အသက်၂၁မတိုင်ခင်အရက်သောက်ခြင်းသည်

အသက် ၂၁ နှစ်အရွယ်မတိုင်မီ အရက်သောက်ခွင့် ရသည့်နေရာ၌
ကြီးပြင်းလာသောလူငယ်များသည် ဤကဲ့သို့ သုံးစွဲ၍ မရသော နေရာများ၌
ကြီးပြင်းလာရသူများထက် အရွယ်ရလာလျှင် အရက် ကြောင့်ဖြစ်သော လူမှုရေး၊
ကျန်းမာရေး ဆိုင်ရာ ပြဿနာ များ ပိုမိုကြုံ တွေ့ရကြောင်း ၀ါရှင်တန်တက္ကသိုလ်
စိတ်ပညာဌာနမှ အမျိုးသမီး သုတေသန ဦးဆောင် ညွှန်ကြားရေးမှူး ဒေါက်တာ
ကာရန်နော်ဘက်ဂ် ၏ ပြောကြားချက်ကို ကိုးကား၍ BBC သတင်း
တစ်ရပ်ကဖော်ပြထားသည်။“ အရွယ်မတိုင်ခင်အရက်သောက်တဲ့ သက်ရောက်မှုဟာ
ပျောက်ပျက်မသွားပါဘူး ၊ အသက်၂၁ နှစ် အောက်အရက် မသောက်ရ တဲ့ တားမြစ်မှုဟာ
စိတ်ပညာ ဆိုင်ရာတွေ့ရှိချက်နှင့် ဆက်စပ်ပါတယ်” ဟု အဆိုပါ ပညာရှင်က.ရှင်းပြသည်။ ဒေါက်တာ ကာရန်နော်ဘက်ဂ်နှင့် သူမ၏ သုတေသန အဖွဲ့သည် ၁၉၄၈ မှ
၁၉၇၀ အကြားမွေးဖွားခဲ့ကြသောလူပေါင်း ၄၃၀၀၀ ကျော်ကို သုတေသန ပြုခဲ့ကြရာ
အရက်စွဲမှု များနှင့် အရက်ကြောင့် ဖြစ်သောနောက်ဆက်တွဲ ဆိုးကျိုး ဖြစ်ပွားမှု
နှုန်းများသည် ၄င်းတို့ ပထမဦးဆုံး အရက်သောက်ဖူးသော အရွယ်ငယ် ရွယ်လေ
ပိုများလေဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။ ယခင်က အမေရိကန် ပြည်ထောင်စု
အချို့ပြည်နယ် ဥပဒေများတွင် အသက် ၁၈ နှစ်ကျော် လျှင်အရက်သောက်နိုင် ကြောင်း
ခွင့်ပြုထားပြီး ဖြစ်သော်လည်း ဗဟို အစိုးရ၏ ဖိအားပေးမှုကြောင့် အရက်
စတင်သောက်နိုင်သော အသက် ကို ၂၁ အရွယ်တွင် အရက်ဆိုင်ထိုင်ဖူးသော
စစ်တမ်းဖြေဆိုသူများ၏ ၃၃ ရာခိုင်နှုန်းသည် သာမန်၂၁ နှစ်နောက်ပိုင်း
အရက်သောက် သူများ ထက် ပိုမို မြန်ဆန်စွာ အရက်စွဲသွားကြသည်ဟု ထိုစစ်တမ်းက
သက်သေပြထားသည်။

No comments: