက္ကာခဲပေါင်း 3000 ခန့်ကို ရှာဖွေတွေ့ရှိထားခဲ့ကြပြီး ဖြစ်ပေမဲ့ အဲ့ဒီ ဥ
က္ကာခဲကိုတော့ သတိမပြုမိခဲ့ကြပါဘူး။ အက်ဆက်ပြည်နယ် ချမ်းဖို့ဒ်က နက္ခတ္တဗေဒ ပညာရှင် နစ်ခ်ဂျိမ်းဟာ အဲ့ဒီဥက္ကာခဲကို ဧပြီလ 11ရက်နေ့ညမှာ စတင်
တွေ့ရှိခဲ့တာပါ။ သူက 11လက်မအချင်းရှိတဲ့ အဝေးကြည့်မှန်ပြောင်းနဲ့ အဲ့ဒီ ဥက္ကာခဲကို တွေ့ရှိချိန်မှာ ဥက္ကာခဲကို တွေ့ရှိချိန်မှာ ဥက္ကာခဲက ကမ္ဘာမြေနဲ့ 2,081,00
0 မိုင်အကွာကို ရောက်ရှိနေပါပြီ၊ ဒါပေမဲ့ ကမ္ဘာမြေကို တိုက်ရိုက်ထိမှန်နိုင်ခြေ လုံးဝမရှိဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခု ဥက္ကာခဲရဲ့ အရွယ်အစားဟာ 2009
ခုနှစ် အောက်တိုဘာလက အင်ဒိုနီးရှားကို ကျရောက်ပေါက်ကွဲခဲ့တဲ့ ဥက္ကာခဲထက် ငါးဆပိုပြီး ကြီးမားတယ်လို့ဆိုပါတယ်။

                                                                                                                                                                   ကိုးကား

ပြည်မြန်မာ နိုင်ငံတကာသတင်း ဂျာနယ်