မင်းအတွက်


(မင်းအတွက်)

မင်းကလုံးလုံးမေ့ထားနိုင်ပေမဲ့
ငါကတော့အမြဲသတိရနေတယ်....
မင်းကပြုံးပျော်ရွှင်မြူးနေပေမဲ့
ငါကတော့ဝမ်းနည်းလွမ်းမောနေရတယ်...
မင်းကသာယာကြည်နူးနိုင်ပေမဲ့
ငါကတော့အဆွေးပင်လယ်ဝေရတယ်..
မင်းကရယ်ရယ်မောမောရှိပေမဲ့
ငါတော့မျက်ရည်မြစ်ကြီးစီးနေရတယ်...
မင်းကအမုန်းကြီးသွားပေမဲ့
ငါကတော့ချစ်နေသေးတယ်....
တစ်လောကလုံးမှာ
ဒီကမ ၻာၾကီးမွာ
ငါ့ကိုယ်ငါထက်ပိုပြီးချစ်တာ
မင်းတစ်ယောက်ထဲရှိပါတယ်ကွာ...
မေတ္တာသမား
ငါ့နှုတ်ဖျားက
စကားတွေမှာ
မတရားလို့အမှားပါခဲ့ရင်
ချစ်တတ်တဲ့နှလုံးသား
ကားစင်တင်လို့ကွပ်မျက်ပါတော့
မင်းအတွက်ဆို
ငါ့အသက်ကိုပေး
စတေးရဲပါတယ်လေ
မင်းလေးအတွက်ပေါ့....။

No comments: