All Google Services

logo3w.png
အားလုံးကိုသိစေခြင်ပါတယ် Google ကပေးထားတဲ့ services တွေကိုပေါ့ဗျာ အကုန်လုံးကို Free ပေးထားပါတယ်
(1) https://www.google.com ဒါကတော့ တော်တော်များများကို သိရှိပြီးဖြစ်ပါတယ် Search Engines ဖြစ်ပါတယ်
(2) http://images.google.com ဒါကတော့ Google ကနေ ပုံတွေကို အလွယ်ရှာလို့ရတဲ့ Search Engines ပါပဲ
(3) http://video.google.com ဒါကတော့ Video တွေရှာတဲ့ လင့်ပါပဲ အရင်ကတော့ သုံးလို့မရပါဘူး ခုကတော့ အကုန်ပြန်ဖွင့်ထားပေးပြီးဖြစ်သောကြောင့် အသုံးပြုလို့ရနေပါပြီ
(4) http://maps.google.com မြေပုံတွေကိုရှာဖွေလို့ရပါတယ် တစ်ကမ္ဘာလုံးကိုပေါ့ဗျာ
(၅) http://news.google.com ဒါကတော့ သီတင်းတွေကြည့်ဖို့ပါ
(၆) http://www.google.com/prdhp?hl=en&tab=vf ဒီလင့်ကတော့ Shopping ပေါ့ဗျာ Credit ရှိရင်တော့ တစ်ခါထဲဝယ်ယူလို့ရပါတယ် မြန်မာနိုင်ငံအတွက်တော့ ပစ္စည်းတွေရဲ့ ဈေးနှုန်းတွေကို လေ့လာလို့ရပါတယ်
(၇) https://mail.google.com ဒီလင့်ကတော့ Google Mail ပေါ့ဗျာ အားလုံးသိကြမှာပါ
(၈) http://translate.google.com ဒီလင့်ကတော့ ဘာသာပြန်ပေးတာပါ စာပိုဒ်တစ်ပိုဒ်ကို ထည့်လိုက်ပါ ဘာဘာသာဖြစ်ဖြစ်ပေါ့ဗျာ ပြီးတော့ ကိုယ်ပြောင်းခြင်တဲ့ ဘာသာကိုပြောင်းလို့ရပါတယ် မှတ်ချက် = မြန်မာစာ ကသိပ်ရှုပ်ထွေးလွန်းတော့ သူများနိုင်ငံတွေက မလေ့လာနိုင်တာကြောင့် မြန်မာစာမရပါဘူး နောက်ပိုင်းမှာတော့ရလာပါလိမ့်မယ် Google က ကြိုးပမ်းပေးနေပါပြီ
(၉) http://books.google.com ဒီလင့်ကတော့ စာအုပ်တွေရှာလို့ရပါတယ် တစ်ချို့ကတော့ ရောင်းတာပေါ့ တစ်ချို့လည်း free ပေးထားပါတယ် မြန်မာစာအုပ်တစ်ချို့လည်းရှိပါတယ်
(၁၀) http://www.google.com/finance?hl=en&tab=we ဒါကတော့ ကျွန်တော်လည်းမသိသေးပါဘူး သိသောသူများ ပြန်လည် မျှဝေပေးပါဗျာ mawcity@mawcity.com ကိုမေးလေးပို့ပေးပါနော်
(၁၁) http://scholar.google.com ဒီလင့်ကတော့ ကျောင်းတွေနဲ့ပတ်သတ်ပါတယ် နိုင်ငံတကာကျောင်းတွေပေါ့ဗျာ Online ကနေလည်း ကျောင်းတက်လို့ရပါတယ်
(၁၂) http://www.google.com/blogsearch?hl=en ဒီလင့်ကတော့ တော်တော်များများသိကြမှာပါ blogspot.com ဆိုတဲ့ဘလော့တွေကိုရှာလို့ရပါတယ် ခုနောက်ပိုင်းမှာ ဒါလေးကိုလည်း ပြန်ဖွင့်ပေးထားပါတယ်
အရင်ကတော့ ကျော်ခွပြီးသုံးရတာပေါ့ဗျာ ကိုယ်ပိုင်ဘလော့ကိုလည်း တည်ဆောက်လို့ရပါတယ် www.blogger.com ကနေ ကိုယ်ပိုင် blogspot.com ဆိုတဲ့ဆိုက်လေးကို တည်ဆောက်လို့ရပါတယ်
(၁၃) http://www.youtube.com ဒါကတော့ Video တွေအစုံအစုံရှိပါတယ် တော်တော်များများသိကြမှာပါ မသိတာတစ်ခုက Google ကလုပ်ထားပေးတဲ့ services တစ်ခုပဲဆိုတာကို မသိကြသေးတာဖြစ်မှာပါ အရင်ကတော့ သုံးလို့မရပါဘူး ခုနောက်ပိုင်းမှာတော့ပြန်ဖွင့်ပေးထားတဲ့အတွက် အသုံးပြုလို့ရနေပါပြီ
(၁၄) https://www.google.com/calendar?hl=en&tab=bc ဒီလင့်ကတော့ Google Calendar ဖြစ်ပါတယ် ဘယ်လိုအသုံးပြုရတာလည်းဆိုတော့ ကိုယ့်ရဲ့ အချိန်ဇယားပေါ့ဗျာ ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို မှတ်ထားလို့ရပါတယ်
(၁၅) http://picasaweb.google.com/home?hl=en&tab=bq ဒါလေးကတော့ကိုယ့်ဓာတ်ပုံတွေကို စုစည်းပြီး web photo album လေးတစ်ခုတည်ဆောက်ထားလို့ရပါတယ်
(၁၆) https://docs.google.com/?hl=en&tab=bo&authuser=0 ဒါလေးကတော့ Micorsoft Office သုံးဖူးသူတွေအတွက်ကောင်းပါတယ် အားသာချက် တော်တော်လေးကိုများပါတယ် ကိုယ်ပိုင် Folder လေးတွေစောင်ပြီး ကိုယ့်ရဲ့ data လေးတွေကို သိမ်းထားလို့ရပါတယ် အစုံပေါ့ဗျာ သိပ်ကိုကောင်းပါတယ်
(၁၇) https://sites.google.com ဒါလေးကတော့ ကိုယ်ပိုင် ဆိုက်လေးလုပ်ထားခြင်ရင်ပေါ့ဗျာ လန်းတယ်ဗျ သူများတွေလုပ်ထားတာရှိပါတယ် အဲ့ဒါကိုကောင်းကောင်းလုပ်တက်မယ်ဆိုရင်တော့ ကိုယ်ပိုင်ဆိုက်လုပ်ဖို့အတွက် ၀ယ်ဖို့ကိုမလိုတော့ပါဘူး
(၁၈) http://groups.google.com/grphp?hl=en&tab=bg ဒါကတော့ဗျာ Google မှာ Group ဖွဲ့ထားတာပေါ့ဗျာ ဥပမာ သူငယ်ချင်း ၅ ယောက်ဖွဲ့ထားမယ်ဆိုရင် သူတို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက် အွန်လှိုင်းမှာ မတွေ့ခဲ့ရင် မှာစရာရှိတဲ့စကားတွေမှာခဲ့လို့ရတယ် ကျန်တဲ့ ၄ ယောက်ကို သိခြင်တာတွေကိုလည်း မျှဝေလို့ရတာပေါ့ဗျာ
(၁၉) http://reader.google.com ပါ သိပ်ကိုလန်းပါတယ် စာဖတ်ဝါသနာရှင်တွေနဲ့ နည်းပညာလေ့လာသူတွေ အတွက်အရမ်းကောင်းပါတယ် အသုံးပြုနည်းလေးကိုတော့ ဒီလင့်နားကနေ သွားကြည့်နိုင်ပါတယ်
(၂၀) http://www.google.com/alerts?hl=en ဒါကတော့ google Alerts ပေါ့ဗျာ ဒါလေးလည်းလန်းတာပဲ ကိုယ်သိခြင်တဲ့အကြောင်းအရာကို Alerts ပေးထားမယ်ဆိုရင် ကိုယ့်မေးထဲကို ၀င်လာမှာပါ
(၂၁) http://code.google.com/intl/en/ ဒါလေးလည်းလန်းပါတယ် ကိုယ်ပိုင် ဆိုက်ထောင်တဲ့သူတွေအတွက်အရမ်းကိုကောင်းပါတယ်
အားလုံးပဲ ဒီလောက်လေးနဲ့ရပ်ထားပါရစေ နောက်မှာ အသေးစိတ်ပြန်ရေးပေးပါမယ် အင်တာနက်သုံးတယ်ဆိုတာ ချက်နေတာကို ဆိုလိုတာမဟုတ်ပါဘူး လေ့လာမယ် မျှဝေမယ် ရယူမယ် ဖန်တီးမယ် အဲ့အဆင့်တွေကိုရောက် အောင်သုံးကြည့်ကြပါလို့ပြောခြင်ပါတယ် အခတ်အခဲတွေအတွက် mawcity@mawcity.com ကိုဆက်သွားမေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်ဗျာ

**နတ်သမီးဖန်ဆင်းတဲ့ မှော်ဆရာလေးရဲ့ အလွမ်းဇာတ်လမ်း** အခန်း (၁၃)မှ(၁၅) အထိ

အခန်း (၁၃)
ဒီနေ့တော့ သူငယ်ချင်းတွေကို မခေါ်ဘဲ တစ်ယောက်တည်းထွက်လာခဲ့ပါသည်။
သူတို့ကိုလည်း အားနာနေပါသည်။ ဘယ်ကိုသွားရင် ကောင်းမလဲ စဉ်းစားရင်းနဲ့
သူနဲ့စတွေ့ခဲ့သော နေရာကိုပဲ သွားရန် ဆုံးဖြတ်လိုက်ပါသည်။
တစ်ကယ်ရောက်သွားတော့ ထိုနေရာတွင် ဘုရားပွဲဖြစ်နေပြီး
ဆိုင်ခန်းပေါင်းများစွာ ရှိနေပါတော့သည်။ တစ်ချိန်က တွေ့ခဲ့သော
နတ်သမီးကြွေဗေဒင် ကို လိုက်ရှာနေမိပါသည်။ စိတ်ထဲမှလည်း
ဒီလောက်ဆိုင်တွေအများကြီးကြားထဲမှာကွာ..
ဘယ်လိုရှာရပါ့မလဲ…ကိုယ်ကတွေ့ချင်သူဆိုတော့လည်း
တွေ့အောင်ရှာရမှာပေါ့လေ..ဟုတွေးပြီး ရှာရပါတော့သည်။ (မှတ်ချက်-
အဆိုပါနေရာသည် မြောက်ဥက္ကလာမြို့နယ်ရှိ မယ်လမုစေတီတော်ကြီး အနီးရှိ
ဘုရားရှေ့မှတ်တိုင်ဖြစ်ပါသည်။ စာရေးသူ)
ကျွန်တော်လည်း ရှာရင်း ရှာရင်းနဲ့ တွေ့လိုက်ရတော့…
နတ်သမီး
တားရော့ဗေဒင်
တစ်ကြိမ်မေး (၅၀၀) ကျပ်
ယုံကြည်အားကိုးမှ မေးပါ။
လို့ တွေ့လိုက်ရပြီး ဆိုင်ခန်းလေးနှင့် ဖြစ်နေပါသည်။ ဆိုင်ခန်းလေး
တည်ဆောင်ထားပုံကလည်း ရှေးခေတ်ဂျစ်ပစီတွေ ဗေဒင် ဟောတဲ့အခန်းလေးလို
ဖြစ်နေပါသည်။ ဟုတ်မှ ဟုတ်ရဲ့လား ဟူသော စိတ်ကလည်း ၀င်နေပါသည်။
ဝင်ကြည့်မယ်လေ ဟု စိတ်ထဲတွေးပြီးမှ ဖြစ်ချင်ရာဖြစ်ဟုလည်း
ထပ်တွေးမိပြန်ပါသည်။
အခန်းထဲရောက်တော့ ချက်ခြင်းတော့ ဘယ်သူ့ကိုမှ မတွေ့ပါ။ အသံပေးမှဖြစ်မယ်ဟု
တွေးပြီး..
"ဗေဒင်ဟောချင်လို့ပါ။ ဆရာရှိပါသလား"
"ဆရာ မရှိပါဘူး။ ဆရာမပဲ ရှိတယ်။"
"ဒါဆို ဗေဒင်ဟောလို့ရလား"
"မရဘူး..ဆရာမ အနားယူချိန်ပါ။ နေ့လည် (၂) နာရီမှ လာခဲ့ပါ။"
ဟုသော အသံကိုလည်း ကြားလိုက်ရပြီး ခပ်၀၀နှင့် အမျိုးသမီးကြီးတစ်ယောက်
ထွက်လာပါသည်။ နတ်သမီးတော့ မဟုတ်ပါ။ နတ်ထိန်းကြီးလားတော့ မသိပါ။
လေသံမာလိုက်တဲ့ နတ်ထိန်းကြီးပဲ..ဟုလည်း တွေးမိပါသည်။
အဲ့ဒါနဲ့ လိပ်ဥတူးမရတဲ့တူတူ ဘုရားသွားဖူးမယ်လို့ တွေးပြီး ဘုရားထဲသို့
လျှောက်သွားလိုက်ပါသည်။ ဘုရားကိုတော့
အားနာမိပါသည်။ဘုရားရှေ့တော်မှောက်ရောက်တော့…
ခွင့်လွှတ်တော်မူပါဘုရား..ဘုရားတပည့်တော်သည် မောဟအမိုက်နွံ့ထဲတွင်
ပျော်ဝင်နေပါသဖြင့် ဗုဒ္ဓမြတ်စွာဘုရား ၏ ရှေ့တော်မှောက်ရောက်နေသော်လည်း
ငြိမ်းအေးမှုအရသာ သန္တိသုခကို ခံစား၍ မရနိုင်သေးပါသဖြင့် သည်းခံခွင့်လွှတ်
တော်မူပါဘုရား။
ဟုသာ..တောင်းပန်မိပါတော့သည်။ ဟူး….နတ်သမီးရေ…ငါလည်း ရူးချင်နေပါတယ်..။
အင်း..မင်းဟာ..နတ်သမီးမှ ဟုတ်ပါလေစ..နတ်ဖုရားမများ ဖြစ်နေရော့သလား..။
ကျွန်တော်လည်း ပေတေပြီး နေ့လည် (၂)နာရိထိုးအောင် စောင့်နေရပါတော့သည်။
စိတ်ထဲမှာလည်း သူမှသူလို့ ထင်မြင်နေမိပါသည်။
တစ်ကယ်မဟုတ်ရင်..ကျွန်တော်လည်း ရင်မောရတာနဲ့ သေနိုင်ပါသည်။ နဘေးမှ
ဖြတ်လျှောက် သွားသော အရူးကြီးတစ်ယောက်ကလည်း
"တဏှာတွေကို ဖြတ်ကြ ဖြတ်ကြ..။ သံသရာမှာပြန်ပါလာမယ်။ အခုကတည်းက ရအောင်ဖြတ်"
ဟု အော်နေရာ..ကျွန်တော့်ကိုများ ပြောနေရော့သလားဟု ထင်မြင်မိပါသည်။ နေလည့်
(၂) နာရီထိုးရန်လည်း ၁၅မိနစ်သာလိုပါတော့သည်။ လမ်းကို
ဖြည်းဖြည်းလျှောက်သွားမယ်လေ..ဟုတွေးပြီး ထထွက်လာပါသည်။
ဆိုင်ခန်းရှေ့ရောက်တော့ အခန်းဝမှာလူများစွာ တွေ့ရပါသည်။ ကျွန်တော်လည်း
အခန်းထဲဝင်မလို့ လုပ်နေ တုန်းမှာ အပေါက်ဝနားက အမျိုးသမီးများက
တန်းစီပါ..တုံကင်ယူပါ ဟု ၀ိုင်းအော်ပါတော့သည်။ ကျွန်တော်လည်း
ပြာပြာသလဲနှင့်
"ဟုတ်ကဲ့ပါ။ယူပါ့မယ်"
လို့ပြောပြီး အပေါက်ဝက ၀၀နှင့် နတ်ထိန်းကြီးထံမှာ
တုံကင်တောင်းယူရပါတော့သည်။ နံပါတ်ကိုကြည့်လိုက်တော့
(၂၄)….စိတ်ညစ်သွားပါသည်။ ဗေဒင်မေးချင်သူတွေ အဲ့လောက်ပဲ များသလားဗျာ..ဟု
ငြိုငြင်မိပါသည်။ စိတ်ထဲမှလည်း အစောကြီးရောက်တုန်းကတော့ ငါ့ကို
တုံကင်မပေးဘူး လို့တွေးပြီး နတ်ထိန်းမကြီးကို စိတ်ထဲမှ ကျိန်ဆဲမိပါသည်။
"စိတ်ပုတ် စိတ်ယုတ်ကြီး..ဂုတ်စာမကြီး။ နတ်သမီးရောင်ကြောင့်
နတ်ထိန်းပြောင်နေတာ..ဟွန်း"
တော်တော်ကြာအောင်စောင့်နေရပါသည်။ ၁နာရီကျော်ကြာတော့မှ…
"တုံကင်နံပါတ် - ၂၄ ၀င်လို့ရပါပြီ။"
"ဟားးးးးးးးး ငါ့အလှည့်ရောက်ပြီကွ"
အခန်းထဲသို့ အားရ၀မ်းသာဝင်နေသော ကျွန်တော့်ပုံကိုကြည့်ကာ ဘေးမှ
အမျိုးသမီးများက နှာခေါင်းရှုံ့ကြပါသည်။
အရေးစိုက်စရာမလိုပါ..။ နတ်သမီးနှင့်တွေဖို့သာ လိုအပ်ပါသည်။
အခန်းထဲရောက်သွားတော့ ကျွန်တော် မျှော်လင့်နေသော နတ်သမီး ဟုတ်နေပါသည်။
သူမကတော့ တည်ငြိမ်သော မျက်နှာထားနှင့်..လက်တစ်ဖက်ကို ဆန့်တန်းရင်း..
"ထိုင်ပါ"
"ဟုတ်ကဲ့.."
"ဘာမေးချင်တာလဲ..ပြောပါ။"
"ဟိုလေ..နတ်သမီးနဲ့တွေ့ချင်လို့..အဲ့ဒါ တွေ့ခွင့်ရမလား..သိချင်လို့ပါ။"
"ကဒ်ချိုးလိုက်ပါ။"
"ဗျာ..နတ်သမီးနဲ့တွေ့ဖို့ ကဒ်ချိုးရဦးမှာလား။"
"ဒါကတော့ တားရော့ရဲ့အလိုတော်အတိုင်းပါပဲ"
"ဟင်…ဘုရားသခင်ရဲ့အလိုတော်အတိုင်းလည်း မဟုတ်ဘူး။ဘယ်လိုကြီးလဲ"
"ကဲ..ရှင် တားရော့မေးမလို့လာတာမဟုတ်ဘူးလား။"
"မဟုတ်ဘူး..။နတ်သမီးနဲ့တွေ့ချင်လို့ လာတာ..။ခင်ဗျား..မှ ခင်ဗျားအစစ်.ဟုတ်တယ်။"
ထိုအခါ နတ်သမီးက စိတ်မရှည်သော အသံနှင့် …
"တားရော့မေးဖို့လာတာမဟုတ်ရင်ပြန်တော့.."
"မ..မ ..မဟုတ်ပါဘူး။ မေးမလို့လာတာပါ။"
"ဒါဆိုမေး"
"ကျွန်တော့်ချစ်သူနဲ့ကျွန်တော် ဘယ်နေ့မှာ ချစ်သူဖြစ်ခွင့်ရမလဲ။ကျွန်တော်
ကဒ်ချိုးလိုက်တော့မယ်နော်"
လက်က ကဒ်တွေကို ကိုင်မလို့လုပ်နေစဉ်..
"နေဦး"
"ရှင်မေးတာ မတိကျဘူး။ ရှင့်မှာ ချစ်ရမယ့်သူရှိလို့လား"
"ရှိတယ်..ခင်ဗျားပဲ..။"
"ရှင် ထွက်သွားတော့"
ဟူသော စကားအဆုံးမှာ နတ်ထိန်းကြီးက လာရောက်ဆွဲခေါ်သွားပါသည်။
တော်တော်သန်တဲ့ဟာမကြီးပဲ။ ကျွန်တော်လည်း ကန့်လန့်ကန့်လန့်နှင့်
အပြင်ရောက်သွားပါတော့သည်။
အပြင်ရောက်သွားတော့ အားလုံးက ၀ိုင်းကြည့်နေကြပါသည်။ ကျွန်တော်လည်း
နည်းနည်းရှက်လာပါသည်။ စိတ်ထဲ တော့ သိပ်မကျေနပ်ပါ။ မတွေ့ရမချင်း မပြန်ဟု
စိတ်ထဲမှာတွေးပြီး လူအားလုံးကုန်အောင် စောင့်နေပါတော့သည်။လူ အားလုံး
ကုန်တော့ ည (၁၁)နာရီကျော်နေပါပြီ။
လူကုန်တော့ မပြောမဆို ကျွန်တော် ၀င်လိုက်ပါသည်။ နတ်သမီး
လို့ခေါ်လိုက်တော့ ဆက်ကနဲ လှမ်းကြည့်လိုက် ပါသည်။ ကျွန်တော့်ကို မြင်တော့
သူမက
"ထိုင်ပါ..အပြင်မှာရှိနေမှန်း ကျွန်မသိပါတယ်"
"သိမှပေါ့..ခင်ဗျားက နတ်သမီးပဲကိုးဗျ။"
"မဟုတ်ပါဘူး။ မှားနေပြီ။ ကြီးကြီးကပြောထားလို့သိနေတာပါ။"
"ခင်များ သိနေတာ မဟုတ်ဘူးလား။"
"နေရာတကာ သိနေရအောင် နတ်မျက်စိမှ မရှိတာ.."
"မပြောပဲ သိနေတာမဟုတ်ဘူးလား။"
"ကျွန်မက ဗေဒင်ဆရာမပါ။ နတ်မျက်စိပညာရှင်မဟုတ်ဘူး။ ရှင်ဘာလို့
ကျွန်မကိုလာနှောက်ယှက်နေတာလဲ"
"မနှောက်ယှက်ပါဘူး။ ကျန်သေးတဲ့ စကားတစ်ခွန်းကိုလာတောင်းတာ.."
"ဘယ်တုန်းကလဲ"
"လွန်ခဲ့တဲ့ တစ်လကျော်လောက်ကလေ..ဒေါ်နတ်သမီးက ကြွေဗေဒင်ဟောတုန်းကလေ..။
(၃)ခွန်း ၅၀၀ ဆိုတုန်းကလေ.။ကျွန်တော်က ၅၀၀ ပေးပြီးမေးတာ (၂)
ခွန်းပဲဖြေပြီး တစ်ခွန်းကို အကြွေးချန်သွားပြီး
နောက်တစ်ခေါက်မှမေးဆိုလို့ လာမေးတာလေ.."
"သေချာတယ်..ရှင်လူမှားနေပြီ။ကျွန်မ တစ်ခါမှ ကြွေဗေဒင် မဟောဖူးဘူး။"
"ဟာဗျာ..ခင်ဗျား မညာပါနဲ့။ကျွန်တော် ဒီရုပ်ဒီမျက်နှာကို မှတ်မိပါတယ်။"
"ဘယ်နားမှာတွေ့ခဲ့တာလဲ"
"ဟာဗျာ…ဟိုးရှေ့နားက မှတ်တိုင်ဘေးနားက စာကြည့်တိုက်လေးရှေ့မှာလေ.."
"အင်း..ကျွန်မ သိပြီ။ အဲ့ဒါ ကျွန်မတော့မဟုတ်ဘူး။ဒါပေမယ့် ကျန်ခဲ့တဲ့
အကြွေး တစ်ခွန်းကို ကျွန်မဖြေပေးမယ်"
"ရှင် မေးချင်တာမေးပါ"
ဆိုပြီးတော့ တားရော့ကဒ်များကို ကျွန်တော့်ရှေ့မှာ ဖြန့်ခင်းလိုက်ပါတယ်။
ကျွန်တော်လည်း ကဒ်တစ်ကဒ်ကို ဆွဲထုတ်ပြီး သူမရှေ့သို့ချထားကာ…
"စိတ်မဆိုးပါနဲ့..အဲ့တုန်းကတွေ့ခဲ့တာ ကျွန်တော့်ချစ်သူဖြစ်လာမယ့်သူလား။
သိချင်တယ်။ ဟုတ်၊မဟုတ်ပေါ့"
ကဒ်ကို လှန်ကြည့်လိုက်ပြီး သူမက..တစ်ခွန်းတည်းပြောလိုက်ပါသည်။
"ဟုတ်တယ်..ဖြစ်လာမယ့်သူ။ ဒါပေမယ့် အခုရှင်ပြန်တော့။"
လှိုက်ကနဲ ပျော်ရွှင်သွားပါသည်။ ဒါပေမယ့် ကျွန်တော်ရင်ထဲမတော့
မရှင်းလင်းပါ။ ထပ်မေးရန် ကြိုးစားနေစဉ်မှာ..
"ဒီနေ့အတွက် ကျွန်မနားလိုက်ပြီ။ ကျွန်မပင်ပန်းနေပြီ။ ရှင် ပြန်ပါတော့။"

အခန်း (၁၄)
တစ်ခုခုတော့ လွဲချော်နေသလိုခံစားရပါသည်။ နတ်သမီးနဲ့ ဗေဒင်ဆရာမလေးနဲ့က
အတူတူလား.. တစ်ယောက်စီလား..။ကျွန်တော်ကတော့ အူတူတူဖြစ်နေပါပြိ။
အကြွေးကိုကျတော့လည်း ပြန်ဆပ်တယ်။ သူမဟုတ်ဘူး လည်းပြောတယ်။
အရင်ကတွေ့ခဲ့တဲ့သူက သူမဟုတ်ရင်…..ဘယ်သူလဲ..။ ဘာကြောင့် တားရော့ဆရာမလေးက
ဖြေပေးတာလဲ…။
ဆက်စပ်မှု တစ်ခုခုတော့ရှိရမည်။
(၁) ကြွေဗေဒင်ဟောသော..နတ်သမီး
(၂) တားရော့ဟောသော နတ်သမီး
(၃) ဖုန်းထဲက နတ်သမီး…
နတ်သမီးတွေ များလိုက်တာနော်..။ငါလည်း ကောင်းကင်ဘုံမှာ
ဗိမ္မာန်ထွန်းနေပြီလားမသိဘူး။ စိတ်ညစ်လိုက်တာ..။ ဖုန်းထဲကနတ်သမီးက
ကြွေဗေဒင်ဟောသော နတ်သမီးကို သိသည်။ တားရော့ဟောသော နတ်သမီးကလည်း ကြွေဗေဒင်
ဟောသော နတ်သမီးကို သိသည်။ ကြွေဗေဒင်ဟောသော နတ်သမီး နှင့်
တားရော့ဟောသောနတ်သမီးများကတော့ ဖုန်းထဲက နတ်သမီးကိုမသိပါ။ ဖုန်းထဲက
နတ်သမီးကျတော့ ကြွေဗေဒင်ဟောသောနတ်သမီးကိုရော..တားရော့ဟောသော
နတ်သမီးကိုရော..သိနေသည်။
ဖုန်းထဲကနတ်သမီးကိုလည်း ရှာဖွေလို့မရသေးပါ။ ကြွေဗေဒင်ဟောသောနတ်သမီး
ပျောက်နေသည်။ အခုတွေ့ရတာ က တားရော့ဟောသောနတ်သမီး…။ ချစ်သူ ဖြစ်လာမည့်သူက
ကြွေဗေဒင်ဟောသော နတ်သမီး။
ဘာတွေလဲတော့ မသိပါ..။ ရှုတ်ရှက်ခက်နေပါသည်။ ဒီတစ်ခေါက်တော့
ကိုကိုမှော်ဆရာ တိုင်ပတ်ရင်း ရွာလည် နေပါသည်။ အပွဲပွဲနွဲလာသမျှ
ဒီတစ်ပွဲတော့ ကွဲပြီထင်ပါသည်။
ကျွန်တော်လည်း ပြန်လာသော လမ်းမှာ စိတ်ပါလက်ပါကြီးကို ဟစ်အော်လိုက်ပါသည်။
ဖုန်း - တား - ကြွေ
ပြီးတော့မှ ဖြစ်ချင်တာဖြစ်အော်ရင်းတွေးလိုက်ပါသည်။
ဖုန်းထားတာတွေ…တားမြစ်တယ်…နတ်သမီးရယ် ကြွေပါတော့..။ မှော်ဆရာ ရူးနေပြီ။
မှော်ဆရာလေး ရူးနေပြီ….နတ်သမီးနဲ့တွေ့ချင်သည်။
အိမ်ကိုပြန်ရောက်တော့ သူငယ်ချင်းများရော..ဖေဖေနှင့်မေမေ တို့ပါ
မအိပ်သေးဘဲ စောင့်နေကြပါသည်။ ကျွန်တော့် ကို တွေ့လိုက်တော့ အမေက
ဝမ်းသာစွာ မျက်ရည်ကျပါသည်။ သူငယ်ချင်းများက စိတ်ပူစွာမေးပါသည်။အဖေကတော့
အနည်းငယ်ဆူပြီး အိမ်ထဲဝင်သွားပါသည်။
သူငယ်ချင်းများက ပန်းခြံလေးထဲရှိ ခုံတန်းလေးပေါ်သို့ ဆွဲခေါ်သွားပြီး
တစ်နေကုန် ဘာတွေလုပ်နေလဲ မေးကြပါ တော့သည်။ ကျွန်တော်လည်း
တွေ့ခဲ့သမျှ..ကြုံခဲ့သမျှကို ရှင်းပြလိုက်ရာ….သုံးယောက်စလုံး
နားတွေ..မျက်စိတွေ လည်ကုန် ပါသည်။ ကျွန်တော့်ကိုလည်း အရူးကို
ဝိုင်းကြည့်သလို ကြည့်နေကြပါသည်။
အဲ့ဒါနဲ့ သူငယ်ချင်းသုံးယောက်စလုံး
အိမ်မပြန်ကြတော့ပဲ..ကျွန်တော့်အိမ်မှာပဲ အိပ်လိုက်ကြပါတော့သည်။ထိုညတွင်
သူငယ်ချင်း သုံးယောက်စလုံး တက်ညီလက်ညီ ဆိုသော သီချင်းတစ်ပုဒ်ကတော့
နတ်သမီးပုံပြင် သီချင်းဖြစ်ပါသည်။
ပုံပြောကောင်းသော နတ်သမီး
ဟား..ဟုတ်ပြီ..အသံ။ ဟုတ်တယ်..အသံ။ ဖုန်းထဲက အသံနှင့် တားရော့ဟောသော
ဗေဒင်ဆရာမအသံ..။ တစ်ချိန် တုန်းကကြားခဲ့ရသော..ကြွေဗေဒင်ဟောသော နတ်သမီး
အသံ..။ ဘယ်အသံတွေက တူနေလဲ..ပြန်ဆန်းစစ်ရပါမည်။
သူငယ်ချင်းများကို အားရ၀မ်းသာပြောလိုက်တော့ အားလုံးက တက်ညီလက်ညီပါပဲ…
" အဲ့ဒီအသံကို မကြားရမချင်း မင်းအိမ်ကနေမပြန်တော့ဘူး "
" သေပြီ ဆရာ "
" ဟား ဟား ဟား ။ပျော်တယ်ဟေ့။ "
အဲ့ဒီညက အိပ်မရပါ..။ ဖုန်းလည်းမလာပါ..။ သူငယ်ချင်းများကတော့
တစ်ခုပြိးတစ်ခု မေးနေပါတော့သည်။
ကျွန်တော့်ကျရှုံးခန်းကို ကျွန်တော် မြင်နေရတာ မသက်သာလိုက်တာ..။
အွန်လိုင်းပေါ်မှာ မေးခဲ့ဖူးသော USER တွေသာမြင်ရင်..အံ့သြသွားမလားဘဲ။
ကျွန်တော် အိပ်မရအောင်ကို ငယ်ဖော်တွေက နှောက်ယှက်နေပါတော့သည်။
ဝဋ်ရှိသရွေ့တော့ခံရဦးမှာပေါ့လေ..။
နတ်သမီး..ရေ.ငါတော့ ဒုက္ခတွေ့နေပြီ…. နင်ဘာတွေလုပ်နေလဲဟင်..။

အခန်း (၁၅)
မင်္ဂလာပါ..။ ဒီတစ်ပတ်တာဝန်ကျတဲ့ ကိုကိုမှော်ဆရာလေး နတ်သမီးရှာပုံတော်
ဖွင့်နေပါသဖြင့် လာရောက် လက်ခံ တွေ့ဆုံနိုင်ခြင်း မရှိတာကို
သည်းခံခွင့်လွှတ်ပေးစေလိုပါတယ်ခင်ဗျာ..။ မေးခွန်းများကိုတော့ အရင်အတိုင်း
မေးမြန်းထား နိုင်ပြီး အချိန်တိုအတွင်းမှာ
ပြန်လည်ဖြေကြားပေးပါမယ်..ခင်ဗျာ..။
ဒီနေ့လက်ခံတွေ့ဆုံပြောကြားပေးမည့်သူကတော့ ကျွန်တော်..တင့်ဆန်း၊ မင်းကို
နှင့် ကျော်စွာ တို့ဖြစ်ပါတယ်။ မေးတဲ့နေရာမှာတော့ ကိုကိုမှော်ဆရာလေး
အမည်ဖြင့်မေးမြန်းနိုင်ပါသည်။ ကျေးဇူးတင်ပါသည်။
မင်းကျော်နိုင်။ ။ မင်္ဂလာပါ..အကိုတို့။ ဆရာမှော်
မှော်ရုံတောထဲဝင်သွားတာလားခင်ဗျာ..။
ကိုကိုမှော်ဆရာ။ ။
ဟုတ်ပါတယ်..။မှော်ရုံတောထဲမှာနတ်သမီးဖမ်းစားမှုကိုခံနေရပါတယ်။
ကျွန်တော်တို့ လည်း မကူနိုင်သေးပါဘူး။ စောင့်တော့ကြည့်ပေးနေပါတယ်။
အခြေအနေကောင်းမယ်လို့ ထင်ပါတယ်။
မင်းကျော်နိုင်။ ။ လက်ရှိအခြေအနေကိုလည်း သိချင်ပါတယ်။
ကိုကိုမှော်ဆရာ။ ။ စိတ်ချပါ။ အကောင်းကြီးရှိနေပါသေးတယ်။
မင်းကျော်နိုင်။ ။ကောင်မလေးနာမည်က နတ်သမီးလား။ ချောလား..။ တွေ့ရော တွေ့နေပြီလား။
ကိုကိုမှော်ဆရာ။ ။တွေ့တော့တွေ့နေပါပြီ..။ဒါပေမယ့် တစ်ယောက်တည်း မဟုတ်ဘဲ
(၃)ယောက်တောင် ဖြစ်နေပါတယ်..။
မင်းကျော်နိုင်။ ။ ဗျာ…။
မာလာ။ ။ ဆရာတို့ရေ.. မှော်ဆရာလေးက အဲ့လိုဆိုရင်..နိုင်ပါ့မလားရှင်..
ကိုကိုမှော်ဆရာ။ ။ စိတ်မပူပါနဲ့ မမာလာရေ..။
မီးများမီးနိုင်..ရေများရေနိုင်တဲ့။ ကျွန်တော်တို့ အရေးပေါ်ကား
ကြိုငှားထားပါတယ်။ မှော်ဆရာလေးပဲဗျာ..။မပူပါနဲ့နော်။
မာလာ။ ။ ဆရာတို့လည်း ၀ိုင်းကူပါဦးရှင်…ဆရာမှော် အချစ်စစ်နဲ့တွေ့ပါစေ
လို့ဆုတောင်းပေး ပါတယ်။ နောက်အပတ်မှတွေ့ပါတော့မယ်။ ကျေးဇူးပါရှင်.။
ကိုကိုမှော်ဆရာ။ ။ ဟုတ်ကဲ့ပါ။
သူဇာအောင်။ ။ ဆရာမှော်..နောက်အပတ်ကျရင်ကော လာနိုင်ပါ့မလား..အကိုတို့။
ကိုကိုမှော်ဆရာ။ ။လာနိုင်ပါတယ်..စိတ်ချပါ။ ကျွန်တော်တို့ အဲ့ဒါတော့
လုပ်ပေးနိုင်ပါတယ်။

ဒီနေ့တော့ ဆရာမှော်တက်မလာနိုင်လို့ မေးတဲ့သူတောင် သိပ်မရှိတော့ပါ။
ကျွန်တော်တို့လည်း ကြိုးစားဖြေပေး
ပါသည်။ ဒါပေမယ့် သူ့ ပရိသတ်ကတော့ ကျေနပ်ပုံမရပါ။ ထိုအချိန်တွင် မင်းကို က
ကျန်သောသူနှစ်ယောက်ကို..
"ဘယ်လိုလုပ်ကြမလဲ။ သူ့ ပရိသတ်က သူမှသူပဲဖြစ်နေတာ.."
"မတက်နိုင်ဘူးကွာ..ထားလိုက်တော့..။ Program ပျက်မသွားရင် ပြီးတာပဲ။"
"အေးလေ..မှော်ဝင်မြို့ထဲမှာ ဒီလောက် ပရိသတ်အင်အားက သူ့ဘက်မှာ
ရှိနေလိမ့်မယ်လို့ မထင်ဘူး။"
"ထားလိုက်တော့ ကျော်စွာ..ထားလိုက်တော့။ ငါတို့ဘယ်လိုကူကြမလဲ…ပြည့်စုံကို.."
သက်ပြင်းကိုယ်စီချလိုက်ကြပါသည်။ ပြီးမှ…
"မတက်နိုင်ဘူး"
"တစ်ခုခုတော့ လုပ်ရတော့မယ် ထင်တယ်"

နောက်အပတ်မှ ဆက်ဖတ်ပါရန်..
ကိုကိုမှော်ဆရာလေး (ခ) နန်းညွန့်ဦး

( ၉၆ ) နာရီကျင့်စဉ်

၁။ မေတ္တာကြီးမားဖို့ဖြစ်စေ၊ အောင်မြင်ဖို့ဖြစ်စေ…..ရင်းဝံ့ပါစေ။
၂။ မိမိကိုယ်ကို မိမိတန်ဖိုးထားပါ။ သူတစ်ပါးကိုလည်းတန်ဖိုးထားပါ။
၃။ မိမိလုပ်သမျှ တန်ဖိုးထားပါ။ တာဝန်ယူပါ။
၎။ မှားနေပြီဟုသိလျှင် ချက်ခြင်းပြင်ပါ။
၅။ မှားနေကျအမှားကို ဘိန်းစွဲသလို ထပ်ကာထပ်ကာမမှားစေနဲ့။
၆ နေ့စဉ် အချိန်အတော်ကြာကြာ တစ်ယောက်တည်းနေပါ။
၇။ အပြောင်းအလဲကြုံရရင် မျက်မှောက်မကြုတ်ပါနဲ့။
၈။ ရေငုံနှုတ်ပိတ်နေလိုက်တာဟာ….တစ်ခါတစ်လေမှာအကောင်းဆုံးအဖြေပါ။
၉။ အလကားနေရင်း အားနေရင်….မှားနေပြီဟုမှတ်။
၁၀။ အသက်ကြီးတဲ့အခါအတိတ်ကို ပြန်တွေးပြီး ပီတိဖြစ်နိုင်ဖို့
..အမည်ကောင်းဖြင့် ကိုယ့်သမိုင်းကိုရေးပါ။
၁၁။ အိမ်မှာနေရတာ နှစ်သက်ဖွယ်ရာရှိမှ သင့်ရဲ့အိမ်ဟာ သင့်ဘ၀တက်လမ်းအတွက်
အခြေခံအုပ်မြစ်ဖြစ်မယ်။
၁၂။ ချစ်ခင်သူနှင့်အငြင်းပွားရင် လက်တလောကိစ္စကိုပဲပြောပါ။ အတိတ်က
မဆိုင်တဲ့အကြောင်းအရာတွေ ဆွဲမထည့်ပါနဲ့။
၁၃။ သင်သိသမျှ မျှဝေပေးပါ။
၁၄။ မြေကမ္ဘာကို ယုယကြင်နာပါ။
၁၅။ တစ်နှစ်တစ်ခါ သင်တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာကိုသွားလည်ပါ။
၁၆။ လိုချင်တာကို မရလိုက်တာဟာ တစ်ခါတစ်လေမှာ ကံကောင်းတာလို့မှတ်ပါ။
၁၇။ လိုချင်တာကို ရလိုက်တာအတွက် အကုသိုလ်ဘယ်လောက်လေးသွားသလဲတွက်ပါ။
၁၈။ တစ်ဦးနှင့်တစ်ဦးဆက်ဆံရေးဟာ အကျိုးလိုလို့ ညောင်ရေလောင်းနေတာထက်
ချစ်မြတ်နိုးတဲ့ ဆက်ဆံရေး ဖြစ်ပါစေ။
၁၉။ အသေးအမွှားကို အငြင်းပွားရတာကြောင့် အရေးကြီးတဲ့ ဆက်ဆံရေးမပျက်စေနဲ့။
၂၀။ ဘာကိုဘဲလုပ်လုပ် ကောင်းအောင်လုပ်။

ကြိုးစားကြည့်ကြပါနော်..။ သာယာလာပါလိမ့်မယ်။
ခင်မင်လျှက် နန်းညွန့်ဦး
Email;kokohmawsayarlay@mawcity.com

ဓါတ်ပုံလေး

မိုးလုံလေလုံ နှလုံးအိမ်ထဲမှာ

တယုတယ သိမ်းထားတဲ့ ဓါတ်ပုံလေး

ထုတ်ထုတ်ကြည့်ဖြစ်တယ်…

တောင့်တတိုင်း

တောင့်တတိုင်း ရွဲနစ်

မျက်လုံးအိမ်ထဲကမျက်ရည်တွေ

ဓါတ်ပုံလေးက ငါ့ကို တွေရီငေး

ငါက ဓါတ်ပုံလေးကို တွေရီငေး

လွမ်းတယ်။  

 

နန်းညွန့်ဦး

Email : kokohmawsayarlay@mawcity.com

မျှော်လင့်ခြင်း(၅)

အပြင်မှာ ရနံတွေချိုနေပြန်ပြီ….ချောငယ်။

တွေးမိနေတဲ့ စိတ်ကူးတစ်စုံ

ရန်ခုန်အောင် သူမလုပ်နိုင်ခဲ့ဘူး။

မျှော်လင့်ခြင်းကောင်းကင်တွေ..

ငါ့အလှည့်ကျမှ ဖူးပွင့်ခွင့်မကြုံတာ…

ငါ ကံဆိုးတက်လို့ပါ။

နင့်ကိုချစ်မိလို့

ငါရင်ကွဲရမယ်ဆိုရင်တောင်…

ငါ လေ…

ကျေနပ်နေပါမယ်။


Nann Nyunt Oo

Email : kokohmawsayarlay@mawcity.com

ကိုလူပျိုတို့အတွက် ဇနီးလောင်း

အိမ်ထောင်မကျသေးတဲ့ လူတိုင်း ကိုယ့်အိမ်ထောင်ဘက်က ဘယ်လိုလူမျိုးဖြစ်မလဲ ဆိုတာကို သိချင်ကြပါတယ်။ အဲဒီမှာ မိန်းကလေးထက် ယောင်္ကျားလေးတွေက ပိုစိတ်ဝင်စားတက်ကြပါတယ်။ အိမ်ထောင်တခုမှာ အိမ်ဦးနတ်က အရေးကြီးဆုံးလို့ ပြောကြတယ်နော်။ တကယ်တော့အိမ်ဦးနတ်ဆိုတာသူချည်းနေလို့တော့ရာထူးတက်မလာပါဘူး။ ရာထူးပေးမဲ့ အိမ်ရှင်မ ရှိလို့ဖြစ်လာတာပါ။ အဲတော့ ကိုယ့်ကို ရာထူးပေးမဲ့ အိမ်ရှင်မက ဘယ်သူဖြစ်မလဲ မသိချင်ကြဘူးလား။ ဒီအတွက်တော့ ပူပါနဲ့ အလိမ္မာ အိမ်ပါလေးများဖြစ်မလား။ သွက်လက်ထက်မြတ်တဲ့ သူများလား။ မဟာဆန်သူလေးလား။ ကိုယ့်စိတ်ကြိုက်ပုံစံမှဖြစ်ရဲ့လား။ အသွင်တူတဲ့ ကြင်သူမှဖြစ်ပါ့မလား၊ အပျိုလား အအိုလား၊ မမလား ညီမလေးလား အန်တီကြီးနဲ့ ညားမှာလားစသဖြင့်စသဖြင့်ရည်းစားသာမရသေးရင်နေမယ် ဘယ်လိုမိန်းမ ယူရင် ကောင်းမလဲဆိုပြီး စိတ်ကူးနဲ့ဖဲရိုက်နေတဲ့ ကိုကိုတွေအတွက် ကိုကိုမှော်ဆရာလေး  က ကူညီလို့အဖြေ ရှာပေးမယ် နော်… (ဆရာ စံဇာဏီဘို ၏ဘယ်လိုမိန်းမရမှာလဲမှကောက်နုတ်ထားတာပါ)

တွက်နည်းလေးက အလွယ်လေးပါ။ မိမိမွေးသက္ကရာဇ်သိရုံနဲ့ တွက်လို့ရပြီ။ မြန်မာသက္ကရာဇ်တော့ ဖြစ်ရမယ်နော်။ မိမိရဲ့မွေးသက္ကရာဇ်ကိုတည် ၄ နဲ့မြောက်ရလာတဲ့အဖြေကို ၇ နဲ့စားပြီး (အကြွင်း)ရှာရမှာ ဖြစ်ပါတယ်။

ဥပမာ - ၁၃၄၂ ခုနှစ်မှာမွေးတဲ့ အမျိုးသားကို တွက်ပါမယ်။
၁၃၄၂ X ၄ = ၅၃၆၈ ရပါတယ်။
၅၃၆၈ ကို ၇ နဲ့စားတော့ အကြွင်း ၆ ရပါတယ်။
သူငယ်ချင်းတို့လည်း တွက်ကြည့်ပြီး အကြွင်းရှာကြည့်နော်။ ရလာတဲ့အကြွင်းကိုမှတ်ပြီး အောက်မှာ အဖြေရှာကြည့်လိုက်ပါဦး။မြန်မာ သက္ကရာဇ်မသိရင် တွက်နည်း အောက်မှာပါပါတယ်။

အကြွင်း (1) ရခဲ့ရင်တော့ လက်မ ထောင်လိုက်ပါ။ ဖိုးကံကောင်းလေးပေါ့။ ကိုယ်ရမဲ့ မိန်းကလေးက အပြစ်ကင်းသူ လေးပါ။ ကိုယ့်ကျင့် သိက္ခာနဲ့ပြည့်စုံတဲ့သူပါ။ အေးတဲ့ နေရာမှာတော့ ရေခဲက ဆရာခေါ်ရအောင်ပါပဲ။ ရီးစားတောင် ထားရကောင်းမှန်းမသိတဲ့သူပါ။ အလုပ်တဖက် ပညာတစ်ဖက်နဲ့ ဘ၀သမားလေးပါ။ ကိုယ်ပိုင်အစွမ်းအစနဲ့ နေနိုင် တဲ့သူ၊ ဥာဏ်ထက်မြက်တဲ့သူလေးပါ။ တစ်ခါတစ်လေ နွဲ့ဆိုး ဆိုးတက်ပေမဲ့ တည်တည်ကြည်ကြည်နဲ့ နေထိုင် တက်သူဖြစ်မယ်။ သွက်သွက်လက်လက်နဲ့ မိန်းမဆန်တယ်။ ခေတ်မီပေမဲ့ ခေတ်မဆန်ဘူး။ သ၀န်လေးတော့ ကြောင်တက်တယ်။ သူ့ရှေ့မှာ မိန်းကလေးအကြောင်းတော့ ယောင်လို့တောင် မပြောမိစေနဲ့ ချော့ရတာ မော သွားမယ်။ သူများတွေနဲ့ကျရင် လူကြီးဆန်ပြီး ကိုယ့်အပေါ်ကျတော့ ကလေးဆန်လွန်းတော့ မိဘတွေတော့ အမြင် မကြည်ဖြစ်လိမ့်မယ်။ ကိုယ့်အပေါ်မှာတော့ သစ္စာရှိတဲ့သူလေးပါနော်။

အကြွင်း(2) ရခဲ့ရင်တော့ အချစ်ဆိုတာ ပေးဆပ်ခြင်းလို့သာ အဓိပ္ပာယ်ဖွင့်လိုက်ပါတော့။ ကိုယ့်ကတော့ အချစ် သူရဲကောင်းကြီးပါ။ မေတ္တာတရားအပြည့်နဲ့ ခွင့်လွတ်ကြင်နာတက်တဲ့သူပေါ့။ ကိုယ်နဲ့တွေ့မဲ့ မိန်းကလေးက အခြားသူကြောင့် အသဲကွဲဝေဒနာခံစားနေရသူလေးပါ။ သူ့အကြောင်းကို မခြွင်းမချန် ရင်ဖွင့်လာမဲ့သူပေါ့။ ကိုယ်က ကရုနာအပြည့်နဲ့ စီးကြိုမဲ့သူပါ။ သူကလည်း အတိတ်ကလူဆီကို စိတ်မညွတ်ပဲ သစ္စာရှိမဲ့ မိန်းကလေးပါ။ အလွန် သာယာတဲ့ အိမ်ထောင်ရေးဖြစ်လာပါလိမ့်မယ်။ အိမ်ထောင်တာဝန် ကျေပွန်တဲ့အိမ်ရှင်မတစ်ယောက်ပါ။ အချော အလှလေးကလည်း ဖြစ်ဦးမှာ ။ရုပ်ဆင်းရူပါကတော့ လူတကာ ငေးရလောက်တဲ့သူနော်။ အိမ်ထောင်ထိန်းတော်ပြီး ကိုယ့်မိဘအသိုင်းအ၀ိုင်းနဲ့လည်း အဆင်ပြေလို့ နောက်ဆို ကိုယ်ကသမက်လို့တောင် အထင်ခံရလိမ့်မယ်နော်။

အကြွင်း(3)ရခဲ့ရင်တော့ တော်တော်ကြီးမဲ့သူပဲ…:D တမျိုးမတွေးနဲ့ ဦးဆွေကြီးမျိုးကြီး မာနကြီး စိတ်ကြီး ဒေါသကြီး စတဲ့ကြီးတွေကို ပိုင်ထားတဲ့ မမကြီးရှင့်။ ပကာသနအသိုင်းအ၀ိုင်းကြားကလာလို့ နှလုံးသားလှပေမဲ့ ဘုကျကျ ဆက် ဆံ တက်တဲ့သူမျိုးပါ။ တော်ရုံကို အဖက်မလုပ်တက်တဲ့သူမျိုး၊ ပညာတက်ပြီး ကိုယ်ပိုင် အရည်အချင်းနဲ့ ရပ်တည်နိုင် တဲ့သူ၊ ကိုယ်နဲ့ အိမ်ထောင်ကျပြီးလည်း ကိုယ့်အသိုင်းဝိုင်းထဲ ၀င်လာမဲ့သူမျိုး မဟုတ်ဘူး၊ ကိုယ်ကပဲ သူ့အသိုင်းဝိုင်း ထဲဝင်ရလိမ့်မယ်။ အနိုင်ကျင့်တဲ့ ၀ါသနာတော့ရှိတယ်။ ကိုယ်အပေါင်းအသင်းတောင် အကောင်းစားလေးတွေမှ ပေါင်းသင်းဆက်ဆံလိမ့်မယ်။ ခပ်ညံညံအပေါင်းအသင်း မျိုးဆို အိမ်လာလည်တာတောင် လက်သင့်ခံမှာ မဟုတ်ဘူး။ ဒါပေမဲ့ အိမ်ထောင်ကံကောင်းပါတယ်။ သူ့ကြောင့်ပဲ တိုးတက်မှုတွေရလာလိမ့်မယ်။အောင်မြင်တဲ့ ယောင်္ကျား တစ်ယောက်နောက်မှာ ထက်မြက်တဲ့ မိန်းမရှိတယ် ဆိုတာမျိုးပေါ့။

အကြွင်း(4)ရခဲ့ရင်တော့ တော်ဝင်သူလေးပါ။ အသိုင်းဝိုင်းကြီးထဲကနေ အချစ်တွက်အရာရာကို စွန့်လွတ်ပြီး ကိုယ့် ဘ၀ထဲ ရောက်လာမဲ့သူလေးပါ။ လေးစားလောက်စရာ လူမျိုးဖြစ်ပါလိမ့်မယ်။ ဘ၀အတွေ့အကြုံနည်းပြီး ဘ၀ကို အေးအေးချမ်းချမ်း၊ ပြည့်ပြည့်စုံစုံနဲ့နေထိုင်ခဲ့တဲ့သူပါ။ သဇင်ပန်းလိုမိန်းမသားနဲ့ အိမ်ထောင်ကျလို့ သူငယ်ချင်း များက မုဒိတာပွားကြပါလိမ့်မယ်။ အလွန်သီးခံတက်၊ ခွင့်လွတ်တက်ပေမဲ့ မဟုတ်တာလုပ်ရင်တော့ တော်တော်ကို ပွဲကြမ်းမဲ့သူ မာနခဲမလေးပါ။ မိဘတွေနဲ့လည်း အဆင်ပြေပါလိမ့်မယ်။ အပေးကမ်းလည်း ရက်ရောတယ်။ အရာရာ ကိုယ့်သဘောပါ။ အဲ နောက်တယောက်တော့ စိတ်နဲ့တောင် ရှုတ်ဖို့မစဉ်းစားနဲ့ ကွာရှင်းစာချုပ် လက်မှတ်ထိုးပြီး သားပဲနော်။ သဘောထားကြိးပေမဲ့ ဒါမျိုးတော့ ခွင့်မလွတ်တက်ဘူး၊ အပြင်အလုပ် ထွက်လုပ်ရင်တောင် အိမ်ထောင်မှု မလစ်ဟင်းစေရတဲ့သူမျိုးပါ။ မိန်းမရကံကောင်းပါတယ်။

အကြွင်း(5)ရခဲ့ရင်တော့ ဆိုရှယ်မမပဲ၊ ခေတ်ထက်ကို ရှေးကပြေးနေတဲ့ သူလေ၊ဟော့ရှော့လို့ပြောရမလား၊ အလန်း  ဇယားလို့ပြောရမလား (ရုပ်ရှင်ကြေငြာဝင်တာမဟုတ်ပါ) အတော်ကို စတိုင်မိတဲ့ မလိုင်ခဲမမနော်။ ပြင်ဆင်ထားပုံ များကတော့ မားကတ်မှာ အလှပြထားတဲ့ ကော်ပတ်ရုပ်နဲ့နင်လားငါလား၊ ရီးစားများတာလား လာမပြောနဲ့။ ရှင့်တောင်သနားလို့ ယူထားတာနော်။ လွတ်လပ်မှုကို မြတ်နိုးပြိး ကိုယ်ပိုင်အစွမ်းအစနဲ့ နေချင်တဲ့သူ၊ သွားများ မပြောမိစေနဲ့ ကိုယ့်ကို ပြန်တရား ဟောသွားလိမ့်မယ်။ သူ့ကျေးဇူးနဲ့ နိုင်ငံခြားလည်း ရောက်ဦးမယ်။ ပညာတော် သင်တော့ မဟုတ်ဘူး၊ အလုပ်လုပ်ဖို့ အတင်းလွတ်လိုက်တာ၊ ပစ္စည်းဆိုလည်း အကောင်းစားမှ သုံးတာ၊ အစား အသောက်ဆိုလည်း ထမင်းချက် ကောင်းကောင်းခန့်ပေးထားရမယ်။ သူနဲ့အိမ်ထောင်ကျပြီး သူ့ပုံစံအတိုင်း ကိုယ်ပါမျောပါသွားလို့ သူငယ်ချင်းတွေ လမ်းတွေတောင် မမှတ်မိဖြစ်နေလိမ့်မယ်။

အကြွင်း(6)ရခဲ့ရင်တော့ မေတ္တာတရားကြီးမားတဲ့သူပါ။ တစ်ယောက်အကြောင်း တစ်ယောက်သိတဲ့ သူငယ်ချင်း လို မိတ်ဆွေလိုကနေ အဆင့်တက်သွားမှာပါ။ သူနဲ့ အိမ်ထောင်မကျခင် ကိုယ့်မှာ ရီးစားရှိခဲ့တာလည်း သူကသိနှင့်ပြီး သားပါ။ မမျှော်လင့်ပဲ သံယောဇဉ်တွယ်ပြိး ချစ်သွားကြမှာ၊ အိမ်ထောင်ကျပြီး သူ့မေတ္တာရိပ်အောက်မှာ အေးအေး ချမ်းချမ်းနေရမှာပါ။ ဆိုးတိုင်ပင် ကောင်းတိုင်ပင် နှစ်ယောက်သား အတူသွားအတူလာ ဖြစ်လိမ့်မယ်။ သဘောထား ကြီးပြီး အရမ်းချစ်တက်တဲ့ မိန်းကလေးပါ။ နားလည်မှုရှိပြီးကိုယ့်ပတ်ဝန်းကျင်နဲ့ အဆင်ပြေမဲ့သူပါ။ အိမ်ထောင်ကျပြီး နောက်ကိုယ့်အလုပ်တွေကို ၀ိုင်းကူပြီး ကြီးပွားရေး စီးပွားရေးတွေ လုပ်ဖြစ်ပါလိမ့်မယ်။ သင့်အတွက် အရာအားလုံး သူ့လက်သူ့ခြေနဲ့ကိုယ်တိုင် လုပ်ပေးရမှ ကျေနပ်တဲ့သူမျိုးပါ။ သင့်ကို သူငယ်ချင်းတွေ ၀ိုင်းပြီးအားကျနေလိမ့်မယ်။

အကြွင်း(0)ရခဲ့ရင်တော့ တော်တော်လေးထူးခြားတဲ့ အိမ်ထောင်ရေးကို ပိုင်ဆိုင်ရပါလိမ့်မယ်။ ကိုယ့်ထက် တစ်ခုခု ကြီးတဲ့ မိန်းကလေးမျိုးနဲ့ အိမ်ထောင်ကျလိမ့်မယ်။ အသက်တို့ ပညာတို့ ဂုဏ်တို့ ကိုပြောတာနော်။ ဘာသာ မတူ တာမျိုးလည်း ဖြစ်တက်တယ်။ ကိုယ့်အပေါ်မှာ အလိုလိုက်လိမ့်မယ်။ အရိပ်တကြည့်ကြည့်နဲ့ စိတ်မချဖြစ် တက် တယ်။ သူများ ပစ်သွားမလားဆိုတဲ့ စိုးရိမ်စိတ်လေးနဲ့ အလှတော့ အတော်ပြင်မဲ့သူပဲ၊ ကိုယ့်အပေါ်မှာ မိခင်မေတ္တာ မျိုးနဲ့ ချစ်လိမ့်မယ်။ ကိုယ်ဆိုးသမျှ အနွံအတာခံပြီး သူစိတ်အလိုမကျရင်တော့ မျက်ရည်လေး ကလယ်ကလယ်နဲ့ ဖြစ်လိမ့်မယ်။ ဘ၀မှာ ကြုံတွေ့ရမဲ့ အခက်အခက်တွေကို လက်တွဲမဖြုတ်ပဲ ရင်ဆိုင်ပေးမဲ့သူမျိုးပါ။ ခေတ်ပညာ တက်ပြီး အစွမ်းအစရှိတဲ့သူ၊ ဆရာလုပ် အမိန့်ပေးနိုင်တဲ့သူပါ။


မြန်မာသက္ကရာဇ်မသိတဲ့ သူငယ်ချင်းတွေအတွက် တွက်နည်းတစ်ခုသင်ပေးလိုက်မယ်။အင်္ဂလိပ် သက္ကရာဇ်ထဲက 638 ( ဒေ၀ီ လို့အလွယ်မှတ်ထားနော်) ကို နှုတ်လိုက်ပါ။
ဥပမာ - 1982 မွေးတဲ့သူဆို 638 နှုတ်လိုက်ရင် ၁၃၄၄ မြန်မာသက္ကရာဇ်ရပါတယ်။

တခုမှတ်ထားရမှာက မြန်မာသက္ကရာဇ်ကို တန်ခူးလက စတာမို့လို့ ၁လ၊ ၂လ၊ ၃လပိုင်းနဲ့ ၄လပိုင်းသင်္ကြန်မတိုင်ခင်

မွေးတဲ့သူများကတော့ ရတဲ့အဖြေကို ၁တိုးယူပါ။ ၁၃၄၄ ဆို ၁၃၄၃ ပေါ့။ နားလည်မယ်ထင်ပါတယ်။ စိတ်ကူးနဲ့

ဖဲရိုက်နေတဲ့ ကိုကိုတွေ အမှန်လေးနဲ့တွေပါစေ……………:)

 

မေတ္တာဖြင့်..

ကိုကိုမှော်ဆရာလေး

Email : kokohmawsayarlay@mawcity.com

အပျိုလေး အပျိုကြီးတွေအတွက် ဘ၀လက်တွဲဖော်

မြန်မာ့ရိုးရာလက်ဆန်း နည်းလေးပါ။ မိန်းခလေးတွေအတွက် သီးသန့်ပါ။ အရွယ်ရောက်တဲ့ မိန်းခလေးတွေက အစ အရွယ်လွန် အပျိုကြီးတွေ တခါတရံ တခုလပ် အိမ်ထောင်ပျက် အစရှိတဲ့ အမျိုးသမီးတွေမှာ ချစ်စကားကမ်းလှမ်း ခံရတာ မေတ္တာရှိကြောင်း ပြောလာတာ၊ လက်ထပ်ခွင့် ပန်လာတာ တွေရှိပါလိမ့်မယ်... ရင်ခုန်ရတာ တဖက်၊ကြည်နူးရတာ တမျိုးနဲ့ နောက်ဆုံးတကယ် ချစ်တာမှ ဟုတ်ရဲ့လားဆိုတဲ့ စိုးရိမ်စိတ်က ပေါ်လာစမြဲပေါ့၊ ဒီပညာလေးကလွယ်ပါတယ်။ ဒါပေမယ့် လျှော့မတွက်ပါနဲ့ တကယ်မှန်တာ။ တကယ်ချစ်မချစ် တွက်စစ်ကြည့်မယ်နော်.

အဆင့်(၁)
ကိုယ့်ကို ချစ်စကားလာပြောတဲ့သူရဲ့ နာမည်အပြည့်အစုံကို ဗေဒင်သင်္ချာဂဏန်းတွေအဖြစ် ပြောင်းပါ။ အက္ခရာနဲ့သင်္ချာ ဂဏန်းတွဲပြထားပါတယ်၊ ဗျည်းကိုသာယူပါတယ်..။

အမည်ဗျည်းအက္ခရာ ဗေဒင်သင်္ချာဂဏန်း
အ ၊ ဥ ၊သြ                -        
က ခ ဂ ဃ င             -        
စ ဆ ဇ စ် ည             -        
ယ ရ လ ၀                -        
ပ ဖ ဗ ဘ မ              -        
သ ဟ                     -        
ထ တ ဒ ဓ န             -        

ဥပမာ - ကို အောင် ကျော် ဌေး ဆိုပါတော့ ရှေ့က(မောင်၊ကို၊ဦး) အစရှိတာတွေကိုဖယ်။
အောင်ကျော်ဌေး= အ +က+ ဌ
၁ + ၂+ ၇=၁၀
ဒီသဘောပါပဲ တခြားအမည်တွေလဲ ဒီသဘောပါပဲ..။

အဆင့်(၂)
နောက်ပြီး ကိုယ်ရောက်နေတဲ့ အသက်။ ကို့ရဲ့ မွေးနံ သင်္ချာဂဏန်း နဲ့ပေါင်းထား ပါ။

မွေးနေ့ မွေးနံသင်္ချာဂဏန်း
တနင်္ဂနွေ ၁
တနင်္လာ ၂
အင်္ဂါ ၃
ဗုဒဟူး ၎
ကြာသပတေး ၅
သောကြာ ၆
စနေ ၇

ဥပမာ မိမိရဲ့ အသက်က (၂၅) နှစ်ထဲရောက်နေရင် ဟို (၂၄) နှစ်ပြည့်ပြီးရင် အဲဒါ (၂၅) ပဲနော်..
မိမိက ကြာသပတေးနေ့ မှာမွေးတယ် ဆိုပါစို့။
ချစ်ရေးဆိုခံရသူ အသက်=၂၅
ချစ်ရေးဆိုခံရသူ၏ မွေးနေ့ သင်္ချာနံ =ကြာသပတေး= ၅
အသက် + မွေးနံသင်္ချာ= ၂၅+၅=၃၀
ချစ်ရေးဆိုသူ နာမည်ကို ဂဏန်းနဲ့ဖွဲ့ထားတဲ့ အဆင့်တစ်က ရလဒ်နဲ့ ချစ်ရေးဆိုခံ ရသူရဲ့ အသက် မွေးနံသင်္ချာ ပေါင်းရထားတဲ့ အဆင့် (၂) က ရလဒ် နှစ်ခုလုံးကို ပေါင်းပြီး ခုနှစ်ဂဏန်းနဲ့ စားပါ။

အကြွင်းကိုကြည့်...။
အဆင့် ၁ ရလဒ်= ၁၀
အဆင့် ၂ ရလဒ်= ၃၀
၂ ခုပေါင်း =၁၀+၃၀=၄၀
၄၀ ကို ၇ နဲ့စားပါ အကြွင်းက ၅ ပါ..။

အကြွင်း ( ၁ ) ကနေ( ၀ ) ထိ ရေးပေးထားပါတယ်။ ကိုယ့်ကို ချစ်စကားဆိုသူက ၂ ယောက် ၃ ယောက်ဆိုရင် သူတို့နာမည် တွေနဲ့တွက်ကြည့်ပေါ့နော့်....။နောက်ဆုံးရတဲ့ အကြွင်းကိုကြည့်ပြီး လိုရာသုံးပေရော့..။



အကြွင်း၁။ ။ ရပါက သူ့စကားကတော့ မှန်ပါတယ်။ တကယ်ချစ်နေတာပါ။ ဒါပေမယ့် လက်ထပ်တဲ့အထိတော့ကိုယ့်

အပေါ်မှာ မစဉ်းစားသေးဘူးနော်။ လက်ထပ်မယ်လို့ ပြောလာရင်လဲ အပေါ်ယံပြောတာ။ တကယ် လက်ထပ် နိုင်တဲ့ အခြေအနေ လတ်တလောသူ့မှာ မရှိသေးဘူး။ သူ့မှာ ဖြေရှင်းစရာ။ ရင်ဆိုင်စရာ မိဘအသိုင်းအ၀ိုင်း ကြားထဲက ချစ်နေရတာ။ ချစ်သူဘ၀နဲ့ တွဲသွားတွဲလာ အဖော်အနေနဲ့တော့ ကောင်းပါတယ်။ ဒါပေမယ့် အိမ်ထောင် ဖက်တော့ ဖြစ်လာမှာမဟုတ်ပါဘူး ဆိုတာသေချာပါတယ်။ ချစ်တိုင်းလဲ မညားဆိုတဲ့ စကားကို သတိရပါ..။

အကြွှင်း၂။ ။ ရခဲ့ရင်တော့ ဟန်ကျတာပဲ။ သူ့အချစ်က တကယ့်ကို စံတင်လောက်တယ်။ သူတကယ်ကြီးကိုချစ်နေ တာ။ သနားဖို့ကောင်းပါတယ်။ သူ့ဘ၀သူ့အချစ် သူ့မေတ္တာအားလုံး ကို့ကိုပုံပေးပြီး အဖြေ တုံ့ပြန်မှုကို တကယ် မျှော်လင့်နေတာ။ သဘောကျလောက်တဲ့ အနေအထား ကိုလိုလားတဲ့ အခြေ အနေများရှိရင် လက်ခံသင့် တဲ့သူပါ။ တခုတော့ရှိတယ်နော်။ သူကတကယ် လက်ထပ်မှာလို့ပဲပြောတာ။ ကိုက မစဉ်းစားသေးဘူး ဆိုလည်း သူက နောက်ဆုတ်သွားမှာပါ..။ အနှောက်အယှက်မပေးပါဘူး..။

အကြွင်း၃။ ။ ရရင်တော့ ဒီစကားမျိုး ရှင်ပြောတာ များပြီထင်ရဲ့ ကျွန်မက နံပါတ်ဘယ်လောက်လဲလို့မေးလိုက်တော့။

 မျက်နှာများတဲ့သူပဲ။ ကို့ကိုသဘောကျ တွဲချင်တာပဲရှိပါတယ်။ လေးလေးနက်နက် ချစ်တဲ့အနေအထားတော့မဟုတ်

ဘူးနော်။ လက်ထပ်ပေါင်းသင်းဖို့ နေနေသာသာ ရေရှည်ချစ်ပါ့မလား တောင်မသိ။ ကိုယ်ကလက်ခံမိရင် ကို့အပြင် သူနောက်ထပ် တယောက်တွဲနေတာတို့ ကို့ကိုပစ်ထားလိုက်။ ပြန်လာလိုက်နဲ့ ချစ်တမ်းကစားနေတာတို့ လုပ်အုံး မှာ။ အသည်းကွဲ ကာကွယ်ဆေး ထိုးပြီးမှ ချစ်ပေါ့။ ဒါပေမယ့် ကမ္ဘာမှာ အဲဆေး မပေါ်သေးဘူးနော်..။ မိတ်ဆွေ လောက်နဲ့ပဲ ထားဖို့ကောင်းပါတယ်။

အကြွင်း၎။ ။ ရရင် တကယ်ချစ်နေတာပါ။ အတည်ပြောတာပါ။ ကို့ကို မြတ်နိုးနေတာမှသဲသဲ လုပ်ပဲ။ ကို့အတွက်ဆို ဘာကိုရင်ဆိုင်ရစေ ခိုင်မြဲတဲ့အချစ်နဲ့ မြတ်မြတ်နိုးနိုး တစ်သက်တာ လက်တွဲမယ့်သူပါ။ သူက စကားနည်းတယ်။ ဒီမေတ္တာစကားပြောဖို့တောင် တော်တော်အရှိန်ယူရပုံပဲ။ ကိုယ့်အပေါ် သူတတ်အားသလောက် တင့်တင့်တယ်တယ် ထားမှာ အမှန်ပဲ။ သဘောကျရင် စဉ်းစားဖို့ တကယ်ကောင်းတဲ့သူပေါ့။ သူ့ဝန်းကျင် အသိုင်းအ၀န်း။ သူ့အနေ အထားတွေကို မိန်းကလေးပီပီ ထည့်တွက်ပေးမယ်။ အချစ်ဘက်ကတော့ အမှတ်ပြည့် တကယ်ပေးထားတယ်။ ကို့သဘော ကို့အလို တကယ်လိုက်ပြီး ကို့မျက်နှာ အညိုးမခံရအောင် သူ့ဘက်က တကယ်ဆောင်ရွက်ပေးမှာပါ. လက်ခံလို့ရတယ်။ သူဘက်က လက်ထပ်ဖို့ သေချာပါတယ်။ အချိန်ယူပြီး စဉ်းစားဆုံးဖြတ်ပေါ့..။


အကြွှုင်း၅။ ။ရပါက သူကိုယ်တိုင်တောင်ဒီစကားပြောတာသေချာရဲ့လား မသိနိုင်ဘူး။ တခါတလေ ကို့ကိုချစ်လိုက်။ တစ်ခါတလေ ကို့ကို မေ့ထားလိုက်လုပ်မှာပါ..။ ရည်းစားစကားပြော ချစ်ခွင့်ပန်ပြီး ဒီစကားပဲ သူမပြောသလိုလို။ တခါလောက်ပြောပြီး ကိုက မူပြီး အချိန်ဆွဲထားရင် ကြားထဲမှာထပ်အဖြေ တောင်းတော့မှာ မဟုတ်ဘူး။ သူက တကယ်ချစ်တတ်သူမှ ဟုတ်ရဲ့လား။ သူ့ရင်ထဲမှာ အသည်းနှလုံးရော ရှိရဲ့လား..။ ဆိုတာကို လေ့လာသူ့စိတ် သူ့ပါတ်ဝန်းကျင် နဲ့ကို အဆင်ပြေပါ့မလား..။ တွေးကြည့်ပေါ့။ ငြင်းစရာ မှိလောက်အောင် ပြည့်စုံလို့ လက်ခံမယ် ကိုကချစ်သာနေပြီး မဆွတ်ခင်ကညွတ် ချင်ချင်ဖြစ်ပြီး သူလာပြောတာနဲ့ အဖြေပေးခဲ့မိရင် လက်ထပ်ဖို့တော့ အချိန်လေးယူပါအုံး..။

အကြွင်း၆။ ။ ရပြီဆိုရင်တော့ တကယ်ကောင်းတဲ့သူ ဆိုတာသတ်မှတ်လိုက်ပါ။ သူ့မေတ္တာကအမှန်တည်ငြိမ်ပါတယ်။

 ကိုယ့်မှတပါး နောက်တယောက်ထားမှာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ အတိတ်မှာဘယ်လောက်ရှုပ်ရှုပ်ကိုနဲ့ကျမှတည်တည်

ငြိမ်ငြိမ်ဖြစ်မှာ။ အသက်အနေအထား ဖြတ်သန်းရတဲ့ ၀န်းကျင်တွေ ကြားထဲမှာ ပေါက်ဖွားလာတဲ့ အချစ်စစ်။ တကယ် လက်ထပ် သင့်တဲ့သူပေါ့။ သူကသိပ်ချစ်တတ်တဲ့သူ။ ကို့အလိုတကယ်လိုက်မှာ။ ရေရှည် တည်မြဲပါတယ်။ ကို့မိဘ ကို့အသိုင်းအ၀ိုင်း သူ့မိဘ သူ့အသိုင်းအ၀ိုင်းသာ စပ်ဟပ် လို့ရရင်တော့ ကောင်းပြီးသား အောက်မေ့ပေတော့.။။။

အကြွင်း ၀ ။ ။ ရရင်တော့ မဟန်ပါဘူး။ ကန်တော့ဆွမ်းပါပဲလို့။သူ့အချစ်နဲ့ကိုယ့်နဲ့ မထိုက်တန်ပါဘူး။ ဟိုမရှင်း ဒီမရှင်း အရှုပ် ထုတ်ထဲကို့ပါဆွဲသွင်းနေတာ။ သူ့ကို သွားကြိုက်မိလို့ကတော့ ငါးပါးမှောက်ပြီ သာမှတ်။ ရှေးစကား နဲ့ပြောတာ မှတ်မိသေးတယ် ဒူးနဲ့မျက်ရေသုတ်နေရမယ်။ သူ ချစ်စကားကလဲ မဟန် ချစ်ရေးဆိုပုံကလည်း တစ်မျိုး နှင့် မလည်မ၀ယ် မိန်းကလေးများဆိုရင်တော့. .တာ့တာ။ ပညာပါပါနဲ့သာ ဖယ်ထုတ်လိုက်ပါ။ ယောင်လို့များ သွား မတွဲနဲ့ ယူလို့လဲ မကောင်း မယူမိရင်လဲ နောက်လိုက်နောင့်ယှက် ဒုက္ခပေးပြီး အရှက်ခွဲမယ့် သူပေပဲ။ အလိမ္မာ လေးနဲ့ ငြင်းလိုက်ပါ။ ဒီနည်းက ချစ်ရေးဆိုချိန်ကို အဓိကထားပြီး ပြန်အဖြေမပေးခင်ချိန်ဆနိုင်အောင်ပေးထားတာပါ။

 ချစ်သူရှိပြီးသား လူတွေနဲ့ပတ်သတ်ပြီးတွက်ကြည့်ချင်ရင်တစ်ဖက်လူကို့ချစ်စကားပြောခဲ့တဲ့အသက်နဲ့ချိန်ပြီးတွက်။

ရည်းစားမရှိသေးသူတွေကလည်း ဘယ် အသက်မှာ ဘယ်နာမည်မျိုးနဲက လူကအချစ်စစ် ကမ်းလှမ်း လာမယ် ဆိုတာ ဥာဏ်ကစားပြီး တွက်ကြည့်ပေါ့နော့်..။

မေတ္တာဖြင့်..

ကိုကိုမှော်ဆရာလေး

Email : kokohmawsayarlay@mawcity.com

**နတ်သမီးဖန်ဆင်းတဲ့ မှော်ဆရာလေးရဲ့ အလွမ်းဇာတ်လမ်း** အပိုင်း (၁၀ ) မှ (၁၂) ထိ

အခန်း (၁၀)
ကြားလိုက်ရတော့ ပျော်ဝင်သွားပါသည်။ ကျွန်တော် ဖုန်းသံကို
မျှော်နေမိပါသည်။ဝမ်းသာအားရသွားကိုင် လိုက်ပါသည်။ သူဆိုတာကို ကျွန်တော်
သေချာသိနေပါသည်။
"ဟယ်လို"
"ပြည့်စုံ ပျော်နေလား။"
"အင်း ဟုတ်တယ်..ဖုန်းသံကြားလိုက်ရလို့ပျော်သွားတာ။"
"မျှော်နေတယ် မလား..။သိတယ်နော်။"
"ကျွန်တော်မျှော်နေတာကို သိတယ်..ဟုတ်လား"
"သြော်..ယုံသေးဘူးနဲ့တူတယ်။"
"ယုံပါတယ်..။ကျွန်တော်ဒီနေ့ဘာလုပ်လဲ"
"မေးတိုင်းဖြေမယ်လို့ ပြည့်စုံက ထင်ထားတာလား။ ဒါမှမဟုတ် မယုံလို့မေးတာလား။"
"ဒါဆို ကျွန်တော် တစ်ခုပြောမယ်နော်..။"
"အင်း..ပြောလေ.."
"ကျွန်တော်..နတ်သမီးနဲ့တွေ့ချင်တယ်။ ရနိုင်မလား။"
"ရနိုင်ပါတယ်.."
"ဒါဆိုဘယ်လိုလုပ်ရမလဲ..ပြောပြပါလား"
"လွယ်လွယ်လေးပါ။ ရက်ပေါင်း(၆၀) တိတိ ဈေးရှေ့မှာ နတ်သမီးနဲ့တွေ့ချင်တယ်လို့
တစ်နေ့ကိုအကြိမ်ရေ(၆၀)တိတိ သွားရွတ်လိုက်ပါ။ ခစ်..ခစ်"
"ဟာ..ကျွန်တော် ပြောခဲ့တာကြီးလာပြောနေတယ်။"
"ဟုတ်လား..သိပါဘူး"
"ကဲပါ..တွေ့ချင်တယ်..ပြောပြကွာ.."
"မပူပါနဲ့..ပြည့်စုံရယ်..အချိန်တန်ရင်တွေ့ရမှာပါ။ ပြည့်စုံနဲ့
နတ်သမီးနဲ့ကတွေ့ဖို့ကံပါပါတယ်။"
"ဟုတ်လား…သေချာလား။ ဘယ်တော့လဲ"
"အသေခံသွားမယ်..ပြောဘူး.."
"ဒီလိုကြေးလား ရတယ်လေ..နတ်သမီးကို ကျွန်တော်ရအောင်ရှာမယ်…မြင်အောင်ကြည့်မယ်။"
"နတ်သမီးနဲ့ ဗေဒင်ဆရာမလေးဟာ အတူတူပဲလို့ ကျွန်တော်ထင်ထားတယ်။မေတ္တာမှန်ရင်
တွေ့မှာပဲလေ."
"ဟုတ်ပြီလေ..မှော်ဆရာလေး..ပညာတွေအစုံသုံးပေတော့"
"မှော်ဆရာလေး ..နတ်သမီးကိုတွေ့မယ့်နေ့ကို စောင့်နေမယ်လေ..တာ့တာနော်..။"
ဖုန်းချသွားပါသည်။အွန်ပေါ်မှာတုန်းက လာမေးသော နတ်သမီးဟာ
သူလားဆိုတာကိုတောင်မမေးလိုက်မိဘူးဗျာ.။

အခန်း (၁၁)
ဒီနေ့တော့ ဘာမှ လုပ်ချင်စိတ်မရှိပါ။ ရှာဖွေလေ.တွေ့ရှိလေ..မဖြစ်ဘဲ.။
ရှာဖွေလေ..မတွေ့ရှိလေ။ ဖြစ်နေပါသည်။
ရန်ကုန်တစ်မြို့လုံးလည်း ဖွတ်ဖွတ်ညက်ညက်ကြေနေပါပြီ။ မိုးပေါ်မြေအောက်
အကုန်ဖွင့်ရှာတာတောင်မှ မတွေ့နိုင်ပါ။ ဟူး…
ဘယ်မှာလဲ ..နတ်သမီးရေ..။ ငါ့ကိုလည်းပြန်ကြည့်ပါဦး..။
တစ်ကယ်ရှာတဲ့နေ့တွေမှာ..မင်းဆီက ဖုန်းလည်းမဆက်..
အရိပ်အရောင်လေးတောင် မမြင်ရတော့ ငါ ရူးချင်လာပြီကွာ..။
"ပြည့်စုံရေ..ငါတော့ ခြေတိုချင်နေပြီ"
"တောင်းပန်ပါတယ်သူငယ်ချင်းတို့ရယ်..ငါ့ အိမ်မက်လေးကို အကောင်အထည်ပေါ်ချင်လို့ပါ။"
"အေးပါသူငယ်ချင်းရယ်..ကောက်ရိုးပုံထဲက အပ်ကမှ
ရှာလို့လွယ်ချင်လွယ်ဦးမယ်။မင်းဟာကမလွယ်လို့ပါ။"
"ရှာရမှာ ငါ့တာဝန်လေ..တွေ့ချင်တာကိုးကွ။"
မင်းကို က ပြောလာပါသည်။
"ငါတို့ လူခွဲရှာရင် ကောင်းမလား။"
ကျော်စွာက ပြောလာပါသည်။ တင့်ဆန်းကလည်း ..
"အေးလေ..ဒီနေ့မင်းကိုငါတို့ ကူညီနေတယ်လေ..လူခွဲရှာရင် ပိုကောင်းတာပေါ့"
"တွေ့နိုင်ခြေ ရာခိုင်နှုန်းများတယ်လေကွာ..ဘယ်လိုလဲ"
ပြောလည်းရမှာ မဟုတ်တဲ့အတူတူ လက်ခံလိုက်ရပါတော့သည်။ ဒါကြောင့် ကျွန်တော်ကလည်း
"အေးကွာ..ညနေ(၆)နာရီမှာ ပြန်ဆုံကြမယ်။တွေ့ရင် တွေ့တဲ့သူက
ဖုန်းလှမ်းဆက်လိုက်။အမြန်လာခဲ့မယ်။"
ကျော်စွာ၊တင့်ဆန်း၊မင်းကို တို့ တာဝန်ကိုယ်စီခွဲပြီး
ထွက်သွားကြပါတော့သည်။ ကျွန်တော်ကတော့ ဥတ္တရယာဉ်စွန်းတန်းကို ရှာဖွေဖို့
တာဝန်ပေးခြင်းကို ရရှိလိုက်ပါသည်။ ရှာရမှာပေါ့လေ..မတွေ့မချင်းပေါ့။
လမ်းခွဲကြတော့ နေ့လည်(၂) နာရီထိုးနေပါပြီ။ လိုက်ရှာတာ ညနေ
(၄)နာရီကျော်သည်အထိ မတွေ့သေးပါ။
စိတ်ညစ်ညစ်နှင့် သွားမိသွားရာ ထွက်လာခဲ့ရာ ဆိပ်ကမ်းဘက်သို့ရောက်လာပါသည်။
တစ်ဖက်ကမ်းသို့ ပြန်မည့် သူများကို ကြည့်ရင်း လေညှင်း၏အေးမြမှုကို
ခံစားနေမိပါသည်။ ရင်ထဲကအပူမီးကိုတော့ မငြိမ်းနိုင်သေးပါ…။
နတ်သမီးရေ…။ မင်းဘယ်မှာလဲကွာ…။
ညက မှောင်သည်ထက်မှောင်လာပါသည်။ ကျွန်တော်လည်း ရှာလို့ကို
မတွေ့နိုင်သေးပါ။ နာရီကိုကြည့်မိတော့ ကိန်းဂဏန်းတွေက
၂၁နာရီကျော်နေကြောင်းကို ပြနေပါသည်။ ဖုန်းလည်း ၀င်လာပါသည်။ကျော်စွာတို့က
မင်းဘယ်မှာလဲဟု မေးနေပါသည်။ ကျွန်တော်ရှိနေသောနေရာကို ပြောပြလိုက်ရင်း
ထိုနေရာမှာပဲ စောင့်နေလိုက်ပါသည်။
လူလည်း စိတ်ထွေထွေနှင့် ဆိပ်ကမ်းအနားရှိ အုတ်ခုံပေါ်မှာ
လဲအိပ်နေလိုက်ပါသည်။ ကျွန်တော့်မျက်လုံးများက ကောင်းကင်ပြင်ကြီးကို
မော့ကြည့်ရင်း တွေ့လေးမလားဟု တွေးနေပါသည်။
ကျွန်တော်ဘယ်လောက်တွေးနေလဲတော့ မသိပါ။ ကျော်စွာ
ပုခုံးကိုလှုပ်နှိုးလိုက်မှ သတိဝင်လာပါတာ့သည်။
"ဟေ့ကောင် အိပ်လို့မှပျော်ရဲ့လား"
"ဘယ်အချိန်ကတည်း အိပ်နေလဲမှ မသိတာ"
"လမ်းဘေးမှာ အိပ်ရတာထက်တော့အများကြီးတော်မှာပေါ့။"
ကျွန်တော်လည်း လာဖောက်နေတဲ့ သူငယ်ချင်း သုံးယောက်ကို
..ဘာမှမပြောလိုက်ပါဘူး။ မွေ့ယာပေါ်အိပ်မှ မဟုတ် ပါဘူး။
ကျောက်လမ်းပေါ်အိပ်သူကလည်း နတ်သမီးအိပ်မက်ကို မက်ခွင့်ရှိပါတယ်။ ဒါတွေကို
သူတို့ သိပုံမပေါ်လို့ ကျွန်တော် လည်း ဘာမှမပြောလိုက်ပါဘူး။
သူတို့နဲ့အတူပြန်လာရင်း အတွေးတွေဝေေ၀စီစီ နှင့်လိုက်လာခဲ့ပါသည်။
တစ်လမ်းလုံးစကားမပြောသော ကျွန်တော့် ကို လည်း သူတို့က..
"နတ်သမီးက ဖမ်းစားသွားပြီလားမသိဘူးနော်..။"
လို့ ပြောနေပါတော့သည်။
ကျွန်တော်လည်း ပြန်လာတဲ့ လမ်းတစ်လျှောက်လုံး….
နတ်သမီး…
နတ်သမီး…
နတ်သမီး…
နတ်သမီး… ဟုသာ တွင်တွင်ရေရွတ်နေမိပါတော့သည်။

အခန်း (၁၂)

မနက်စောစောသာရှိပါသေးသည်။ ဖုန်းလာတယ်ဟု မေမေကပြောပါသည်။အခန်းထဲသို့လွှဲလိုက်ရာ..
"ဟယ်လို..နိုးနေပြီမလား"
"ဟုတ်ကဲ့..နိုးနေပါပြီ"
"တွေ့အောင်လည်းမရှာဘူး"
"ရှာတာပဲ..တွေ့မှမတွေ့တာကို.."
"သဲလွန်စပေးမယ်..သေချာရှာလေ…"
"အင်း..စိတ်ဝင်စားတယ်..ဒါပေမယ့်မပေးနဲ့။"
"ဘာလဲ..သိက္ခာကျတယ်ထင်မှာစိုးလို့လား"
"ဟုတ်တယ်"
"ပြည့်စုံကလည်း..ရယ်ရတယ်နော်"
"ဘာလို့ ? "
"ဒီကတွေ့စေချင်လို့ဟာ.."
"အကြွေးတင်ရင် အကျေဆပ်ရတာ..သိလား။"
"အင်း…သိတယ်။နက်ဖန်လာခဲ့လေ..ဆပ်မှာပေါ့..။"
"ဘယ်နေရာကိုလာရမှာလဲ"
"ရတယ်..လာချင်တဲ့နေရာကို လာခဲ့ ။စောင့်နေမယ်..ဟုတ်ပြီလား။ သနားလို့နော်..ခစ်..ခစ်"
"သနားစရာမလိုပါဘူးဗျ..ရပါတယ်"
"အင်းပါ..ဖုန်းချလိုက်တော့မယ်။လာခဲ့နော်"
နက်ဖန်ကိုတွေးကြည့်ပြီး ရင်တော့နည်းနည်းခုန်သွားပါသည်။ ထို့ကြောင့်
ကိုယ့်ရင်ဘက်ကို ကိုယ်ပြန်စမ်းကြည့်မိ ပါသည်။
ဟုတ်တယ်..ချစ်တယ်..ချစ်တယ်တဲ့..။
အချစ်ဆိုတာ..ဘာနဲ့တူလဲဆိုတော့….ဘာနဲ့မှမတူဘူးဗျ..။
ဟုတ်တယ်လေ..တစ်ခုခုနဲ့တူနေရင် အချစ်ဆိုတာကြီးက
ပုံတူပစ္စည်းကြီးဖြစ်နေမှာပေါ့။ ရှင်းရှင်းလေးရှင်းပြမယ်..။အချစ်ဆိုတာ
…ဘာမှ မဟုတ်ဘူး..။ အချစ်ပဲ..။ ဟိုအရင်တုန်းက ကျွန်တော့်ကိုမေးဖူးတဲ့
မေးခွန်းလေးကို ပြန်ဖြေပြရရင်..ဒီလိုပါ။
ကိုပြည့်စုံ(ခ)ကိုကိုမှော်ဆရာခင်ဗျာ..
ကျွန်တော်မရှင်းတာတစ်ခုရှိနေလို့ပါ..။ အဲ့ဒါကတော့..ကျွန်တော်က
ကောင်မလေးတစ်ယောက်ကိုချစ်မိသွားတော့ ချစ်ကြောင်းကြိုက်ကြောင်းတွေ
ပြောမိတာပေါ့ဗျာ..။ ဘယ်လိုချစ်ပါတယ်..ဘာညာပေါ့ဗျာ..။ တစ်ခုပြီးတစ်ခု
ပုံခိုင်းနှိုင်းပြီး ပြောတာပေါ့လေ..။ သူကတော့
ကျွန်တော်ပြောတာပြီးအောင်နားထောင်ပါတယ်။ ပြီးသွားတော့မှ နင်ပြောတာ
အချစ်တစ်ခု မှမပါဘူး။
တစ်ကယ်ချစ်တက်မှပြန်လာခဲ့ဆိုပြီးလှည့်ထွက်သွားပါတယ်။
သူပြောတာကို ကျွန်တော်နားမလည်ဘူးဗျ။ ကျွန်တော်ကတော့ တစ်ကယ်ချစ်တာပါ။
ဒါပေမယ့် သူကတော့ လုံးဝ လက်မခံဘူးဗျာ..။ကျွန်တော် ဘာမှားသွားလဲ..မသိဘူး။
ဆရာသိရင်လည်း ကျွန်တော့်ကို ကူညီပါဦးဗျာ..။ကျေးဇူးမမေ့ပါဘူး။
ငြိမ်းစည်သူ..တဲ့။
အဲ့လိုမေးထားတာပါ..။ သူမေးထားတာကတော့ အရှည်ကြီးရေးပြီး မေးထားတာပါ။
ကျွန်တော်ကတော့ လို-တို-ရှင်း ရေးထား တာပါ။ အမှန်တော့ သူနားမလည်လို့ပါ။
ချစ်လို့ပါပဲ…။ ရှင်းရှင်းလေးပါ..ချစ်တာက ချစ်လို့ပါ။တခြားဟာတွေမပါပါဘူး။
ကျွန်တော်လည်း ခဏလေးအတွင်းမှာချစ်မိသွားတာပါ။
အချိန်အများကြီးယူဖို့တောင်မလိုပါဘူး။ ချစ်မိသွားတာပါပဲ။
အဲ့ဒီတော့..နက်ဖန်ကို မျှော်နေရတာပေါ့လေ..။ ဘယ်မှာရှာရမလဲတာင်
မစဉ်းစားမိသေးဘူး။
စာဖတ်သူလည်း စဉ်းစားကြည့်ပေါ့လေ…။ ကျွန်တော် ချစ်မိတာ ဘာမှားလဲ..။
ပြောစရာ တစ်ခုတော့ ရှိတာပေါ့လေ.။ နတ်သမီးကို ကျွန်တော်မမြင်ဘူးသေးဘူး။
ဗေဒင်ဟောတဲ့ဆရာမလေးနဲ့ နတ်သမီးနဲ့က အတူတူပဲလား ဆိုတာလည်း မသိသေးဘူး။
သေချာတာကတော့ မနက်ဖန်ကို လွမ်းတဲ့ညကို ကြုံတွေ့နေရခြင်းပါပဲ..။
နတ်သမီးရေ….ကောင်းကင်မှာ..ကြယ်တွေ လွင့်ဝေနေပြီလား…မြေပြင်မှာလည်း
ပန်းတွေပွင့်နေပါပြီ…ရင်ခွင်မှာ မျှော်လင့်နေတာ….နတ်သမီးလား….။
ဗေဒင်ဟောတဲ့ဆရာမလေးလား..။ ကျွန်တော်လည်း မသိတော့ပါဘူးဗျာ….။

မနက်ဖြန်ကိုလွမ်းတဲ့ည

♥ တို့နှစ်ယောက်ရဲ့ အနာဂတ်ကို..
လွမ်းကြရအောင် ကလေးရေ..။
♥ မင်းရဲ့အတိတ် ၊အဆိပ်သင့်ည
ထိုကာလကို…
အိပ်ခွင့်ထာဝရပေးလိုက်ပါ။
♥ ဒီညတော့…
မင်းရဲ့အိပ်မက်၊ မင်းရဲ့အတွေး
မင်းရဲ့ရင်ခွင်၊ သံယောဇဉ်တွေကြားမှာ
ကိုယ့်ကို…
ခိုနားခွင့်ပြုပါ။
♥ ကိုယ့်ရဲ့ရင်ခွင်ကတော့
မင်းပြုသမျှ၊ နားလည်ပြဖို့အတွက်
လှပစွာရဲဝံ့နေလိမ့်မယ်။
♥ ဒီည …
ကိုယ်မျက်ရည်ကျတယ်..
ဒါဟာ…
အနာဂတ်ကိုကြိုလွမ်းခြင်းလည်း ဖြစ်လိမ့်မယ်..။
ကံကြမ္မာကိုတောင်းပန်ခြင်းလည်း ဖြစ်လိမ့်မယ်…။
♥ ဒါမှမဟုတ်..
မနက်ဖြန်အတွက်
မင်းကို ရှာဖွေခြင်းလည်း ဖြစ်လိမ့်မယ်။
♥ မင်းလှည့်စားသွားယုံနဲ့တော့
ကိုယ်မငိုပါဘူး ကလေးရယ်..။
♥ လောကကြီးကို နားလည်ထားသူတစ်ယောက်အနေနဲ့
မင်းအပေါ် ခွင့်လွှတ်တက်ဖို့အတွက်
ကိုယ်ဘာများခက်နေလို့လဲ။
♥ မင်းမှာ…
နာကျင်စရာတွေ
ကျန်ရှိနေဦးမယ်ဆိုရင်
ကိုယ့်ကို လက်ဆောင်ပေးပါ။
♥ မင်းဟာ…
ကိုယ့်ရဲ့ လရောင်နွေး
♥ မင်းဟာ…
ကိုယ့်ရဲ့ နေရောင်ခြည်
♥ မင်းဟာ…
ကိုယ့်ရဲ့ နွေးထွေးဖော်
♥ မင်းဟာ…
ကိုယ့်ရဲ့ မနက်ဖြန်
♥ မင်းဟာ…
ကိုယ့်အတွက်
ရာသက်ပန် ကဗျာတစ်ပုဒ်ပါပဲကွယ်..။
♥ မင်း….
အိပ်မက်တွေ မက်နေလား
ဒါ…
အာရုံများကို လှည့်စားခြင်းဖြစ်တယ်..။
♥ မင်းရဲ့အိပ်မက်တွေ
လှပစေဖို့
ကိုယ့်အသည်းနှလုံးကို
ခေါင်းအုံးပြီးအိပ်ပါ။
♥ မင်းရဲ့ စကားသံချိုချိုလေးတွေကို
ကိုယ်…နားထောင်ချင်ပါတယ်။
♥ ကိုယ့်ရဲ့ စကားတွေကိုလည်း
မင်း …ကြားယောင်နေစမ်းပါ။
♥ ဒါဟာ…
မင်းရဲ့ အနာဂတ်အတွက်
ကိုယ့်ရဲ့
ချစ်ခြင်းလက်ဆောင် ဖြစ်လိမ့်မယ်။
♥ ပျော်ပါရဲ့လား ကလေး
တွေးကြည့်စမ်းပါကွယ်
ဝေးလွင့်ခြင်းနဲ့ မကြုံရစေဖို့
မင်း ….
ဘာဆုတွေ တောင်းနေသလဲ။
♥ မင်းရဲ့
ဆုတောင်းခြင်း နောက်တော်ပါးက
ကိုယ့်ရဲ့ တမ်းတခြင်းကတော့
အနာဂတ်ကို လွမ်းဆွတ်ခြင်းပဲ ဖြစ်တယ်..
♥ မင်းနဲ့ပတ်သတ်မှ
ကိုယ်
မနက်ဖြန်ကို စိတ်ဝင်စားခဲ့ပြီ။
♥ ဘာပဲဖြစ်ဖြစ်
မနက်ဖြန်မှာ မျက်နှာသစ်ဖို့
မင်းရဲ့ချစ်ခြင်းတွေ လိုအပ်တယ်။
♥ ကိုယ်….အလွမ်းဆုံးကတော့
မင်းရဲ့….
မနက်ဖြန်တွေကိုပါပဲ…..။ ။
မှတ်ချက်။ ။အဆိုပါကဗျာသည်…ဆရာ မောင်လှမျိုး(ချင်းချောင်းခြံ)
ရေးသားထားသော ကဗျာ ဖြစ်ကြောင်းရိုးသားစွာ ၀န်ခံအပ်ပါသည်။
နောက်တစ်ပတ်ကျမှ ဆက်လက်ဖတ်ရှုပါရန်…။ ဝေဖန်အကြံပေးမှုများကို မျှော်လင့်လျှက်…
စာရေးတဲ့ နန်းညွန့်ဦး ပါ..။

သင်ရောင်းချင်တာတွေ အမြန်ရောင်းထွက်ရန်

မိတ်ဆွေများ ဆီမှ ရောင်းမစွံတဲံ ပစ္စည်းများ ရှိနေရင်
ဒီယတြာကိုသာချေလိုက်ပါ။ အဆင်ပြေသွားပါမယ်။
လူပျိုကြီး ၊အပျိုကြီးတွေတော့ တာဝန်မယူဘူးနော်..။ ကြိုပြောထားတာ..။
ဟဲ..ဟဲ.။စတာပါ။ သူတို့တွေကိုလည်း စွံစေချင်တယ်ဆိုရင်.. နောက်တစ်ပတ်ကျမှ
တင်ပေးပါမယ်..။ လုပ်ကြည့်နိုင်ပါတယ်..။

တနင်္ဂနွေနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ဇီးကိုင်း
တနင်္ဂနွေနေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၈)ချက်
တောင်အရပ်


ဥပမာ သင်သည် အိမ်၊အိုး၊ အုပ်၊ အိမ်ဆောက်ပစ္စည်း၊ အုန်း၊ အုန်းဆီ ၊
အုန်းသီး အစရှိသော တနင်္ဂနွေနံ ပစ္စည်းများ အရောင်းသွက် အငှားသွက်လိုပါက
တနင်္ဂနွေနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း တောင်အရပ်ကို မျက်နှာမူ၍
ဇီးကိုင်းဖြင့် (၈)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု
ပြောဆို၍ ရိုက်ပါ။

တနင်္လာနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ပေါက်(သို့) ပျဉ်းမ
တနင်္လာနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၉)ချက်
အနောက်တောင်အရပ်

ဥပမာ သင်သည် ကား၊ ကျောက်၊ ခြံ၊ ကြက်၊ ငါး ကွမ်း အစရှိသော တနင်္ဂနွေနံ
ပစ္စည်းများ အရောင်းသွက်လိုပါက တနင်္လာနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း
အနောက်တောင်အရပ်ကို မျက်နှာမူ၍ ပျဉ်းမကိုင်းဖြင့် (၁၉)ချက်ရိုက်ပါ။
အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

အင်္ဂါနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... အုန်း(သို့)အင်ကိုင်း
အင်္ဂါနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၆)ချက်
အနောက်အရပ်

ဥပမာ သင်သည် အင်္ဂါနံ - ဆန် ၊ ဆီ၊ ဆေး၊ ဆား၊ စက် ၊ စာအုပ်၊ စက္ကူ၊
စားသောက်ကုန်၊ စားသောက်ဆိုင် အစရှိသော အင်္ဂါနံနံ ပစ္စည်းများ
အရောင်းသွက်လိုပါက အင်္ဂါနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း အနောက်အရပ်ကို
မျက်နှာမူ၍ အုန်းညွန်/ကိုင်းဖြင့် (၆)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက်
အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

ဗုဒ္ဓဟူးနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ၀ါး/ရွက်လှ
ဗုဒ္ဓဟူးနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၇)ချက်
အနောက်မြောက်အရပ်

ဥပမာ ရွှေ၊ ရေ၊ အလှကုန်၊ ၀ါး၊ လယ်၊ အစရှိသော ဗုဒ္ဓဟူးနံ ပစ္စည်းများ
အရောင်းသွက်လိုပါက ဗုဒ္ဓဟူးနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း
အနောက်မြောက်အရပ်ကို မျက်နှာမူ၍ ၀ါးကိုင်းဖြင့် (၁၇)ချက်ရိုက်ပါ။
အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

ကြာသပတေးနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ကံ့ကော် / ခရေ
ကြာသပတေးနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၅)ချက်
အရှေ့မြောက်အရပ်

ဥပမာ သင်သည် မြေ၊ ဖုန်း။ ပဲ၊ မုန့်လုပ်ငန်း၊ ပန်းချီကား၊ ပိုစတာ၊ ပန်း
အစရှိသော ကြာသပတေးနံ အရောင်းသွက် လိုပါက ကြာသပတေးနေ့ နံက်(၇း၃၀)မှ
(၉း၀၀)အတွင်း အရှေ့မြောက်အရပ်ကို မျက်နှာမူ၍ ကံ့ကော်ကိုင်းဖြင့်
(၁၅)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍
ရိုက်ပါ။

သောကြာနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... ဒန်း/ထိန်/ဓနိ
သောကြာနေ့နေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၁၀)ချက်
အရှေ့တောင်အရပ်

ဥပမာ သင်သည် သွတ်၊ သံ ၊ သစ်၊ သင်္ဘော ၊ သစ်သီး၊အစရှိသော သောကြာနံပစ္စည်းများ
အရောင်းသွက် လိုပါက သောကြာနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း
အရှေ့တောင်အရပ်ကို မျက်နှာမူ၍ ထိန်/ဒန်း/ဓနိကိုင်းဖြင့် (၁၀)ချက်ရိုက်ပါ။
အမြန်ဆုံး ရောင်းထွက် အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

စနေနံပစ္စည်းများ အမြန်ရောင်းထွက်ရန်
ရိုက်ရန်အညွန့်/အကိုင်း.....
ရိုက်ရန်အချိန်.....
ရိုက်ရန်အရေအတွက်.....
မျက်နှာမူရန်အရပ်..... သီး/သပြေ
စနေနေ့ နံက် (၇း၃၀)မှ (၉း၀၀)အတွင်း
(၂၁)ချက်
မြောက်အရပ်

ဥပမာ သင်သည် ထီ၊ အထည်၊ ဖိနပ်၊ လျှပ်စစ်၊ နွား၊ အစရှိသော စနေနံပစ္စည်းများ
အရောင်းသွက်လိုပါက စနေနေ့ နံက်(၇း၃၀)မှ (၉း၀၀)အတွင်း အနောက်တောင်အရပ်ကို
မျက်နှာမူ၍ သီးကိုင်းဖြင့် (၂၁)ချက်ရိုက်ပါ။ အမြန်ဆုံး ရောင်းထွက်
အမြန်ရောင်းထွက်ဟု ပြောဆို၍ ရိုက်ပါ။

မှတ်ချက်- နည်းစနစ်ကား (ဦးညို၊ခေမာ၊သုတ၊ဝေရီ၊ရန်စီစီ) ဟူသော
ကိန်းအတိုင်း ရန်ဓာတ်ကိုင်းနှင့် ရန်ဓာတ်နံ၏ ဂြိုဟ်သက်အတိုင်း
ဆပွတ်ကာလအချိန်တွင် ဘုမ္မိအရပ်ကို မျက်နှာမူ၍ ရောင်းလိုသော ပစ္စည်းကို
ရိုက်ခြင်းပင်ဖြစ်၏။

နန်းညွန့်ဦး
Email : sayartarot731@gmail.com
Ph : 01 .8100 465

မှတ်ချက် ၊ ။ အထက်ပါ Post ကို ဆရာဟိန်းတင့်ဇော်ထံမှ ခွင့်တောင်းရယူထားပါသည်။
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့)
Email; Sayaheintintzaw@gmail.com / Ph;+66 87 415 0022

ဝါရင့်ဓါတ်ပုံဆရာတွေလို ဓါတ်ပုံရိုက်ကြမယ်..။

အခုဆိုရင် ၀ါလကင်းလွတ် သီတင်းကျွတ်ပြီမို့ မင်္ဂလာဆောင်မယ့် ကိုကို
မမတွေ..အလှူလုပ်မယ့်သူတွေ..ဘွဲ့ယူမယ့် မောင် မယ်များ အတွက်
ဝိုင်းဝန်းကူညီအကျိုးတော်ဆောင်ပေးမယ့် ဓါတ်ပုံဝါသနာရှင်များအတွက် တစ်ကယ့်
ဝါရင့် ဓါတ်ပုံ ဆရာ တွေလို ဓါတ်ပုံရိုက်နည်းများကို
ရှင်းလင်းပြောပြပေးသွားပါမယ်။ ကျွန်တော် သိသလောက်ပေါ့ဗျာ..။
စဦးဆုံးပြောမှာကတော့ ဓါတ်ပုံကောင်းရအောင် ရှောင်ရမယ့် နည်းတွေပါ။
(၁) နေရှိရာဘက်ကို မျက်နှာမူပြီး ဓါတ်ပုံမရိုက်ပါနဲ့။
နေရှာရာဘက်ကိုမျက်နှာမူပြီး ဓါတ်ပုံရိုက်မယ်ဆိုရင်.. မှန်ဘီလူးထဲကို
နေအလင်းကစူးပြီးဝင်လာမှာမို့ ကင်မရာမှာ ၇ှိတဲ့ Auto Exposure ကို
အမြင်မှောက်မှားအောင် လုပ်နိုင်ပါတယ်။ ဒါဆိုရင်..ဘာဖြစ်နိုင်မလဲ..။
ရိုက်လိုက်တဲ့ပုံမှ လူတွေကို အလင်းတွေကဖြန့်ကျက်နေပြီး ပုံရိပ်ကောင်းကို
ရနိုင်တော့မှာမဟုတ်ပါ။ အရောင်တွေ ပျောက်ကုန်မှာပါ။ ဒါကြောင့်
ရှောင်ပါနော်။
(၂) Auto Exposure ကိုကြီးပဲ အားမကိုးပါနဲ့။
ကင်မရာထဲမှာ EV ဆိုတဲ့ခလုပ်ကလေးကိုတွေ့နိုင်မှာပါ။ မတွေ့ရင်လည်း
ရှာကြည့်ပေါ့ဗျာ။ ရှိပါတယ်။ ပတ်ဝန်းကျင် မှာ အရမ်းလင်းနေတယ် ၊
နေပူနေတယ်ဆိုရင် EV ကို လျော့ပေးပါ။ ဥပမာ - (-0.3 , -0.7 ) ထားကြည့်ပြီး
ရိုက်ပါ။ ပတ်ဝန်း ကျင်မှောင်နေတယ်ဆိုရင်.. EV ကို တိုးပေးပါ။ ဥပမာ -
(+0.3 , +0.7 ) ထားကြည့်ပြီး ရိုက်ပါ။ ဓါတ်ပုံကို ပိုမို ကောင်းမွန်
စေနိုင်ပါတယ်။
(၃) Auto ကိုပဲ ခဏခဏ အားမကိုးပါနဲ့။
အပျော်တမ်းကင်မရာတွေကော.. စီးပွားဖြစ်ကင်မရာတွေပါ.. Auto , Manual
,Program လို့ခေါ်တာတွေပါပါတယ်။ ဖြစ်နိုင်ရင် M တို့ P တို့တွေကို
စမ်းသုံးကြည့်ပါ။ ဓါတ်ပုံရိုက်တော့မယ်ဆိုရင် ..အရင်ဆုံး အလင်းအတွက် ISO
ကို ချိန်ပါ။ 100 သို့မဟုတ် 200 ပေါ့ဗျာ.. ။ ညဘက်ဆိုရင် 400 တို့
ဘာတို့ပေါ့ဗျာ..။ ပြောင်းလဲအသုံးပြုပါ။ ပြောချင်တာကတော့ Auto ကိုပဲ
အားမကိုးပါနဲ့။
(၄) ဓါတ်ပုံရိုက်ရင် အလင်းပြန်နေတဲ့ အရာတွေကို သတိထားပါ။
ကိုယ်ကတော့ လောကြီးပြီး ရိုက်ပြီးတော့မှ ဓါတ်ပုံထွက်လာမှ
အလင်းတွေပြန်နေမယ်ဆိုရင် အားလုံးအလကားပါပဲ။ မရိုက်ခင်သေချာကြည့်ပါ။
Location ကို သေချာရွေးချယ်ပါ။
(၅) နောက်ခံ ဘက်ဂရောင်းကို သေချာကြည့်ပါ။
ဓါတ်ပုံမရိုက်ခင် သေချာကြည့်ထားပါ။ ရိုက်ပြီးတော့မှ ဓါတ်ပုံထဲမှာ
သင့်ကောင်မလေးခေါင်းကိုဖောက်ထွက်နေမယ့် သစ်ကိုင်းတွေ.. ဓါတ်ကြိုးတွေ..
ဝါးလုံးတွေကို တွေ့နေရပါဦးမယ်။ အဲ့လိုဖြစ်သွားရင်..စိတ်ညစ်စရာကြီးပါ။
ရှိသေးတယ်.. အနောက်ကနေ နောက်ပြောင်နေသူတွေရှိရင် တစ်ပုံ
နှစ်ပုံလောက်ကျေနပ်အောင်ရိုက်ပေးပြီး ဖယ်ခိုင်းပါ။ လုံးဝ မတင့်တယ် ပါဘူး။
သစ်ပင်လှလှလေးတွေ အဆောက်အဦကောင်းကောင်းကို
နောက်ခံထားပြီးရိုက်မယ်ဆိုရင်လည်း သတိထားကြည့်ပါ။
(၆) အပိုဆောင်ထားပါ။
ခေတ်က Digital ခေတ်ဖြစ်နေတော့ Memory Card တို့ Battery တို့
အပိုဆောင်ထားပါ။ Error ပေါ်သွားရင် သင် ငိုသွားရပါလိမ့်မယ်။ ကျန်သေးတယ်။
ရိုက်ပြီးသားနဲ့ မရိုက်ရသေးတာနဲ့လည်း မမှားပါစေနဲ့။ သင်မသိသော
ခလုပ်များကို ဓါတ်ပုံရိုက်ကူးနေချိန်မှာ မကလိပါနဲ့။ ရှိသမျှလေး
ကုန်သွားနိုင်ပါတယ်။
(၇) ကြိုညှိထားပါ။
ရိုက်ကူးနိုင်တဲ့ Location တွေကို ကင်မရာမင်းကြီးနဲ့ သရုပ်ဆောင်တွေနဲ့
ကြိုညှိထားပါ။ ရောက်မှ ရိုက်မယ်ဆိုရင် အခက်အခဲတွေ့နိုင်ပါတယ်။
ကြိုညှိထားရမှာကတော့ ရိုက်ကူးရေးအခြေအနေပေါ်မူတည်ပါတယ်။ လေ့လာကြည့်ပါ။
(၈) အရိပ်ကြီးပါနေမယ်..သတိ။
ဓါတ်ပုံရိုက်ရာမှာ ကင်မရာမင်းကြီးရဲ့ အရိပ်ကြီးပါမနေအောင်
နှစ်ဦးနှစ်ဘက် သတိထားပေးပါ။ အဲ့..နောက်တစ်ခု ကျန်သေးတယ်။
ဓါတ်ပုံရိုက်ရာမှာ ပုံရိပ်ရွဲ့စောင်းနေခြင်း နှင့် တချို့သော
မိတ်ဆွေများကို ဓါတ်ပုံထဲမှာ ဖြတ်မထားခဲ့ပါနဲ့။ ဥပမာ
..ခေါင်းပြတ်သွားတာမျိုး.. လက်ပါမလာတာမျိုးတွေပေါ့ဗျာ….။ လုပ်ရဘူးနော်..။
(၉) ဖြတ်သားကျန်ပါစေ..။
ဓါတ်ပုံရိုက်ရာမှာ ကင်မရာထဲမှာ မရိုက်ခင်ကတည်းက ဘေးဘက်မှာ
နေရာလွတ်နည်းနည်းတော့ ချန်ပေးပါ။ ပုံ ဆိုဒ်ချိုးရာတွင်ဖြစ်စေ..
ဓါတ်ပုံထုတ်ရာတွင်ဖြစ်စေ.. စက်ကဖြတ်တက်လို့ပါ။ ကြိုချန်ထားမှ
အဆင်ပြေနိုင်ပါမည်။
(၁၀) လိုအပ်လျှင် White Balance ကို ချိန်ပေးပါ။
နေပူထဲရောက်လျှင် Sunlight ၊ မိုးအုံ့နေလျှင် Cloud ၊
ဖလပ်မီးသုံးလိုလျှင် ..Flash ၊ မာကျူရီမီးရောင်အောက် ရောက်လျှင်..
Incandescent စသဖြင့် ရွေးချယ်ပြီးမှ အသုံးပြုပါ။ ဖြစ်နိုင်ရင် Auto ကို
မသုံးပါနဲ့။ ကင်မရာမင်းကြီးကို အထင်သေးသွားပါလိမ့်မည်။
(၁၁) လူပုံ ဓါတ်ပုံရိုက်သည့်အခါ သိထားသင့်သော ဆောင်ရန်/ရှောင်ရန် အချက်များ
(က) ဓါတ်ပုံအရိုက်ခံမယ့်သူ၏ မျက်လုံးများသည် ကင်မရာနှင့် အမြင့်ချင်းတူညီ ရပါမည်။
(ခ) သာမန်သူများကိုဓါတ်ပုံရိုက်သည့် အခါ တက်နိုင်သမျှ ကင်မရာကို
အပေါ်စည်းမှ မရိုက်သင့်ပါ။ မဖြစ်မနေ ရိုက်ရပါက
ဓါတ်ပုံအရိုက်ခံမည့်သူကို ကင်မရာအား
မော့ကြည့်ခိုင်းရပါမည်။ထိုကဲ့သို့ပင် အောက်မှလည်း ပင့်မရိုက်သင့်ပါ။
အကယ်၍ ပင့်ရိုက်ချင်ပါက Model ကို ကင်မရာဘက်သို့ ငုံ့ကြည့်ခိုင်းရပါမည်။
(ဂ) Model သည် ကိုယ်ခန္ဓာ ထွားပြီး " Õ " နေတယ်ဆိုရင် ကင်မရာကို
ရှေ့တည့်တည့်မှ မရိုက်သင့်ပါဘူး။မဖြစ်မနေရိုက်ရ
မည်ဆိုလျှင် လက်ထဲတွင် အကူပစ္စည်း တစ်ခုခု (ဥပမာ-ပန်းစည်း)
ကိုင်ခိုင်းပြိးမှ ရိုက်သင့်ပါသည်။ ပန်းခြံ လိုနေရာမျိုး
တွင် ဓါတ်ပုံရိုက်မည်ဆိုလျှင် ပန်းခြုံ နှင့်ကွယ်ပြီးမှ
ဓါတ်ပုံရိုက်သင့်ပါတယ်။ အုပ်စုပုံ ရိုက်မည် ဆိုလျှင်လည်း ဘေးဘက်
အစွန်ဆုံးနေရာများတွင် " Õ " သည့်သူကို မထားသင့်ပါ။ကင်မရာ၏
မှန်ဘီလူးကြောင့် ဘေးဘက်တွင်ရှိသောသူကို ပိုပြီး
" Õ " စေနိုင်ပါသည်။ ကင်မရာ ပို အနည်းငယ် အပေါ်စီးမှထားပြီး
ရိုက်သင့်ပါသည်။ ထပ်မံသိသ့င်သည်မှာ " Õ "
သောသူကို ဘယ်တော့မှ ကင်မရာကိုအောက်မှ ပင့်ပြီး မရိုက်သင့်ပါ။
(ဃ) ဓါတ်ပုံရိုက်ခံမည့်သူသည် " uိန် " တယ်ဆိုပါက ကင်မရာကို
ရှေ့တည့်တည့်မှ ရိုက်သင့်ပါသည်။
(င) လူပုံတွေကို ဓာတ်ပုံရိုက်သည့်အခါ မရိုက်မီ ကိုယ်ရိုက်မည့်သူ၏
အားနည်းချက် အားသာချက်များကို ရှာဖွေကြည့်ရှုသင့်
ပါသည်။တချို့သူတွေ၏ မျက်နှာများသည် ဘယ်ဘက်မှ ရိုက်ရင်လှနေပြီိး၊
တချို့သောသူများကတော့ ညာဘက်မှရိုက်မှ
လှတာမျိုးရှိသည်ကို သိရှိလေ့လာထားရန်လိုပါသည်။

ဒီတစ်ပတ်အတွက် အထူးလက်ဆောင်ကတော့ မင်္ဂလာမောင်မယ်များအတွက်
ရိုက်ကူးရေးဆိုင်ရာ ရိုက်ခွင်တွေကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) သတို့သား နှင့်သတို့သမီး ကင်မရာကိုတည့်တည့်ကြည့်နေပုံ ၊
တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေပုံ
(၂) သတို့သမီး တစ်ဦးတည်း အလှပုံ ၊ သတိုးသား တစ်ဦးတည်း
(ခပ်သန့်သန့်လေးပေါ့ဗျာ) အခန့်ပုံ ။
(၃) သတို့သား ၊သတို့သမီး နှင့် လူပျိုရန် ၊ အပျိုရန် များနှင့် ပုံ
(၄)မင်္ဂလာမောင်မယ်နှင့် နှစ်ဖက်မိသားစုများ တွဲပါလျှက် မင်္ဂလာအုပ်စုပုံ (
၃/၄ ) ပုံလောက်ရိုက်ထားပါ။
(၅)ဧည့်သည်များနေသားတကျထိုင်နေကြသည့် မြင်ကွင်းဓါတ်ပဲ။
(၆) မင်္ဂလာမောင်မယ်တို့က ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေပုံ ၊ ဧည့်ခံနေပုံ။
(၇) သတို့သမီးနှင့် အပျိုရန်များ ၊ ကျောင်းနေဘက်များ ၊ သူငယ်ချင်းများ ၊
တူ တူမ များနှင့်ပုံ ။
(၈) သတို့သားနှင့် သူငယ်ချင်းများ ၊ကျောင်နေဘက်များ၊ ညီအကို မောင်နှမများနှင့်ပုံ။
(၉) သတို့သမီး မိတ်ကပ်လိမ်းပြီးပုံ ၊ ကားပေါ်တက် /ဆင်းလာပုံ။
(၁၀) မင်္ဂလာမောင်မယ်တို့ ခန်းမထဲသို့ဝင်ရောက်လာပုံ။
(၁၁) မင်္ဂလာမောင်မယ်တို့ တစ်ဦးကို တစ်ဦး ကြည်နူးစွာ စားသောက် (ခွံ့ကျွေး)နေပုံ။
(၁၂) မင်္ဂလာမောင်မယ်နှင့် မိဘများ စင်မြင့်ပေါ်တွင် ထိုင်နေသောပုံ။
(၁၃) လက်ဖွဲ့ကောင်တာမှ အလှပဂေးများနှင့် မင်္ဂလာမောင်မယ် တွဲလျှက်ပုံ ၊
လက်ဖွဲ့များနှင့် ဘေးတစ်စောင်းပုံ။
(၁၄) ပွဲပြီးမှ နှစ်ဖက်မိဘ ရှိခိုးကန်တော့နေပုံ ၊ သြ၀ါဒ ခြွေနေသောပုံများ။
(၁၅) လက်ဖွဲပစ္စည်းများ ဖောက်နေသောပုံ ၊ အိပ်ယာခန်းထဲတွင်ဖြစ်ပါက ပိုကောင်းပါသည်။
(၁၆) မင်္ဂလာမောင်မယ်များ မင်္ဂလာအာဘွားပေးပုံ ။
(၁၇) လာရောက်ကူညီသော မိတ်ဆွေများနှင့် အမှတ်တရပုံ။
(၁၈) မင်္ဂလာ ရွှေကြိုးတား ၊ခဲဖိုးတောင်းနေသောပုံ.။ ကင်မရာမင်းကြီးက
ရှေ့သို့ ကြိုသွားပြီး ရိုက်ပါ။
(၁၉) မင်္ဂလာပန်းကြဲနေသောပုံ ၊ မင်္ဂလာမောင်မယ်များ လျှောက်လှမ်းလာသောပုံ..။
(၂၀) ကိုယ်တစ်ပိုင်း အလှပုံများ ။
အဲ့ဒါတွေက မပါမဖြစ်ပါရမယ့်ပုံအမျိုးအစားတွေပါ။ ကင်မရာမင်းကြီးက
ကြိုတင်လေ့ကျင့် မှတ်ထားရမှာဖြစ်ပြီး ၊ မင်္ဂလာ မောင်နှံနှစ်ဖော်နှင့်လည်း
ကြိုညှိထားရန် လိုအပ်ပါသည်။

ဓါတ်ပုံ ရိုက်ကူးရေးအတွက် ဆက်သွယ်လိုပါက
နန်းညွန့်ဦး ( ဖုန်း -၀၁ . ၈၁၀၀ ၄၆၅ ) သို့ဆက်သွယ်နိုင်ပါသည်။
နယ်အောက်ဒိုးဖြစ်ပါက ခရီးသွားလာစရိတ်နှင့် အထွေထွေစရိတ်များကို
တာဝန်ယူရပါမည်။
Email : nnophoto@gmail.com , kokohmawsayarlay@mawcity.com

အသည်းကွဲသူများသို့

မှော်ဝင်မြို့ထဲမှာ ကဗျာတွေ.. အက်ဆေးတွေ..၀တ္ထုတိုလေးတွေ တင်ဆက်ပေးလာတာများလာတော့ ကျွန်တော့် Gmail ဖြစ်တဲ့ nnophoto@gmail.com ထဲကို စာလေးတစ်စောင်ရောက်လာပါတယ်..။

မေးထားတဲ့သူကို မဖော်ပြပေးနိုင်ပေမယ့် သူမေးထားတာကတော့  ကိုနန်းညွန့်ဦး ရော..အသည်းကွဲဖူးပါသလား တဲ့လေ..။  ဒါကြောင့် ကျွန်တော်က ဒီလိုဖြေပေးပြီး အများကြည့ှ်ုနိုင်ဖို့ တင်ပေးလိုက်ပါတယ်…။

"ကိုနန်းညွန့်ဦး  အသည်းကွဲဖူးလား"

"ဟင်အင်း မကွဲဖူးဘူး"

"ဒါဆို အကိုက ကံကောင်းတာပေါ့"

"မဟုတ်ဘူး.. ညီတော် အတွေးမှားနေတာ..။ အသည်းဆိုတာ ကွဲစရာ မဟုတ်ဘူး။ လောကမှာ ဘယ်အရာမဆို ချစ်တက်ဖို့ပဲ

လိုတယ်..။ ချစ်သောမျက်စိနဲ့ကြည့်ရင် အရာအားလုံး လှပတယ်။ အမှန်တော့ အသည်းကွဲတယ်ဆိုတာ ခံစားမှု တစ်ခုပါ။

အဲ့ဒီ ခံစားမှုက ရွေ့ပြောင်းလို့ရတယ်..။ ဥပမာ - အချစ်ကနေ အမုန်းဆီကို…အလွမ်းဆီကို…ကြိုက်သလိုရွေ့..အသည်းတော့

အကွဲမခံနဲ့..။"

"သြော်..ဒီလိုလား။"

"အေးပေါ့ .. ရှင်းရှင်းပြောရရင်.. အချစ်နဲ့ မတန်ရင် အချစ်ရဲ့ အဝေးဆုံးမှာနေ..။ တန်တဲ့သူတွေ အလုပ်လုပ်မယ်..။"

 

** အသည်းကွဲတယ် ဆိုတဲ့ သူတွေဟာ.. အချစ်နဲ့ မတန်တဲ့သူတွေပဲ..။**


နန်းညွန့်ဦး

Email : nnophoto@gmail.com

နောက်ဆုံးမက်ခွင့်

ကံကြမ္မာဆူးခတ်တွေနဲ့

သွေးချင်းချင်းထွက်အောင် ရိုက်ခတ်

ရင်ခွင်မှာပြိုဆင်းတဲ့ နတ်သမီး

အသည်းကွဲစီးချင်းကို

စီးလို့ ကလို့ နေခဲ့ပေါ့..။


နန်းညွန့်ဦး

Email : nnophoto@gmail.com

ကျန်ရစ်သူ

ရယူခြင်းမဲ့တဲ့အချစ်နဲ့

အနန္တများစွာချစ်ခဲ့

ငါပျိုးတဲ့ပန်း

ငါ့ကြောင့် မလန်းဆန်းမှာ

စိုးထိပ်နေရသူပါ….။

 

လမ်းခရီးနီးပေမယ့်

အဝေးကြီးလျှောက်ခဲ့ရတယ်

မလှပတဲ့ဘဝ

စာစဉ်တွေလုပ်ပြီး

ချမပြချင်သူပါ..။

 

လမ်းပင်လယ်မှာ

တစ်ပွင့်ကြွေ တစ်ပွင့်ဝေနဲ့

အပြိုင်းအရိုင်း လှပနေလိုက်တာများ

နားလည် ခံစားစေချင်လိုက်တာ..။

 

ဘာမှမလိုချင်ဘူး

ဒါပေမယ့် အားလုံးကို ပိုင်ဆိုင်ချင်နေတယ်..

လွင့် …ဝေ….ကြွေ…မျော

နေရတဲ့ဘ၀မှာ

တစ်ယောက်ထဲနေရတာ..

လွမ်း….လိုက်…တာ…။


နန်းညွန့်ဦး

Email : nnophoto@gmail.com

ပြိုင်မျဉ်း

ယူကလစ် ဂျီသြမေကြီက ပြောတယ်

မျဉ်းပြိုင်နှစ်ကြောင်းက ဘယ်တော့မှ မဆုံဘူးတဲ့..။

 

ရိုင်မန် ဂျီသြမေကြီကတစ်မျိုး ပြောတယ်

မျဉ်းပြိုင်နှစ်ကြောင်းဟာ အင်ဖန်နတီမှာ ဆုံတယ်တဲ့..။

 

ကောင်မလေးရေ..

နင်နဲ့ငါဟာ မျဉ်းပြိုင်တွေဆိုရင်…

ငါ … ရိုင်မန်ကိုပဲ လက်ခံလိုက်တော့မယ်..။

 

အင်ဖန်နတီဆိုတာ

တစ်ကယ်တော့ မဝေးပါဘူးဟာ…

အဆုံးသတ်က ငါတို့ရင်ထဲမှာပါ။

ဒါပေမယ့်

အသိဥာဏ် ရိက္ခာတွေတော့

ငါ .. ဖြည့်တင်းထားရလိမ့်မယ်..။

 

နန်းညွန့်ဦး

Email : nnophoto@gmail.com

ခစားခွင်

အို..အချစ်နတ်ဖုရားမ

အက်ပရိုဒိုက်

ဘယ်လိုကျိန်စာမျိုးနှင့်

ငါ့ရင်ကို စီးမိုးထားလေသနည်း…

 

သူ့အလှအား မြင်တွေ့စဉ်

တခဏ

ငါ့၏ရင်တွင်းမှ အသည်းနှလုံးတို့

တုန်ခါလှုပ်ယမ်းသွားသည်ကို

သင် မြင်လေသလော့..။

 

ချစ်သူ…(သခင်)

သင်၏ဆင်းလှအသရေကို

ရှိုက်ဖူးစဉ် အချိန်မှစ

ငါ၏ အသည်းနှလုံးအား

အချစ်စစ်မြှားတို့

တစိုက်စိုက်စူးဆင်း

တိုးဝင်နှစ်မြုပ်သွားလေ၏။

 

ငါသည်လည်း

သင့်ခြေရင်း ၀ပ်ဆင်း

သင်လိုရာ စေစားနိုင်သည့်

ချစ်ခြင်းတရား၏ ကျွန်ရင်း

တိုးသာ ဖြစ်လာလေသတည်း ။         


နန်းညွန့်ဦး

Email : nnophoto@gmail.com

ကောင်လေး

  ဒီကောင်လေး နှင့် ပတ်သက်ပြီး တွေးပြောပြောရရင် သူဘယ်တုံးကမှ စိတ်တိုင်းကျတယ်ရယ်လို့ မရှိခဲ့ဖူးဘူး။ မွေးကင်းစ အရွယ်လေးကတည်းက သူမျက်ခြေ မပြတ် စောင့်ကြည့်လာခဲ့တာ။ ကောင်လေးဟာ ငယ်ငယ်ကတည်းက ကျန်းမာရေး ချူချာတယ်။ သူများကလေးတွေထက် ပိုပြီး ငြိမ်ငြိမ်လေးနေတတ်တယ်။ တော်ရုံတန်ရုံ နှင့် မငိုတတ်ဘူး။ နောက်ပြီး ကျန်းမာရေးအရ လှုပ်လှုပ်ရှားရှား သိပ်မရှိဘူး။ ဒါကို သူအားမရဘူး။ ဘာဖြစ်လဲ ကလေး ဆိုတာ ငိုစရာရှိရင် ငိုရမယ်၊ ကစားရမယ်၊ လှုပ်လှုပ်ရှားရှား တက်ကြွနေရမယ်၊ ဒီလိုပဲ ဖြစ်နေရမှာပေါ့၊ သူ ငယ်ငယ်တုန်း ကလည်း ဒီအတိုင်းပဲ။ အမြဲတမ်း ဆော့နေတာပဲ။ အခုတော့ ဒီကောင်လေးကို သူ အားမရ ဖြစ်နေတယ်။ ဒါပေမဲ့ ကောင်လေးဟာ ဥာဏ်ကောင်းတယ်။ မျက်လုံး တောက်တောက်လေးတွေနဲ့ တစ်ချိန်လုံး တစ်ခုခုကို တွေးနေသလိုပဲ။ ဒါကို သူ ရိပ်မိတယ်။ သူ ကောင်လေး ကို အရိပ် တကြည့်ကြည့် လုပ်နေခဲ့တာကိုး။

            ဒီလိုနဲ့ပဲ ကောင်လေးဟာ သူ့မျက်စိအောက်မှာပဲ တဖြည်းဖြည်း ကြီးပြင်းလာတယ်။ သူနဲ့ ကောင်လေးရဲ့ ကြား မှာ နှစ်တွေဟာ တစ်နှစ်ပြီးတစ်နှစ် ဖြတ်သန်းသွားတယ်။ သူ့ဘဝနဲ့ ရင်းပြီးရလာခဲ့တဲ့ အတွေ့အကြုံနဲ့ သင်ခန်းစာတွေကို အခွင့်သာတိုင်း ကောင်လေးကို သူ ပြောပြခဲ့တယ်။ သူ မှားခဲ့ဖူးတဲ့ အမှားမျိုး၊ သူခံစားခဲ့ရဖူးတဲ့ ဆိုးရွားတဲ့ ခံစားမှုမျိုး ကောင်လေးရဲ့ ဘဝမှာ မကြုံတွေ့ရအောင် သူ အင်အား ရှိသလောက် ကြိုးစားခဲ့တယ်။ လောကကြီး အကြောင်း၊ အိပ်မက်တွေအကြောင်း၊ သောကနှင့် မာယာတွေ အကြောင်း၊ လူတွေ အကြောင်း ကောင်လေးနှင့် သူ ဆွေးနွေး ဖြစ်ခဲ့တယ်။ ကောင်လေးရဲ့ သတင်း တွေရယ် တဖြည်းဖြည်း ကျယ်ပြန့်လာတဲ့ သူမပါတဲ့ ကောင်လေးရဲ့ ပတ်ဝန်းကျင် ရယ်ကို အဆက်မပြတ်သူနားစွင့်ထားတယ်။                                                                             

            သူတစ်ယောက်တည်း ရှိတဲ့အချိန်တွေမှာ ကောင်လေးရဲ့အနာဂတ်ကိုပဲ သူစဉ်းစားနေတတ်ခဲ့တယ်။ သူ့ ရဲ့ ကောင်လေးဟာဘယ်သူနှင့်မှ မယှဉ်သာတဲ့ ကောင်လေး တစ်ယောက် ဖြစ်လာလိမ့်မယ်လို့တော့ သူ ယုံကြည်တယ်။ ဒါပေမဲ့ အခုအချိန်တွေအထိ ကောင်လေးကို သူ စိတ်တိုင်းမကျသေးဘူး။ သူ ကောင်လေးအတွက် အမြဲအားမလို အား မရ ဖြစ်နေတုန်းပဲ။ ဒါပေမယ့် ကောင်လေးကတော့ အများအလယ်မှာ အပြောအဆိုသိမ်မွေ့တယ်။ စကားပြော ကျွမ်းကျင် တယ်။ လိမ္မာတယ်။ ပါးနပ်တယ်။ သဘောကောင်းတယ်။ အကွက်မြင်တယ်။ အနေအထိုင်ပိရိတယ်။ တည်ငြိမ်တယ်။                
    တစ်နေ့တော့ကောင်မလေးဓာတ်ပုံတစ်ပုံကိုကောင်လေးရဲ့စာကြည့်စားပွဲပေါ်မှာသူအမှတ်မထင်တွေ့လိုက်တယ်။အဲဒီအချိန်ကစပြီး သူ့ရဲ့စိတ္တဇဟာ ပိုပြီးပြင်းထန်လာတယ်။ ကောင်လေးရဲ့ အပေါင်းအသင်းလေးတွေကိုရော၊ လူတွေ အကုန်လုံးကိုရော၊ နောက်ဆုံး ကောင်လေးရဲ့ အမေကိုတောင် သူ မယုံတော့ဘူး။ လောကမှာ ရှိတဲ့ ဘယ်လို လူမျိုးကမှ ကောင်လေးကို သူ့လောက် တန်ဖိုးမထားနိုင်ဘူးလို့ သူ တစ်ထစ်ချ ယုံကြည်သွားတယ်။ နောက်ပြီး သူ မေ့ နေတာ တစ်ခု ရှိသေးတယ်။ သူ့ရဲ့ ကောင်လေးဟာ သူ့ ဖိနပ်ကို နေသားတကျ စီးနေနိုင်ပြီပဲ။
              အဲဒီ ညနေက မုန်တိုင်းတစ်ခုကို သူ တွေ့လိုက်တယ်။ ဓာတ်ပုံလေးတစ်ပုံကို အကြောင်းပြုပြီးကောင်လေးကို သူပြောခဲ့တဲ့ စကားလုံးတွေဟာ အရမ်းကို လေးလံမာကြောလွန်းနေတယ်။ သူသိတယ်၊ ကောင်လေးဟာ ဘာမှ နားမ လည်တဲ့ မျက်လုံးတွေနဲ့ သူ့ကို မော့ကြည့်နေခဲ့တယ်လေ။ သူ့ စကားလုံးတွေဟာ ဒါးစက်၊ လှံစက်တွေလို သူ့နားထဲ ပြန်တိုးဝင်နေတယ်။ ဒီလိုပဲ ကောင်လေးရဲ့ နားထဲက ပြန်လျှံကျနေတဲ့ သူ့ စကားလုံးတွေကို သူတွေ့နေတယ်။ နောက် တော့ ကောင်လေးဟာ သူ့ လက်ထဲက ဓာတ်ပုံလေးကို အေးအေးဆေးဆေး လှမ်းယူလိုက်ပြီး အပိုင်းအစ အသေးလေး တွေ ဖြစ်အောင် လုပ်ပစ်လိုက် တယ်။ သူရှေ့က စိတ်အေးလက်အေး ထွက်သွားတဲ့ ကောင်လေးဟာ သူ့အတွက် မေးခွန်းတွေ အများကြီး ထားခဲ့တယ်။ ကောင်လေး အတွက် အားမရမှုတွေဟာ သူ့ကျောပေါ်ကို တရွရွ တက်လာနေရင်း ကနေ သူစိတ်မကောင်း နည်းနည်း ဖြစ် သွားတယ်။

            ဒီလို အဖြစ်အပျက်မျိုး နောက်ထပ် ဖြစ်မလာတော့ဘူး။ ဒါပေမဲ့ ကောင်လေးနှင့်သူ့ရဲ့ ဆက်ဆံရေးဟာ ဒီအဖြစ် အပျက် နောက်ပိုင်း နည်းနည်း ပြောင်းလဲသွားတယ်။ ကောင်လေးဟာ ပတ်ဝန်းကျင်မှာ လူတော်လေး တစ်ယောက် ဖြစ်လာပြီး သူကတော့ ပတ်ဝန်းကျင် အတွက် လူ့ဂွစာ တစ်ယောက် ဖြစ်လာခဲ့တယ်။ တချို့နေရာမှာ သူနဲ့ တော်တော် လေး တူတဲ့ သူ့ရဲ့ ကောင်လေးဟာ သူ့ အမြင်မှာ ပိုပြီး နက်ရှိုင်းလာတယ်။ သူ့ ဆံပင်ဖြူတွေ များလာတဲ့ အချိန်မှာတော့ ထူးဆန်းတဲ့ ခံစားချက် တစ်မျိုး သူ့မှာ ရှိလာတယ်။ သူ့ကောင်လေးဆီက နွေးထွေးတဲ့ တစ်စုံတစ်ရာကို သူခံစားကြည့် ချင်လာတာပဲ။ ဒါဟာ ဘာလဲ။ အခုချိန်ထိတော့ သူ ကောင်လေးကို စိတ်တိုင်းမကျသေးဘူး။ စိုးရိမ်ပူပန်မှုတွေလည်း သူ့မှာ ရှိနေတုန်းပဲ။ ကောင်လေးနဲ့ ပတ်သတ်ပြီး သူစွန့်လွှတ်လိုက်ရတာတွေ အတွက်တော့ သူ ဘယ်တော့မှ နောင်တ မရဖူးဘူး။
                   နှစ်တွေ ကြာလာပြီးတဲ့ တစ်ချိန်မှာ ကောင်လေးဟာ အနာဂတ်အတွက် သူ့အရိပ်ထဲကနေ ခဏ ထွက် သွားတယ်။ ကောင်လေးမရှိတဲ့ အချိန်မှာ အရင်ကထက် စိတ်ပိုတိုတတ်လာတယ်။ ဒါဟာ ဘာလဲလို့လည်း သူ့ကိုယ်သူ ခဏခဏ မေးနေတတ်တယ်။ ကောင်လေး ဘာလုပ်တယ်ဆိုတာ သူမသိရတော့ဘူး။ ကောင်လေး အကြောင်း အမျိုးမျိုး တွေးကြည့်ပြီး သူ့ မျက်နှာဟာ သုန်မှုန်နေတတ်တယ်။ ပတ်ဝန်းကျင်နဲ့ သူအဆင်မပြေတော့ဘူး။ နိစ္စဓူဝ ကိစ္စတွေကို တောင် သူဒေါသဖြစ်နေတတ်တယ်။ ကောင်လေးနဲ့ ပတ်သတ်ပြီးတော့လည်း ပိုပြီး အားမလို အားမရ ဖြစ်လာတယ်။ တော်တော်ကြီး ဝေးကွာတဲ့ အရပ်ကို ရောက်နေတဲ့ ကောင်လေးကို သူနေ့တိုင်း စိတ်တိုင်းမကျဖြစ်နေတယ်။ကောင်လေး  သူကို နားမလည်ဘူးလို့ပဲသူ ယူဆနေတယ်။ "ဒီကောင်လေးဟာလေ" လို့လည်း မကြာခဏ သူ ပြောဖြစ်တယ်။ ဒါပေမဲ့ ကောင်လေး ပြန်လာတဲ့ အချိန်မှာ တော့ "နည်းနည်း ဝလာတယ်" ဆိုတဲ့ မှတ်ချက်ကလွဲပြီး သူ ဘာမှ မပြောခဲ့ဘူး။ ကျန်တဲ့လူတွေကသူ့အကြောင်းကောင်လေး ကို ပြောပြပြိး ကြိတ်ရယ်ကြတယ်။ ဒါတွေ သူသိတာပေါ့။ ဘာဖြစ်လို့လည်း မသိဘူး။ ဒါတွေကို သူကျေနပ် သလိုလိုပဲ။ နောက်ပြီး ကောင်လေးက သူ့ကို ပြုံးပြုံးလေး ပြောလိုက်တဲ့ စကားတစ်ခွန်း ကိုလည်း သူ ကျေနပ်မိသေးတယ်။
            နောက်ပိုင်း ကာလတွေမှာ ကောင်လေးက သူ့ဆီက မကြာခဏ ထွက်သွားလေ့ ရှိတယ်။ ဒါပေမဲ့ သူကို ပထမဆုံး အကြိမ်ကလောက် မထိခိုက်စေတော့ဘူး။ ခဏခဏ ထွက်သွားတတ်တဲ့ သူ့ရဲ့ ကောင်လေးအတွက် သူ နေသားတကျ ဖြစ်လာတယ်။ သူ့ စိတ္တဇတွေလည်း တဖြည်းဖြည်း လျော့ကျလာသလိုပဲ။

          သူလည်းနောက်ပိုင်းကာလတွေမှာ ကောင်လေးကို ဘာမှမပြောမိအောင် ကြိုးစားလာရပါတယ်။ သူ့ဘ၀နဲ့သူ နေပျော်ပါစေလိုလည်း ဆုတောင်းပေးနေရပါတယ်။ တစ်ခါတစ်လေမှာတော့ ကောင်လေးကို သူနားမလည်နိုင်ပါဘူး။ သူမတွေးမိတာတွေ သူမသိတာတွေကို ကောင်လေးက သိနေတက်နေတယ်။ သူ့ကိုလည်း ကြုံရင်တော့ ရှင်းပြပါတယ်။ နေထိုင်လာတဲ့ ပုံစံကလည်း အများအမြင်မှာ နားလည်ရခက်သလောက် ကောင်လေးတစ်ယောက်တည်း ရှိနေချိန်ကို မြင်လိုက်ရချိန်မှာ အထီးကျန်ဆန်နေတာ..ငိုကြွေးနေတာ..တွေဝေနေတာကို တွေ့လိုက်ရတယ်။ သူလည်း အံ့သြ လာတယ်။ သူထင်ထားတာက ကောင်လေးဟာ ပိုတော်လာတယ်။ ကောင်လေးဘ၀ဟာ လေးစားအားကျစရာ ဖြစ်လာတယ်။ အများ အလည်မှာ ၀င့်ထည်နေသလောက် တစ်ယောက်တည်းရှိနေချိန်မှာ ဘာလို့များ ဒီလိုဖြစ် သွားရတာလဲ။

          လူအများရှေ့ရောက်ရင် လေးစားစရာပုံစံမျိုးနဲ့ရှိနေပြီး တစ်ယောက်တည်းရှိနေချိန်ကျရင် သူမမြင်ဘူးတဲ့ ကောင်လေးရဲ့ ပုံစံတစ်မျိုးကို တွေ့နေရတယ်။ အဲ့ဒါကတော့ အားငယ်တွေဝေနေတဲ့ပုံစံပါပဲ။ သူဟာ သေသေချာချာ ကြီးကို ပျက်ယွင်းနေပြီ။ သေချာတာကတော့ ကောင်လေးဟာ သူဘ၀ကို စနစ်ကျနစွာဖန်တီးပြီး ဖျက်စီးနေတာပါပဲ။ တော်လိုက်တာ လို့ မချီးကျူးပဲမနေနိုင်ပါဘူး။ ဒါပေမယ့် အစွန်းရောက်နေပြီလို့လည်း သိလာရပါတယ်။ အဖြစ်အပျက် ဆိုတဲ့ စကားစုကို ဒီနေရာမှာ သေသေချာချာတွေ့နေရပါပြီ။ အရင်တုန်းကတွေ့ခဲ့ရတဲ့ ကောင်လေးရဲ့စားပွဲခုံပေါ်က ဓါတ်ပုံလေးတစ်ပုံကိုလည်း အခုမတွေ့တော့ဘူး။ ဓါတ်ပုံလေးနဲ့ပတ်သတ်တဲ့ စကားတွေကိုလည်း ရွှင်ပြပြုံးရွှင်စွာ ပြောတာကိုလည်း မကြားရတော့ဘူး။

          လူတွေရဲ့ကြားမှာလည်း ကောင်လေးကို မတွေ့ရတော့ဘူး။ ကောင်လေးမျက်နှာမှာ အပြုံးတွေကိုလည်းမတွေ့ရ တော့ဘူး။ ဒါပေမယ့် မဖြစ်မနေလူတွေရှေ့ကိုရောက်နေရင်တော့ ကောင်လေးဟာ ပုံစံကိုချက်ခြင်းပြောင်းလဲပစ် လိုက် တယ်။ ဟန်ဆောင်မှုတွေ ၊ မာယာတွေကို ကောင်လေးက ကျွမ်းကျင်နေပြီ။ ယောင်္ကျားဆန်တဲ့ ပရိယာယ်တွေကိုလည်း ကောင်လေး က တက်နေပြီ။ နကိုယ်ကတည်းက တော်နေတဲ့ ကောင်လေးဟာ ဒီနေရာမှာလည်း ကျွမ်းကျင်နေပြန်ပါပြီ။

          ကောင်လေးဘာတွေဆက်လုပ်မလဲဆိုတာကိုတောင် သူ စိတ်ဝင်တစားပြန်စောင့်ကြည့်နေရပါပြီ။ ကောင်လေး ကတော့ ပျက်စီးနေပါပြီ။ ဘယ်သူမှ မသိပေမယ့် သူကတော့သိနေပါတယ်။ စနစ်ကျစွာပျက်စီးတယ်လို့တောင် အသုံး အနှုန်း ကို ပြင်သုံးနေရပါတယ်။ ကောင်လေးကို ဖြစ်စေချင်တာ အဲ့ဒီလိုမဟုတ်ခဲ့ပါဘူး။ သူ ပြောခဲ့တာတွေ.. သင်ကြား ခဲ့တာတွေ ကလည်း အခုလိုဖြစ်စေဖို့ မဟုတ်ခဲ့ပါဘူး။ အစစအရာရာမှာ အများအလည်မှာ အားငယ်နေတက်တဲ့စိတ်ကို ပျောက်စေ ချင်လို့..မိမိကိုယ်မိမိ ယုံကြည်မှုတွေရှိနေစေဖို့..။ အများက အားကျလာစေဖို့ လူသားဆန်တဲ့ စွမ်းရည်တစ်မျိုး ကို အများက မြင်စေချင်လို့ ကောင်လေးကို ပြောဆိုပြသခဲ့တာပါ။

          အခုတော့ သူမသိတဲ့..မထင်တဲ့အဖြစ်တွေဖြစ်လာတော့ သူကိုယ်တိုင်လည်း စိတ်မကောင်းဖြစ်မိပါတယ်။ သူ မေ့ နေခဲ့တာကလည်း ကောင်လေးရင်ထဲမှာ အချစ်ဆိုတာ…ဖြစ်လာနိုင်တယ်လို့ မထင်မိတော့ သူလည်းမသင်ကြားခဲ့ မိပါ ဘူး။ သူကိုယ်တိုင်လည်း အချစ်ဆိုတာကို လုံးဝမသိခဲ့ပါဘူး။ သူသိခဲ့တာက လူတွေရဲ့စိတ်တွေ.. ဖြစ်ပျက် ပြောင်းလဲ မှုတွေ.. ဆွဲဆောင်မှုတွေ..စေတနာတွေ..စည်းရုံးရေးတွေ..မေတ္တာတရားတွေပါ..။ကောင်လေးကို ပေးတက်ဖို့ပဲ သင်ကြား ပေးခဲ့တာပါ။ လက်ခံဖို့ကို မသင်ကြားပေးခဲ့မိပါဘူး။ အခု ကောင်လေးက လိုချင်နေပါပြီ။

          အခုတော့ ကောင်လေးဟာ..ဘ၀ကို ဖျက်စီးနေပါပြီ။ အောင်မြင်မှုကို ဖျက်စီးနေပါပြီ။ ပျော်ရွှင်ခြင်းကို ဖျက်စီးနေ ပါပြီ။ အထီးကျန်ဆန်ဆန်နေထိုင်ခြင်းကို ကောင်လေးက နေထိုင်နေနေပါပြီ။ သူယုံကြည်မှုကိုလည်း လမ်းကြောင်းမှား ပေါ်ဆွဲတင် နေပါပြီ။ သူ့ကိုလည်း မတွေ့အောင်ရှောင်တက်နေပါပြီ။ လူသားတိုင်းမှာ အထီးကျန်ဆန်ခြင်းဆိုတာ ရှိနေ ပါတယ်။ ကောင်လေးမှာ မရှိစေချင်ပါဘူး။ ဒါပေမယ့် ကောင်လေးကိုယ်တိုင်လည်း ရှိနေပါပြီ။ ကောင်လေးဟာ…အများ ထက် ပိုတော်လို့ အခုချိန်မှာ အများထက်ပိုပြီး ပိုခံစားနေတက်နေပါပြီ။ ပညာတက်ဒုက္ခတစ်မျိုးကို ကောင်လေးကိုယ်တိုင် လည်း ခံစား နေရပါပြီ။ မဖြစ်သေးတာတွေကို ကြိုတွေးပြီး ဒုက္ခရောက်တက်တာ ပညာတက်တွေရဲ့ဒုက္ခတစ်မျိုးပါ။

          ဘယ်သူမှားသလဲလို့မေးရင်တော့ သူမှားခဲ့တာပါ။ ကောင်လေးမှာ အပြစ်မရှိပါဘူး။ ခံစားရတာက ကောင်လေး ဖြစ် နေရပါတယ်။ သူမတရားပါဘူး။ သူမှားခဲ့တာဆိုရင်လည်း စေတနာနဲ့မှားခဲ့တာပါ။ ဗုဒ္ဓရဲ့တရားတော်အရတော့ စေတနာ အမှားလည်း အမှားပါပဲ။ သူလည်း မကူတက်တော့ပါဘူး။ ဘယ်သူ့ကို အကူအညီတောင်းရမလဲဆိုတာလည်း မသိတော့ပါဘူး။ ကောင်လေးကို နဂိုအတိုင်းလေးသာ ရှိနေစေချင်ပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ အများကို ကူညီခဲ့တာ တွေ… ကောင်လေး ကိုယ်တိုင်လည်း သိမ်ငယ်စိတ်တွေပျောက်နေတာတွေ…မျှော်လင့်ချက်များစွာနဲ့ ဘ၀ကို ကြိုးစား ပမ်းစား လျှောက်လှမ်းနေ တာတွေ…တစ်ခုပြီးတစ်ခု တိုးတက်နေတဲ့ ကောင်လေးရဲ့ဘ၀လမ်းကြောင်းလေးတွေ.. သူ့ဘ၀ကိုသူတွေးပြီး ခန္ဓာနဲ့မမျှအောင် ကြိုးစားနေတာတွေ..။ ကောင်လေးကို အများက လိုလိုချင်ချင်နဲ့ ခေါ်တာ …. ပြောတာတွေ..ကောင်လေးကိုတွေ့ရရင် အားလုံးက လိုလားလက်ခံစွာနဲ့ နှုတ်ဆက်တာတွေ..အကူအညီတောင်းတာ တွေ..အားလုံး..အားလုံး ပြန်ဖြစ်စေချင်ပါတယ်။

          အခုတော့ ပျောက်ဆုံးနေပါပြီ။ တစ်ဖြည်းဖြည်းတောင်မဟုတ်ပါဘူး။ လျှင်လျှင်မြန်မြန်ကြီးကို ပျောက်ဆုံးလာ တာပါ။ Graph တစ်ခုလိုပြောရမယ်ဆိုရင် တိုးတက်မှုတွေရဖို့ နှစ်တွေအများကြီးပေးဆပ်ခဲ့ရတာပါ။ ကျေနပ်မှုကိုတောင် မခံစား ရ သေးဘူး။ လျှင်လျှင်မြန်မြန်ကြီးကို လျော့ကျလာတာပါ။ ဘယ်သူကိုမှ ဒုက္ခမပေးတက်တဲ့ကောင်လေးဟာ.. သူကိုယ်သူတော့ ကောင်းကောင်းဒုက္ခပေးနိုင်တယ်ဆိုတာကို သူသိနေပါတယ်။ တစ်ခုပြီးတစ်ခု ဖြုတ်ချနေတဲ့ ကောင်လေးကို မြင်နေရတာ လုံးဝ စိတ်မချမ်းသာပါဘူး။ ကြာလာရင် ဘယ်လိုမှ အဖတ်ဆယ်မရအောင် ပျက်စီး တော့မှာပါ။

          အနှစ် (၂၀)လောက်အချိန်ယူပြီး သူသင်ခဲ့တာတွေကို ကောင်လေးက (၂)လ ထဲနဲ့ ပျက်စီးသွားအောင် ဖျက်စီး နေတာပါ။ ကောင်လေးအတွက် ချွေးသိပ်နိုင်ဖို့ တစ်ခုခုကို သူရှာနေပါတယ်။ အခုတော့ ကောင်လေးငိုကြွေးနေရတာ ထက် သူက ပိုငိုကြွေးနေရပါတယ်။ ကောင်လေးကို ဆုံးရှုံးရတော့မယ်လို့ စိတ်ထဲမှာ ထင်နေပါတယ်။ သူကတော့ တက်စွမ်းနိုင်သလောက် ဆွဲတင်မှာပါ။ တက်လာမလား..ပြုတ်ကျသွားမလားဆိုတာကတော့ သူလည်းမသိပါဘူး။ ၀ဋ် ကြွေးရှိရင် ဘုရားတောင်မှ မလွန်ဆန်နိုင်တာ သူရော..ကောင်လေးရော လွန်ဆန်နိုင်မယ်မထင်ပါဘူး။ ကံရှိသလောက် တော့ ဖြစ်ကြရမှာ ပါပဲလေ..။

          ဒါပေမယ့်ကောင်လေးအပေါ်မှာတော့ ကံတရားက နည်းပါးလွန်းနေတာလားတော့ မပြောတက်ပါဘူး။ ကောင်လေး ဘ၀မှာ နေပျော်တာကို မတွေ့ရသေးပါဘူး။ ဖြည့်ပြီးရင်းဖြည့်နေတာတောင် ကံတရားက ရိုက်ခတ်တာ… အားကောင်းလွန်း လှပါတယ်။ ဟုတ်လာပြီလို့ ကျေနပ်မှုကိုမရသေးဘူး။ ပျက်စီးမှုကနောက်လိုက်လာပါတယ်။ သူကတော့ ကြိုးစားပမ်းစား ဆွဲတင်ဦးမှာပါ။ ကံပါမပါတော့ သူလည်းမသိပါဘူး။

          အခုတော့ဆုတောင်းနေရပါတယ်။ ကောင်လေး မြန်မြန် ပြန်ကောင်းလာပါစေ..။ ထူထောင်လာပါစေ..။ ဘ၀ကို အမြန်ဆုံး ပြန်တွေ့လာပါစေ..။ သူလည်း ဆုတောင်းနေဖို့ပဲ တက်နိုင်ပါတော့တယ်။ ဘယ်လိုမှ သင်ကြားလို့မရနိုင် လောက်အောင် ကောင်လေးက ခုခံချေပ ပြောဆိုတက်နေပါတယ်။ ကောင်လေးအတက်လွန်နေတာက အခုတော့ သူကိုယ်တိုင်ပါ ဒုက္ခရောက်နေရအောင်ကို အသင်ခက်နေပါတယ်။

          ခင်ဗျားတို့လည်း ကျွန်တော်ပြောတဲ့ ကောင်လေးအတွက် ၀ိုင်းဆုတောင်းပေးကြပါဗျာ..။ ကျွန်တော် ကောင်လေး ပျက်စီးသွားမှာကို စိုးရိမ်နေလို့ပါ။ ကောင်လေးပျက်စီးသွားတာဟာ..ကျွန်တော် အတွက်တော့ ဆုံးရှုံးမှုကြီးတစ်ခုပါ။ ကောင်လေး ပတ်ဝန်းကျင်အတွက်လည်း ဆုံးရှုံးမှု တစ်ခုပါ။ အများအတွက်လည်း ဆုံးရှုံးမှုတစ်ခုလို့ ကျွန်တော် ခံယူထား ပါတယ်။ တော်တဲ့ တက်တဲ့ လူတစ်ယောက် ပျက်စီးသွားမှာကို မလိုလားလို့ပါ။ ကျွန်တော်တို့ လူမှုပတ်ဝန်းကျင်မှာ ဒီလို ကောင်လေးမျိုးတွေ အများကြီးလိုအပ်နေလို့ပါ။ ပညာတက်တွေထဲမှာတောင် အတ္တ၊ပရမျှတအောင်နေတက်သူတွေ အများကြီးလိုအပ်နေလို့ပါ။(အက်ဆေး ရေးခြင်းဖြစ်ပါသည်)

ကောင်လေးကို မပျက်စီးစေချင်တဲ့  

စာရေးတဲ့

နန်းညွန့်ဦး

Email : nnophoto@gmail.com

**နတ်သမီးဖန်ဆင်းတဲ့ မှော်ဆရာလေးရဲ့ အလွမ်းဇာတ်လမ်း** အခန်းဆက် ဇာတ်လမ်း

နိဒါန်း
လူဆိုတာ အတွေးရဲ့သားကောင်လို့ ဆိုခဲ့ကြတာ ကျွန်တော် ဖတ်ဖူးခဲ့တယ်။
ကျွန်တော်ကိုယ်တိုင်လည်း လက်ခံထား တယ်။ ကျွန်တော့်အလုပ်က
မတွေးရင်ဖြစ်စေ..အတွေးမကောင်းရင်ဖြစ်စေ.အလုပ်မဖြစ်ဘူး။
တွေးအားကောင်းဖို့ကလည်း.. လေ့လာမှု အားကောင်းမှ
..ဖတ်၊မှတ်၊လေ့လာမှုကောင်းမှ ဖြစ်တာမဟုတ်လား။
လူ နှင့် တိရ စ္ဆာန်ကြားကကွာခြားမှုကလည်း အဲ့ဒါပဲလေ။
စကားတစ်ခွန်းပြောရင်တောင် အသုံးအနှုန်းက တော်တော်
လိုအပ်တယ်လေ..။အပြောမတက်တော့ ဆဲသလိုဖြစ်တယ်ဆိုတာကြားဖူးကြမှာပဲလေ..။
တစ်ချို့အတွေ့အကြုံတွေက ကိုယ်တိုင်ခံစားဖို့မလိုဘူးလေ..။ အခုဖြစ်နေတာလည်း
အဲ့ဒီလိုပါပဲဗျာ..။
ကျွန်တော်ပြောပြမယ်..။ အပြောမတက်လို့ ဆဲသလိုမဖြစ်အောင်တော့
ကျွန်တော်လည်း ကြိုးစားထားပါတယ်။
ကဲ..စပြောကြရအောင်..မိတ်ဆွေလည်း စဉ်းစားပေးပေါ့ဗျာ..။ ဖြစ်ပုံက ဒီလိုဗျ.။

အခန်း (၁)

ကျွန်တော်ဒီနေ့စိတ်တွေညစ်နေတာဗျ….။ ဘာလုပ်ရရင်ကောင်းမလဲ…။
စဉ်းစားကြည့်တယ်..။ ဆေးသွား စိမ်ရင် ကောင်းမလား။ ဆေးသွားသောက်၇င်
ကောင်းမလား..။ မကြိုက်ဘူး။ အင်း …။ ဟုတ်ပြီ.။ အခုလိုဖြစ်နေတာတွေ
ငြိမ်းသွား အောင် ဗေဒင်သွားမေးမယ်..။ ကောင်းတယ်..။
လျှောက်ကြည့်တယ်..။
ဆရာမ-မြတ်ဆုကုဋေ
လက္ခဏာ၊ဗေဒင်၊အကြားအမြင်
အထူးဟောသည်။
မြင်သမျှ..ကြားသမျှသာ တစ်ကယ်ဟောရင် ဒုက္ခပဲ..။မနက်ကအိပ်ယာနိုးတော့
လုံချည်က ခြေရင်းမှာ.. မဖြစ်ဘူး။ မဖြစ်ဘူး။ ထပ်ကြည့်ဦးမှ..။
ဟော..တွေ့ပြီ.။
ဆြာ - ရန်နိုင်ကိုကို
တဲ့ရော့၊ဗေဒ၊နက္ခတ်၊လက္ခဏာ
ဧကံသဗျာကရကပညာရှင်
အင်း..ဧကံသဗျာကရကပညာရှင် ဆိုတော့ မေးသလောက်ပဲဖြေမယ်ဆိုတဲ့သဘောပဲ။
မဖြစ်သေးပါဘူး။ ကျွန်တော်က မမေးတက်ဘူးဗျ..။တစ်ကယ်မေးရင်လည်း
ပေါက်က၇တွေမေးရင်..ဗေဒင်ဆရာပဲ စိတ်ညစ်မှာ.. ဆက်ကြည့်ဦးမှပဲ..။
တွေ့ပြန်ပြီ..။ ဘာတဲ့..။
ဆရာ..တားရော့
သင့်ကံကြမ္မာကို ဖတ်နိုင်ရန် တားရော့ဖြင့်သာ ဟောသည်။
မဆိုးဘူး။ တားရော့တော့ စိတ်ဝင်စားတယ်။ ၀င်မေးကြည့်ဦးမှပဲ..။ကျွန်တော်
ဖြစ်နေတာကို သူဆိုရင် နားလည် နိုင်မယ်ထင်တယ်..။
ဟောခန်းထဲရောက်တော့ ကျွန်တော်က..
"ဆရာ တားရော့ ရှိပါသလား"
ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် စာအုပ်ပုံကြားက ထွက်လာပါသည်။ ပြီးမှ..
"ဟုတ်ကဲ့..ကျွန်တော်ပါ။ ဗေဒင်မေးမလို့လား။ထိုင်ပါ"
ဆိုပြီး သူ့ရှေ့က ခုံလေးရှေ့မှာ နေရာပေးပါတယ်။ ကျွန်တော်လည်း
ဝင်ထိုင်လိုက်ပြီး ..ပြောလိုက်မိပါတယ်။
" သြော်..ဆရာက ၀ိမုတ္တိရသ စာအုပ်ကို ဖတ်နေတာလား။ "
(၀ိမုတ္တိရသ=လွတ်မြောက်ခြင်းအရသာ ရေးသူ-ဦးသော်ဇင် )
သူဖတ်နေသော စာအုပ်ကို ကျွန်တော် မသိပါ။ ပါးစပ်မှ လွတ်ကနဲထွက်သွားခြင်းသာ
ဖြစ်ပါသည်။ ထားခဲ့သော သူ့စာအုပ်ကို မမြင်ဘဲ ကျွန်တော်က ပြောလိုက်တော့
သူအံ့သြသွားပုံရပါသည်။ ထိုအချိန်တွင် သူ့ခါးကြားတွင်ညှပ် ထားသော ဖုန်းက
အသံမည်လာပါသည်။
"ဆရာ ကတော်ဆီက ဖုန်းထင်တယ်။ သတိရလို့ဆက်တာတော့ မဟုတ်လောက်ဘူး။ တစ်ခုခု
ပူဆာမလို့ ထင်တယ်"
ကျွန်တော့်ကို လှမ်းကြည့်ပြီး အပြင်ထွက်ပြီး ဖုန်းပြောနေပါသည်။
တအောင့်နေတော့ ပြန်ဝင်လာပါသည်။ ထိုင်ပြီး မှ ကျွန်တော့်ကို…
" ခင်ဗျားက ဗေဒင်မေးမလို့လာတာလား။ ကျွန်တော့်ဇနီးဆီကမှန်းဘယ်လိုသိတာလဲ။
ပြီးတော့ ပူဆာမယ်လို့ ရော ဘယ်လို သိနေတာလဲ။"
" ကျွန်တော်မေးချင်တာလည်း အဲ့ဒါပဲဆရာ။ "
ဟု ပြောလိုက်ပါသည်။ အဲ့ဒါနဲ့ ဆရာက
"ခင်ဗျား ဇာတာကိုတွက်ဖို့ မွေးသက္ကရာဇ်ပြောပါ"
"ကျွန်တော်က သိုက်ဖွား ၊ ၅ခုကြွင်း စနေသားပါ။အနောက်တိုင်းအလိုအရတော့
Gemini ရာသီခွင်မှာ
မွေးတာပါ။"
သူက ချရေးနေပါသည်။ ဆရာဇာတာစစ်နေစဉ်မှာပဲ ကျွန်တော်က.
"ကျွန်တော်က ရှေ့ဖြစ်နောက်ဖြစ်တွေ မသိချင်ပါဘူးဆရာ..။ ကျွန်တော့်မှာ
ဖြစ်နေတဲ့ ထူးခြားဖြစ်စဉ်တစ်ခုကို ဘာကြောင့်ဖြစ်နေတာလဲ သိချင်လို့ပါ။
ပြီးတော့ အဆောင်တွေ..ယတြာတွေချေလိုက်ရင် ပျောက်သွားမလား သိချင်လို့ပါ။"
ဆရာ တားရော့က နားမလည်သလို ကြည့်နေပါသည်။ ထိုအချိန်တွင်..
"သြော်..ဆရာက ဗိုက်အောင့်နေတာလား။
သွားပါဆရာ..သွားပါ။ကျွန်တော်စောင့်နေပါ့မယ်။ရပါတယ်။ "
ဆရာလည်း မျက်နှာကြီးရှုံ့မဲ့ပြီး နောက်ထဲသို့ ၀င်သွားပါသည်။
ပြန်ထွက်လာတော့ ကျွန်တော့်ကို အံ့သြတကြီး ပုံစံမျိုးနှင့် ပြောပါတော့သည်။
"မင်း..မင်း..ဘာဖြစ်လို့ ငါ့စိတ်ထဲက ခံစားချက်တွေကို သိသိနေတာလဲ"
ကျွန်တော်လည်း စိတ်မောသောအသံဖြင့် ….
"ကျွန်တော် ဆရာ့ကို မေးချင်တာလည်း အဲ့ဒါပါပဲ ဆရာရယ်.."
"ဘာ"
"ဟုတ်ပါတယ်..ဆရာ။ ဘယ်လိုတွေ ဖြစ်နေလဲမသိပါဘူးဆရာရယ်။ကျွန်တော့်အနားက လူတွေရဲ့
စိတ်ခံစားချက်ကိုအလိုအလျှောက် သိသိနေပြီး ကျွန်တော်ပါ
ဖြစ်ဖြစ်နေတာ။အဲ့ဒါ ဘာကြောင့်
ဖြစ်ရတာလဲ သိချင်လို့ပါ။"
ဆရာ တားရော့ က ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေပါသည်။ ကျွန်တော်လဲ ပျာပျာသလဲ..
"မဟုတ်ဘူး ဆရာ..မဟုတ်ဘူး။ ဆရာ့ကို ပညာလာစမ်းတာမဟုတ်ပါဘူး။ ကျွန်တော်
ရိုးရိုးသားသား သိချင်လို့
လာမေးတာပါ။ တစ်ကယ်ပါ။ ယုံပါဆရာ။"
ဆရာက ၀ုန်းကနဲ့ ထရပ်လိုက်ပါသည်။ကျွန်တော်လည်း မြန်မြန် ပြန်ငြင်းလိုက်ပါသည်။
"ကျွန်တော် အထက်ကလာတာလည်း မဟုတ်ပါဘူး။ ပညာသည်လည်း မဟုတ်ပါဘူး။"
ကျွန်တော် ထပ်သိလိုက်ပြန်ပါသည်။
"ဟာ..ဆရာ .။ မဟုတ်ပါဘူးဆရာရယ်..။ အဲ့ဒါ ပိုဆိုးတယ်။ လုံးဝ မဟုတ်ဘူး"
ဆရာ တားရော့မျက်နှာ ပြုံးလာပါသည်။ ကျွန်တော့်ကို ၀မ်းသာအားရကြည့်ပြီး …
"ဒါကတော့ ဟုတ်ပါတယ်..ဆရာရယ်..။ ကျွန်တော့်ကို
ပညာတွေမြင့်တင်ပေးဖို့ရောက်လာတဲ့ ပုဂ္ဂိုလ်ထူးပါ။ ကြွပါ
ဆရာ..ဒီဘက်ကိုကြွပါ။ ကျွန်တော့်မှာလေ ဘုရားရှိခိုးတိုင်း ပဌာန်းဆက်ရှိတဲ့
ပညာသည်တွေက ပညာရပ်ထူး တွေ သင်ပေးဖို့ ဆုတောင်းနေတာပါ။ အခုမှပဲ
ပြည့်တော့တယ်။"
ဟာ..သွားပြီ..မှားပြန်ပြီ။ ဘယ်လိုရှင်းပြရမှန်မသိတော့ဘူး။ ကွိုင်ဘဲဗျာ..။
"ကြွပါ ဆရာ..ဘုရားခန်းကို ကြွပါ။"
မဟုတ်ဘူး ဟု တွင်တွင်ငြင်းနေရင်း..ကျွန်တော်လည်း အပြင်သို့
ပြန်ပြေးထွက်ခဲ့ပါသည်။ ဆရာ တားရော့ ကတော့ ဖိနပ်တောင် မပါဘဲ အတင်းကြီးကို
လိုက်ခေါ်နေပါသည်။
ကျွန်တော့်မှာလည်း ဒုက္ခပါပဲ..။ အဖော်တွေတောင် ဘယ်တော့လာမလဲ မသိပါဘူး။
သူကလာရင် အဖော်တွေ ပါတက်လွန်းလို့ လေ..။
ဟူး ကနဲ သက်ပြင်း ကိုသာ ချလိုက်မိပါသည်။ စိတ်ထဲမှလည်း ကယ်တော်မူပါ
အရပ်ကတို့ ဟု အော်ချင်နေ ပါသည်။ ထိုသို့ထွက်လာရင်း လမ်းတွင်
ကျွန်တော့်နောက်မှ လိုက်လာရင်း ပခုံးကို လှမ်းဆွဲလိုက်သော လူတစ်ဦးကို
တွေ့လိုက် ရပါသည်။ လှည့်မကြည့်ဘဲ ပြောလိုက်ပါသည်။
"ကျော်စွာ..မနက်ကတည်းက ငါ့ကို ရှာနေတာမလား။"
ဟု ကျွန်တော် ပြောလိုက်မိပါသည်။ ကျော်စွာကတော့ အံ့သြနေဟန်ဖြင့် ..
"မင်း ဘယ်လို သိနေတာလဲ။"
"မင်း ချမ်းငြိမ်းနဲ့တွေ့ပြီးသွားပြီ မဟုတ်လား။"
"ဒီဘက်မှာ ရှိနိုင်တယ်လို့ မင်းကို ပြောလိုက်တယ်လေ.."
အဲ့ဒါတွေကြောင့် ကျွန်တော်စိတ်တွေ ညစ်ညစ်နေတာ..။ ပြောပြရင်လည်း ဘယ်သူမှ
ယုံမှာ မဟုတ်ဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်တောင် ယုံတာ မဟုတ်ဘူး။
သူဘာလိုချင်လို့ လိုက်ရှာနေတာလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်
"ရော့ မင်းလိုချင်တဲ့ စာမူ။ ပြန်တော့"
ကျွန်တော်ဘ၀ရဲ့ လူသားမဆန်မှုတွေကို ကျွန်တော် စတင် စိတ်ညစ်လာပါသည်။
ဒီပြဿနာတွေရဲ့ အစ ကတော့ နတ်သမီးကြောင့်ပါ..။ ဟုတ်ပါတယ်..။အပြင်မှာ
တွေ့ဘူး မြင်ဘူးရန် မလွယ်တဲ့ နတ်သမီးကို တွေ့လိုက်ပြီး နောက်ပိုင်း
အခုလို ထူးထူးဆန်းဆန်းတွေ ဖြစ်လာစေတော့တာပါပဲ..။

အခန်း (၂)

နတ်သမီးရေ..
ရနိုင်မယ်ဆိုရင် .နင့်ရင်ခွင်ထဲကို
ငါ ၀င်ကြည့်ချင်တယ်..။
အ၀င်အ၀ရောက်ရင်..
ငါက လက်မှတ်တစ်စောင်ထုတ်ပေးမယ်..။
နင်က လက်မှတ်ကို တစ်ဝက် ဆုတ်ဖြဲလိုက်တယ်။
အံ့သြစရာပဲ..
နင်ကရုံစောင့်ကြီးဖြစ်နေတယ်။
လက်မှတ်ကို တစ်ဝက် ဆုတ်ဖြဲလိုက်တာက..
ဝင်ခွင့်ပြုတာလား..။
ဒါမှ မဟုတ်..?

ဒီနေ့တော့ မနေ့က Email တွေဖွင့်ကြည့်ကူးခဲ့ပြိး ကျွန်တော့်ကို
မေးထားတဲ့မေးခွန်းတွေကို ပြန်ဖြေဖို့ စာစီနေပါ တော့သည်။ တစ်ချို့တွေကလည်း
ဘာတွေမေးမှန်းလဲမသိဘူး။ ကျွန်တော်ကတော့ မေးခွန်း ဖတ်လို့မပြီးသေးဘူး။
ဖြေရမှာကို သိနှင့်နေပြီ။ ဘာပဲဖြစ်ဖြစ် စိတ်ချမ်းသာဖို့
အရေးကြီးပါတယ်လို့တွေးပြီး ဖြေပေးလိုက်ပါတော့သည်။
သူဇာ ။ ။ ကိုကိုမှော်ဆရာရှင့်။ ကျွန်မယောက်ျားက ကျွန်မကို ခဏခဏ
သစ္စာဖောက် တယ်ရှင့်။ အဲ့ဒါဘယ်လိုလုပ်ရမလဲရှင့်။
ကိုကိုမှော်ဆရာလေး ။ ။ ခဏခဏသစ္စာရှိပေးလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မယ်။
Eversmilelady။ ။ ဆရာ..သမီးချစ်သူကသမီးကို
အရမ်းချစ်တယ်လို့ပြောပါတယ်။အဲ့ဒါ ယုံကြည်သင့်ပါ သလားရှင့်။
ကိုကိုမှော်ဆရာလေး ။ ။ယုံကြည်သင့်ပါတယ်။ သူပြောနေသမျှပေါ့ဗျာ။
သူနဲ့သွားရင်တော့ ရေသန့်ဗူး တစ်ဗူး တော့ ဆောင်ထားလိုက်ပါ။ အိုင်တွေ့လို့
ခြေဆေးချင်ရင် ရေသန့်ဗူးထဲက ရေနဲ့ သမီး ကိုယ်တိုင် ဆေးပေးလိုက်ပါ။
ဒါဆိုရင် သေချာပေါက် ယုံကြည်လို့ရနေပါမယ်။
ဝေသာလီမောင်ကျေး။ ။မှော်ဆရာ..ကျနော့်ပေါင်မှာအိမ်မြှောင်ပုံစုတ်ထိုးထားပါတယ်။
အဲ့ဒါ သိဒ္ဓိတက် လာအောင် ဘာလုပ်ရမလဲခင်ဗျာ။
ကိုကိုမှော်ဆရာလေး ။ ။တစ်နေ့ကို သိဒ္ဓိ လို့ အကြိမ်ရေ
(၆၀)တိတိလူစည်ကားတဲ့ဈေးရှေ့မှာ သွားသွား ရွတ်ပေးပါ။ ရက်ပေါင်း
(၆၀)ပြည့်ရင် သင်အောင်မြင်ပါပြီ။ (၁)ပတ်လျှင် တစ်ဈေး သွားရွတ်ပေးပါ။
မကြာခင် ရောက်သွား မှာပါ။ စိတ်ချပါ..။
မော်လမြိုင်သူလေး။ ။ကိုကိုမှော်ဆရာလေးရှင့်။ကျွန်မမှာ
အချစ်ရေးဆိုင်ရာကိစ္စရပ်တစ်ခု ဖြစ်နေပါတယ်။ ဒီလိုပါရှင်..။ ကျွန်မကို
အိပ်က အရာရှိတစ်ယောက်နဲ့ သဘောတူထားကြပါတယ်။ ဒါပေမယ့် ကျွန်မမှာလည်း
ချစ်သူရှိနေပါတယ်။မကြာခင်မှာ ယူကြဖို့ နှစ်ဦးသဘောတူ
ဆုံးဖြတ်ထားပါတယ်။ဒီနှစ်အကုန်မှာ ယူကြမှာပါရှင့်။ အိမ်ကတော့
ဒီနှစ်ဝါကျွတ်ရင်
မြန်းပေးမယ်လို့ပြောနေပါတယ်။ကျွန်မဘယ်လိုလုပ်ရမှန်းမသိဘူးဖြစ်နေပါသည်။
အကြံဥာဏ်များပေးပါဦးရှင့်။ ကျွန်မကတော့ (၂)ယောက်စလုံးကို ဘယ်လို
လုပ်ရမှန်း မသိဘူးဖြစ်နေပါသည်။အိမ်ကိုလည်း
စိတ်မညစ်စေချင်ဘူး။ချစ်သူကိုလည်း စိတ်မညစ် စေချင်ဘူး။ကူညီပါရှင်..
ကိုကိုမှော်ဆရာလေး ။ ။အင်း..သူပြောပုံကလည်းတစ်မျိုးကြီးပဲ..။
မထူးပါဘူးဗျာ..။ ဒီလိုလုပ်..။
ချစ်သူနဲ့အရင်ညှိလိုက်ပါ။ ဘယ်တော့ယူကြမလဲ။ ဒီနှစ်အကုန်လား။ဒါဆို ဒီနှစ်
မကုန်ခင် အိမ်ကပေးစားတဲ့သူကို အရင်ယူလိုက်မယ်။ ချစ်သူက ယူနိုင်ပြီဆိုရင်
ယူ ထားတဲ့သူကို ပြဿနာရှာပြီး ကွဲလိုက်မယ်။ ဖြစ်လား..လက်ခံလား.. သဘောထား
ကြီးလား လို့ မေးလိုက်ပါ။ သူကလက်ခံတယ်ဆိုရင်.. အိမ်ကပေးစားတဲ့သူကို
လုံးဝမယူပါနဲ့။ ချစ်သူကိုပဲ စောင့်ပြီး လက်တွဲလိုက်ပါ။ အကယ်၍ချစ်သူက
လက်မခံဘူး။ မော်လမြိုင်သူလေးကို အပြစ်တွေတင်မယ်။ ရုပ်ရှင်ထဲကလိုစကားတွေ
ပြောမယ်ဆိုရင်..ရုပ်ရှင်ထဲကလို အိမ်က ပေးစားတဲ့သူကို ယူလိုက်ပါ။ ရေရှည်
အဆင် ပြေသွားပါလိမ့်မယ်။ ဟုတ်ပြီနော်..။
ဒီနေ့အဖို့တော့ တော်လောက်ပြီဟုတွေးရင်း အိပ်စက်ခွင့်ကို နတ်သမီးထံမှာ
တောင်းလိုက်ပါသည်။ ဒါပေမယ့် ကံမကောင်းပါ။ တစ်ညတည်းနဲ့ အိပ်မက် (၃) ခု
ဆက်တိုက်မက်ပါတော့သည်။

အခန်း(၃)

အိပ်မက်(၁) ကတော့ ဒီလိုပါ။
ကောင်မလေးတစ်ယောက်နှင့် ကျွန်တော် ပျော်မြူးဆော့ကစားနေပါသည်။
ကလေးများလို ဂျင်ပေါက်တမ်း၊ ထမင်း ချက်တမ်း၊ လင်မယားလုပ်တန်းတို့တော့
မဟုတ်ပါ။ ထို့သို့ကစားရမည့်အရွယ်တွေလည်းမဟုတ်ကြပါ။ ကုလား ကားထဲကလို
ပန်းခြံထဲမှာလျှောက်ပြေးနေပါသည်။
ကောင်မလေးက အတော်လှပါသည်။ နှင်းပွင့်တွေကြားမှာ
နှင်းပွင့်ဖြူလေးလိုချောမောလှပနေပါသည်။ ကျွန်တော်ကတော့
ဘာမပြောညာမပြောဘဲနဲ့ လက်တွဲပြီးလျှောက်ပြေးနေပါသည်။ ကုလားကားထဲကလိုတော့
လိုက်က နေတဲ့သူတွေ တော့ မပါပါ။ ဘေးကလူတွေကတော့ အင်းဂလိပ်ကားထဲကလို
ခဏကြည့်ယုံသာ ကြည့်ပြီး ကိုယ့်အလုပ် ကိုယ် ဆက်လုပ် နေပါတော့သည်။
ကျွန်တော်တို့လည်းပြေးလွားနေတာကိုရပ်လိုက်ပြီး မြန်မာကားထဲကလို
တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေ လိုက်ပါသည်။ ကောင်မလေးက လှလိုက်တာ..။
ကျွန်တော့်ကို ပြုံးပြီးကြည့်နေပါသည်။ ပြုံးပြီးကြည့်နေပုံမှာ
တစ်ခုခုလိုနေ ပါသည်။
"တစ်မျိုးပါလား။"
ကျွန်တော်ဇဝေဇ၀ါ ဖြစ်နေပါသည်။ ကောင်မလေးက ထပ်ပြုံးပြပါသည်။
သေချာကြည့်လိုက်တော့မှ..
"ဟာ"
"ထပ်ပြုံးပြပါလား"
"အင်း"
ကောင်မလေးကကြည်ကြည်နူးနူးကြီးကိုပြုံးပြပါသည်။
သေချာကြည့်လိုက်တော့မှ..ကောင်မလေးမှာ သွားတွေမရှိပါ..။ ဟာ..ဘာတွေစားပြီး
ဒီလောက်ကြီးလာပါလိမ့်။
"အား"
ဟု အော်ရင်း ကျွန်တော် အက်ရှင်ကားထဲကလို TAXI ကားတစ်စီးကိုတားပြီး
အမြန်တံခါးဖွင့်ဝင်လိုက်ကာ..
"မောင်း မောင်း..မောင်းချင်တဲ့နေရာကိုမောင်း"
ကားမောင်းထွက်လာချိန်မှာ..အိပ်မက်ကလန့်နိုးလာပါတော့သည်။
ထိပ်လန့်တကြီးနှင့် ရေထသောက်ကာ..
"ဘာလဲကွ..အိပ်မက်ကလဲ..ဂယ်ဘဲ။"
ပြန်တွေးမိပြိးတော်တော်နှင့် ပြန်အိပ်မပျော်သေးပါ။
တစ်နာရီလောက်ကြာမှ..ပြန်အိပ်ပျော်သွားပါသည်။ နတ်သမီးတို့
လုပ်လိုက်ရင်..အဲ့လိုကြီးပဲ..။ တစ်ကယ်..။

အိပ်မက် (၂)

ဒုတိယအိပ်မက် ကိုမက်တော့
ကျွန်တော်ကအီဂျစ်မြို့ဟောင်းတစ်ခုထဲကိုရောက်နေပါသည်။ကျွန်တော့်
ရှေ့မှာလည်း မံမီရုပ်ကြီးတစ်ခုရှိနေပါသည်။
ပတ်တီးပေါင်းများစွာနဲ့..စိတ်ပျက်စရာကြီးဗျာ..။ သူကလည်း ကျွန်တော့်
ကိုကြည့်နေတယ်။
"ဟေ့ကောင်"
"ခညာ"
"မင်းဘာလာလုပ်တာလဲ"
"ဗျာ"
"ကျွန်တော်လည်း မသိဘူးခင်ဗျ။"
သေပြီးသားမံမီကြီးက ကျွန်တော့်ကို စကားတွေလာပြောနေတယ် လို့ စိတ်ထဲမှာတွေးမိပြီး ..
"ခင်ဗျားက သေပြီးသားမလား။ဘာလို့စကားတွေလာပြောနေတာလဲ"
ထပ်မေးတယ်..။
"ဒီကို ဘာလာလုပ်တာလဲ"
"ကျွန်တော်လည်း အဲ့ဒါကိုပဲ စဉ်းစားနေတာ"
"ဘာကွ"
"တစ်ကယ်ပြောတာ..ကျွန်တော်လည်း ဘာလို့ဒီထဲကိုရောက်နေမှန်းကိုမသိဘူး။"
"မင်းပြောတာကို ငါ နားမလည်ဘူး။မင်းကြည့်ရတာ..မော်ဒန်ကဗျာဆရာလား"
"ကျွန်တော့်ကို အထင်ကြီးပုံရတယ်။ ဟုတ်တယ်"
လို့ ခပ်တည်တည်ပြောလိုက်ပါတယ်။ အဲ့လိုပြောလိုက်တော့မှ သူက ပြုံးပြီး
"ငါ ထင်သားပဲ"
အားရ၀မ်းသာနဲ့ ဆက်ပြောပါတယ်။
"ငါလဲ ကဗျာရေးတာ ၀ါသနာပါတယ်ကွ။ မော်ဒန်ကဗျာတွေရေးထားတယ်"
"ဗျာ"
ကျွန်တော် စိတ်ညစ်သွားပါသည်။ နဂိုကတည်းက
မဆီမဆိုင်နေရာကိုရောက်နေတာ..အခုလိုတွေ တွေ့မြင်နေ ရတော့ ပိုပြီး
စိတ်ညစ်သွားပါသည်။ စိတ်ထဲမှလည်း နတ်သမီးရေ..ကယ်ပါဦးလို့
ဟစ်အော်ချင်ပါသည်။
မံမီကြီးကတော့ ဆက်ပြောပါသည်။
"ငါ ရေးထားတဲ့ မော်ဒန်ကဗျာကို ဖတ်ကြည့်ပါဦး"
သူရေးထားတာက မနီကလေး ကဗျာကို ပြန်ရေးထားတာပါ။ မူရင်းကို
အရင်ဖော်ပြလိုက်ပါတယ်။ မံမီမော်ဒန် ကဗျာ ကို ဖတ်ပြီး
ကြောင်သွားမှာစိုးလို့ပါ။ စေတနာတွေပေါ့ဗျာ။
မနီကလေး ဘယ်ကလာ.စာသင်ကျောင်းကိုလာ
မနီကလေးဘယ်ကိုသွား စာသင်ကျောင်းကိုသွား
စာသင်ကျောင်းက ဘာတွေသင် စာရေးစာဖတ်သင်
စာရေးစာဖတ်ဘာလုပ်ဖို့ မနီကလေး လိမ္မာဖို့
သူရေးထားတာကတော့ ဒီလိုပါ..။ခံစားကြည့်ပါဦး ။မံမီကြိးကတော့
တွံ့တေးသိန်းတန် အသံနဲ့ပြောနေတာပါ။
စာသင်ကျောင်းကို လာနေတဲ့ မိန်းကလေးငယ်ကတော့ မနီဖြစ်ပါတယ်။ သူလာနေတာ
စာသင်ကျောင်းကိုပါ။ လမ်းအဆုံးတစ်နေရာမှာ
စာသင်ကျောင်းတစ်ကျောင်းရှိနေပါတယ်။ စာသင်ကျောင်းကတော့ မနီကလေးကို တစ်ခုခု
သင်မှာ ဖြစ်ပါတယ်။သင်ကြားပေးမယ့် တစ်ခုခုကတော့ မနီကလေး
လိမ်မာဖို့ဖြစ်ပါတယ်။ မနီကလေး လိမ်မာပုံများ စာရေးစာဖတ် တွေ
သွားသင်နေပါတယ်။
ကျွန်တော်လည်း စိတ်ညစ်သွားပါတယ်။ သူကတော့ မေးရှာပါတယ်.။
"ဘယ်လိုလဲကွ။ကောင်းရဲ့လား"
"ပြောရမှာ အားနာတယ်"
"ခင်ဗျားပတ်တီးတွေက ဘာလို့ ပတ်ထားတာလဲ။အနာတွေရှိလို့လား။ဒါမှ မဟုတ်
မြန်မာပြည်လာပြီး တောင်းစား မလို့လား"
"ဘာကွ။ မင်းစကားလမ်းကြောင်းမလွှဲနဲ့။ငါမေးတာကိုဖြေ"
"တစ်ကယ် ဖြေရမှာလား"
"အေး အဲ့ဒါပဲ ငါသိချင်တာ"
ရွှေမန်းတင်မောင် အသံနဲ့ အမယ်မင်း ပြောရပါတော့မယ် ဘိုးဘိုးကြီးရဲ့လို့သာ
အော်လိုက်ချင်ပါတော့သည်။ တစ်ကယ်ပါဗျာ..။ စိတ်ညစ်တယ်..။ နတ်သမီးလည်း
ကျွန်တော့်ဖြစ်ပုံကို ကြည့်ပြီး ရယ်နေမလားပဲ.။ လုပ်ထား ဦးပေါ့
နတ်သမီးရယ်..။
ကျွန်တော့်ကို အိပ်ခွင့်မပေးယုံမျှမက ဘာတွေဘယ်လို
ဖြစ်မှန်းမသိအောင်လုပ်ထားတာ.. ခင်များလေး အလှည့်ကျမှ လုံချည်ကို
မီးတက်ရှို့ပစ်မယ်လို့ စိတ်ထဲကနေ တွေးနေမိပါသည်။
အဲ့..ကြားသွားပြီလားမသိဘူး။ ဘွာတေးနော်..။
"မြန်မြန်ပြောကွာ။ငါ စိတ်မရှည်တော့ဘူး"
"အဲ့ အဲ့လိုကဗျာတွေ ရှိသေးလား"
"ရှိသေးတာပေါ့ကွ။ ငါကမသေမချင်းကဗျာတွေရေးသွားမယ့် မံမီကွ"
"မံမီဆိုတာ သေပြီးသားမဟုတ်လား"
"အောင်မာ..ဟေ့ကောင် ..ငါမေးတာကိုပဲဖြေ"
"ဟုတ်ကဲ့..ဆက်.ဆက်မရေးတော့ရင် ပိုကောင်းမယ်။"
"ဘာကွ"
မံမီကြီးစိတ်ဆိုးသွားပါသည်။ ကျွန်တော်လည်း ပြောမိပြောရာ ပြောလိုက်ပါသည်။
"ဟုတ်တယ်..အကောင်းပြောတာ"
"ဘာအကောင်းလဲကွ"
"မနီက ခင်ဗျားကို တရားစွဲလိမ့်မယ်။ သူ့ခွင့်ပြုချက်မယူဘဲ
သူ့ကိုအသုံးချပြီးရေးထားလို့"
"ငါတို့ အနုပညာသည်တွေမှာလည်း အဲ့ဒါက ဒုက္ခတစ်ခုပဲနော်"
မံမီကြိး စိတ်လေသွားပါသည်။ ပြီးတော့ ၀မ်းနည်းကြေကွဲသွားပါသည်။ ပြီးမှ ..
"နေပါဦးကွ..အဲ့ဒီမနီက ဘယ်မှာနေတာလဲ"
"ကျွန်တော်တို့ အိမ်နားမှာ.."
"အခုဘာလုပ်နေလဲ"
"ပဲပြုတ်ရောင်းနေတယ်"
"ဟေ..ခဏနေဦး ။ ငါခံစားမလို့"
"သြော်.."
ကျွန်တော်လည်း စိတ်မကောင်းဖြစ်သွားပါသည်။
ဘယ်နဲ့ဗျာ..မဆီမဆိုင်..ကိုယ့်ဒုက္ခကိုယ်ရှာနေတယ်။ ပြောမယ့်သာ ပြောရတာပါ။
ကျွန်တော်လည်းဒုက္ခတစ်မျိုးဖြစ်နေပါတယ်။ ရုတ်တရက် မံမီကြီးက..
"နေ့တွေ ညတွေ မရှိရင် နေမင်းနဲ့ လမင်းဟာ ကွယ်ပျောက်ရတော့မယ်"
"ဗျာ..ဟုတ်ကဲ့"
"သူ ကိုယ်တိုင်သေဆုံးရတော့မယ့် ဈာပနကို သူကိုယ်တိုင် လိုက်မပို့နိုင်တော့ဘူး"
"အင်း…အဲလေ..ဟုတ်ကဲ့"
"စံပယ်တွေ ကြွေသက်တာကိုလက်ခံပေးရင်း ကမ္ဘာမြေကြီးဟာကြေကွဲလာတယ် "
ဟိုးတလောက ရှမ်းပြည်မှာ မြေပြိုတာကို ဒီမံမီကြီး ဘယ်လိုသိသွားပါလိမ့်။
ဘုရား..ဘုရား..ရေကြီးတာတွေ ဆက်လာဦးမလားမသိဘူး။ ဘာဆက်ပြောဦးမလဲ မသိဘူး။
ကယ်ကြပါဦးဗျာ.ကျွန်တော့်ကို မကယ်နိုင်ကြ တော့ဘူးလား။
"အင်း..ဟုတ်"
"သြော်..မနီရယ်.."
ကျွန်တော် တော်တော်ကြီးကိုစိတ်ညစ်နေပါသည်။ ထိုအချိန်တွင် ..၀ုန်းကနဲ့
အသံကြားလိုက်ပြီး ကျွန်တော် လန့်နိုးသွားပါသည်။ လှမ်းကြည့်လိုက်တော့
ငတိုး ဆိုတဲ့ ကြောင် ခုန်ချလိုက်တာပါ။
သြော်..တော်သေးတာပေါ့။ ကြောင် ကယ်ပေလို့..။
သတိရလိုက်ပြန်ပါသည်။ နတ်သမီး…သူလုပ်တာ..သူ့ကြောင့်..။ ဟုတ်တယ်..။
နောက်တစ်ခွက် ရေသောက် ရပြန် ပါသည်။ ပြီးတော့ သေးပေါက်ရပြန်ပါသည်။
ဒုက္ခ..ဒုက္ခ..။ ဆုတောင်းမှားခဲ့လေသလား..အချစ်ရယ်..။ သီချင်းကို Hip Hop
သံစဉ်သွင်းပြီး အော်ဆိုလိုက်ချင်ပါတော့သည်။နာရီကို မော့ကြည့်လိုက်တော့ ည
(၂) နာရီကျော်နေပါသည်။ ဆက်အိပ်ဦးမှ မနက်ကျရင် သွားစရာတွေ ရှိသေးတယ်။

အိပ်မက် (၃)

အမှတ်မရှိပါ ဆက်အိပ်မိပြန်တော့ တတိယအိပ်မက်ကို ထပ်မက်ပါသည်။ နောက်ဆိုရင်
အိပ်စက်ခွင့်ကို နတ်သမီး ဆီမှာ မတောင်းတော့ပါဘူးဗျာ..။ တစ်ကယ်ပါ..။ လူကို
ပျော်အောင်မထားဘူး။ လိုချင်တာ မပေးဘဲ.. မလိုချင်တာတွေပဲ
လာပေးနေတယ်..တစ်ကယ်..။
ဒီတစ်ခေါက်ရောက်နေတာက
အခန်းတစ်ခန်းထဲမှာပါ..။ဘယ်လို..ဘယ်လိုရောက်နေမှန်းလည်း မသိပါဘူး။
ဘယ်သူမှလည်း မရှိဘူး။ ဘယ်သူ့ဧည့်ခန်းလဲ..ဘယ်ကဧည့်ခန်းလဲဆိုတာလဲ မသိပါ။
ဘယ်သူမှလည်း ထွက်မတွေ့ကြပါ။ ထိုင်ရတာကြာတော့ ပျင်းလာပါသည်။ သူ့ဘာသာသူ
အားအားယားယား လာထိုင်သလို ဖြစ်နေပါသည်။
"ငါ ဒီမှာလာထိုင်နေတာ အိမ်ရှင်တွေကမသိကြဘူးလား"
ကြာလာတော့ နောက်ကျောမလုံသလို ဖြစ်လာပါသည်။ ထွက်သွားရင်ကောင်းမလားဟု
တွေးနေမိပါသည်။ ထွက်သွားရင်ကော..လူမရှိတဲ့အိမ်ထဲကထွက်လာတာကို
တစ်ယောက်ယောက်က တွေ့သွားရင်..ဘယ်လိုလုပ်မလဲ။
ထိုင်နေရင်ကော..တစ်ယောက်ယောက်က ၀င်လာရင်..ဘယ်လို လုပ်မလဲ။
ကိုယ့်ကိုကိုယ် အပြစ်ကျူးလွန် သလို ခံစားလာရပါသည်။
ဘယ်လိုလုပ်ရမှန်းလဲမသိတော့ပါ။ ဘုရား..ဘုရား။
ထိုအချိန်တွင်..ခန်းစီး ပြတင်းဝမှ လေအေးတစ်ချက်က ဝေ့၀ိုက်
တိုက်ခိုက်လာပါသည်။ ထိုအခါ ကျွန်တော် လန့်နိုးသွားပြန်ပါသည်။
တော်ပါပြီဗျာ..မအိပ်တော့ပါဘူး။ ထွက်ထိုင်နေတာပဲ ကောင်းပါတယ်။ မနက်
လေးနာရီလည်း ထိုးနေပါပြီ။ မနေ့က တစ်မျိုး ဒိနေ့တစ်မျိုး
မရိုးနိုင်တော့ဘူး။ စိတ်ညစ်တယ်။

အခန်း (၄)
ဖုန်းလာတယ်ဆိုလို့ သွားကိုင်လိုက်ပါတယ်။ ဘယ်သူလဲမေးတော့ မဖြေပါ။
"ကိုကိုမှော်ဆရာလေးလား"
"ဟုတ်ပါတယ်..ခင်ဗျားဘယ်လိုသိတာလဲ။"
"အံ့သြနေတာလား။ မအံ့သြပါနဲ့နော်။ ညကအိပ်ပျော်ရဲ့လား"
"ဗျာ..ခင်ဗျားကဘယ်သူလဲ။ဒီအကြောင်းကို ဘယ်လိုသိနေတာလဲ"
"တို့ က နတ်သမီးလေ..ညက ဘာလို့အပြစ်တင်နေတာလဲ..နတ်သမီးကို"
"ဗျာ.."
"ဘယ်လိုလဲ…မှော်ဆရာလေး အံ့သြသွားတာလား"
"ဗျာ.."
"မဗျာနဲ့လေ..ညက အိပ်မပျော်ဘူးမလား"
"ဟုတ်တယ်။။ခင်ဗျား ဘယ်လိုသိလဲ။ ခင်ဗျားကို ကျွန်တော်မသိဘူး။"
"တို့ကို မှော်ဆရာလေးကသိပါတယ်။ ညကတောင် အိပ်ခွင့်တောင်းသေးတယ်လေ.."
"မှော်ဆရာလေး စိတ်တွေရော လတ်ဆတ်လန်းဆန်းရှိရဲ့လား"
"မရှိဘူး"
ကျွန်တော်၏ ဘုတော့သံကြောင့် တစ်ဖက်မှကောင်မလေးကရယ်ပါသည်။
"ကျွန်တော့်ကို မှော်ဆရာလေးလို့ မခေါ်ပါနဲ့ဗျ။နာမည်ရှိတယ်"
"သိတယ်လေ..ရန်နိုင်ပြည့်စုံထူး။ခေါ်ရတာရှည်လို့ "
"ဘာထူးလဲဗျ။ ကိုကိုမှော်ဆရာလေး လဲခေါ်ရတာ ရှည်တာပဲကို"
"အဲ့လိုပဲ ခေါ်ချင်တယ်"
"အင်း..မှားတော့မှားနေပြီ။ ကျွန်တော့်အသိထဲကများလား"
"မဟုတ်ပါဘူး။ ဒို့ကို မှော်ဆရာလေး မသိသေးဘူး"
ကျွန်တော် စိတ်မရှည်ချင်တော့ပါ။အဲ့ဒါနဲ့ပဲ..
"လိုရင်းကိုပြောဗျာ။လုပ်စရာတွေ ရှိသေးတယ်"
"ဒီညလဲ လာခဲ့ဦးမယ်လေ။ မှော်ဆရာလေးကို ကြိုပွိုင့် လုပ်ထားတာ"
"ဟာ..မလာနဲ့လေ.."
"ရဘူး။ လာမှာပဲ"
သွားပြီ။ ဖုန်းချသွားပါသည်။ ကျွန်တော်လည်း ဘာလုပ်၇မှန်း မသိတော့ပါ။

အခန်း (၅)

"ဟေ့ကောင် ပြည့်စုံ "
"ရောက်တာကြာပြီလား။မင်း လက်ဘက်ရည်ဆိုင်ဘက်ထွက်သွားတယ်လို့ မင်းအမေ
ပြောလို့ လိုက်လာတာ"
"အေးကွာ..ငါလည်း ပျင်းပျင်းရှိလို့ လာထိုင်နေတာ။ ဘာသောက်မလဲ"
"ကေသီပန်"
"ဘာကွ"
"မှားလို့..ကျဆိမ့်"
"ဘာကိစ္စလဲ"
"ဒီကောင်ကွာ..ကျော်စွာပေါ့။အိမ်က မိန်းမပေးစားနေလို့"
"ယူလိုက်ပေါ့ကွ။ ငါ့လာပြောနေရသလား"
ဒီကောင်တွေ လာလိုက်ရင် ဘာမှန်းလည်း မသိဘူး။ ဒီလို ကိစ္စမျိုးတွေကြိးပဲ။
အဲ့ဒါ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ တင့်ဆန်းက ၀င်ပြောပါသည်။
"ချစ်သူ ရည်းစားလေးဘာလေး ရှာမလားလို့ တွေးပြီး မင်းကိုလာရှာတာ"
"ရှာပေါ့ကွ။ငါနဲ့ အလွတ်ကြီးဟာကို"
"မဟုတ်ဘူးလေ။မင်းက ဒီကိစ္စတွေမှာ ကျွမ်းကျင်တယ်လေ"
"ဟာ..မဆိုင်တာ..ငါ့မှာတောင် ရည်းစားမရှိတာ..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"ဟာ..အဲ့လိုပြောတာမဟုတ်ဘူး။ မင်းဆီက အကြံဥာဏ်လေးများ ရမလားလို့"
"ရှာလေ..မိန်းမ မရှားပါဘူး"
"မိန်းမ မရှားပေမယ့် ချစ်သူရည်းစားရဖို့ ရှားတယ်ကွ"
စိတ်ညစ်တယ်။ လူကို ဘာများမှတ်နေလဲ မသိပါဘူး။ ဒါမျိုးတွေကြီးပဲ
တွေ့တွေ့နေရတယ်။စကားတွေက အပျော် သဘောမှ အလေးအနက်သဘောဆီသို့
ရွေ့လျားလာပါသည်။ မင်းကို က အခုမှ ၀င်ပြောပါ တော့သည်။
"ငါတို့အားလုံး မင်းနဲ့တွေ့မှ ဖြစ်မယ်လို့ ဆုံးဖြတ်ပြီး မင်းကို လာရှာတာကွ"
"ဘုရားရေ..သောက်တော်ရေ..ဘယ်လိုဖြစ်ရတာတုန်း"
"မင်းက ကဗျာဆရာလေကွာ။ အွန်လိုင်းပေါ်မှာလဲ မေတ္တာရေးရာ ကိစ္စရပ်တွေကို
တာဝန်ယူ ဖြေရှင်း ပေးနေတာလေ။"
"ငါတို့ထက်ပိုပြီး နားလည်တယ်လေ.."
အားလုံးက တစ်ယောက်တစ်ပေါက် ၀င်ပြောပါသည်။သက်ပြင်းကိုပဲ ပိုက်ဆံမပေးရလို့
ပြင်းပြင်း ချလိုက်မိပါသည်။ ပြီးမှ..
"ကဲ.ပြော၊ဘာကို သိချင်တာလဲ"
"သူကကွာ…အိမ်ကပေးစားတာကို မယူချင်ဘူး။ရှာကြည့်ချင်တယ်။အဲ့ဒါ
ဘယ်လိုလုပ်ရမလဲ။တွေ့နိုင်လား ဆိုတာ သိချင်လို့ဟေ့။မင်းက သူများ
စိတ်ကိုလည်း သိတယ်ဆိုတော့ သိများ သိနိုင်မလား လို့ကွာ"
"အေး …ဟုတ်တယ်။ငါဖြစ်ချင်နေတာ အဲ့ဒါပဲ"
အခုမှ ကျော်စွာက ပြောပါသည်။ မင်းကိုတွေ့ချင်တာ အဲ့ဒါပဲလို့လည်း ပြောပါသည်။
"ဒီနေ့တော့ ပြန်တော့မယ်ကွာ..ငါ့ စိတ်တွေ နည်းနည်းထွေနေတယ်
မပြောချင်သေးဘူး။မင်းတို့ နက်ဖန်လာခဲ့"
ဟု ပြောပြီး အိမ်ကို ပြန်ခဲ့ပါတော့သည်။
အိမ်ရောက်တော့.. သားရေ..ဖုန်းလာနေတယ်။လို့ အမေကပြောပါသည်။
"မှော်ဆရာလေး"
"ဟိုနေ့က ကောင်မလေး…နတ်သမီးဆိုတဲ့ ကောင်မလေး"
"ဟုတ်တယ်လေ"
"ပြော..ဘာကိစ္စလဲ"
"ပြည့်စုံ မရှက်ဘူးလား"
"ဗျာ..ဘာကို ကျွန်တော်က ရှက်ရမှာလဲ"
"ကိုယ်ဖြင့် ဘာမှ မသိသေးပဲနဲ့ သူများတွေကို ဆရာကြီးလုပ်နေတာ"
"ဘာလဲဗျ..ကျွန်တော် နားမလည်ဘူး"
"ကိုယ်တိုင်ဖြင့် အချစ်အကြောင်း ဘာမှ မသိပဲနဲ့ သူများတွေကို လျှောက် အကြံပေးနေတာလေ"
"ဟမ်"
"ဒီနေ့လေ..ပြည့်စုံ လပ်လျားလပ်လျားလုပ်နေတာလေ.."
"ခင်ဗျား နဲ့ ဘာဆိုင်လို့လဲဗျ။ကျွန်တော်လုပ်နေတာကို ဘာလို့ သိနေတာလဲ။
ခင်ဗျားကရော ဘယ်လို သိနေတာလဲ"
"အလိုလို သိနေတာလေ..မယုံဘူးလား"
"မဖြစ်နိုင်တာ"
"ဟုတ်တယ်..တွေးမနေနဲ့။တို့က ပြည့်စုံအသိထဲကမဟုတ်ဘူး။ ပြည့်စုံ
သူငယ်ချင်းတွေနဲ့လဲမသိဘူး။"
"အင်း..တစ်ခုခုတော့မှားနေပြီ"
"ဘာမှလျှောက်မတွေးနဲ့။ တို့က မှော်ဆရာလေးဘာဖြစ်နေတယ်ဆိုတာတွေ
အကုန်သိတယ်။အခုတောင် ခရီးသွားချင်နေတယ် မဟုတ်လား ၊ အဲ့ဒါလည်း
တို့ကသိတာပဲ၊ဖုန်းချလိုက်တော့မယ်နော်..တာ့တာ"
"ခဏနေပါဦး။ ခင်ဗျားက ဘယ်သူလဲ"
"တို့က အကြားအမြင်လည်း မဟုတ်ပါဘူး။ဗေဒင်ဆရာမလည်းမဟုတ်ဘူး။တဖြည်းဖြည်းတော့
သိလာမှာပါ။တို့က နတ်သမီးလေ..ခစ်..ခစ်"
ဖုန်းချသွားပါသည်။

အခန်း (၆)
မေးခွန်းတွေ..မေးခွန်းတွေ.အများကြီးပဲ..ကျွန်တော်ရှေ့မှာ
ဝိုင်ဝိုင်းလည်နေပါသည်။ဘာမှမစဉ်းစားချင်တာနဲ့
စက်ဘီးလေးကို ထုတ်ပြီး ဆိပ်ကမ်းဘက်ထွက်လာပါတော့သည်။ဆိပ်ကမ်းဘက်မှာ
ထိုင်နေရင်း ကြည့်မိကြည့်ရာ လျှောက်ကြည့်နေမိပါသည်။
ပြန်ရောက်ရင် တစ်ခုခုက စောင့်မျှော်နေသည် ဆိုတာကို စိတ်ထဲမှ အလိုလို
သိလာပြီး မပြန်ဘဲနှင့် သူငယ်ချင်း
မိန်းကလေးမှန်သမျှကို ဖုန်းတွေဆက်..အိမ်တွေလျှောက်လည်ပြီး
လျှောက်မေးကြည့်ပါသည်။ ဘယ်သူမှ မဟုတ်ပါ။
ငါဟာ..မင်းလက်ခုပ်ထဲက ပန်းပေါ့..
ပန်လိုပန်..နမ်းလိုက နမ်းပါ။
မင်းကတော့ ငါ့လက်ခုပ်ထဲမှာ..
သမုဒ္ဒရာ……။
ဖြေရပါဦးမည်။ ပေါက်ကရမေးခွန်းတွေကို..
နေညို။ ။ကိုကိုမှော်ဆရာလို ကျွန်တော်က စာပေရေးသားမှုမှာမကျွမ်းကျင်ပါ။
ရည်းစားစာ ဘယ်လို ရေးရမလဲ ညွှန်ပြပေးပါခင်ဗျာ။
ကိုကိုမှော်ဆရာ။ ။စာရွက်ပေါ်မှာ ဘောပင်ကိုထောက်ပြီး ဘယ်ဘက်ကနေ ညာဘက်ကို ရေးသွားပါ။
ရုံးပတေသီး။ ။ ဆရာမှော်..တစ်ရုံးထဲရှိနေတဲ့အကိုကြီးက ကျွန်မကို ချစ်နေတာ
ညဘက်တွေတောင် အိပ်လို့ မရဘူးပြောနေပါတယ်။ အဲ့ဒါ ပြန်ကြိုက်သင့်သလား
ဖြေကြားပေးပါနော်။
ကိုကိုမှော်ဆရာ။ ။သေချာစဉ်းစားပါညီမရယ်။ ညဘက်အိပ်မရအောင်
ဘောလုံးပွဲကြည့်နေလားမှ မသိတာ..။ နေ့လည်ဘက်တွေမှာ ခိုးခိုးအိပ်နေလား
စောင့်ကြည့်လေ။ သေချာလေ့လာပါဦး။ စားပွဲချင်းနီးရင်.. ဟောက်သံတောင်
ကြားရနိုင်ပါတယ်။
ယဉ်ကျေး။ ။အကို မှော်ဆရာရှင့်။ ယဉ်ကျေးမှာ ချစ်သူရှိပါတယ်။ အခု
နောက်တစ်ယောက်ကလည်း ယဉ်ကျေး ကို နှစ်သက်နေပါတယ်။ သူ ချစ်နေတဲ့ပုံကိုလည်း
ယဉ်ကျေး ခံစားလို့ရပါတယ်။ ဒါပေမယ့် ဆရာရယ်..နောက်တစ်ယောက်ကိုတော့ ယဉ်ကျေး
သံယောဇဉ်ရှိပါတယ်။ အခင်မင်လည်း မပျက် ချင်ပါဘူး။ သူကို ယဉ်ကျေးမှာ
ချစ်သူရှိကြောင်း ရှင်းပြတော့ သူကလက်ခံပါတယ်။ ဒါပေမယ့် သူ့ဘက်ကမလျော့ဘူး။
အိမ်ထောင်မကျမချင်း သူ့မှာ ကြိုးစားခွင့်ရှိတယ်လို့ပြောပြီး
ရိုးသားစွာနဲ့ ကြိုးစားနေဆဲပါ။ အဲ့ဒါ ယဉ်ကျေး ဘာဆက်လုပ်ရမလဲ..ညွှန်ပြပါဦး
အကို မှော်ဆရာရှင့်။
ကိုကိုမှော်ဆရာ။ ။ယဉ်ကျေးရေ..။ ညီမလို အဖြစ်မျိုးက လောကမှာ ဘယ်တော့မှ
မရိုးတဲ့ ဇာတ်လမ်းရိုးရိုးလေးပါ။ အကိုမှော်ဆရာကပဲ
ညွှန်ပြရမယ်ဆိုရင်..ဒီလိုလုပ်ပါနော်။
(၁) ယဉ်ကျေးအနေနဲ့ သေချာရှင်းပြပါ။ အခင်အမင်လည်း မပျက်ချင်ဘူးဆိုရင်
နားလည်မှု တစ်ခုခုကို ရအောင်ယူလိုက်ပါ။ နှစ်ဦးနှစ်ဖက်ကျေနပ်ပြီး
နောက်ဆုံးရလာဒ်ကို လက်ခံနိုင်မယ့် အခြေအနေမျိုးပေါ့ကွာ..။
(၂) ယဉ်ကျေးဘက်ကလည်း သေချာတဲ့ ကတိတစ်ခုခုပေးလိုက်ပါ။ ပြီးမှ
ကတိတစ်ခုခုကို ပြန် တောင်းပါ။ နားလည်မှု ရှိတဲ့သူဆိုရင် လက်ခံပါလိမ့်မယ်။
နားလည်မှုမရှိတဲ့သူဆိုရင်တော့ ၀မ်းနည်းစွာပဲ စွန့်ပစ်လိုက်ပါ။
(၃) နှစ်ဦးနှစ်ဖက် လက်ခံလို့ရမယ့်အခြေအနေတစ်ခုခုရှိလို့ ညီမလေးအနေနှင့်
လက်ခံပေးနိုင်မယ် ဆိုရင် လက်ခံပေးလိုက်ပါ။ ရည်ရွယ်ချက်ကိုတော့ သေချာ
ရှင်းပြပေးထားပါ။ စေတနာမှန်ရင် ရောင်ပြန်ဟပ်ပါတယ် ညီမငယ်။
ဖူးစာဆိုတာကလည်း မမြင်နိုင်တဲ့အရာဆိုတော့ ဘာကိုမှ တရား
သေတွက်လို့မရပါဘူး။
ပီတိ။ ။ ဆရာတော်..အဲလေ..ဆရာမှော်ဆရာခင်ဗျား။ ကျွန်တော်
ချစ်နေရတဲ့ကောင်မလေး တစ်ယောက် ရှိပါတယ်။ အခုဖြစ်နေတာက သူက ကျွန်တော့်ကို
အနားတောင် အကပ်မခံတော့ဘူးဖြစ်နေပါ တယ်။ကျွန်တော်လုပ်မိတာက နင့်ကို ငါ
ရအောင်ယူမယ်လို့ပြောလိုက်မိလို့ပါ။ အဲ့ဒါ အဆင်ပြေ အောင် ကူညီပါဦးခင်ဗျာ။
ကိုကိုမှော်ဆရာ။ ။ ညီတော်..ပီတိရေ..။မင်းကလည်းကွာ..အဲ့လိုပြောရလားကွ။
မိန်းကလေးဆိုတာ အဲ့လို တုံးတိတိကြီးသွားပြောရင်တော့ စိတ်ဆိုးမှာ
အမှန်ပါပဲ။ ဒီလိုလုပ်ပါကွာ..။ရိုးရိုးသားသား သွားပြီး တောင်းပန်လိုက်ပါ။
စိတ်ပြေသွားရင် နောင်အဲ့လို မပြောတော့ပါဘူး လို့လဲ ကတိပေးလိုက်ပါ။
အဆင်ပြေသွားပြီ ဆိုမှသာ ငါ့ကို နင်ရအောင်ယူလို့ပြောလိုက်ပါ။
ကောင်းရောပေါ့ နော်..။ဟဲ..ဟဲ။
ဟန်နီ။ ။ ဆရာမှော်ရှင့်။
ညီမလေးရဲ့ချစ်သူဟာ.အရက်သောက်တက်ပါတယ်။ညီမလေးကလည်း အဲ့ဒါကို
လုံးဝမကြိုက်ပါဘူး။ ခုနောက်ပိုင်း ဘယ်လိုဆေးကောင်းဝါးကောင်းတွေရထားလဲ
မသိပါဘူး။သူ အရက်သောက်ထား..မထားကို လုံးဝအကဲခပ်လို့မရတော့ပါဘူး။ ဆရာမှော်
တက်သိနားလည်မယ် ဆိုရင်.ညီမလေးကို ပြောပြပါဦးရှင့်။
ကိုကိုမှော်ဆရာ။ ။အင်း..အဲ့လို ဆေးကောင်းဝါးကောင်းတွေ ကျွန်တော်တောင်
စိတ်ဝင်စားလာပြိ။ ထားပါ.. အဲ့ဒါတွေ။ လွယ်လွယ်လေးပါ
ညီမငယ်ရေ..။ဒီလိုရွတ်ခိုင်းလိုက်ပါ။ ပီပီသသ မရွတ်နိုင်ရင်
ကောင်းနေပြီလို့သာ မှတ်လိုက်ပါ။ ဆရာမှော်ကပြောတယ်လို့တော့
သတင်းမပေးနဲ့နော်။ လာရိုက်နေဦးမယ်..။ဟဲ..ဟဲ။ တောင်ပေါ်ကရှမ်းကလေး
လျှော်ထမ်းလို့ပြေး..တိုတဲ့လျှော်ကတို.. ရှည်တဲ့လျှော်ကရှည်။ ရွံ့ပေါ်
ရှဥ့်ပြေး….ရှဥ့်မွှေး..ရွံ့မလူး…လို့လေ..။အဆင်ပြေမှာပါ..။ သေချာတယ်..။
ချစ်ငယ်။ ။ ချစ်ခင်ရပါသော..ကိုကိုမှော်ဆရာ..။
ကိုကိုမှော်ဆရာ။ ။ ဗျာ
ချစ်ငယ်။ ။ ချစ်ငယ်မှာလေ..အပျိုကြီးတစ်ယောက်ရှိတယ်..သိလား။
ကိုကိုမှော်ဆရာ။ ။ အင်း…ရန်ကုန်မှာလည်း ပြတိုက်တွေ ရှိပါတယ်။
ချစ်ငယ်။ ။ အချစ်အကြောင်းကို လုံးဝ စိတ်မ၀င်စားဘူး။
ကိုကိုမှော်ဆရာ။ ။ ဒီလိုပဲ ပြောရတော့မှာပေါ့ကွယ်..။
ချစ်ငယ်။ ။ ဘယ်လိုပြုပြင်ရမလဲလို့ အကြံပေးပါဦး။
ကိုကိုမှော်ဆရာ။ ။ ဒီအတိုင်းပဲထားလိုက်ပါကွယ်။ ကြီးမှ ၀က်သက်ပေါက်ရင်
ပိုကြောက်ရတယ်။
ပုံကောင်း။ ။ ဆရာမှော်ခင်ဗျာ..အချစ်နဲ့ပတ်သတ်ပြီးတစ်ခုခုကို သေချာ
သိချင်ပါတယ်။ ရှင်းပြပေးပါနော်..။
ကိုကိုမှော်ဆရာ။ ။သေချင်တာပဲဗျာ..။ ကဲပါလေ..အမေးရှိမှတော့
အဖြေလည်းရှိရတော့မှာပေါ့။ ကိုပုံကောင်း ကို ပုံပြင်တစ်ပုဒ် ပြောပြမယ်။
ပုံပြင်လေးပြီးသွားရင် ကျွန်တော်တောင်ရှင်းပြဖို့မလိုတော့ပါဘူး။
ပုံပြင်ကလေး နာမည်က "အခြမ်း" တဲ့။
ဟိုးရှေ့ရှေ့တုန်းက ဆိုတော့ ကမ္ဘာဦးတုန်းက ဖြစ်မယ်ထင်တယ်။ လူသားတွေဟာ
အစုံလိုက်ကလေးတဲ့။ ခေါင်းက
နှစ်လုံး။ လက်က လေးချောင်း၊ ခြေထောက်ဆိုရင်လည်း လေးချောင်းရှိတယ်။
မျက်လုံးဆိုရင်လည်း လေးလုံးရှိတာပေါ့။ မျက်လုံးနဲ့ မြင်ယောင် လာအောင်
ပြောရရင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ကပ်နေတဲ့ ပုံလေးပေါ့နော။
အဲဒီမှာတစ်နေ့နတ်တွေဟာ လူသားတွေကို အကြောင်းပြုပြီး
အစည်းအဝေးထိုင်ကြတယ်။ သူတို့ကလူသားတွေကို ကြောက် နေကြတယ်။ အဲဒီမှာ
နတ်မင်းကြီးက စကားတစ်ခွန်း ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ မောင်မင်းတို့
အခု ဒို့အောက်က လူသားတွေ အကြောင်းကို ပြောကြရအောင်ကွာတဲ့။ ဒီလူသားတွေဟာ
လျော့တွက်လို့ရတဲ့ သတ္တ၀ါတွေ မဟုတ်ဘူးတဲ့။ တကုတ်ကုတ်နဲ့ ဘာတွေ
လုပ်နေကြမှန်းကို မသိဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒို့ နတ်ပြည်ကို
လာသိမ်းသွားမှာကိုတောင် ထည့်တွက်နေရတယ်။ မသိမ်းဘူး မတိုက်ခိုက်ဘူးလို့
ပြောလို့မရဘူးတဲ့. ဒါကြောင့် ဒီလူသားဆိုတဲ့ ကောင်တွေကို အခုကတည်းက
တစ်ခုခု လုပ်ထားရရင် ကောင်းမယ် လို့ နတ်မင်းကြီးက စပြီး ပြောလိုက်တယ်။
အဲဒီတော့ နတ်တစ်ပါးက ဒီလိုပြောလိုက်တယ်။ ကျုပ်တို့အတွက်
အန္တရာယ်ရှိနိုင်တယ်ဆိုရင် အခုကတည်းက ဒီ လူသား မျိုးနွယ်တွေကို
အပြတ်ရှင်းပစ်လိုက်တာ ကောင်းတာပေါ့လို့ အကြံဥာဏ်ပေးလိုက်တယ်။ အဲဒီတော့
နတ်မင်းကြီးက ဘာပြန် ပြောသလဲ ဆိုတော့ ဟာ... အဲဒီလိုတော့ လုပ်ပစ်လိုက်လို့
မရဘူးကွ။ ငါတို့ကို ခစားမယ့်လူတွေ မရှိဖြစ်သွာမှာပေါ့။ အခိုင်းအစေတွေ
မရှိဖြစ်သွားမှာ ပေါ့။ မင်းဥာဏ်နည်းလှချည်လားလို့ ခပ်ဟောက်ဟောက်
ပြန်ပြောလိုက်တယ်ဆိုရင်ပဲ အဲဒီနတ်သားလေးက ခေါင်းပု သွားတယ်။အဲဒီတော့
နည်းနည်း ဥာဏ်ကောင်းမယ့် ပုံရှိတဲ့ နတ်သားတစ်ပါးက ထပြောတယ်။
ကျွန်တော်တို့ကို လူသားတွေက မတော်လှန်စေချင်တာမဟုတ်လား။ အဲဒီတော့
လွယ်ပါတယ်။ ဒီလူသားတွေကို အင်အားမကြီးအောင် လုပ်ပစ်လိုက်ရုံပေါ့လို့
ပြန်ပြောလိုက်တယ်။(အဲ့တုန်းက နတ်သားဟာ..ကျွန်တော်ထင်ပါတယ်..ကျွန်တော်လို့
ထင်ပါတယ်..ဟဲ..ဟဲ)
အဲဒီတော့ နတ်မင်းကြီး ပြန်မေးလိုက်တယ်။ လူသားတွေ အားနည်းသွားအောင် ဘယ်လို
လုပ်ရမလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အစောန နတ်မင်းက
ခေါင်းလေးမော့လိုက်တယ်။ ငါကွဆိုတဲ့ ပုံလားတော့ မသိဘူး။ ပြီးမှ
ပိုင်နိုင်တဲ့ လေသံနဲ့ လွယ်ပါတယ် နတ် မင်းကြီးရယ်
လူသားတွေကိုအားနည်းသွားစေချင်တယ်ဆိုရင် လူသားတွေကို တစ်ခြမ်းခွဲပြီး
စကြာဝဠာကြီးရဲ့ ဟိုဘက်ဒီဘက်ကို တစ် ဘက်တစ်ခြမ်း လွင့်ပစ်လိုက်ပေါ့လို့
ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ အကြံပေးတာကို ကျန်တဲ့
နတ်သားတွေကလည်းထောက်ခံလိုက်ကြတယ်။
နတ်မင်းကြီလည်း သဘောကျသွားတယ်။ ပြီးတော့မှ နတ်မင်းကြိးက
အဲဒီလို လုပ်ဖို့ အမိန့်ချလိုက်တယ်။ အဲဒီတော့မှ နတ်တွေက တန်ခိုးနဲ့
လူတွေကို တစ်ခြမ်းဆီ ခွဲထုပ်ပစ်လိုက်တယ်။ ပြီးတော့ စကြာဝဠာကြိးရဲ့
ဟိုဘက်ထိပ်မှာ တစ်ခြမ်း ဒီဘက် ထိပ်မှာ တစ်ခြမ်းလွင့်ပစ်လိုက်ကြတယ်။
အဲဒီနေ့က စပြီး လူသားတွေဟာ သူတို့ရဲ့ အခြမ်းလေးတွေကို
လိုက်လိုက်ရှာနေကြတော့တာပေါ့။
ကိုယ့်အခြမ်းလေးကို ကိုယ်ပြန်လိုက်ရှာကြတဲ့နောက်ပိုင်းမှာ
တစ်ချို့ကလည်း ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို ပြန်တွေ့ ကြတယ်။
တစ်ချို့ကလည်း မတွေ့ကြဘူး။ တစ်ချို့ကလည် ကိုယ့်အခြမ်းမှတ်လို့ ၀မ်းသာနေတာ
တကယ် အတူနေတာ ကြာလာမှ ကိုယ့်အခြမ်း မဟုတ်မှန်း သိလိုက်ပြိး
ပြန်ကွဲသွားကြပြန်တယ်။
အဲဒီလိုပဲ လောကကြီးမှာ လူသားတွေဟာ သိတတ်တဲ့အရွယ်ကစပြီး
ကိုယ့်ရဲ့အခြမ်းကို ပြန်လိုက်ရှာတဲ့ တာဝန်တစ်ခုကို မဖြစ်မနေ
ထမ်းဆောင်နေကြရတာပေါ့။ ချစ်သူရှာတယ်၊ အိမ်ထောင်ဘက် ရှာတယ်ဆိုတာ
ကိုယ့်အခြမ်းကို ကိုယ်ပြန်ရှာနေကြ တာတဲ့။ တစ်ချို့ကလည် တစ်ခါတည်း
တွေ့သွားကြတယ်။ အဲဒီတော့ ငယ်လင်ငယ်မယားပေါ့။ ငယ်ငယ်လေးကနေ အသက်ကြီးလို့
သေတဲ့နေ့ အထိ တစ်ယောက်ဆိုတစ်ယောက် နဲ့ ဘ၀ခရီးသွားဖြစ်ကြတယ်။
တစ်ချို့တွေကြတော့ကိုယ့်ရဲ့ကမ္ဘာဦးကအခြမ်းလေးကိုနှစ်ယောက်မြောက်ကြမှတွေ့ကြတယ်။တစ်ချို့ကြတော့သုံးယောက်မြောက်၊
တစ်ချို့ကြတော့ ၄-ယောက်၊ ငါးယောက်၊ ခြောက်ယောက်မြောက် အစရှိသည်နဲ့
ပြန်တွေ့ကြရတယ်။ ကျွန်တော့်ရဲ့ အကိုကြီးက တော့ ၆-ယောက်မြောက်ကြမှ သူ့ရဲ့
စစ်မှန်တဲ့ အခြမ်းလေးနဲ့ ပြန်တွေ့ပြီး အခုတော့ အေးအေးချမ်းချမ်း
နေထိုင်နေလေရဲ့။ ကျွန်တော့ရဲ့ အဒေါ်ကြီး တစ်ယောက်ကတော့ ရှာရင်းရှာရင်း
မတွေဖြစ်ပဲ မနှစ်ကပဲ အသက်(၆၀)မှာ ဆုံးသွားရှာတယ်။ ကျွန်တော် လည်း
လိုက်ရှာနေတာ အခုဆို အသက် (၃၀)တောင် ကျော်နေပြီ။ အခုထိ
မထူးခြားသေးပါဘူးဗျာ(ကြော်ငြာ)
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လတ်တလောတွေ့နေရတဲ့
ကိုယ့်ရဲ့အခြမ်းလေးတွေကို ကောင်းကောင်းတန်ဖိုးထားကြစေချင်တယ်။
စစ်မှန်သည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေပေါ့။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က
မှားနေတယ်ထင်ပြီး လမ်းခွဲလိုက်တာ ကိုယ့်အခြမ်း အစစ်အမှန်လေး ဖြစ်နေရင်
ဒုက္ခနော်။
ခင်ဗျားလည်း အခြမ်းရှာပုံတော် ဖွင့်ပေတော့ဗျာ..။ ဟုတ်ပြီလား။
စာရေးပြီးသွားတော့ ည (၁၁) နာရီထိုးပြီးသွားပါပြီ။
အိပ်လို့လည်းမရသေးပါဘူး။ ဟိုတစ်နေ့က ဗေဒင်ဆရာကို စိတ်ထဲတွင်
မြင်လိုက်ရပါသည်။ အင်း..ငါ့ကိုတော့ ရှာနေပြီထင်တယ်လို့တွေးလိုက်မိပါသည်။
ထိုစဉ်..အသံတစ်သံ ကြားလိုက်သဖြင့် နားစွင့်ကြည့်ရာ…..ဖုန်းသံ..သေချာတယ်။
ဒီအချိန်ကြီးကို..။
အောက်ဆင်းပြီး ဖုန်းကောက်ကိုင်လိုက်ပါသည်။
"ဟယ်လို"
"ဟိတ်..စာရေးပြီးသွားပြီလား။ အခြမ်း ပုံပြင်လေး ကောင်းတယ်နော်။"
"ဗျာ..ခင်ဗျား ။ဟိုတစ်နေ့က.."
စကားမဆုံးပါ..။ သူမက ပြောလာပါသည်။
"ဟုတ်တယ်လေ..ဘာဆန်းလို့လဲကွာ..ကိုကို့ကို ဒီက သိနေတာပဲကို.."
"ခင်ဗျား နာမည် ဘယ်လိုခေါ်လဲ..ဘယ်မှာနေလဲ။"
"ကိုကို သိတော့ရော..ဘာထူးမှာမို့လဲ။ နာမည်က နတ်သမီးလေ..သိရက်သားနဲ့။"
"ဒီနေ့ရော..ဘာတွေ သိနေပြန်ပြီလဲ"
"သိတာပေါ့..ကိုကို ပြည့်စုံက သူငယ်ချင်းမိန်းကလေးအိမ်တွေသွားပြီး
စနည်းနာတာတွေ..ဖုန်းတွေ လျှောက်ဆက်နေတာတွေ..အကုန်သိတယ်..ခစ်..ခစ်။"
"တယ်သိနေပါလား။ တခြားရော..ဘာတွေ သိနေသေးလဲ။ပြောပါဦး။"
"လာမယ်လေ..ဖြေးဖြေးပေါ့။ ဖုန်းချလိုက်တော့မယ်နော်။"
"ခဏ..ခဏ.နေပါဦး။"
ဖုန်းချသွားပါသည်။ ဖုန်းနံပါတ်တွေကလည်း တစ်နေ့တစ်မျိုးဆိုတော့
ဖမ်းလို့ကလည်း မရနိုင်ပါ။ ဟူးးးးးးးးးးးး…။
မင်းကိုယ့်ကိုယ် စိုးမိုးလှချည်လား..နတ်သမီး..။ သေချာတယ်…ကိုကို မင်းကို
စိတ်ဝင်စားသွားပြီ။

အခန်း (၇)
ခေါ်သံကြားလိုက်လို့လှည့်ကြည့်လိုက်တာ..ဘယ်သူမှရှိမနေပါ။ဒီနေရာကြီးမှာလူမှားခေါ်စရာလည်းမရှိပါ။
မှားစရာ လူလည်းမရှိပါ။ လူလည်းမရှိပါ။ ခေါ်သံကိုသာ ကြားလိုက်ရတာပါ..။
လူလည်း အူလည်အူလည်နှင့် ဖြစ်နေရပါသည်။ လှမ်းကြည့်လိုက်တော့
ဝန်းကျင်တစ်ခုလုံး ဘယ်သူမှ ရှိမနေပါ။
လူလည်း ရူးချင်လာပါသည်။ ဟူး။ စာမူသွားပေးဖို့ထွက်လာတာပါ။ အပြန်ကျရင်တော့
ရေးထားတဲ့ကဗျာလေးကို လက်စသပ်ရမယ်လို့ စဉ်းစားထားပါသည်။ လမ်းတစ်ဝက်အရောက်
ကားမှတ်တိုင်မှာ ကားစောင့်နေရင်း ကြားနေရတာပါ။
မယုံကြည်နိုင်ပါ..။ဘာတွေလဲ..။
ကြည့်မိကြည့်ရာ ကြည့်မိတော့ လမ်းတစ်ဘက်မှာ ကြွေဗေဒင်ဟောပေးနေသော
ဗေဒင်ဆရာမလေး တစ်ယောက်ကို တွေ့ရပါသည်။ ဘာရယ်မဟုတ်ပဲ လမ်းကူးလိုက်ပြီး
ကြည့်လိုက်တော့
နတ်သမီး ကြွေဗေဒင် လို့ ရေးထားတာကို တွေ့ရပါသည်။ နတ်သမီး ဆိုသော
နာမည်ကို စိတ်ဝင်စားသွားပြီး..
"တစ်ခါမေးရင်ဘယ်လောက်လဲ"
"၂၀၀ ကျပ်"
"ဟ များလှချည်လား"
"ကြိုက်မှ မေးပါ။ ၃ ခါမေးရင်တော့ ၅၀၀ နဲ့ရမယ်"
"စမ်းကြည့်မယ်လေ"
ဟု ပြောရင် ကြွေစေ့များကို ကောက်ကိုင်လိုက်ပါသည်။
"ဆရာမလေး မြင်တာကိုပဲ ဟောပါ..ကျွန်တော်ကတော့ ကြွေပစ်လိုက်ပါမယ်"
"မရဘူး။မေးခွန်းတစ်ခုရွေးပါ။"
"အင်း…ဒါဆိုရင်….ဒီနေ့ဘာဖြစ်မလဲ။ထူးထူးခြားခြားတစ်ခုပေါ့"
ကြွေစေ့များကို ပစ်ချလိုက်ပါသည်။ ဘယ်နှစ်ခုမှောက်ပြီး ဘယ်နှစ်ခု လှန်နေလဲ
ကျွန်တော်မကြည့်မိပါ။ ကျွန်တော် ကြည့်နေတာက သူ့မျက်နှာကိုပါ။
"ရှင်..အခုတစ်လော
ထူးခြားတာတစ်ခုခုကိုတွေ့ကြုံနေရတယ်။တွေ့ကြုံနေတာကြာပြီ.ထပ်ပြီးကြုံဖို့
လည်းရှိသေးတယ်"
"ဆက်ပြောဦးလေ..ဒါပဲလား။ ဘယ်လိုထူးထူးခြားခြားလဲ"
"အမျိုးသမီးတစ်ယောက်နဲ့ ပတ်သတ်နေတယ်။ သူက ရှင့်ကို သိတယ်။ ရှင်ကတော့ သူ့ကို မသိဘူး"
"အင်း…မှန်တယ်။ ထပ်သိချင်သေးတယ်"
"ကျွန်မ မြင်တာ အဲ့ဒါပဲ။ ထပ်သိချင်ရင် ထပ်မေးလေ.."
"ဗျာ..အဲ.။အင်း..ဟုတ်ကဲ့"
နောက်ထပ်တစ်ကြိမ် ကြွေစေ့များ ထပ်ပစ်လိုက်ပါသည်။ ပစ်ချပြီးသည်နှင့်
သူ့မျက်နှာကိုပဲ ထပ်ကြည့်နေမိပါသည်။ တော်တော်ချောတဲ့ ကောင်မလေးပဲ..။
ဘာလို့များ ဒီလို လမ်းဘေးမှာ ကြွေဗေဒင် ဟောစားနေရပါလိမ့်..။
"ကျွန်မပြောတာကြားလား။ ရှင့် စိတ်က ဘယ်ရောက်နေတာလဲ။ ရှင်နော်…"
"အဲ့ အင်း ပြန်ပြောပြပါ။"
"ရှင်နဲ့ သူ မကြာခင်မှာ တွေ့ဆုံဖို့ရှိတယ်။"
"ထပ်မေးမယ်….။ဘယ်လို ဆုံမှာလဲ"
"မဖြေတော့ဘူး"
"ဘာဗျ.။ခင်ဗျားကပဲ (၃) ခွန်းပြည့်အောင်ဟောရရင် ၅၀၀ ဆို.။၅၀၀
ဖိုးပြည့်အောင်မေးမယ်လေ.."
"ဒီနေ့အဖို့ ရှင့်ကို အဲ့မေးခွန်းကို ဆက်မဖြေတော့ဘူး။သိချင်ရင်
နောက်နေ့မှ လာမေးတော့။"
"ဟာ..ခင်ဗျားဟာကလည်း ဘယ်လိုလဲဗျ။ကျွန်တော်မေးတော့လည်း မဖြေဘူး။"
"မေးတိုင်း ဖြေပါမယ်လို့ ရေးထားလို့လား"
"တခြားဟာမေး"
"မမေးဘူး။အဲ့ဒါပဲ သိချင်တယ်။ ကြွေထပ်ပစ်မယ်"
"မဟောဘူး။ တခြားဟာမေးရင် ဟောမယ်။ အဲ့ဒါပဲမေးရင် မဟောဘူး"
"နေဗျာ..ရော့ ငါးရာ"
ဟုပြောပြီး ပိုက်ဆံ ၅၀၀ ကို ချပေးခဲ့ပြီး ပြန်လာခဲ့ပါသည်။ ထိုအချိန်တွင်
သူမက လှမ်းပြောပါသည်။
"အကြွေးမှတ်ထား နောက်နေ့မှ လာမေး"
ဘယ်လို ဗေဒင်ဆရာမလည်းမသိပါဘူး။ မှားပါတယ်..။ အဝေးမှ ပြေးလာသော
လိုင်းကားတစ်စီးက ကျွန်တော့်ရှေ့ မှာ မောမောပန်းပန်းနဲ့ ရပ်လိုက်ပါသည်။
စပယ်ယာ ခုန်ဆင်းလာပြီးတော့..
"လိုက်မလား..ခေမာသီကို ခေမာသီကို…"
ကားပေါ် ပြေးတက်လိုက်ပြီး လိုက်မိလိုက်ရာ လိုက်သွားပါသည်။ ခေမာသီပဲ
ရောက်ရောက်..မေဓါဝီပဲ ရောက်ရောက်..ရောက်ချင်ရာရောက်တော့ဗျာ..။
နတ်ပြည်ရောက်ရင်လည်း ပြီးတာပဲ..။ နတ်သမီးနဲ့ တွေ့ကြတာပေါ့။
အဲ..သူကဘယ်ဘုံမှာ ရှိလို့ ငါက ဘယ်ဘုံကိုရောက်မှာလဲ။
ဝေးနေကြရင်..အခုလို လိုင်းကားရော ရှိရဲ့လား မသိ။ တော်တော်ကြာ သူရော ငါပါ
နတ်သမီး ဖြစ်နေရင် ဘယ်လိုလုပ်မလဲ..။ တွေးကြည့်တာတောင် အဆင်မပြေပါဘူး။
ဟူး….။

အခန်း (၈)

"ဒါဆို မင်းဟာကြီးက ဘယ်လိုကြီးလဲကွ။ တစ်ယောက်ယောက်ကများ မင်းကိုနောက်နေတာများလား"
"ငါလည်းအဲ့လို ထင်နေတယ်..ဒါပေမယ့် မဟုတ်နိုင်ဘူး"
"မင်းဟာတွေကလည်း ရှုတ်ရှက်ခက်နေတာပဲကွာ"
ကျွန်တော်တို့ သူငယ်ချင်းတွေအားလုံးခေါင်းစားနေပါသည်။ အဖြေကို
ရှာလို့မရသေးပါ။ ကျွန်တော်လည်း စိတ်ရှုတ် လာပါသည်။ကျော်စွာကတော့
ရည်းစားရနေပါပြီ။ မင်းကို လိုက်နေတဲ့ ကောင်မလေးကလည်း အဖြေရကာနီးဖို့
ရောင်ခြည် သန်းနေပါသည်။
တင့်ဆန်းကတော့ ထုံးစံအတိုင်း အယ်ဒီတာလုပ်နေရင်း ရှုတ်နေတုန်းပါပဲ။
ကျွန်တောသာ ရှင်းရှင်းလေးနဲ့ ရှုတ်နေရတာပါ။ သပွတ်အူကကျွန်တော့်ဆီကိုမှ
ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပုံ ရပါသည်။
ကျော်စွာက..
"ကဲ…ကဲ..ခေါင်းစားမနေနဲ့။ မင်းတို့တွေလည်း ကိုယ့်အလုပ်ကိုယ်လုပ်။
ငါလည်းလုပ်မယ်။ ပြည့်စုံ စာတွေစစ် အဖြေတွေရေးတော့။ နက်ဖန်ကျရင် မင်းက
ခုမေးခုဖြေ ကဏ္ဍ ကို ကိုင်ရဦးမယ်။"
"ပြန်ကြမယ်။"
"နေပါဦးကွ.."
"ပြန်မယ်ဟေ့ရောင်..ဒီည Website ထဲကို အသစ်တွေ တင်ရဦးမယ်။
ကိုယ့်တာဝန်ကိုယ်ကျေပါ ရဲဘော်"
ဘာမှ ဆက်ပြောလို့မရပါ။ အကုန်လုံး လမ်းပေါ်ရောက်ကုန်ပါပြီ။ ကျွန်တော်လည်း
အိမ်ပြန်ပြီး ရေးလက်စ ကဗျာ တစ်ပုဒ်ကို လက်စသပ်ရပါမည်။
မေးထားတာတွေ..ဖြေရဦးပါမည်။ ညတွင်းချင်း အပြီးတင်ထားရဦးပါမည်။
ဟူး..စဉ်းစားရခက်လိုက်တာနော်..။
အိမ်ကိုပြန်ေ၇ာက်တော့ …ကဗျာကို လက်စသပ်နေတုန်း ဖုန်းလာပါသည်။ မေမေက
ကျွန်တော့် ဖုန်းဟု ဆိုကာ အခန်းထဲသို့ လွှဲပို့လိုက်ပါသည်။
"ဟယ်လို"
"ကိုကို မှော်ဆရာလေး..ခေါင်းရှုတ်နေလား"
"ခင်ဗျားက သိနေပြန်ပြိလား။"
"အင်းပေါ့..ပြည့်စုံ ဘာပဲလုပ်လုပ် သိနေတာပဲ"
"ဒီနေ့ ကျွန်တော်ဘာလုပ်လဲ.ပြော"
"ဒီနေ့လား..ပြည့်စုံ ဗေဒင်သွားမေးတယ်လေ..(၂) ခွန်းပဲမေးလို့ရခဲ့တယ်လေ။
နောက်တစ်ခွန်းက အကြွေးတဲ့.. ခစ်..ခစ်။ ပြည့်စုံ စိတ်တိုသွားတယ်မလား။
ဗေဒင်ဆရာမလေးကို…"
"အင်း..ဟုတ်ပြီ..ဟုတ်ပြီ..ဘာလုပ်လုပ် သိနေတယ်ဆိုတော့ နှစ်ခုလောက်သိချင်တယ်။"
"ဟယ်..တစ်ခုဆို မရဘူးလား။"
"မရဘူး။ ၂ခုမှ..ဖြေမှာလား"
"သိပါတယ်..ပြည့်စုံက အမြဲ ၂ ခုပဲလိုချင်တာ..နှစ်ဂဏန်းကိုကြိုက်တာ။ သိပါတယ်။"
"ခင်ဗျားက ဘာလို့အဲ့လောက်တောင် သိနေတာလဲ..ဘယ်လိုလုပ်သိတာလဲ"
"အလိုလို သိနေတာ..။"
"အလိုလို..ဟုတ်လား။ မဖြစ်နိုင်ဘူးထင်တယ်နော်..။"
"ဒါဆို ဘယ်လို သိတယ်လို ပြည့်စုံထင်လဲ။"
"မထင်.မထင်တက်တော့ပါဘူးဗျာ.."
"ဟားးးးးးးးးးးး "
"ရယ်မနေနဲ့။ခင်များကို ကျွန်တော် လန့်နေပြီ..သိလား"
"မလန့်ပါနဲ့..တို့က ဒုက္ခမပေးပါဘူးဆို.."
"အဓိပ္ပါယ်မရှိဘူးကွာ..ဒီလောက် သိသိနေတာ"
( ဘာသံမှမကြားရပါ။ စိတ်မောသွားလို့ထွက်လာသော အသံမျိုးကိုကြားလိုက်ရပါသည်။)
"ကျွန်တော်မေးမယ် ဖြေမှာလား"
"မေးလေ.."
"ဒီနေ့ ဗေဒင်ဟောတဲ့ကောင်မလေး နာမည် သိချင်တယ်။ ရမလား"
"ဘာလို့ သိချင်ရတာလဲ"
"ကျွန်တော် စိတ်ဝင်စားလို့ဗျာ..ကဲ.ပြောမှာလား။ခင်များရော..သိလား။"
"အင်း…သိပါတယ်။ တို့က ပြည့်စုံနဲ့ပတ်သတ်နေရင်..သိသိနေတာများပါတယ်။"
"ဒါဆိုပြော"
"နတ်သမီး တဲ့"
"ဟာကွာ…နာမည်ရင်းကို သိချင်တာ..ဆိုင်နာမည်ကို မဟုတ်ဘူး"
"ဟုတ်တယ်..နတ်သမီးတဲ့"
"မနောက်ပါနဲ့ဗျာ..တစ်ကယ်သိချင်လို့ပါ။ ခင်များပဲ သိတယ်ဆို.."
"ဟားးးးးးးးး စိတ်လေသွားပုံကြီးကလည်း….အလကားစတာပါ။ သူနာမည်က..သော်တာ တဲ့"
"တစ်ကယ်လား"
"တစ်ကယ်ပေါ့"
"သူကဘာအလုပ်လုပ်လဲ"
"ဗေဒင်ဟောနေတာတွေ့ခဲ့သားနဲ့..ခစ်..ခစ်"
"ဟာ..အဲ့ဒါကိုပဲ အမြဲလုပ်နေတာလား"
"စတာပါ..တစ်ခါတစ်လေပဲလုပ်တာပါ။အမြဲ မဟုတ်ပါဘူး။ သူက
စိတ်ပညာကျမ်းပြုစုနေတာလေ..ပါရဂူဘွဲ့အတွက်"
"ခင်များက အဲ့ဒါလည်း သိနေတာပဲလား။ပြိးတော့ အဲံဒါတစ်ကယ်ပဲလား။"
"တစ်ကယ်ပါ..ပြည့်စုံရယ်..တို့က ညာပါ့မလား။"
"နေပါဦး..စိတ်ပညာကျမ်းပြုစုတာနဲ့ ဗေဒင်ဟောတာနဲ့ ဘာဆိုင်လို့တုန်း"
"ပြည့်စုံကရော..ဘာလို့ အဲ့လောက်တောင် သိချင်နေရတာလဲ။"
"စိတ်ဝင်စားလို့ပေါ့ဗျာ.."
"ကဲ..ကိုကိုမှော်ဆရာကြီး စာဆက်ရေးလိုက်ပါဦး။ ကျန်တာတွေ
နောက်နေ့မှဆက်မေးတော့..တာ့တာ။"
"သွားပြန်ပြီ..ဘာတွေလဲကွာ…ဟူး။"
သူကဘာလို့ ဒီလောက်တောင် သိနေရပါလိမ့်။
အံ့သြစရာ..။ကျွန်တော်တောင် နားမလည်နိုင်တော့ဘူး။ ကိုယ့်ကို ကိုယ်
ဟုတ်လှပြီ ထင်နေတာ..လိုက်မကြည့်ပဲ သိနေတယ်တဲ့။ တစ်ခါမှ မကြုံဖူးဘူး။
တစ်သက်နဲ့ တစ်ကိုယ် တစ်ခါမှ မကြုံဖူးဘူးဗျာ..။
ဒါဆို…သူနဲ့ ဗေဒင်ဆရာမလေးရော..မသိနိုင်ဘူးလား။
နက်ဖန်ကျရင်..ကျန်နေသေးတဲ့ မေးခွန်းတစ်ခုကို သွားမေးမယ်။ ဒီနေ့တော့
ကျွန်တော့်ကို မေးထားတဲ့ မေးခွန်း တွေပဲ ထိုင်ဖြေလိုက်တော့မယ်။
ရနံ့ချို။ ။ ကိုကိုမှော်ဆရာကြီးရှင့်။ ကျွန်မကို
အမုန်းအကြောင်းပြောပြပါနော်။ မပြောပဲလဲ မနေပါနဲ့နော်။ ၀တ်ကျေတန်းကျေလဲ
မပြောပါနဲ့။ယုံတမ်းစကားလည်း မဖြစ်ပါစေနှင့်။အမုန်းအကြောင်းမှလွဲပြိး
အခြားအကြောင်းလဲမပါပါစေနှင့်။ မဖြေပဲလဲ မလုပ်ပါနဲ့။ ဖြေပေးပါနော်..။
ကိုကိုမှော်ဆရာ။ ။ညီမလေးရေ..အကိုဆက်ဆက်ပြောပါမယ်။ မပြောပဲလဲမနေပါဘူး။
ဝတ်ကျေတန်းကျေလည်း မပြောပါဘူး။ အမုန်းအကြောင်းကလွဲပြီး
အခြားအကြောင်းလည်းမပါပါဘူး။ ဒါပေမယ့် ဒီစကားတွေ ကို ရုံးပိတ်ရက်မှာလည်း
နားမထောင်ပါနဲ့။ ကြားရက်မှာလည်းနားမထောင်ပါနဲ့။ အဖော်တွေလည်း မပါစေနဲ့။
လူကိုယ်တိုင် လာခဲ့ပါ။ သေသေချာချာပြောပြပါမယ်။
နှင်းနွယ်။ ။ အချစ်တစ်ခုဖြစ်လာဖို့ အချိန်ဘယ်လောက်လိုပါသလဲဆရာ..။
ကိုကိုမှော်ဆရာ။ ။လက်ကနဲ လျှပ်စီးလက်သလောက်အချိန်မျိုးမှာတောင်
အချစ်တစ်ခုဖြစ်လာနိုင်ပါတယ်..နှင်းနွယ်။
ရာဇာ။ ။ဆရာမှော်ရော..ချစ်ဖူးပါသလားခင်ဗျာ။ ကျွန်တော်တို့သူငယ်ချင်းတွေက
သိချင်လို့ပါ။
ကိုကိုမှော်ဆရာ။ ။ ကိုရာဇာရေ..ချစ်ဖူးတယ်…အိုမလွယ်ဘူး ရူးနိုင်တယ်။
ကျွန်တော် သီချင်းဆိုနေတာနော်..။
ကေသွယ်။ ။ဆရာမှော်ရေ…ကျွန်မတော့ ဆူးစူးနေပြီရှင့်။ ဘယ်လိုနှုတ်ရမလဲ
မသိတော့လို့ ကူညီပါဦး။
ကိုကိုမှော်ဆရာ။ ။ဆေးရုံတွေ..ဆေးပေးခန်းတွေ..ဒီလောက်များတာ
ကျွန်တော့်ကိုမှ မေးရသလားဗျာ..။ ဖြေပေး ရတောပေါ့လေ..။အရင်ဆုံး
အရက်ပြန်လောင်းလိုက်ပါ။မသောက်မိပါစေနှင့်။ ဇာဂနာတစ်ချောင်းကို
မီးရှို့လိုက်ပါ။ (၂)ချောင်းပါရင် အထီးဖြစ်နိုင်လို့ (၁)ချောင်းထဲသာပါသော
ဇာဂနာကို ရှာဝယ်ပါ။ ပြီးရင်..ကလော်ထုတ်လိုက်ပါ။ နည်းနည်းလည်း
နာနိုင်ပါတယ်။ အများကြီးလည်း နာနိုင်ပါတယ်။ အချိန်တစ်ခုပေးလိုက်ရင်
နာတာပျောက်ပြီး ဒဏ်ရာလည်း မကြာခင်မှာပျောက်သွားပါလိမ့်မယ်။ တစ်ခု
အထူးသတိပြုစေချင်တာက နောင်ဆိုရင် ဆူးတွေနဲ့ ဝေးဝေးနေပါ။
နတ်သမီး။ ။ သူဘာတွေလုပ်နေလဲဆိုတာကိုယ်က သိသိနေတော့ သူ့အကြောင်းကိုပဲ
တွေးနေမိပါတယ်။ အဲ့ဒါ ချစ်မိနေတာလား ဆိုတာ ရှင်းပြပါရှင်…။
ကိုကိုမှော်ဆရာ။ ။ ဟာ… ကျွန်တော်မဖြေတက်ဘူး။ ဘယ်သူတုန်း..။
လာခဲ့လေ…။သေချာရှင်းပြပေးမယ်။
ဟာ…..ကျွန်တော်သိတဲ့ နတ်သမီးလား..။နာမည်တူတာလား။သူဘယ်သူလဲ
?ကျွန်တော်စာဆက်ရေးချင်စိတ်
မရှိတော့ပါ။ အချိန်လည်းစေ့သွားပါသည်။ ကျွန်တော့်အတွေးတွေလည်း ..အဝေးသို့
လွင့်ထွက်သွားပါသည်။


အခန်း (၉)

တွေ့မယ်လို့မျှော်လင့်ထားကာမှ တစ်ကယ်မတွေ့ရတော့ မောသွားပါသည်။ ပါလာတဲ့
သူငယ်ချင်းတွေကလည်း…
"ဟုတ်ကောဟုတ်ရဲ့လား ပြည့်စုံရယ်.."
"မင်း ငါ့တို့ကို မင်းစိတ်ထဲက ပုံပြင်တွေပြောနေတာလားကွာ"
"ဟေ့ကောင်..လိုင်းပေါ်တက်ပြိးတော့ မင်းရူးချင်သမျှရူးခွင့်ပေးထားတာ
အပြင်ကိုတော့ ပါမလာပါနဲ့ကွာ"
"အေးလေကွာ.."
ကျွန်တော်ပြန်ပြောချင်စိတ်တောင်မရှိတော့ပါ။ ကျွန်တော်ပဲ
ရူးနေတာလား..မသိတော့ပါဘူး။ သေချာတွေ့မယ်လို့ ထင်ထားတာ..တစ်ကယ်မတွေ့ရတော့
ဘာမှ လုပ်ချင်စိတ်တောင်မရှိတော့ပါ။
နတ်သမီး…. မင်းငါ့ကို ဖမ်းစားလွန်းတယ်..။
ရပါတယ်..ဗေဒင်ဆရာမလေးရယ်…။ မင်းအပေါ်မှာ ငါက မေးခွန်းတစ်ခု
အကြွေးတင်သွားပြီနော်..။ ရေစက်မကုန် သေးရင် တွေ့ကြဦးမှာပါ..။
အဲ့ဒီအခါကျရင်..ငါက..မင်းကို စကားတွေအများကြီးပြောချင်ပါတယ်..။
တစ်ခွန်းမကတဲ့ မေးခွန်း တွေ မေးချင်ပါတယ်..။
ငါက..မင်းကို (၁၅၀၀)ပေးပါမယ်..။ မင်းက ငါ့ကို အဖြေ (၉) ခု ပေးပါနော်..။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ.. ငါတွေ့အောင်ရှာမှာပါ..နတ်သမီးရယ်..။(
မှတ်ချက်။ ။ စာရေးသူဘ၀မှာ တစ်ညတည်းနဲ့ ချစ်တယ်ဆိုတဲ့ စိတ်ချမ်းသာ မှုကို
(၉)ကြိမ်တိတိရခဲ့ဖူးပါတယ်။ ဒါပေမယ့် ပျော်ရွှင်မှု နည်းနည်းလေးရဖို့
မျက်ရည်တွေအများကြီးပေးဆပ်ခဲ့ရပါတယ်။ တစ်ကယ့်ကို အိပ်မက် မက်ခွင့်
ပေးခဲ့တာပါ..။ အချိန်အား ဖြင့် ပြောရရင် ၂ နာရီထဲပါပဲ..။
ပြန်တွေးမိတိုင်း ကြေကွဲနေမိဆဲပါပဲ..။ ကလေးလေး တစ်ယောက်လို
ပြန်လိုချင်တယ်လို့ လူသူကင်းရှင်းတဲ့အခါမျိုးမှာ ခဏခဏ
ဟစ်ကြွေးခဲ့ဖူးပါတယ်။ အဲ့ဒီ အရိပ်ဟာ.. ဒီနေ့အထိ အုပ်မိုးနေဆဲ့ပါပဲ။ အမှန်
ပြောရရင်…ကျွန်တော် မပျော်ပါဘူးဗျာ..။ စိတ်ကူးထဲမှာ ချစ်ပြီး
စိတ်ကူးထဲမှာလမ်းခွဲခဲ့တာ တစ်ကယ်မှ ဟုတ်ပါလေစ လို့တွေးတွေးမိပြီး
အိပ်မက်ဆန်တဲ့အချစ်မျိုးဟာ.. ဒီနေ့အထိ ကျွန်တော့်အပေါ် ရိုက်ခတ်မှု
အားကောင်း နေဆဲပါပဲ…။ ဒဏ်ရာတွေလည်း ပြန်မတွေးချင်ပါ ဘူး..။ သေချာတာကတော့
မက်ခဲ့တဲ့ အိပ်မက်လေးကို တစ်ကယ်ဖြစ်လာနိုးနဲ့ ခဏခဏဖမ်းဆုပ်နေမိတယ်။
မရပါဘူး။ မီးခိုးငွေ့တွေ လိုပါပဲ..ပါးလျပျောက်ကွယ်သွားတာပါပဲ။
လွမ်းနေမိတာတော့ တစ်ကယ်ပါ။ )
"ဘာတွေ တွေးနေတာလဲ ပြည့်စုံ။ ပြန်ကြမယ်လေ.."
"မတွေ့မှတော့ ပြန်ရပြီပေါ့ ဗေဒင်ဆရာမလေးရယ်.."
"အေးလေ..ပြန်ကြတာပေါ့"
"ဒါနဲ့ ဒီတစ်ပတ်အလှည့်က ပြည့်စုံနော်"
မင်းကို ပြောမှ သတိရပါတော့သည်။ တနင်္ဂနွေနေ့ ည(၇) နာရီတွင်
အွန်လိုင်းပေါ်ရှိ ခုမေးခုဖြေကဏ္ဍ တွင်ဖြေဖို့ အလှည့်ကျတာဝန်ခံက
ကျွန်တော်ဖြစ်သည်ကို သတိရသွားပါသည်။ ဒီတစ်ပတ်တွင် မှော်ဆရာလေးမှ
လက်ခံစကား ပြောမည်ဟု ကြေငြာထားပါသည်။
ကျွန်တော်တောင် တာဝန်တွေပျက်ကွက်နေပါသည်။ ဘာမှမပြင်ဆင်ရသေးပါ။
မပြင်မဆင်ပဲ ပွဲကရတာ ဒီတစ်ခါ ပထမဆုံးပဲ လို့တွေးကာ နက်ဖန်ညကျရင်
ထိုင်ရတော့မည်ဖြစ်သော ခုမေးခုဖြေကဏ္ဍ ကိုတွေးလိုက်မိပါသည်။
မင်္ဂလာပါခင်ဗျာ..။
ခုမေးခုဖြေကဏ္ဍကို တနင်္ဂနွေနေ့ ည(၇) နာရီမှ (၉)နာရီအထိ တစ်ပတ်ခြားလျှင်
တစ်ကြိမ် လက်ခံဖြေကြား ပေးပါ မယ်။ ဒီကဏ္ဍတွင် ပြောကြားပေးလိုသော
ရည်ရွယ်ချက်က အသိပညာတိုးရန်..၊ပျော်ရွှင်ကြည်နူးစေရန် နှင့် အခက်အခဲရှိသူ
များကို ၀ိုင်းဝန်း ကူညီဖြေရှင်းပေးရန် ဖြစ်ပါတယ်။ မေးလာသော
မေးခွန်းများတွင် ပုဂ္ဂိုလ်ရေးရာ ထိခိုက်မှုများ နှင့် နိုင်ငံရေး နှင့်
ဆိုင်သော မေးခွန်းများကို လက်ခံဖြေကြားခြင်းပြုမည် မဟုတ်ကြောင်းကို
ကြိုတင် အသိပေးအပ်ပါသည် ခင်ဗျာ..။ မှတ်ချက်။ Connections
ကောင်းခြင်းမကောင်းခြင်းကို လက်ခံစဉ်းစားပေးမည် မဟုတ်ဘဲ..မေးလာသောသူများ၏
မေးခွန်းများကိုသာ ဖြေကြားပေးမည် ဖြစ်ပါသည်။
မေးမြန်းနိုင်ပါသည်ခင်ဗျာ..လက်ခံဖြေကြားပေးဖို့တာဝန်ကျသူကတော့
www.mawcity.com မှ Admin တစ်ဦးဖြစ်သူ ကိုကိုမှော်ဆရာလေး (Email :
kokohmawsayarlay@mawcity.com) က ဖြေကြားပေးမှာဖြစ်ပါတယ် ခင်ဗျာ..။
နွယ်ဇင်ဝေ။ ။ ဆြာမှော်…နွယ်သိချင်တာလေးကို ဆြာနားလည်ရင်ဖြေပေးပါနော်..။
နွယ်လေ..ဗန်ဂိုးရဲ့ အာလူး စားသူများ ပန်းချီကားကို
ကြည့်လိုက်ရတော့သူတို့ရဲ့မျက်လုံးတွေက တစ်ခုခုကို ပြောနေသလို
ပါပဲ..ဆြာမှော်ကရော..ဘယ်လိုမြင်ပါသလဲ။
ကိုကိုမှော်ဆရာ။ ။ မနွယ်ဇင်ဝေအနေနဲ့ အဲ့ဒီအာလူးကိုများ
လုစားနေချင်သလားပဲ..။ မနွယ်ဇင်ဝေ တွေးတာ မှန်ပါ တယ်။ တစ်ခုခုကိုပြောနေတာ
အမှန်ပါပဲ..။ ကျွန်တော်ကတော့ မျက်လုံးတွေကို ဒီလို မြင်ပါတယ်။
လွတ်လပ်စွာကွဲလွဲတာကိုတော့ နားလည်ပေးပါဗျာ..။ ဆရာဗန်ဂိုးပန်းချီထဲက
မျက်လုံးတွေကို သူဌေးတစ်ယောက်မှာ တပ်လိုက်ရင် အဓိပ္ပါယ်တစ်မျိုးရပါတယ်။
သူတောင်းစားတစ်ယောက်ဆီမှာ တပ်လိုက်ရင် အဓိပ္ပါယ်နောက်တစ်မျိုးထပ်ရပါတယ်။
ဒီလိုပါပဲ..ကျောင်းဆရာ..တံမြက်စည်းလှည်းသမား..သူဌေးသား..လုပ်ငန်းရှင်..သူနာပြု..ဈေးသည်..စသဖြင့်ပေါ့ဗျာ..လိုက်တပ်ကြည့်ပါ။
အဓိပ္ပါယ်တစ်မျိုးပြီးတစ်မျိုးရနိုင်ပါတယ်။ နောက်ထပ်ရလာတဲ့
အဓိပ္ပါယ်တွေရှိလာရင် ကျွန်တော့်ကိုလည်း ပြောပြပါနော်..။ ဒီတစ်ခေါက်တော့
ကျေနပ်ပါဦးနော်..။
ငြိမ်းငြိမ်း။ ။အကိုမှော်ဆရာ ရှင့်…….။… (အနုပညာဆိုတာ ပုံတူကူးတင်ပြတာ
မဟုတ်ဘူး။ သင်္ကေတပြု
တင်ပြတာဖြစ်တယ်….." လို့ ကြားဖူးပါတယ်။) ရှင်းပြပေးပါရှင်..။
ကိုကိုမှော်ဆရာ။ ။ဘုရား..ဘုရား…ရွှေတိဂုံဘုရား..ဆူးလေဘုရား..ဗိုလ်တထောင်ဘုရား..ကျိုက္ကဆံဘုရား..
မဟာ မြတ်မုနိဘုရား..ရှိသမျှ ဘုရား ၂၈ ဆူ..အားလုံး
အားလုံး…။ဘုရားတပည့်တော့်အား စောင့်မ ကြည့်ရှုတော်မူပါဘုရား..။
မြိုင်ရာဇာတွတ်ပီလို ဒီနေ့ကံမကောင်းပါလားလို့ ရွတ်ရတော့မယ်ထင် ပါတယ်။
ဖြေမယ်နော်..။
အထက်ပါစကားကို ပလိုတီးနပ်စ်က ပြောခဲ့တာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဒီလိုပါ။
"ခုချိန်ကစပြီး
ကျွန်တော်တို့ နားလည်နိုင်ပြီ။ အနုပညာဆိုတာ ပုံတူကူးတင်ပြတာ မဟုတ်ဘူး။
သင်္ကေတပြုတင်ပြတာ ဖြစ်တယ်….." လို့ ပြောပါတယ် ။ (It is hence forth
understood that art is not imitative but symbolic) .
ပလိုတီးနပ်စ်ပြောတဲ့ သင်္ကေတသဘောဟာ သစ်ဆန်းပါတယ်။ ရှိထားပြီးသား အစဉ်အလာက
ပြဋ္ဌာန်း ပြီးသားသင်္ကေတမျိုးမဟုတ်ပါဘူး။ အနုပညာသမားက စိတ်ထဲမှာ
ကွန့်မြူးဖန်ဆင်းပြီး ဖော်ထုတ်တဲ့
သင်္ကေတကို ဆိုလိုတာ ဖြစ်ပါတယ်။
သင်္ကေတ၀ါဒနဲ့ ပတ်သတ်ပြီး ကျမ်းတစ်ကျမ်းက အောက်ပါအတိုင်း ဖွင့်ဆိုထားပါတယ်။
၁။သင်္ကေတ၀ါဒသည် သရုပ်မှန်ဝါဒနှင့် ဂန္တ၀င်ဝါဒ အဖွဲ့အနွဲ့တို့မှ ကင်းလွတ်သည်။
(The movement away from realism and classicism)
၂။အများသိ သင်္ကေတများကို မသုံးဘဲ ကိုယ်ပိုင်သင်္ကေတများကိုသာ သုံးသည်။
(Employing private rather than public symbols)
၃။တိုက်ရိုက်ဖွင့်ဆိုမှုကို မသုံးဘဲ ဖော်ညွှန်းသော သဘောကိုသာ သုံးသည်။
(Working by suggestion rather than by direct statement)
၎။အနုပညာဖန်တီးမှု ဖြစ်စဉ်အတွက် သင်္ကေတသည် အခြေခံတစ်ခု ဖြစ်သည်။
(Symbolism, however, is a fundamental aristic process)
၅။အနုပညာသမား၏ စိတ်ထဲမှ အလိုအလျောက် စိမ့်ထွက်သည်။
(More often arises spontaneously)
၆။အနုပညာသမား၏ ကိုယ်ပိုင်အမြင်မှ ထွက်ရှိသည်။
(Within in individual context)
ဒီနေ့အတွက်ကတော့ကျေနပ်ပါတော့နော်..နောက်မှာလည်းကျန်သေးလို့ပါ။
ဗိုလ်ကျော်။ ။ မဂ်လာပါ ဆရာမှော်..။ ကျွန်တော်သိချင်တာက လူသားတွေဟာ
ရှိပြိးသားပုံသေနည်းတစ်ခု ကနေ ဘာကြောင့်
နောက်ထပ်အသစ်တစ်ခုကိုလက်ခံဖို့ခက်ခဲနေလဲ ဆိုတာကိုပါ။ ကျွန်တော်က
စိတ်ပညာအထူးပြု(တတိယနှစ်)ကျောင်းသားပါ။ ဖြေကြားပေးပါခင်ဗျာ။
ကိုကိုမှော်ဆရာ။ ။ တစ်ခါတစ်လေမှာ အသစ်တွေဟာ လက်ခံချင်စရာမကောင်းလို့ပါပဲ
ဗိုလ်ကျော်ရေ..။ အသစ် အားလုံးလားလို့မေးရင် မဟုတ်ဘူးလို့ဖြေရမှာပါပဲ။
ကျွန်တော်ကလည်း အဖြေပေးနေတာမဟုတ်ဘဲ ပြန်မေးနေတာလို့ယူဆပြီး
စဉ်းစားကြည့်ပါ။ ဒါဆိုရင် ဗိုလ်ကျော်မေးတဲ့ အသစ်ကို လက်ခံရန်
ခက်ခဲခြင်းကို မြင်လာမှာပါ။
ရွှေဝယ်သူ။ ။ဆရာ..ကျွန်မယောက်ျားကကျွန်မကို
အင်တာနက်သုံးတာသိရင်ရိုက်ပါတယ်။ အဲ့ဒါ ဘာကြောင့် ပါလဲဆရာ..။
မြန်မြန်ဖြေပေးပါနော်။
ကိုကိုမှော်ဆရာ။ ။နောက်မှာယောက်ျားလိုက်မလာသေးဘူးမလား ။ဖြေးဖြေးပေါ့.။
ဒီလိုပါ..သူသိသလိုတွေ သိကုန် မှာစိုးလို့ပါ။ နောက်တစ်ခုက
ပိုက်ဆံကုန်လို့ပါ..။ နောက်တစ်ခုက ခင်ဗျား နောက်ယောက်ျား
ယူသွားမှာစိုးလို့ပါ။ ရှင်းရှင်းပြောရရင် ရွှေဝယ်သူလေးကို
သိပ်ချစ်လို့ပါ။ နောက်တစ်ခုက
နောက်ကိုလှည့်ကြည်လိုက်ပါ..ယောက်ျားလိုက်လာပြီလား။ ရိုက်စရာ
တုတ်တွေ..ကြိမ်လုံးတွေ ရောပါလာသေးလား။ ဒီစာကိုဖတ်ပြီး
နောက်ကိုလှည့်ကြည်မိရင် ခင်ဗျားဟာ ယောက်ျားက
ရိုက်လေလေ..ပိုချစ်လေလေဖြစ်နေလို့ ခင်ဗျားယောက်ျားကရိုက်တာပါ။ ချစ်လို့
ရိုက်တာပါ။ အရိုးကွဲအောင်ရိုက်မှ အသည်းစွဲအောင်ချစ်လို့ပါ။ (မှတ်ချက်။ ။
ကိုကိုမှော်ဆရာက အားလုံးလိမ်ပြောခြင်းဖြစ်ပါသည်။)
ရန်ကင်းကမမ။ ။ ဆရာရေ..။ကျွန်မ အပျိုကြီးဖြစ်နေတာကို သူငယ်ချင်းတွေက
လာလာစတယ်။ ဘယ်လို ပြန်ပြောရမလဲ။
ကိုကိုမှော်ဆရာ။ ။မြန်မာလိုပဲပြောပါ..အဲလေ.မှားလို့။ အပူမလောင်ချင်လို့
အဖြူရောင်လေးနေနေတာပါ..လို့။ နင်တို့သာ အရောင်ဆိုးခံလိုက်ပါ။
ကာလာစုံလေးတွေ ထွက်လာမယ်..လို့ပြောလိုက်ပါ။ ပုတာလေးတွေ..
ရှည်တာလေးတွေ..ဖြူတာလေးတွေ..ညိုတာလေးတွေ…အစုံအစုံပေါ့လေ..။ ဟုတ်ပြီလား..။
ကိုကိုကတော့အပြောအဆို ယဉ်ကျေးတယ်နော်..။
သင်္ကေတ။ ။ ဆရာမှော်ရေ….ကျွန်တော့်နာမည်က သင်္ကေတ ပါ။ သင်္ကေတအကြောင်းကို သိချင်ပါတယ်။
ကိုကိုမှော်ဆရာ။ ။ ကျွန်တော်တွေ့ဘူးတဲ့ရွာက
အင်္ဂလိပ်စာသင်တဲ့ဆရာလိုပြောရရင်..ခက်စ်တော့ခက်စ်နေပါပြီဗျာ။
Symbol (v.i) symbolize အထိမ်းအမှတ် လုပ်သည်။
အထိမ်းအမှတ်-အမှတ်လက္ခဏာ-နှင့် ဖော်ပြသည်။(n)သင်္ကေတ။ အမှတ်လက္ခဏာ။
အထိမ်းအမှတ်။ လို့ Dictionary မှာလေ့လာ ဖူး ပါတယ်။ ဒါနဲ့ ခင်ဗျားက
အထိမ်းအမှတ်လား.? ဒါမှမဟုတ်..! အမှတ်လက္ခဏာလား။ သင်္ကေတ လား။
အဲ့ဒါတွေတစ်ခုမှမဟုတ်ဘူးဆိုရင်.. အထိမ်းအမှတ်ကလာတဲ့ အမှတ်လက္ခဏာ လား။
အမှတ်လက္ခဏာကလာတဲ့ သင်္ကေတ လား။ သင်္ကေတကလာတဲ့ အထိမ်းအမှတ်လား..။ ဘာလဲ ဟင်။
အဲ့ဒါတွေကရော..တူတူပဲလား။ ကျွန်တော်တော့ ရှုတ်နေပြီ..ကူပါဦး။
စနေသား။ ။ ဆရာမှော်..။ စနေသားတွေကို ဘာလို့လူတွေက အမြင်စောင်းနေရတာလဲ ခင်ဗျာ..။
ကိုကိုမှော်ဆရာ။ ။ ရှင်းရှင်းလေးပါ..။သူတို့တွေက စောင်းနေလို့
သူတို့အမြင်တွေပါ စောင်းနေရတာပါ။ အမှန်ဆိုရင် ကမ္ဘာလောကကြီးကလည်း
အမြင်စောင်းနေတာပါပဲ.။ ဟုတ်ပါတယ်နော်..။ စိတ်မညစ်ပါနဲ့ဗျာ။
ကိုကိုမှော်ဆရာလည်း စနေသားပါပဲ။ နေတက်ရေတက် မနက်(၇) နာရီတိတိမှာမွေးတဲ့
သားဦး စနေပါ။ စနေသား သိုက်ဖွား ပါဗျ။ ဘက်တူရင်လူမရွေးဘူး..။
ပြေးပြီးသားပဲ.။ ဟဲ..ဟဲ။
နတ်သမီး။ ။ သူဘာတွေလုပ်နေလဲဆိုတာကိုယ်က သိသိနေတော့ သူ့အကြောင်းကိုပဲ
တွေးနေမိပါတယ်။ အဲ့ဒါ ချစ်မိနေတာလား ဆိုတာ ရှင်းပြပါရှင်…။
မသိဘူးလို့တော့မပြောပါနဲ့နော်..။သိသလောက်လေး ကိုသာ ရှင်းပြပေးပါ..။
ကိုကိုမှော်ဆရာ။ ။ဒီမေးခွန်းကို ကျွန်တော်တွေ့တာ
အခုဆိုရင်..(၂)ခါရှိပါပြီ..။ သိသလောက်ကြိုးစားပြီး ရှင်းပြပေး ပါမယ်။
စိတ်ပညာကျမ်းတွေမှာ…တယ်လီပသီ(Telepathy) ဆိုတဲ့ အတက်ပညာရပ်တစ်ခု
ရှိပါတယ်။ လေ့ကျင်ယူရတဲ့ အပိုင်းတွေတော့ ရှိတာပေါ့ဗျာ..။ တစ်ချို့ကလည်း
စိတ်တန်ခိုးလို့ ဆိုကြပါတယ်။ အဲ့ဒီ အလေ့အကျင့်ဟာ
သေချာလေ့ကျင့်ထားမယ်ဆိုရင်..တစ်ပါးသူရဲ့စိတ်ကို မြင်နိုင်ပါတယ်။ ဒါနဲ့
နတ်သမီး က နတ်သမီးပဲဟာ..မြင်နေတာ ဘာဆန်းလဲဗျ..။ကျွန်တော်တို့သာ
လူတွေဖြစ်နေလို့ လေ့ကျင့်ရတာလေ..။ ကျေနပ်ပါနော်..။
အီကွေဒါ။ ။ ဆရာမှော်ရေ..။ ရန်ကုန်မြို့မှာ ကုန်းဘယ်နှစ်ကုန်းရှိလဲ သိချင်ပါတယ်။
ကိုကိုမှော်ဆရာ။ ။ အဲ..တစ်မျိုးပဲဗျ..။ဖြေရမှာပေါ့လေ..။ ရန်ကုန်မှာ ကုန်း
(၃၃) ကုန်းရှိပါတယ်။ ဥပမာ - စော်ဘွားကြီးကုန်း၊ မအူကုန်း၊ မြေနီကုန်း
အဲ့လိုပေါ့လေ..။ အဓိပ္ပါယ်မှားမယ်နော်..။ ကျန်တာတွေတော့
ဆက်လေ့လာကြည့်ပါနော်..။
ယခုတစ်ပတ်ခုမေးခုဖြေကဏ္ဍကိုကျေနပ်တော်မူကြပါခင်ဗျာ..နောင်နောက်အပတ်များအတွက်လည်းမေးခွန်းများရှာဖွေ
ထားပါဦးလို့ ပြောကြားရင်း…အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ..အသိအတက်များတိုးပါစေ…လို့
ကိုကိုမှော်ဆရာမှ ဆုမွန်ကောင်းများပေးလျှက်…

နောက်အပတ်ကျမှဆက်တင်ပေးပါမည်။
ကိုကိုမှော်ဆရာလေး
Email : nnophoto@gmail.com
hmaw.sayar.lay.11@gmail.com