တာလေမြို့ ငလျှင်လှုပ်ပြီး အခြေအနေ



















မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင်သည် တာချီလိတ်မြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် တာလေမြို့နယ်တွင် ငလျှင်ဒဏ်အဆိုးဆုံး ခံခဲ့ရသည် လူအသေပျောက်ကို အတိအကျသိရသေးပါ. ရာကျော်နိုင်သည့်ဟု ခန့်မှန်းနေကြသည်. တာချီလိတ်-မယ်ဆိုင်တွင် လှုပ်ရုံသာလှုပ်ခဲ့ပြီး အပျက်အစီး မများခဲ့ပါ.
ကိုကျွန်းသားကြီ ခေါ် ကိုအောင်ကျော်မင်းကို ယခုပိုစ့်လေးမှ ခွင့်တောင်းပါရစေ Gtalk မှာတွေ့တုန်းက ခွင့်တောင်းလိုလုပ်တုန်း ကွန်နရှင်က နည်းနည်းနောက်သွားပါတယ် ပီးတော့ ပြန်ရတော့ အစ်ကိုက လှိုင်းပေါ်မှာ မရှိတော့လို့ပါ ကျွန်တော် ကိုခွင့်ပြုပါ အစ်ကို
ကိုကျွန်းသားကြီး၏ ဘလော့မှာ ကူးယူထားပါသည် ကိုကျွန်းသားကြီး၏ ဘလော့ ကိုလည်း သွားရောက်လေ့လာနိုင်ပါသည် ကိုကျွန်းသားကြီးသည် ကျွန်တော်ကို အွန်လှိုင်းမှ ဘလော့ရေးတက်အောင် သင်ပြပေးသူဖြစ်ပါသည် နေ့တိုင်း ၅ နာရီမှ ၆ နာရီ တစ်ခါတစ်လေ ၇ နာရီလောက်ထိ Gtalk ကနေပီးတော့ ကျွန်တော်ကို သင်ပေးခဲ့ပါတယ် အကယ်၍ ကျွန်တော်ကိုကျွန်းသားကြီးနှင့်သာ မတွေ့ခဲ့လျှင် ယခု ဘလော့သည် ထွက်လာမှမဟုတ်ပါဘူး ကိုကျွန်သားကြီး ခေါ် ကိုအောင်ကျော်မင်းအား လေးစားလျှက် မှော်ဝင်မြို့

နောက်ဆုံးအကြိမ်မေးပိုခြင်း

> ကျွန်တော့်ရဲ့ မေးအသုံးပြုသူ အားလုံးထံသို့ နောက်ဆုံး
> အကြိမ်သတိပေးခြင်းဖြစ်ပါတယ် ကျွန်တော် သည်သင်တို့၏ မေးများ၏
> ၀င်ချိတ်ထွက်ချိန်ကို အမြဲတမ်းစောင့်ကြည့်နေမိပါတယ်
> ဘာဖြစ်လိုလည်းတော့မသိပါဘူး ကျွန်တော်တစ်ခုပြောပါရစေ ကျွန်တော် သင်တို့ရဲ့
> မေးကို ၀င်ဖတ်၍ မရပါ ၀င်ဖတ်ဖို့လည်း စိတ်မကူးဖူးပါ ဒါပေမယ့် ကျွန်တော်
> ရဲ့ mail server မှ သင်တို့ရဲ့ မေးဝင်ချိန်ထွက်ချိန်ကို အလိုအလျှောက်
> ကျွန်တော့်ရဲ့ မေးထဲကို ရောက်နေပါတယ် ကျွန်တော် ခု ပြောခြင်တာကတော့
> ကျွန်တော် java code တစ်ခုဖြင့်သာ မေးကိုထိန်းပါတော့မယ် ကျွန်တော်
> ကိုယ်တိုင်လည်း အမြဲမစောင့်ကြည့်နိုင်လို့ပါ ၀င်ချိန်ထွက်ချိန်လေးကိုပါ
> မေးကသို့ ၀င်ရောက်နေသည်ကို ပါဖြတ်ပစ်ပါတော့မည် java ကုတ်လေးရဲ့
> အလုပ်လုပ်ပုံလေးကတော့ 3 လကြာမဖွင့်သောမေးကို အော်တိုဖြတ်ပစ်ပါလိမ့်မည်
> ပီးလျှင် ကျွန်တော့်ရဲ့ မေးကို ရယူပီး တစ်လအတွင်း အသုံးမပြုလျှင်လည်း
> အော်တိုဖြတ်ပါလိမ့်မယ် ထိုအချိန်တွင် ကျွန်တော်လည်း ကယ်နိုင်မည်မဟုတ်ပါ
> ကယ်နိုင်သော်လည်း ကယ်ပေးမည်မဟုတ်ပါ ဘာကြောင့်လည်း ဆိုတော့ တန်ဖိုးမထားမှု
> ၊ မလိုလားအပ်ပဲ အကောင့်ရယူမှု ကိုမလိုလားပါ
> ကျွန်တော်မေးရဲ့အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိနေပါတယ်
> အိုက်အားနည်းချက်တွေအားလုံးကို ကျွန်တော် အစဉ်အမြဲ ကြိုးစားပီးတော့
> ပြန်ဖြည့်နေပါတယ် အရင်က ကျွန်တော် မေးက ကိုယ်ပိုင်လင့်
> http://mail.mawcity.com ဖြင့်သာဝင်ရောက်နိုင်ပီးတော့ facebook
> အကောင့်တို့ tagged အကောင့်တို့ blogger တို့ google site တို့ကို မရခဲ့
> ထိုမရတာတွေအားလုံးကို ကျွန်တော် ကိုယ်တိုင် Google ကို ရှော်လွာတင်ခဲ့သည်
> ထိုအတွက် blogger , google site , ပီးတော့ သာမာန် Gmail မှရရှီသော google
> မှခွင့်ပြုသည့်လုပ်ပိုင်ခွင့် ကို ကျွန်တော်မေးလေးလည်းရရှိခဲ့ပါတယ်
> facebook နှင့် tagged အတွက်လည်း ကျွန်တော ရှောက်လွာတင်ပီးလို့
> ကျွန်တော်ရဲ့ မေးလေးကို သူတို့တွေလက်ခံပေးခဲ့ပါတယ် ထိုအပြင် Google
> မှပေးထားသောကြောင့် အခြား gmail တွေဝင်ရောက်သောနေရာတွင်လည်း ကျွန်တော်
> မေးဖြင့်ဝင်ရောက်နိုင်ခဲ့ပါတယ် http://mail.google.com တွင် username
> နေရာတွင် name@mawcity.com လို့ရိုက်ထည့်ပီး password ကိုရိုက်ထည့်ပီး
> ၀င်ရောက်နိုင်ပါတယ် name နေရာတွင် မိမိ အကောင့်နာမည်ကို သာ
> ရိုက်ထည့်လိုက်ပါ လုပ်ပိုင်ခွင့်ကိုမရရှိသေးတာက Gmail မှာ Theams တွေကို
> ပြောင်းလို့မရပါ ထိုတစ်ခုသာ ကျန်ပါတော့သည် တစ်ခုပြောပြပါရစေ ကျွန်တော်
>့ မေးကို အသုံးပြုပီး Gtalk တွင် သူငယ်ချင်းများကို အပ်လျှင် အနောက်မှာ
> သူများရဲ့ မေးရဲ့ adress ကိုထည့်ပေးရပါမယ် ဥပမာ mgla@gmail.com ဆိုလျှင်
> mgla@gmail.com ဟုအပြည့်အစုံထည့်ပေးရပါမယ် မထည့်ပါက @mawcity.com
> ဟုသူကအော်တိုထည့်သွားပါတယ် mgla ဟုပဲရိုက်ထည့်လိုက်ပါက mgla@mawcity.com
> ဟုအော်တိုထည့်သွားပါတယ် ဒါကြောင့်တစ်ဖက်လူဆိုကိုရောက်မှာမဟုတ်ပါဘူး
> အသုံးပြုရာတွင် မပြေလည်မှုများနှင့် နာမလည်သော အကြောင်းအရာများကို
> ကျွန်တော် ထံသို့မေးပို၍ အကြောင်ကြားနိုင်ပါတယ် ကျွန်တော်ကို
> ဆက်သွယ်လိုလျှင် မေးဖြင့်သာဆက်သွယ်ပေးကြပါရန် တောင်းဆိုပါတယ်
> 7magic@mawcity.com နှင့် mawcity@mawcity.com သို့ဆက်သွယ်နိုင်ပါတယ်
> mawcity@mawcity.com အကောင့်ကို ကျွန်တော် တစ်ခါတစ်လေမှာ Gtalk
> သုံးနေတက်ပါတယ် ကျွန်တော် ရဲ့ ဆရာသမားတွေနဲ့စကားပြောနေတက်ပါတယ် Gtalk
> ကနေဆက်သွယ်လိုလျှင်တော့ mawcity@mawcity.com ကိုဆက်သွယ်နိုင်ပါတယ်
> ကျွန်တော့်မေးလေးကို အသုံးပြုလိုလျှင်လည်း ဆက်သွယ်နိုင်ပါတယ် အားလုံးကို
> နုတ်ခွန်းဆက်သပါသော မှော်ဝင်မြို့ www.mawcity.com မည့်သည် အကောင့်ကိုမှ
> ပြုလုပ်ပီးတော့ ပြန်မဖြတ်ဆီးခြင်ပါဘူးဗျာ ဒါပေမယ့် java code လေးကတော့
> လူမဟုတ်တဲ့အတွက် ကျွန်တော် လည်းမတက်နိုင်ပါ အားလုံးကို လေးစားလျှက်
>

InternetSpeedUp

အင်တာနက် Speed ကို 20% ပိုမို မြန်ဆန်အောင်
အင်တာနက် speed ကို နည်းနည်းပိုမြန်အောင်လုပ်လို့ရပါတယ် ကျွန်တော် တကယ်လည်း သုံးနေပါတယ် အဆင်ပြေပါတယ် ဟိုးအရင်တုန်းက ကွန်ပျူတာ ဂျာနယ် မှာပါပါတယ် ကျွန်တော် စမ်းကြည့်ပါတယ် ဒါပေမယ့် အိုက်တုန်းက သိပ်နားမလည်လို့လားတော့မသိပါဘူး သိပ်ပီးတော့ အစွမ်းဘူးလို့ခံစားရတာနဲ့ မတင်ပေးလိုက်ပါဘူး ခုမှပြန်စမ်းကြည့်လိုက်ပါတယ် တကယ်မြန်ပါတယ် ဘယ်လိုစမ်းသပ်နိုင်လည်းဆိုတော့ Download Manager တစ်ခုခုနဲ့ Software တစ်ခုခုကို Download ဆွဲကြည့်ပါ ပီးတော့ သူ့ရဲ့ Transfer Rate ကို ကြည့်နေလိုက်ပါ KB/SEC
လို့ပြပါတယ် ဥပမာ အစက 10.5 Kb/sec လို့ပြနေမယ် ထားလိုက်ဗျာ ပီးတော့ ကျွန်တော်ပေးနဲ့ နည်းလေးကို လုပ်လိုက်ပီးတော့ 15.35kb/sec လို့ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ဗျား နည်းလေးကတော့
၁။ Run(Win+R) ကိုနှိပ်လိုက်ပါ ပီးတော့ devmgmt.msc လို့ရိုက်ထည့်လိုက်ပါ Device Manager ပွင့်လာပါလိမ့်မယ် တခြားနည်းတွေနဲ့လည်း ဖွင့်လို့ရပါတယ်
၂။ ပီးတော့ port ကိုသွားလိုက်ပါ
၃။ Communications port ကို Double Click ဖြင့်ဖွင့်လိုက်ပါ
၎။ Port Settings tab ကို Click လိုက်ပါ
၅။ Bits per second ကို 230888 လို့ရွှေးပေးလိုက်ပါ
၆။ Flow control ကို Hardware ပြောင်းပေးလိုက်ပါ
၇။ OK ကိုနှိပ်ပေးလိုက်ပါ ပီးသွားပါပီ
ပုံလေးကိုကြည့်ကြည့်လိုက်ပါနော်
speedup.jpg

Win7နဲ့WinVista အတွက်

                  win7 နဲ့ Vista မှာ Window Media Player ပါတာနဲ့ Format တော်တော်များများကို ကိုဖတ်ပေးပါတယ် ကြိုက်ဒါဖွင့် DVD ဖွင့်လို့လည်းရပါတယ် အဲ့ဒါလေးရဲ့ နာမည်ကလေးကတော့ Windows 7 Codecs 2.7.7 နဲ့ Vista Codec Package 5.9.1 တို့ဖြစ်ပါတယ် Download လုပ်ပီးသာ သွင်းကြည့်လိုက်ပါ အဆင်ပြေကြပါစေဗျာ ကျွန်တော် လက်ရှိအသုံးပြုနေပါတယ် အိုက်နှစ်ခုလုံးကို Download ဆွဲရင်သာ Download Manager တစ်ခုခုနှင့်ထည့်ဆွဲကြည့်လိုက်ပါ သူရဲ့ မူရင်းဆိုက်လေးကို ပဲ ပေးထားပါတယ် အဆင်ပြေကြပါစေဗျာ
                  Win7 Sp1 ထွက်ပီဆိုတောကို သိကြမယ်ထင်ပါတယ် လိုခြင်ကြမယ်ထင်ပါတယ် ဒါလေးကတော့ win7sp1 x64 ဖြစ်ပါတယ် ဒါလေးကတော့ win7sp1 x32 ခေါ် x86 ဖြစ်ပါတယ် သွင်းရတာတော့ သိပ်မခတ်ပါဘူး ဒီတိုင်း Double Click နှိပ်လိုက်ရုံးပါပဲ တစ်ခုရှိတာ တစ်ဝက်ရောက် ရင် ရပ်သွားပါတယ် ပြသနာမရှိပါဘူး စိတ်ရှည်ရှည်နဲ့သာ ကော်ဖီသောက်ပီးစောင့်နေလိုက်ပါ restart ကျသွားတက်ပါတယ် ဒါကတော့ window update လုပ်တိုင်းဖြစ်နေကြပါပဲ ပီးရင်ပြန်တက်လာပီး ဆက် Run နေပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ သူ့ရဲ့ ပင်ရင်းဆိုက်ကနေပဲ လင့်ပြန်ညွှန်ထားပါတယ် Download Manager တစ်ခုခုနဲ့သာထည့်ဆွဲလိုက်ပါ agree ကိုနှိပ်ပီး တော့ Download ဆွဲနိုင်ပါတယ် အကုန် Free တွေပဲနော် ဆိုက်လေးတွေကတော့ နည်းနည်းကြီးတယ် x32 ကတော့ 537Mb ရှိပါတယ် x64 ကတော့ 903Mb လောက်ရှိပါတယ် တစ်ခါထည်းလည်း Win7 ကနေ window update လုပ်လိုက်ရင်လည်းရပါတယ် ဒါပေမယ့် ဆိုက်ကကြီးတော့ တော်တော်လေးကို ဆွဲယူရနိုင်မယ်ထင်ပါတယ် အသစ်ကြိုက်သူများအတွက် အဆင်ပြေကြပါစေဗျာ သူ့ရဲ့မူရင်းဆိုက်ကိုပဲညျွန်ထားပါတယ်

ဖွင့်ဟပြောဆိုခွင့်.

  တွေ့ဆုံတစ်ရက် ... သံယောဇဉ်တစ်သက်.
  မေ့မရရက်တဲ့* မ * .....
  ကြုံတုန်းခဏ ....ရင်ထဲမှာလေ..
  အားငယ်စိတ်လေ..တစ်တွေတွေနဲ့
  ငေးကြည့်နေရင်းသာ.....
  တစ်ရက်စာ ...ပြီးဆုံးခဲ့ပြန်ပြီ...
  တမ်းတလှချည် ...ဖွင့်ရန်စကား...
  မှားများမှားမလားလို့....
  အတွေးတွေပွားခဲ့တဲ့ ..ရက်တွေများပြီ....
  တစ်ရက်ပြီးတစ်ရက်...လွမ်းဇာတ်ရှ
ည်
  တွေဝေနေမယ်ဆိုတော့ရင်လည်း......
  ချစ်ဆိပ်တတ်တယ်...ဆိုမလား...
  ကယောင်ချောက်ချား..အယောင်ယောင်အမှားမှား
  စိတ်ကသွားချင်တိုင်း..လေပြင်းမုန်တိုင်း..
  ထန်နေပြီ.. *  မ *
  အော်..ဒါပေမယ့်လေ ..ဒီလူချစ်စိတ်..
  ငယ်ထိပ်တတ်လည်း..မ၀ံ့မရဲ..
  တိတ်တိတ်လေး..ကြိတ်မှိတ်မျိုသိပ်ရင်း.....
  လွမ်းဆက်ရှည်ကဗျာလေးကို...
  နေ့ရက်တိုင်း ...ကြုံကြိုက်တိုင်း..
  အလွမ်းမြို့တော်လေးကို..
  တည်ဆောက်နေပါကြောင်းနော်...

မျှော်လင့်ချက်.. အလင်းစက်လေး..

 (စ)သောတစ်ရက် ... ဖြစ်ရပ်မှန်လေး
 နှလုံးထဲဝယ် ...ဘ၀ပေးမယ်....လောကကြီးရယ်..
 ပျော်ရာကိုဆက်....မျှော်ရာခက်
တဲ့....ငါ့ဘ၀ကြီးရယ်....
 မဖြစ်တော့ပြီ..... အချိန်လည်းကောင်း ... လူမဟောင်းတုန်း..
 သစ်လွင်တောက်ပ..... စိမ်းစိုလှတဲ့..ငါ့ဘ၀ကို ...ငါတည်ဆောက်မည်...
 ချစ်သူအပါး..... ငါခစားရန်...ကြိုးစားရုန်းကန်.. ချင့်ချိန်တွေးတော...
 နီးချင်ဆောက တားမရပြီ......
 ဖြစ်ချင်တာထက် .....ဖြစ်အင်ကလည်း...ချစ်သူနားမှာ ....ခိုနားဖို့ရာ..ခက်လှချည်လား
 ဒါပေမယ့်လေ...ငါလေမမှား...အနာဂါတ်တံခါး.....ဖွင့်ရန်လိုပြီ.....
 ငါကြိုးစားမည် ကံကောင်းခြင်းများ..အနည်းအများ.....
 လှပပါစေ....ချစ်သော  * မ * ရယ်....
  ချစ်မိသောသူ ..... ရည်စူးပြီ *မ*..
                                 ( ငါနှင့်ငါသာ...နှိုင်းစရာဟု .. ပညာမုန်ယို  .. အရွယ်ပျိုက မဆိုစလောက်...မာန်ဆောင်မြောက်၍....
         နူတ်ငေါက်လွန်မိ... ဒေါသရှိလည်း...နှောင်းပြီးတစ်ခါ..ထိုအရာကို. ဤစာကိုးခန်း ပုလဲပန်းဖြင့်.. စိတ်ကြမ်းမာန်လျှော့ ငါကန်တော့၏
မပေါ့ချစ်ခင်.. အရှင်တကာ ညည်းခံပါလော့..... )

စိတ်စေရာ.စကား

         အော်.. ကျွန်တော်လည်း အပါအ၀င် လူသားအားလုံးဟာ.. သနားစရာလေးတွေပါလား
 တစ်ယောက်နဲ့ တစ်ယောက်မတူပေမယ့်  တစ်ခုမဟုတ်တစ်ခု တော့ စိတ်ဆင်းရဲတဲ့ ဒါဏ်ကို ခံစားကြရတာပဲ
 ခံစားချက်ဆိုတာ ဘယ်ကနေ အရင်းခံပြီးပေါ်ပေါက်လာရတာလဲ..စိတ်ချမ်းသာတဲ့ ခံစားမူ၊ စိတ်ဆင်းရဲတဲ့ ခံစားမူ
  သေချာတာတော့ ပြောင်းလဲခြင်းကနေ ဖြစ်လာတယ် ထင်တယ်။
 လူတစ်ယောက် စိတ်ဆင်းရဲပြီး စိတ်ဓါတ်ကျတယ်ဆိုပါတော့ အဲ့တစ်ယောက်ကို ဘယ်လိုဖေးမသင့်လဲ...
စိတ်ဓါတ်မကျအောင် ဘယ်လိုပုံစံမျိုးနဲ့ ဖြေသိမ့်ပေးရမလဲဆိုတာကိုတော့ နားလည်ပါတယ်။
ဒါပေမယ့် လူ့ရဲ့စိတ်ဓါတ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက်မတူဘူးလေ...အရင်ဆုံးဘာလုပ်သင့်လဲ..
ကျွန်တော်ကိုယ်တိုင်ပါစိတ်ဓါတ်ကျနေပြီဆိုပါတော့ လူလောကကြီးထဲကနေ ထွက်သွားချင်စရာကောင်းလောက်အောင် စိတ်ဓါတ်ကျနေပြီလေ..
 တစ်ကယ်ပဲ အဖြည့်ခံဘ၀ ကြီးပါလား.. အဲ့လိုကို တွေးတွေးမိတယ်.. သူများပျော်ရွင်ဖို့ အတွက်ဆိုရင်..အတတ်နိုင်ဆုံး ကူညီတာ ကျွန်တော် အသိဆုံး။
 ကျွန်တော်ကံမကောင်းခဲ့ပါဘူး ဘာလိုများ ဒီလို ဘ၀မျိုးကို ရောက်နေရတာလဲ..ရှေ့ဆက်ဘာဖြစ်မယ်ဆိုတာကို ကျွန်တော် မသိသေးတဲ့ အတွက်
 ကျွန်တော်ရင်ထဲမှာ မျှော်လင့်ချက်ဆိုတာထားတယ်. ကြီးကြီးမားမားတော့ မဟုတ်ပါဘူး..
တစ်နေ့နေ့ကျရင်ပေါ့ ပျော်ရွင်တဲ့ မိသားစု ဘ၀လေးကို ရလိမ့်မယ်လို့ တောင့်တမိတယ်....
 ဒါကတော့ လူတစ်ယောက်ယောက်ကို ချစ်မိလို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်တော့ မဟုတ်ပါဘူး..
ငယ်စဉ်ကတည်း လူသိတတ်စ ကတည်းက ကျွန်တော် ဟာ ဖခင်မေတ္တာ၊ မိခင်မေတ္တာ ၊ မောင်နှမမေတ္တာ ဖြူစင်သန့်ရှင်းလှတဲ့.ချစ်ခြင်းမေတ္တာ ကို
မခံစားခဲ့ရပါဘူး။ ဒါကြောင့်လား မသိဘူး ကျွန်တော်ရဲ့ စိတ်ဓါတ်ဟာ ခင်မင်ရတဲ့ အပေါင်းအသင်းကြားမှာ ဖြစ်ဖြစ်.မသိမခင်တဲ့ သူစိမ်းကြားထဲမှာ
ဖြစ်ဖြစ် ဘယ်သူနဲ့မှ မတူခဲ့ပါဘူး ကျွန်တော်ကို ပြောကြပါတယ်. မျှော်လင့်ချက်မထားတဲ့ လူတစ်ယောက်တဲ့.ဖြစ်ချင်တာဖြစ် ဘာကိုမှ ဂရုမစိုက်တဲ့ သူတစ်ယောက်တဲ့ .ဘယ်လိုဖြစ်ဖြစ်ပေါ့နော်. ကိုယ့်ဟာကို စဉ်းစားမိတယ်. ကိုယ့်စိတ်ကို ခုထိနားမလည်ဘူး။
 ဒါများဗျာ. သူများစိတ်ကို နားလည်ပေးမယ်တဲ့ ..အော်င်္ရီချင်စရာတော့ ကောင်းနေပြီ။
 ရှေ့ဆက် ကောင်းသော ပြောင်းလဲခြင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ။
 အော်....နားမလည်ခြင်းများနဲ့ ပြည့်နှက်နေတဲ့ လူလောကကြီးထဲမှာ.
 နားလည်အောင်နေထိုင်ရမယ်လေ..
 သူ့နေရာနဲ့တူ နေတတ်ထိုင်တတ်အောင် ကျင့်ကြံအားထုတ်ရမယ်..
  ကိုယ့်ဘ၀ကို ကိုယ်က ပိုင်တယ်.. ကိုယ်စေရာအတိုင်း ဖြစ်သွားမှာပဲ...
  အများကြီးမလိုပါဘူးနော်. ကိုယ့်ဘ၀ ကိုယ်သိရင် ..နေတတ်ထိုင်တတ်ရင်..လူလောကကြိးက တော်တော်ကို ပျော်ဖို့ကောင်းတာပဲ..
 ( ရည်ရွယ်ချက်ကင်းမဲ့တဲ့  စာလေးတစ်ပုဒ်) နေတတ်ရင် ကျေနပ်စရာတွေ ပြည့်နေပါတယ်ဗျာ။

အမေရဲ့နှလုံးသားရင်ခွင်နန်းတော်..

အို... အမေဟာ လေပြင်းမုန်တိုင်းထန်တုန်းကလည်း
  ငြိမ်းစေတယ်....
 အို ... အမေဟာ ရေကြီးဒါဏ်တုန်းကလည်း  ငြိမ်းစေတယ်....
 အို.. အမေဟာ လူလောကထဲက သစ်ပင်ကြီးတစ်ဖွယ်.
  ဟိုး....မိုးကောင်းကင်က လမင်းလေးတစ်ဆင်းလို တစ်သွယ်ပါလား...
  သားသမီးတွေ စိတ်ချမ်းသာဖို့ ရင်မှာ. အပူအပင်ကင်းမဲ့စေဖို့ ခိုနားရာ အပင်ကြီးလိုပါလား
 အို... အမေ့ရဲ့နှလုံးသားဟာ သားသမီးတွေအပေါ် ချစ်လှပါတယ်နော်..
  အမေရဲ့ ၀မ်းဗိုက်ထဲမှာ နေတုန်းကတည်းက အမေ့ရဲ့ နှလုံးသားက ချစ်တတ်နေပြီ..
 အသက်နဲ့ရင်းပြီး အို..ဘယ်လောက်တောင် ဆင်းရဲပင်ပန်း ဒုက္ခပင်လယ်မှာ ရုန်းကန်ခံစားခဲ့ရမလဲ အမေရယ်...
  သားသမီးအတွက် ဘေးရန်ကင်းရှင်းဖို့ သားသမီးတွေ အတွက် စားဖို့နေဖို့...
 အို...ဘယ်လောက်တောင် ဆင်းရဲ ဒုက္ခ ခံစားရသော်လည်း ပင်ပန်းကြီးသော်လည်း ....
 အို... အမေ့ရဲ့ကျေးဇူးဂုဏ်တရားဟာ.. ကြီးမားလှချည်လား ခင်ဗျာ....
 အို..အမေ့ရဲ့ကြီးမားလှတဲ့ မေတ္တာတ၇ားတွေ ရှိတဲ့ နှလုံးသားကြီးကိုတုနိုင်းယှဉ်စရာ ဘာမှ မရှိပါလား..
  ဒီလူလောကကြီးထဲမှာ..ကျွန်တော်ရဲ့ ခိုနားရာသစ် တစ်ပင်ပါလား  အအေးချမ်းဆုံးဟာ အမေ့ရဲ့ ရင်ခွင်နန်းတော်ကြီးပါလားနော်...
   အို.....                (   အမေရယ်......)....

အစက်လေးရဲ့ အစွမ်း

ကိုင်းအားလုံးကိုပျော်ရွှင်စေအောင် နည်းပညာလေးတစ်ခုမျှဝေမယ်နော် အပျော်သဘောပါ မသိတဲ့သူတွေလည်း တော်တော်များများကို ရှိမယ်ထင်ပါတယ် Run ကိုသိကြလားမသိဘူးနော် (Win+R) နှိပ်လိုက်ရင် Run Box လေးကျလာပါတယ် အိုက်နားမှာ ကိုလိုခြင်တဲ့ Program တစ်ခုကို ဖွင့်ကြည့်လို့ရတယ် ဆိုတာကိုကော သိကြမှာပါ ဒါပေမယ့် အခုပြောတဲ့ ဟာလေးက ကျွန်တော် တောင်မနေ့တစ်နေ့ကမှ သိလိုက်ရပါတယ် အားလုံးကို သိစေခြင်တာနဲ့ မျှဝေလိုက်ပါတယ် ထိပ်ဆုံး Win+R ကိုနှိပ်လိုက်ပါ ဒါမှမဟုတ် Start >> Run ကိုနှိပ်လိုက်ပါ ပီးတော့ အစက်လေးတစ်စက် . ကိုနှိပ်ထည့်လိုက်ပါ ပီးတော့ Enter ကိုနှိပ်လိုက်ပါ ဘာထူးခြားမလည်းဆိုတာ
အစက်တစ်စက် . Home Directory သို့ရောက်သွားပါတယ်
အစက်လေးနှစ်စက် .. User Directory သို့ရောက်သွားပါတယ်
အစက်လေးသုံးစက် ... My Computer သို့ရောက်သွားပါတယ် အစက်ကလေး သုံးစက်ထပ်ပိုသွားရင်တော့ My Computer ပဲပွင့်မှာဖြစ်ပါတယ်
ဘက်စလက် \ SystemDrive ထဲသို့ရောက်သွားပါတယ် အားလုံးပဲ လွယ်လွယ် ကူကူ အသုံးပြုနိုင်ကြပါစေဗျာ

ဘ၀ အပိုင်းအစရဲ့ (တစ်ဆိတ်တစ်ဒေသ)

တစ်နေ့မှာ.. ကောင်းလေးတစ်ယောက်ဟာ..သူ့ကောင်မလေးနဲ့ ပြသနာဖြစ်တယ်ခင်ဗျာ..
ဒီလို မပြောခင်သူတို့အကြောင်းလေးတော့ ပြောရဦးမယ်.။. အင်မတန် ချစ်ခဲ့ကြတဲ့ ချစ်သူနှစ်ယောက်ပေါ့ခင်ဗျာ.။ ငယ်စဉ်..ကလေးလေးဘ၀ သူငယ်တန်းကတည်းပေါ့ ..စားလည်းတူတူ
သွားလည်းတူတူ တော်တော်ကို ချစ်ခင်ခဲ့ကြတယ်။.. ဒီလိုနဲ့ တစ်နှစ် ပြီးနှစ်ဖြတ်သန်းလာခဲ့ကြတာ.
(၁၃)နှစ်တောင် ရှိခဲ့ပါတယ်။.. ကြားထဲဖြတ်သန်းခဲ့တဲ့ ဘ၀လမ်းတစ်လျှောက်မှာ ပြသနာမျိုးစုံ ကြုံခဲ့ရပြီး...
အားတငိးရင်ဆိုင်နိုင်ခဲ့ကြပါတယ်။..ချစ်သူနှစ်ဦးကလည်းး ခံယူချက် ယုံကြည်ချက် ကိုယ်ဆီပေါ့ခင်ဗျာ...။
တို့ ချစ်သူကို ဘယ်သူဖြတ်ဖြတ် မပျက်နိုင်ဘူး အိုဗျာ. သိကြားမင်းဝင်တားတာတောင်မှာ သူတို့ ချစ်ခြင်းက မပျက်နိုင်ဘူး ..စိတ်ကြီးဝင်ခဲ့ကြတာပေါ့.. သူတို့ နှစ်ဦးရဲ့ ဘ၀က  ကောင်လေးကတော့ ဆိုးလွန်းမိုက်လွန်းလို့
မိဘတွေဆွေမျိုးတွေ စွန့်ပစ်ခြင်းကို ခံရတဲ့ သူတစ်ယောက်ပေါ့နော်. သူမိဘတွေကတော့ မရှိတော့ပါဘူး
ငယ်စဉ်ကတည်းက ဆုံးသွားရှာတယ် ။  ဆွေမျိုးတွေနဲ့ နေတော့ အနှီးကပ် အုပ်ထိန်းသူမရှိဘူးပဲဆိုပါတော့ဗျာ.
အရာရာကို မိုက်ကန်းကန်းပဲ ..သူစိတ်ကျေနပ်ရင် ပြီးသာပဲ..ဘာပဲလုပ်ရလုပ်ရ ဆိုတဲ့ စိတ်ပဲ။
ကောင်းမလေးကျတော့.. အခြေတောင့်တင်းတယ်လို့ ဆိုနိုင်တယ် ကောင်လေးထက်ဆာရင်ပေါ့နော်..
သူတို့က ကားလုပ်ငန်းလုပ်ပါတယ်. သူအဖေပေါ့နော်.. သူအမေကတော့ အိမ်က ချက်ပြုတ်ရေးကို .
ဦးစီးဦးဆောင်ပေါ့ခင်ဗျာ...ဒီလိုပါပဲ..တော်တော်လေးကို ခင်မင်ကြပါတယ်.. ကောင်လေးကလည်း
ကိုယ့် မိဘလို့ သဘောထားပြီး ချစ်ချစ်ခင်ခင်ပေါ့နော်..နောက်တော့ ..ကောင်လေးနဲ့  ကောင်မလေး အဖေက ပြသနာတတ်တယ်. ကောင်လေးက ဆိုးတာကိုးး အရက်သောက် ၊ ဆေးလိပ်သောက်၊ ကွမ်းစား
မိုက်တိမိုက်ကန်းဆိုတော့ နောင်ရေးအတွက် သူတို့ သမီးကို  စိတ်မချရင်မအေးနိုင်စရာပေါ့နော်.။
ဒီလိုနဲ့ ဆုံးမ သွန်သင်ရင်းစကားများကြပါတယ်။.. ဒါပေမယ့် ကောင်မလေး အဖေက ခွင့်လွတ်ပေးခဲ့ပါတယ်.ဗျာ..နောက်တော့ ကောင်မလေးနဲ့ရန်ဖြစ်လိုက်ဆိုတော့..သူ့ကောင်မလေးကလည်း
ကြာလာတော့ စိတ်ဆင်းရဲခဲ့ရတယ်။. အင်မတန်ကို ဆိုးရွားပါတယ်ဗျာ. ကောင်လေးကလေ..
သူ့ကောင်မလေးကတော့ ချစ်ရှာပါတယ်ဗျာ.သူ့ကောင်လေးအတွက်ဆို..လိုတာ အကုန်ဖြည့်ဆည်းပေးခဲ့တယ်။. လိုအပ်တယ်ဆိုရင် ဘ၀ပါပေးမယ့် ကောင်မလေးပဲ .အဲ့လောက်ကိုချစ်ရှာပါတယ်ဗျာ။..နေ့တိုင်းကောင်လေးကြောင့် ကောင်မလေးမှာ မျက်ရည် မျက်ခွက်နဲ့..
သူ့မိဘကလည်း တစ်မျိုးး ကောင်လေးကို ဖြတ်ခိုင်းတာလေ.. ကောင်လေးကလည်း မလိမ်မာဘူးး။
ဒီတော့ကောင်မလေးမှာစိတ်ဆင်းရဲမူ့ မျိုးစုံပေါ့နော်.. ကြာတော့ဘယ်သူက ခံနိုင်မလဲနော်..။
နောက်တော့ပေါ့ ကောင်မလေးက စာတတ်သွားပြီလို့ဆိုနိုင်တယ်ဗျာ့. ဆုံးဖြတ်ချက်ချခဲ့တယ် ။
သူ့ကောင်လေးကို ချစ်သော်လည်း ဒီတိုင်းဆိုရင်မဖြစ်ဘူး ရှေ့ရေးကို ကြိုတွေးလိုက်တယ်..။
ဒီတော့ သူလုပ်စရာတစ်နည်းးက ကောင်လေးကို ဖြတ်ပစ်ဖို့ပဲ ရှိတယ်လေ.. မိဘကို ဖြတ်၇င် သူခွေးဖြစ်သွားမယ်ဆိုတာကို နားလည်တယ်လေ.. ဒီလိုနဲ့ဖြတ်လိုက်တာပေါ့နော်..။
ကောင်လေးကလည်းး သူ့ကောင်မလေး ဖြတ်သွားပြီဆိုတဲ့ အကြောင်းပြချက်နဲ့ အရက်တော့ မူးရူးပေါ့ဗျာ.။
ပေါင်းတဲ့ သူ့သူငယ်ချင်းကလည်း အရက်မသောက်တတ်တဲ့သူဆို ခပ်ရှားရှားပဲ။
ဒီလိုနဲ့သောက်မူးရူးကြပြီးတစ်နေ့ပေါ့ခင်ဗျာ..။ ကောင်လေးက ဘာစိတ်ရူးထလဲမသိပါဘူးး။
သူ့ကောင်မလေး အိမ်ရှေ့မှာ တစ်နေ့ပေါ့နော်။. မူးမူးနဲ့ တစ်ယောက်တည်း လာပြီး ဂီတာလာတီးတယ်။
သူ့မှာ လူစိတ်ဆိုတာ မရှိတော့ဘူး. နားလည်သိတတ်တဲ့ စိတ်ဆိုတာ မသိမရှိ ။
သူစိတ်ကို သူထိန်းလို့ မရတော့ဘူးလေ. အရှုးနီးနီးပဲ။ ဆိုးလွန်းတော့ လောကကြီးက မကြည့်နိုင်တော့ဘူး။
ဆိုပါတော့ဗျာ.သူ့ကို ဒါဏ်ခတ်တော့မယ့်အချိန်ဆိုပါတော့။ ကောင်လေးက ဂီတာတီးတာ (၀)ပြီး သူ့အိမ်အပြန်ပေါ့ လမ်းတစ်ဝက်မှာဆိုင်ကယ် မှောက်ပါတယ်..ကံကောင်းစွာနဲ့ မသေပါဘူးခင်ဗျာ..။ ကောင်လေးဆိုင်ကယ်မှောက်တာ ကောင်လေးအိမ်က လူတွေ တော်တော်ကို ဒေါသထွက်ကြပါတယ်။ဘာကြောင့်လဲဆိုတော့. ကောင်လေးမှာ အဖွားတစ်ယောက်ရှိတယ် ။. အဒေါ်တစ်ယောက်ရှိတယ်။ သူကို့ချစ်တဲ့သူပေါ့နော်။.
အားလုံးနီးပါးက ကောင်လေးကို တော်တော်မုန်းတီးကြတယ်..တော်တော်လဲဆိုးတဲ့ ကောင်ကိုးးး
အဲ့နေ့မှာ. သူ့ အဖွားကော သူ့ အဒေါ်ကော ဆေးရုံ ပြိုင်တူတတ်လိုက်ရတယ်. သူ့ အဒေါ်က နှလုံးရောဂါသည်  သူ့အဖွားကျတော့ အိုပြီလေဗျာ..
စိတ်ထိခိုက်လွယ်တယ်ဆိုပါတော့.. ကောင်လေးအပါဆိုရင် အဲ့နေ့မှာ.. သုံးယောက်လုံး ဆေးရုံ တတ်လိုက်ရတယ်.။.
တစ်ဆွေ တစ်မျိုးလုံး ပြာယာခတ်ကုန်တာပေါ့။ အင်းဗျာ..နောင်တ ဆိုတာ နောင်မှ ရကြတာကိုးးဘယ်တတ်နိုင်မလဲနော်.။
နောက်ကောင်လေးပြန်ကောင်းလာတော့.. အရင်က ခပ်ဖြူဖြူ.မိန်းမချောလေးပေါ့..ခုတော့  သူမျက်နှာ မှာ. ဆိုင်ကယ်မှောက်လို့ မျက်နှာမှာအမာရွတ်နဲ့.
နောက်တော့ဗျာ..သူနောင်တ ရပြီး အရက်ကို တော်တော် မုန်းတီးသွားတယ်။.နောင်တ တရားကို ရင်မှာပိုက်လို့..လောကဓံကိုဆင်းရဲကြီးစွာနဲ့ဆိုင်နေရတုန်းပါပဲ။
(ပြောချင်တာကတော့ များကြီးပါပဲခင်ဗျာ.သင်ခန်းစာ ယူသင့်တယ်လို့လည်း ထင်ပါတယ်.။ ကိုယ့်နာပြီးမှ မသိခင်  ၊ ကိုယ်မနာခင်ကြိုသိစေချင်တယ်။
 ကိုယ်ချင်းစာ စိတ်လေးနည်းနည်းထားတတ်ဖို့ပါ၊ ကောင်လေးတော့ တော်တော်ကို သင်ခန်းစာရသွားတယ် တစ်သက်စာ မှတ်သားလောက်တဲ့ အမာရွတ်ကြီးနဲ့ပေါ့ခင်ဗျာ..ပြင်မရတဲ့ အမာရွတ်ကြီးနဲ့ပေါ့ခင်ဗျာ.နောက် ကောင်လေးကဘာရလိုက်လဲဆိုတာ.. အားလုံးသိမှာပါနော်..
သူချစ်တဲ့ ကောင်မလေးကတော့ မိဘစကားနားထောင်ခဲ့လို့ စိတ်ချမ်းချမ်းသာသာနဲ့..ခုဆို ကောင်လေးနောက်တစ်ယောက်နဲ့.......)
စိတ်ရဲ့ခံစားချက်ကို ဦးစားမပေးပဲ အရာရာကို ဦးနှောက်နဲ့ နိုင်းယှဉ် သုံးသပ်ကြပါနော်...




မြန်မာယူနီကုတ်ဖန်တီးခဲ့သူ


မြန်မာစာကို ကွန်ပျူတာပေါ်တွင် အသုံးချနိုင်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်လှုပ်ရှားခဲ့သော အင်္ဂလန်နိုင်ငံသား Keith Stribley သည် ၁၅.၂.၂၀၁၁နေ့ နံနက် ၅ နာရီခွဲအချိန်တွင် ရုတ်တရက်ကွယ်လွန်သွားခဲ့ပါသည်။ Keith သည် သံလွင်ဆော့ဖ် (http://www.thanlwinsoft.org) အမည်ဖြင့် ကွန်ပျူတာတွင် မြန်မာစာကို အဆင်ပြေစွာအသုံးပြု နိုင်ရေးအတွက်ကြိုးစားပမ်းစားဆောင်ရွက်ခဲ့သူတစ်ဦးဖြစ်ပါသည်။ Keith ကွယ်လွန်ခြင်းသည် မြန်မာစာကိုကွန်ပျူတာတွင် အသုံးပြုနိုင်စေရန်ဆောင်ရွက်နေသည့်သူများအတွက် တန်ဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မိသားစုနှင့်ထပ်တူထပ်မျှကျေကွဲဝမ်းနည်း ရပါကြောင်း ကွန်ပျူတာမြန်မာစာ စနစ် အ​ကောင်အထည်ဖော်နေသူများ အားလုံးက မှတ်တမ်းတင် ရင်း ဂုဏ်ပြုအပ်ပါသည်။
Keith Stribley သည် ၁၉၇၆ ခုနှစ်တွင် အင်္ဂလန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဖြစ်သူ ဒေါ်ခိုင်ဇာဝင်းနှင့် သမီးလေး ရေဗက္ကလင်းတို့ နှစ်ဦးကျန်ရစ်ခဲ့သည်။ Keith ၏ဈာပနကို ၂၈.၂.၂၀၁၁ နေ့တွင် မြန်မာပြည်တွင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။