အမေရဲ့နှလုံးသားရင်ခွင်နန်းတော်..

အို... အမေဟာ လေပြင်းမုန်တိုင်းထန်တုန်းကလည်း
  ငြိမ်းစေတယ်....
 အို ... အမေဟာ ရေကြီးဒါဏ်တုန်းကလည်း  ငြိမ်းစေတယ်....
 အို.. အမေဟာ လူလောကထဲက သစ်ပင်ကြီးတစ်ဖွယ်.
  ဟိုး....မိုးကောင်းကင်က လမင်းလေးတစ်ဆင်းလို တစ်သွယ်ပါလား...
  သားသမီးတွေ စိတ်ချမ်းသာဖို့ ရင်မှာ. အပူအပင်ကင်းမဲ့စေဖို့ ခိုနားရာ အပင်ကြီးလိုပါလား
 အို... အမေ့ရဲ့နှလုံးသားဟာ သားသမီးတွေအပေါ် ချစ်လှပါတယ်နော်..
  အမေရဲ့ ၀မ်းဗိုက်ထဲမှာ နေတုန်းကတည်းက အမေ့ရဲ့ နှလုံးသားက ချစ်တတ်နေပြီ..
 အသက်နဲ့ရင်းပြီး အို..ဘယ်လောက်တောင် ဆင်းရဲပင်ပန်း ဒုက္ခပင်လယ်မှာ ရုန်းကန်ခံစားခဲ့ရမလဲ အမေရယ်...
  သားသမီးအတွက် ဘေးရန်ကင်းရှင်းဖို့ သားသမီးတွေ အတွက် စားဖို့နေဖို့...
 အို...ဘယ်လောက်တောင် ဆင်းရဲ ဒုက္ခ ခံစားရသော်လည်း ပင်ပန်းကြီးသော်လည်း ....
 အို... အမေ့ရဲ့ကျေးဇူးဂုဏ်တရားဟာ.. ကြီးမားလှချည်လား ခင်ဗျာ....
 အို..အမေ့ရဲ့ကြီးမားလှတဲ့ မေတ္တာတ၇ားတွေ ရှိတဲ့ နှလုံးသားကြီးကိုတုနိုင်းယှဉ်စရာ ဘာမှ မရှိပါလား..
  ဒီလူလောကကြီးထဲမှာ..ကျွန်တော်ရဲ့ ခိုနားရာသစ် တစ်ပင်ပါလား  အအေးချမ်းဆုံးဟာ အမေ့ရဲ့ ရင်ခွင်နန်းတော်ကြီးပါလားနော်...
   အို.....                (   အမေရယ်......)....

No comments: