ဘ၀ အပိုင်းအစရဲ့ (တစ်ဆိတ်တစ်ဒေသ)

တစ်နေ့မှာ.. ကောင်းလေးတစ်ယောက်ဟာ..သူ့ကောင်မလေးနဲ့ ပြသနာဖြစ်တယ်ခင်ဗျာ..
ဒီလို မပြောခင်သူတို့အကြောင်းလေးတော့ ပြောရဦးမယ်.။. အင်မတန် ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့ခင်ဗျာ.။ ငယ်စဉ်..ကလေးလေးဘ၀ သူငယ်တန်းကတည်းပေါ့ ..စားလည်းတူတူ
သွားလည်းတူတူ တော်တော်ကို ချစ်ခင်ခဲ့ကြတယ်။.. ဒီလိုနဲ့ တစ်နှစ် ပြီးနှစ်ဖြတ်သန်းလာခဲ့ကြတာ.
(၁၃)နှစ်တောင် ရှိခဲ့ပါတယ်။.. ကြားထဲဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းတစ်လျှောက်မှာ ပြသနာမျိုးစုံ ကြုံခဲ့ရပြီး...
အားတငိးရင်ဆိုင်နိုင်ခဲ့ကြပါတယ်။..ချစ်သူနှစ်ဦးကလည်းး ခံယူချက် ယုံကြည်ချက် ကိုယ်ဆီပေါ့ခင်ဗျာ...။
တို့ ချစ်သူကို ဘယ်သူဖြတ်ဖြတ် မပျက်နိုင်ဘူး အိုဗျာ. သိကြားမင်းဝင်တားတာတောင်မှာ သူတို့ ချစ်ခြင်းက မပျက်နိုင်ဘူး ..စိတ်ကြီးဝင်ခဲ့ကြတာပေါ့.. သူတို့ နှစ်ဦးရဲ့ ဘ၀က  ကောင်လေးကတော့ ဆိုးလွန်းမိုက်လွန်းလို့
မိဘတွေဆွေမျိုးတွေ စွန့်ပစ်ခြင်းကို ခံရတဲ့ သူတစ်ယောက်ပေါ့နော်. သူမိဘတွေကတော့ မရှိတော့ပါဘူး
ငယ်စဉ်ကတည်းက ဆုံးသွားရှာတယ် ။  ဆွေမျိုးတွေနဲ့ နေတော့ အနှီးကပ် အုပ်ထိန်းသူမရှိဘူးပဲဆိုပါတော့ဗျာ.
အရာရာကို မိုက်ကန်းကန်းပဲ ..သူစိတ်ကျေနပ်ရင် ပြီးသာပဲ..ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ စိတ်ပဲ။
ကောင်းမလေးကျတော့.. အခြေတောင့်တင်းတယ်လို့ ဆိုနိုင်တယ် ကောင်လေးထက်ဆာရင်ပေါ့နော်..
သူတို့က ကားလုပ်ငန်းလုပ်ပါတယ်. သူအဖေပေါ့နော်.. သူအမေကတော့ အိမ်က ချက်ပြုတ်ရေးကို .
ဦးစီးဦးဆောင်ပေါ့ခင်ဗျာ...ဒီလိုပါပဲ..တော်တော်လေးကို ခင်မင်ကြပါတယ်.. ကောင်လေးကလည်း
ကိုယ့် မိဘလို့ သဘောထားပြီး ချစ်ချစ်ခင်ခင်ပေါ့နော်..နောက်တော့ ..ကောင်လေးနဲ့  ကောင်မလေး အဖေက ပြသနာတတ်တယ်. ကောင်လေးက ဆိုးတာကိုးး အရက်သောက် ၊ ဆေးလိပ်သောက်၊ ကွမ်းစား
မိုက်တိမိုက်ကန်းဆိုတော့ နောင်ရေးအတွက် သူတို့ သမီးကို  စိတ်မချရင်မအေးနိုင်စရာပေါ့နော်.။
ဒီလိုနဲ့ ဆုံးမ သွန်သင်ရင်းစကားများကြပါတယ်။.. ဒါပေမယ့် ကောင်မလေး အဖေက ခွင့်လွတ်ပေးခဲ့ပါတယ်.ဗျာ..နောက်တော့ ကောင်မလေးနဲ့ရန်ဖြစ်လိုက်ဆိုတော့..သူ့ကောင်မလေးကလည်း
ကြာလာတော့ စိတ်ဆင်းရဲခဲ့ရတယ်။. အင်မတန်ကို ဆိုးရွားပါတယ်ဗျာ. ကောင်လေးကလေ..
