အရှက်ပြေ


(အရှက်ပြေ)

သူကဂျင်းစိမ်းဆိုရင်
ကိုယ်ကမိတ်သလင်
သူမုန်းရင်ကိုယ်ကမေ့
သူကွေ့တော့ကိုယ်ကရှောင်
သူမှောင်တော့ကိုယ်ကမဲ
သူခွဲတော့ကိုယ်ကပစ်
သူကထားရစ်မှတော့
ကိုယ်ကလဲသွားရမှာပေါ့......
သူမခင်ယင်
ကိုယ်မကြင်ရုံပေါ့......
ခုများတော့ဒီလိုမဟုတ်
အဆွေးရုပ်ကိုတန်ဆာဆင်လို့
လွမ်းဘုရင်ဘွဲ့လေးကိုမှ
တသသမက်မောတတ်တဲ့
ရှက်ကြောပြတ်နှလုံးသား
အဲ့ဒီနှလုံးသားအစုတ်ပလုတ်
ရင်ခေါင်းထဲကထုတ်လို့
ကျီးအာပင်ထိပ်ဖျားမှာ
ချိတ်လို့သာထင်းလိုက်ချင်တယ်
လှဧကရီရေ......။

No comments: