တစ်ယောက်နဲ့ တစ်ယောက်မတူပေမယ့် တစ်ခုမဟုတ်တစ်ခု တော့ စိတ်ဆင်းရဲတဲ့ ဒါဏ်ကို ခံစားကြရတာပဲ
ခံစားချက်ဆိုတာ ဘယ်ကနေ အရင်းခံပြီးပေါ်ပေါက်လာရတာလဲ..စိတ်ချမ်းသာတဲ့ ခံစားမူ၊ စိတ်ဆင်းရဲတဲ့ ခံစားမူ
သေချာတာတော့ ပြောင်းလဲခြင်းကနေ ဖြစ်လာတယ် ထင်တယ်။
လူတစ်ယောက် စိတ်ဆင်းရဲပြီး စိတ်ဓါတ်ကျတယ်ဆိုပါတော့ အဲ့တစ်ယောက်ကို ဘယ်လိုဖေးမသင့်လဲ...
စိတ်ဓါတ်မကျအောင် ဘယ်လိုပုံစံမျိုးနဲ့ ဖြေသိမ့်ပေးရမလဲဆိုတာကိုတော့ နားလည်ပါတယ်။
ဒါပေမယ့် လူ့ရဲ့စိတ်ဓါတ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးလေ...အရင်ဆုံးဘာလုပ်သင့်လဲ..
ကျွန်တော်ကိုယ်တိုင်ပါစိတ်ဓါတ်ကျနေပြီဆိုပါတော့ လူလောကကြီးထဲကနေ ထွက်သွားချင်စရာကောင်းလောက်အောင် စိတ်ဓါတ်ကျနေပြီလေ..
တစ်ကယ်ပဲ အဖြည့်ခံဘ၀ ကြီးပါလား.. အဲ့လိုကို တွေးတွေးမိတယ်.. သူများပျော်ရွင်ဖို့ အတွက်ဆိုရင်..အတတ်နိုင်ဆုံး ကူညီတာ ကျွန်တော် အသိဆုံး။
ကျွန်တော်ကံမကောင်းခဲ့ပါဘူး ဘာလိုများ ဒီလို ဘ၀မျိုးကို ရောက်နေရတာလဲ..ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာကို ကျွန်တော် မသိသေးတဲ့ အတွက်
ကျွန်တော်ရင်ထဲမှာ မျှော်လင့်ချက်ဆိုတာထားတယ်. ကြီးကြီးမားမားတော့ မဟုတ်ပါဘူး..
တစ်နေ့နေ့ကျရင်ပေါ့ ပျော်ရွင်တဲ့ မိသားစု ဘ၀လေးကို ရလိမ့်မယ်လို့ တောင့်တမိတယ်....
ဒါကတော့ လူတစ်ယောက်ယောက်ကို ချစ်မိလို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်တော့ မဟုတ်ပါဘူး..
ငယ်စဉ်ကတည်း လူသိတတ်စ ကတည်းက ကျွန်တော် ဟာ ဖခင်မေတ္တာ၊ မိခင်မေတ္တာ ၊ မောင်နှမမေတ္တာ ဖြူစင်သန့်ရှင်းလှတဲ့.ချစ်ခြင်းမေတ္တာ ကို
မခံစားခဲ့ရပါဘူး။ ဒါကြောင့်လား မသိဘူး ကျွန်တော်ရဲ့ စိတ်ဓါတ်ဟာ ခင်မင်ရတဲ့ အပေါင်းအသင်းကြားမှာ ဖြစ်ဖြစ်.မသိမခင်တဲ့ သူစိမ်းကြားထဲမှာ
ဖြစ်ဖြစ် ဘယ်သူနဲ့မှ မတူခဲ့ပါဘူး ကျွန်တော်ကို ပြောကြပါတယ်. မျှော်လင့်ချက်မထားတဲ့ လူတစ်ယောက်တဲ့.ဖြစ်ချင်တာဖြစ် ဘာကိုမှ ဂရုမစိုက်တဲ့ သူတစ်ယောက်တဲ့ .ဘယ်လိုဖြစ်ဖြစ်ပေါ့နော်. ကိုယ့်ဟာကို စဉ်းစားမိတယ်. ကိုယ့်စိတ်ကို ခုထိနားမလည်ဘူး။
ဒါများဗျာ. သူများစိတ်ကို နားလည်ပေးမယ်တဲ့ ..အော်င်္ရီချင်စရာတော့ ကောင်းနေပြီ။
ရှေ့ဆက် ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။
အော်....နားမလည်ခြင်းများနဲ့ ပြည့်နှက်နေတဲ့ လူလောကကြီးထဲမှာ.
နားလည်အောင်နေထိုင်ရမယ်လေ..
သူ့နေရာနဲ့တူ နေတတ်ထိုင်တတ်အောင် ကျင့်ကြံအားထုတ်ရမယ်..
ကိုယ့်ဘ၀ကို ကိုယ်က ပိုင်တယ်.. ကိုယ်စေရာအတိုင်း ဖြစ်သွားမှာပဲ...
အများကြီးမလိုပါဘူးနော်. ကိုယ့်ဘ၀ ကိုယ်သိရင် ..နေတတ်ထိုင်တတ်ရင်..လူလောကကြိးက တော်တော်ကို ပျော်ဖို့ကောင်းတာပဲ..
( ရည်ရွယ်ချက်ကင်းမဲ့တဲ့ စာလေးတစ်ပုဒ်) နေတတ်ရင် ကျေနပ်စရာတွေ ပြည့်နေပါတယ်ဗျာ။

No comments:
Post a Comment