သူ့ကောင်မလေးကတော့ ချစ်ရှာပါတယ်ဗျာ.သူ့ကောင်လေးအတွက်ဆို..လိုတာ အကုန်ဖြည့်ဆည်းပေးခဲ့တယ်။. လိုအပ်တယ်ဆိုရင် ဘ၀ပါပေးမယ့် ကောင်မလေးပဲ .အဲ့လောက်ကိုချစ်ရှာပါတယ်ဗျာ။..နေ့တိုင်းကောင်လေးကြောင့် ကောင်မလေးမှာ မျက်ရည် မျက်ခွက်နဲ့..
သူ့မိဘကလည်း တစ်မျိုးး ကောင်လေးကို ဖြတ်ခိုင်းတာလေ.. ကောင်လေးကလည်း မလိမ်မာဘူးး။
ဒီတော့ကောင်မလေးမှာစိတ်ဆင်းရဲမူ့ မျိုးစုံပေါ့နော်.. ကြာတော့ဘယ်သူက ခံနိုင်မလဲနော်..။
နောက်တော့ပေါ့ ကောင်မလေးက စာတတ်သွားပြီလို့ဆိုနိုင်တယ်ဗျာ့. ဆုံးဖြတ်ချက်ချခဲ့တယ် ။
သူ့ကောင်လေးကို ချစ်သော်လည်း ဒီတိုင်းဆိုရင်မဖြစ်ဘူး ရှေ့ရေးကို ကြိုတွေးလိုက်တယ်..။
ဒီတော့ သူလုပ်စရာတစ်နည်းးက ကောင်လေးကို ဖြတ်ပစ်ဖို့ပဲ ရှိတယ်လေ.. မိဘကို ဖြတ်၇င် သူခွေးဖြစ်သွားမယ်ဆိုတာကို နားလည်တယ်လေ.. ဒီလိုနဲ့ဖြတ်လိုက်တာပေါ့နော်..။
ကောင်လေးကလည်းး သူ့ကောင်မလေး ဖြတ်သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အရက်တော့ မူးရူးပေါ့ဗျာ.။
ပေါင်းတဲ့ သူ့သူငယ်ချင်းကလည်း အရက်မသောက်တတ်တဲ့သူဆို ခပ်ရှားရှားပဲ။
ဒီလိုနဲ့သောက်မူးရူးကြပြီးတစ်နေ့ပေါ့ခင်ဗျာ..။ ကောင်လေးက ဘာစိတ်ရူးထလဲမသိပါဘူးး။
သူ့ကောင်မလေး အိမ်ရှေ့မှာ တစ်နေ့ပေါ့နော်။. မူးမူးနဲ့ တစ်ယောက်တည်း လာပြီး ဂီတာလာတီးတယ်။
သူ့မှာ လူစိတ်ဆိုတာ မရှိတော့ဘူး. နားလည်သိတတ်တဲ့ စိတ်ဆိုတာ မသိမရှိ ။
သူစိတ်ကို သူထိန်းလို့ မရတော့ဘူးလေ. အရှုးနီးနီးပဲ။ ဆိုးလွန်းတော့ လောကကြီးက မကြည့်နိုင်တော့ဘူး။
ဆိုပါတော့ဗျာ.သူ့ကို ဒါဏ်ခတ်တော့မယ့်အချိန်ဆိုပါတော့။ ကောင်လေးက ဂီတာတီးတာ (၀)ပြီး သူ့အိမ်အပြန်ပေါ့ လမ်းတစ်ဝက်မှာဆိုင်ကယ် မှောက်ပါတယ်..ကံကောင်းစွာနဲ့ မသေပါဘူးခင်ဗျာ..။ ကောင်လေးဆိုင်ကယ်မှောက်တာ ကောင်လေးအိမ်က လူတွေ တော်တော်ကို ဒေါသထွက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့. ကောင်လေးမှာ အဖွားတစ်ယောက်ရှိတယ် ။. အဒေါ်တစ်ယောက်ရှိတယ်။ သူကို့ချစ်တဲ့သူပေါ့နော်။.
အားလုံးနီးပါးက ကောင်လေးကို တော်တော်မုန်းတီးကြတယ်..တော်တော်လဲဆိုးတဲ့ ကောင်ကိုးးး
အဲ့နေ့မှာ. သူ့ အဖွားကော သူ့ အဒေါ်ကော ဆေးရုံ ပြိုင်တူတတ်လိုက်ရတယ်. သူ့ အဒေါ်က နှလုံးရောဂါသည်  သူ့အဖွားကျတော့ အိုပြီလေဗျာ..
စိတ်ထိခိုက်လွယ်တယ်ဆိုပါတော့.. ကောင်လေးအပါဆိုရင် အဲ့နေ့မှာ.. သုံးယောက်လုံး ဆေးရုံ တတ်လိုက်ရတယ်.။.
တစ်ဆွေ တစ်မျိုးလုံး ပြာယာခတ်ကုန်တာပေါ့။ အင်းဗျာ..နောင်တ ဆိုတာ နောင်မှ ရကြတာကိုးးဘယ်တတ်နိုင်မလဲနော်.။
နောက်ကောင်လေးပြန်ကောင်းလာတော့.. အရင်က ခပ်ဖြူဖြူ.မိန်းမချောလေးပေါ့..ခုတော့  သူမျက်နှာ မှာ. ဆိုင်ကယ်မှောက်လို့ မျက်နှာမှာအမာရွတ်နဲ့.
နောက်တော့ဗျာ..သူနောင်တ ရပြီး အရက်ကို တော်တော် မုန်းတီးသွားတယ်။.နောင်တ တရားကို ရင်မှာပိုက်လို့..လောကဓံကိုဆင်းရဲကြီးစွာနဲ့ဆိုင်နေရတုန်းပါပဲ။
(ပြောချင်တာကတော့ များကြီးပါပဲခင်ဗျာ.သင်ခန်းစာ ယူသင့်တယ်လို့လည်း ထင်ပါတယ်.။ ကိုယ့်နာပြီးမှ မသိခင်  ၊ ကိုယ်မနာခင်ကြိုသိစေချင်တယ်။
 ကိုယ်ချင်းစာ စိတ်လေးနည်းနည်းထားတတ်ဖို့ပါ၊ ကောင်လေးတော့ တော်တော်ကို သင်ခန်းစာရသွားတယ် တစ်သက်စာ မှတ်သားလောက်တဲ့ အမာရွတ်ကြီးနဲ့ပေါ့ခင်ဗျာ..ပြင်မရတဲ့ အမာရွတ်ကြီးနဲ့ပေါ့ခင်ဗျာ.နောက် ကောင်လေးကဘာရလိုက်လဲဆိုတာ.. အားလုံးသိမှာပါနော်..
သူချစ်တဲ့ ကောင်မလေးကတော့ မိဘစကားနားထောင်ခဲ့လို့ စိတ်ချမ်းချမ်းသာသာနဲ့..ခုဆို ကောင်လေးနောက်တစ်ယောက်နဲ့.......)
စိတ်ရဲ့ခံစားချက်ကို ဦးစားမပေးပဲ အရာရာကို ဦးနှောက်နဲ့ နိုင်းယှဉ် သုံးသပ်ကြပါနော်...




No comments: