SuperHiddenFile

ဖိုင်တွေကို အတကုန် ဖွက်ထားမယ် ဟိဟိ
ဖိုင်တွေကို ဖွက်ထားမယ်ဆိုလို့ တော်တော်များများ တွေးမိကြမယ်ထင်ပါတယ် ဖိုင်ကို hidden လုပ်ထားတာပေါ့ ခုပြောပြမှာက နှစ်နည်းရှိပါတယ် တစ်နည်းက ပေါ်တင်ဖော်ထားမှာပါ ဒါပေမယ့် သူများတွေမသိအောက်ဝှက်ထားပါမယ် နောက်တစ်နည်းကတော့ Super Hidden လုပ်ထားတာပေါ့ ထိပ်ဆုံး ဒုတိယနည်းကို အရင်ပြောပြပါမယ် ပိုလည်း စိတ်ဝင်စားဖို့ကောင်းပါတယ် သူ့ရဲ့ လိုအပ်ချက်ကတော့ ဓာတ်ပုံ တစ်ပုံရယ် win rar ရယ်ဖြစ်ပါတယ် အိုက်နှစ်ခုရှိပီဆိုရင်တော့ လုပ်ငန်းစလို့ရပါပြီ ထိပ်ဆုံး ကိုယ်ဖွက်ခြင်တဲ့ ဖိုင်တွေကို Win rar ထဲကိုထည့်လိုက်ပါ အိုက်ဖိုင်ကို ကျွန်တော်ကတော့ D: အောက်က 000 မှာထားလိုက်ပါတယ် ကိုယ်အဆင်ပြေနဲ့နေရာမှာထားလို့ရပါတယ် အိုက် win rar ဖိုင်နှင့် အတူ ဓာတ်ပုံလေး တစ်ပုံကိုလည်း ထားလိုက်ပါမယ် ပီးဒါနဲ့ Run(win+r)>>cmd ကိုဖွင့်လိုက်ပါ ပီးတော့ d: လို့ရိုက်ထည့်လိုက်ပါ ပြီးရင် d:\> ဆိုဒါလေးပေါ်လာပါလိမ့်မယ် အိုက်နားလေးမှာ cd file name location ကိုရိုက်ထည့်လိုက်ပါ ကျွန်တော်က D: နားမှာထားတော့ cd 000 လို့ရိုက်လိုက်ပါမယ် ကိုယ်ထားတဲ့နေရာရယ် ကိုယ့်ရဲ့ဖိုင် နာမည်ကို ရိုက်ထည့်ရပါမယ် မသိပါက ကျွန်တော် ထားတဲ့နေရာရယ် ကျွန်တော်ထားတဲ့ နာမည်ရယ်ကိုလိုက်ပေးလိုက်ပါ ပီးပါက ကျွန်တော win rar ဖိုင်နာမည်ကို 000 လို့ပေးထားပါတယ် photo ရဲ့နာမည်ကို 111 လို့ပေးထားပါတယ် .jpg အမျိုးအစားဖြစ်ပါတယ် အကယ်၍ Photo က .png အမျိုးအစေားဖြစ်မယ်ဆိုရင် .png လို့ပြောင်းရိုက်ရပါမယ် ရိုက်ရမယ့် ကုတ်လေးကတော့ copy / b 111.jpg +000.rar 222.jpg အဲ့ဒါလေးပဲဖြစ်ပါတယ် 222.jpg ကတော့ ကိုယ်ထွက်ခြင်တဲ့ဖိုင် name လေးပဲပေါ့ဗျာ အိုက်ဆိုရင် 222 ဆိုတဲ့ photo လေးတစ်ပုံထွက်လာပါလိမ့်မယ် ဖွင့်ကြည့်လိုက်ပါ ဓာတ်ပုံပဲပွင့်လာပါမယ် ဒါပေမယ့် အဲ့ဒါကို Right Click >> Open with >>win rar ကိုရွှေးပေးလိုက်ပါ ခုနက 000 ဆိုတဲ့ folder လေးပွင့်လာပါလိမ့်မယ် အရင် 000 folder လေးနဲ့ 111 ဆိုတဲ့ photo လေးကို delete လုပ်လိုက်ပေါ့ အဲ့ဒါဆိုရင် ကိုယ်ဖွက်ထားတဲ့ ဖိုင်လေးကို ဘယ်သူမှ သတိထားမိမှာမဟုတ်တော့ပါဘူး စိတ်မချရင် win rar ကို password ပါပေးထားလိုက်ပါ အိုက်ဆိုရင် Right Click >> Open with >>win rar ဆိုတာနဲ့ password တောင်းလာပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ ဒုတိယနည်းကို ဆက်ပြောပြမယ်နော် ခုနက ကျွန်တော် လုပ်ထားတဲ့ 222.jpg ဆိုတဲ့ ဖိုင်လေးကို ပိုလုံခြုံအောက် ဆက်ဖြောက်ပါမယ် အဖြောက်လွန်ပီးတော့လည်း ကိုယ့်ဘာသာကိုယ်လည်း ဒုက္ခ မရောက်စေနဲ့နော် cmd ကိုပြန်ဖွင့်ပါမယ် ပီးတော့ d: လိုပြန်ရိုက်ပါမယ် ပီးတော့ cd 000 လို့ရိုက်ပါမယ် 000 ဆိုတာက folder name ပါ ပီးတာနဲ့ attrib +a +s +h +r 222.jpg လို့ရိုက်လိုက်ပါမယ် အဲ့မှာဘာထူးခြားလာလည်းဆိုတော့ စောစောက ဓာတ်ပုံနဲ့ win rar နဲ့ပေါင်းထားတဲ့ ဖိုင်လေးပါ ပျောက်သွားပါမယ် ကဲ ဘယ်လုပ်မလည်း ပျက်သွားပီ ဟီးဟီး စတာ မပျက်ပါဘူး ရှိပါသေးတယ် အဲ့ဒါကိုဖွင့်ခြင်တယ်ဆိုရင်တော့ ဗျာ attrib -a -s -h -r 222.jpg လို့ပြန်ရိုက်လိုက်ပေါ့ဗျာ အိုက်ဆိုရင် 222 ဆိုတဲ့ ဓာတ်ပုံလေးပြန်ပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကို အပေါ်က အဆင်အတိုင်း ပြန်ဖွင့်လို့ရပါတယ် ရှုပ်ကုန်ပြီထင်ပါရဲ့ဗျာ ကျွန်တော်လည်း တက်သလိုပဲရှင်းပြရတယ်ဆိုတော့ဗျာ နောက်ထပ်တစ်ခုထပ်ပြောပြမယ်ဗျာ အဲ့ဒါလေးကို အလွယ် .bat ဖိုင်လေး တစ်ခုနဲ့ ထပ်လုပ်ပြပါမယ် နှစ်ခုလုံးပေါ့ အောက်က ကုတ်လေးတွေကို copy ကူးပြီးတော့ notepad ထဲကို ထည့်လိုက်ပါ notepad ကို Right Click >> New >> new text document ဖြင့်ရယူနိုင်ပါတယ် ကုတ်လေးတွေကို ကူးယူလိုက်ပါ

@echo off
d:
cd 000
copy / b 111.jpg +000.rar 222.jpg
attrib +a +s +h +r 222.jpg

ကူးပီးတော့ notepad ထဲကို ထည့်လိုက်ပါ ပီးတော့ d: ဆိုတဲ့နေရာမှာ မိမိဖိုင်ထားတဲ့နေရာကိုပြင်ပါ ဥပမာ f: အောက်မှာ ထားထားမယ်ဆိုရင် f: လို့ပြင်လိုက်ပါ cd 000 ဆိုတဲ့နေရာမှာ 000 ကို ကိုယ့်ရဲ့ ဖိုင် name ကိုပြင်ဆင်ပါ 111.jpg မှာ မိမိရဲ့ ဓာတ်ပုံ နာမည်ေးလကို ပြင်ဆင်ပါ ဥပမာ ကိုယ့်ဓာတ်ပုံလေးရဲ့ နာမည်လေးက 999.png ထားလိုက်ဗျာ အိုက်ဆိုရင် 999.png ပေါ့ဗျာ ပီးတော့ 000.rar နားမှာ ကိုယ့်ရဲ့ rar ဖိုင်ရဲ့ နာမည်ကို ပြင်ဆင်ပါ ဥပမာ 555.rar ဆိုရင် 555.rar လို့ပြင်ဆင်လိုက်ပါ ပီးတော့ 222.jpg ဆိုတဲ့နေရာလေးမှာတေ့ ခုနက 999.png ဆိုတာလေးထားလိုက်ပါ အိုက်ဆိုရင် 666.png လို့ပြင်လိုက်ပါမယ် မှတ်ချက် ကိုယ့်ပုံက jpg ဆိုရင် .jpg လို့ပြောင်းပါ png ဆိုရင် .png လို့ပြောင်းပါ နောက်ဆုံး attrib +a +s +h +r နေရာမှာ အပေါ်က နောက်ဆုံး 222.jpg ဆိုတဲ့ နေရာမှာ ထားတဲ့ နာမည်ဖြစ်ရပါမယ် အပေါ်မှာ 333.jpg ဆိုရင် အောက်နားလေးမှာ 333.jpg ဖြစ်ရပါမယ် အဲ့ဒါတွေကတော့ လုံးဝ ဖြောက်ပစ်လိုက်တဲ့ ကုတ်လေးပါ ပီးတော့ အိုက်ကုတ်းလေးကို notepad လေးထဲကို ထည့်ပီးတော့ 000.bat လို့ Save မှတ်လိုက်ပါမယ် 000 နားမှာ ကိုယ်လိုခြင်တဲ့ နာမည်ကိုပြင်လို့ရပါတယ် ပီးတော့ bat ဖိုင်လေးတစ်ခုကျလာပါလိမ့်မယ် အဲ့ဒါလေးကို Double Click နှိပ်လိုက်တာနဲ့ မိမိ ဖွက်လိုတဲ့ File လေးပျောက်သွားပါလိမ့်မယ်
ပြန်ဖြေမယ့်ကုတ်လေးကတော့ အောက်နားလေးမှာ ကူးလိုက်ပါ

@echo off
d:
cd 000
copy / b 111.jpg +000.rar 222.jpg
attrib -a -s -h -r 222.jpg

ဒါလေးပါပဲ + နေရာမှာ - လေးပဲပြောင်းသွားတာပါ အဲ့ဒါဆိုရင် မိမိရဲ့ winrar နဲ့ photo ပေါင်းထားတဲ့ ပုံလေး ပြန်ပေါ်လာပါလိမ့်မယ် အဲ့ဒါလေးကို အပေါ်ကနည်းလေး အတိုင်း ပြန်ဖွင့်လို့ရပါတယ်

နဂိုလ် အတိုင်းပြန်လိုခြင်တယ် မဖျောက်ခြင်တော့ဘူးဆိုရင်တော့ဗျာ အောက်ကကုတ်လေးပါ ဒါပေမယ့် ဓာတ်ပုံနဲ့ photo ပေါင်းထားတာလေးကတော့ ပျက်ပျက်မှာမဟုတ်ပါဘူး

@echo off
d:
cd 000
copy / b 222.jpg 000.rar

ဓာတ်ပုံလေးကို နဂိုလ်အတိုင်လေး ပြန်လိုခြင်တယ်ဆိုရင်တော့ဗျာ ဟီးဟီးဟီး ကျွန်တော် ရှာဖွေနေဆဲပါဗျာ ကျွန်တော်လည်း မသိဘူးဖြစ်နေတယ်ဗျ အဲ့ဒါကိုကို သိသောသူများလည်းပြောပြပေးကြပါ

တာလေမြို့ ငလျှင်လှုပ်ပြီး အခြေအနေ



















မနေ့ညက လှုပ်ခတ်ခဲ့သော ငလျှင်သည် တာချီလိတ်မြို့နှင့် မိုင် ၂၀ ခန့်ဝေးကွာသည့် တာလေမြို့နယ်တွင် ငလျှင်ဒဏ်အဆိုးဆုံး ခံခဲ့ရသည် လူအသေပျောက်ကို အတိအကျသိရသေးပါ. ရာကျော်နိုင်သည့်ဟု ခန့်မှန်းနေကြသည်. တာချီလိတ်-မယ်ဆိုင်တွင် လှုပ်ရုံသာလှုပ်ခဲ့ပြီး အပျက်အစီး မများခဲ့ပါ.
ကိုကျွန်းသားကြီ ခေါ် ကိုအောင်ကျော်မင်းကို ယခုပိုစ့်လေးမှ ခွင့်တောင်းပါရစေ Gtalk မှာတွေ့တုန်းက ခွင့်တောင်းလိုလုပ်တုန်း ကွန်နရှင်က နည်းနည်းနောက်သွားပါတယ် ပီးတော့ ပြန်ရတော့ အစ်ကိုက လှိုင်းပေါ်မှာ မရှိတော့လို့ပါ ကျွန်တော် ကိုခွင့်ပြုပါ အစ်ကို
ကိုကျွန်းသားကြီး၏ ဘလော့မှာ ကူးယူထားပါသည် ကိုကျွန်းသားကြီး၏ ဘလော့ ကိုလည်း သွားရောက်လေ့လာနိုင်ပါသည် ကိုကျွန်းသားကြီးသည် ကျွန်တော်ကို အွန်လှိုင်းမှ ဘလော့ရေးတက်အောင် သင်ပြပေးသူဖြစ်ပါသည် နေ့တိုင်း ၅ နာရီမှ ၆ နာရီ တစ်ခါတစ်လေ ၇ နာရီလောက်ထိ Gtalk ကနေပီးတော့ ကျွန်တော်ကို သင်ပေးခဲ့ပါတယ် အကယ်၍ ကျွန်တော်ကိုကျွန်းသားကြီးနှင့်သာ မတွေ့ခဲ့လျှင် ယခု ဘလော့သည် ထွက်လာမှမဟုတ်ပါဘူး ကိုကျွန်သားကြီး ခေါ် ကိုအောင်ကျော်မင်းအား လေးစားလျှက် မှော်ဝင်မြို့

နောက်ဆုံးအကြိမ်မေးပိုခြင်း

> ကျွန်တော့်ရဲ့ မေးအသုံးပြုသူ အားလုံးထံသို့ နောက်ဆုံး
> အကြိမ်သတိပေးခြင်းဖြစ်ပါတယ် ကျွန်တော် သည်သင်တို့၏ မေးများ၏
> ၀င်ချိတ်ထွက်ချိန်ကို အမြဲတမ်းစောင့်ကြည့်နေမိပါတယ်
> ဘာဖြစ်လိုလည်းတော့မသိပါဘူး ကျွန်တော်တစ်ခုပြောပါရစေ ကျွန်တော် သင်တို့ရဲ့
> မေးကို ၀င်ဖတ်၍ မရပါ ၀င်ဖတ်ဖို့လည်း စိတ်မကူးဖူးပါ ဒါပေမယ့် ကျွန်တော်
> ရဲ့ mail server မှ သင်တို့ရဲ့ မေးဝင်ချိန်ထွက်ချိန်ကို အလိုအလျှောက်
> ကျွန်တော့်ရဲ့ မေးထဲကို ရောက်နေပါတယ် ကျွန်တော် ခု ပြောခြင်တာကတော့
> ကျွန်တော် java code တစ်ခုဖြင့်သာ မေးကိုထိန်းပါတော့မယ် ကျွန်တော်
> ကိုယ်တိုင်လည်း အမြဲမစောင့်ကြည့်နိုင်လို့ပါ ၀င်ချိန်ထွက်ချိန်လေးကိုပါ
> မေးကသို့ ၀င်ရောက်နေသည်ကို ပါဖြတ်ပစ်ပါတော့မည် java ကုတ်လေးရဲ့
> အလုပ်လုပ်ပုံလေးကတော့ 3 လကြာမဖွင့်သောမေးကို အော်တိုဖြတ်ပစ်ပါလိမ့်မည်
> ပီးလျှင် ကျွန်တော့်ရဲ့ မေးကို ရယူပီး တစ်လအတွင်း အသုံးမပြုလျှင်လည်း
> အော်တိုဖြတ်ပါလိမ့်မယ် ထိုအချိန်တွင် ကျွန်တော်လည်း ကယ်နိုင်မည်မဟုတ်ပါ
> ကယ်နိုင်သော်လည်း ကယ်ပေးမည်မဟုတ်ပါ ဘာကြောင့်လည်း ဆိုတော့ တန်ဖိုးမထားမှု
> ၊ မလိုလားအပ်ပဲ အကောင့်ရယူမှု ကိုမလိုလားပါ
> ကျွန်တော်မေးရဲ့အားသာချက်တွေရှိသလို အားနည်းချက်တွေလည်းရှိနေပါတယ်
> အိုက်အားနည်းချက်တွေအားလုံးကို ကျွန်တော် အစဉ်အမြဲ ကြိုးစားပီးတော့
> ပြန်ဖြည့်နေပါတယ် အရင်က ကျွန်တော် မေးက ကိုယ်ပိုင်လင့်
> http://mail.mawcity.com ဖြင့်သာဝင်ရောက်နိုင်ပီးတော့ facebook
> အကောင့်တို့ tagged အကောင့်တို့ blogger တို့ google site တို့ကို မရခဲ့
> ထိုမရတာတွေအားလုံးကို ကျွန်တော် ကိုယ်တိုင် Google ကို ရှော်လွာတင်ခဲ့သည်
> ထိုအတွက် blogger , google site , ပီးတော့ သာမာန် Gmail မှရရှီသော google
> မှခွင့်ပြုသည့်လုပ်ပိုင်ခွင့် ကို ကျွန်တော်မေးလေးလည်းရရှိခဲ့ပါတယ်
> facebook နှင့် tagged အတွက်လည်း ကျွန်တော ရှောက်လွာတင်ပီးလို့
> ကျွန်တော်ရဲ့ မေးလေးကို သူတို့တွေလက်ခံပေးခဲ့ပါတယ် ထိုအပြင် Google
> မှပေးထားသောကြောင့် အခြား gmail တွေဝင်ရောက်သောနေရာတွင်လည်း ကျွန်တော်
> မေးဖြင့်ဝင်ရောက်နိုင်ခဲ့ပါတယ် http://mail.google.com တွင် username
> နေရာတွင် name@mawcity.com လို့ရိုက်ထည့်ပီး password ကိုရိုက်ထည့်ပီး
> ၀င်ရောက်နိုင်ပါတယ် name နေရာတွင် မိမိ အကောင့်နာမည်ကို သာ
> ရိုက်ထည့်လိုက်ပါ လုပ်ပိုင်ခွင့်ကိုမရရှိသေးတာက Gmail မှာ Theams တွေကို
> ပြောင်းလို့မရပါ ထိုတစ်ခုသာ ကျန်ပါတော့သည် တစ်ခုပြောပြပါရစေ ကျွန်တော်
>့ မေးကို အသုံးပြုပီး Gtalk တွင် သူငယ်ချင်းများကို အပ်လျှင် အနောက်မှာ
> သူများရဲ့ မေးရဲ့ adress ကိုထည့်ပေးရပါမယ် ဥပမာ mgla@gmail.com ဆိုလျှင်
> mgla@gmail.com ဟုအပြည့်အစုံထည့်ပေးရပါမယ် မထည့်ပါက @mawcity.com
> ဟုသူကအော်တိုထည့်သွားပါတယ် mgla ဟုပဲရိုက်ထည့်လိုက်ပါက mgla@mawcity.com
> ဟုအော်တိုထည့်သွားပါတယ် ဒါကြောင့်တစ်ဖက်လူဆိုကိုရောက်မှာမဟုတ်ပါဘူး
> အသုံးပြုရာတွင် မပြေလည်မှုများနှင့် နာမလည်သော အကြောင်းအရာများကို
> ကျွန်တော် ထံသို့မေးပို၍ အကြောင်ကြားနိုင်ပါတယ် ကျွန်တော်ကို
> ဆက်သွယ်လိုလျှင် မေးဖြင့်သာဆက်သွယ်ပေးကြပါရန် တောင်းဆိုပါတယ်
> 7magic@mawcity.com နှင့် mawcity@mawcity.com သို့ဆက်သွယ်နိုင်ပါတယ်
> mawcity@mawcity.com အကောင့်ကို ကျွန်တော် တစ်ခါတစ်လေမှာ Gtalk
> သုံးနေတက်ပါတယ် ကျွန်တော် ရဲ့ ဆရာသမားတွေနဲ့စကားပြောနေတက်ပါတယ် Gtalk
> ကနေဆက်သွယ်လိုလျှင်တော့ mawcity@mawcity.com ကိုဆက်သွယ်နိုင်ပါတယ်
> ကျွန်တော့်မေးလေးကို အသုံးပြုလိုလျှင်လည်း ဆက်သွယ်နိုင်ပါတယ် အားလုံးကို
> နုတ်ခွန်းဆက်သပါသော မှော်ဝင်မြို့ www.mawcity.com မည့်သည် အကောင့်ကိုမှ
> ပြုလုပ်ပီးတော့ ပြန်မဖြတ်ဆီးခြင်ပါဘူးဗျာ ဒါပေမယ့် java code လေးကတော့
> လူမဟုတ်တဲ့အတွက် ကျွန်တော် လည်းမတက်နိုင်ပါ အားလုံးကို လေးစားလျှက်
>

InternetSpeedUp

အင်တာနက် Speed ကို 20% ပိုမို မြန်ဆန်အောင်
အင်တာနက် speed ကို နည်းနည်းပိုမြန်အောင်လုပ်လို့ရပါတယ် ကျွန်တော် တကယ်လည်း သုံးနေပါတယ် အဆင်ပြေပါတယ် ဟိုးအရင်တုန်းက ကွန်ပျူတာ ဂျာနယ် မှာပါပါတယ် ကျွန်တော် စမ်းကြည့်ပါတယ် ဒါပေမယ့် အိုက်တုန်းက သိပ်နားမလည်လို့လားတော့မသိပါဘူး သိပ်ပီးတော့ အစွမ်းဘူးလို့ခံစားရတာနဲ့ မတင်ပေးလိုက်ပါဘူး ခုမှပြန်စမ်းကြည့်လိုက်ပါတယ် တကယ်မြန်ပါတယ် ဘယ်လိုစမ်းသပ်နိုင်လည်းဆိုတော့ Download Manager တစ်ခုခုနဲ့ Software တစ်ခုခုကို Download ဆွဲကြည့်ပါ ပီးတော့ သူ့ရဲ့ Transfer Rate ကို ကြည့်နေလိုက်ပါ KB/SEC
လို့ပြပါတယ် ဥပမာ အစက 10.5 Kb/sec လို့ပြနေမယ် ထားလိုက်ဗျာ ပီးတော့ ကျွန်တော်ပေးနဲ့ နည်းလေးကို လုပ်လိုက်ပီးတော့ 15.35kb/sec လို့ပြောင်းလဲသွားတာကိုတွေ့ရပါလိမ့်မယ်ဗျား နည်းလေးကတော့
၁။ Run(Win+R) ကိုနှိပ်လိုက်ပါ ပီးတော့ devmgmt.msc လို့ရိုက်ထည့်လိုက်ပါ Device Manager ပွင့်လာပါလိမ့်မယ် တခြားနည်းတွေနဲ့လည်း ဖွင့်လို့ရပါတယ်
၂။ ပီးတော့ port ကိုသွားလိုက်ပါ
၃။ Communications port ကို Double Click ဖြင့်ဖွင့်လိုက်ပါ
၎။ Port Settings tab ကို Click လိုက်ပါ
၅။ Bits per second ကို 230888 လို့ရွှေးပေးလိုက်ပါ
၆။ Flow control ကို Hardware ပြောင်းပေးလိုက်ပါ
၇။ OK ကိုနှိပ်ပေးလိုက်ပါ ပီးသွားပါပီ
ပုံလေးကိုကြည့်ကြည့်လိုက်ပါနော်
speedup.jpg

Win7နဲ့WinVista အတွက်

                  win7 နဲ့ Vista မှာ Window Media Player ပါတာနဲ့ Format တော်တော်များများကို ကိုဖတ်ပေးပါတယ် ကြိုက်ဒါဖွင့် DVD ဖွင့်လို့လည်းရပါတယ် အဲ့ဒါလေးရဲ့ နာမည်ကလေးကတော့ Windows 7 Codecs 2.7.7 နဲ့ Vista Codec Package 5.9.1 တို့ဖြစ်ပါတယ် Download လုပ်ပီးသာ သွင်းကြည့်လိုက်ပါ အဆင်ပြေကြပါစေဗျာ ကျွန်တော် လက်ရှိအသုံးပြုနေပါတယ် အိုက်နှစ်ခုလုံးကို Download ဆွဲရင်သာ Download Manager တစ်ခုခုနှင့်ထည့်ဆွဲကြည့်လိုက်ပါ သူရဲ့ မူရင်းဆိုက်လေးကို ပဲ ပေးထားပါတယ် အဆင်ပြေကြပါစေဗျာ
                  Win7 Sp1 ထွက်ပီဆိုတောကို သိကြမယ်ထင်ပါတယ် လိုခြင်ကြမယ်ထင်ပါတယ် ဒါလေးကတော့ win7sp1 x64 ဖြစ်ပါတယ် ဒါလေးကတော့ win7sp1 x32 ခေါ် x86 ဖြစ်ပါတယ် သွင်းရတာတော့ သိပ်မခတ်ပါဘူး ဒီတိုင်း Double Click နှိပ်လိုက်ရုံးပါပဲ တစ်ခုရှိတာ တစ်ဝက်ရောက် ရင် ရပ်သွားပါတယ် ပြသနာမရှိပါဘူး စိတ်ရှည်ရှည်နဲ့သာ ကော်ဖီသောက်ပီးစောင့်နေလိုက်ပါ restart ကျသွားတက်ပါတယ် ဒါကတော့ window update လုပ်တိုင်းဖြစ်နေကြပါပဲ ပီးရင်ပြန်တက်လာပီး ဆက် Run နေပါလိမ့်မယ် အဆင်ပြေကြပါစေဗျာ သူ့ရဲ့ ပင်ရင်းဆိုက်ကနေပဲ လင့်ပြန်ညွှန်ထားပါတယ် Download Manager တစ်ခုခုနဲ့သာထည့်ဆွဲလိုက်ပါ agree ကိုနှိပ်ပီး တော့ Download ဆွဲနိုင်ပါတယ် အကုန် Free တွေပဲနော် ဆိုက်လေးတွေကတော့ နည်းနည်းကြီးတယ် x32 ကတော့ 537Mb ရှိပါတယ် x64 ကတော့ 903Mb လောက်ရှိပါတယ် တစ်ခါထည်းလည်း Win7 ကနေ window update လုပ်လိုက်ရင်လည်းရပါတယ် ဒါပေမယ့် ဆိုက်ကကြီးတော့ တော်တော်လေးကို ဆွဲယူရနိုင်မယ်ထင်ပါတယ် အသစ်ကြိုက်သူများအတွက် အဆင်ပြေကြပါစေဗျာ သူ့ရဲ့မူရင်းဆိုက်ကိုပဲညျွန်ထားပါတယ်