ဂဏန်းဗေဒင်မှလာသော သင်၏ချစ်သူအကြောင်း

တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 1st, 10th, 19th, 28th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်.. ==သင်၏ချစ်သူဟာ.. နံပါတ် (၁) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 2nd, 11th, 20th, 29th မှာ
                             မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၂) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 3rd, 12th, 21st, 30th မှာ
                             မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၃) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 4th, 13th, 22nd, 31st မှာ
                             မွေးဖွားခဲ့မယ်ဆိုရင်.. == သင်၏ချစ်သူဟာ.. နံပါတ် (၄) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 5th, 14th, 23rd မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၅) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 6th, 15th, 24th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၆) သမား...
တကယ်လို့..မင်းဟာ..လတွေရဲ့. 7th, 16th, 25th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၇) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 8th, 17th, 26th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၈) သမား...
တကယ်လို့..သင်၏ချစ်သူဟာ..လတွေရဲ့. 9th, 18th, 27th မှာ

                             မွေးဖွားခဲ့မယ်ဆိုရင်..== သင်၏ချစ်သူဟာ.. နံပါတ် (၉) သမား...

ဒီနေရာမှာ သင်၏ချစ်သူကို မင်းလို့ နာမ်စားသုံးကြပါစို့.......

နံပါတ် (၁)


မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်း ပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်..ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလို ၀န်တိုတတ်တယ်. . ကြင်နာတက်တယ်..ဒေါသလွယ်တယ်..ဖော်ရွှေတယ်.. တာဝန်ယူ လိုစိတ် ရှိတယ်..အမြဲတမ်း ကျော်ကြားသူ တယောက်ဖြစ်ချင်တယ်..လူတွေအားလုံးရဲ့ အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကိုမြတ်နိုးတယ်.. သူတပါးရဲ့ အုပ်ချုပ်မှုကို မခံချင်ဘူး.။မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်.။ ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်။ဒါပေမယ့်..ရင့်ကျက်တဲ့ အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်။အမြင်မတူတဲ့သူတွေနဲ့ပြဿနာတက်ရတာကိုနှစ်သက်တယ်။အငြိုးအတေးကြီးပြီးလက်စားချေတက်ကြတယ်.အသုံးအဖြုန်းကြီးသူ တယောက်ဖြစ်ပေမယ့်။ မင်းမှာအလုပ်အကိုင်ကောင်းတွေ ရတက် ပါတယ်..မင်းသာ အမျိုးသားဆိုရင်.. အရမ်းနာမည်ကျော်မယ်..ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နေမှာ ဖြစ်ပြီး..လူတိုင်းက မင်းကိုလေးစားနေပါလိမ့်မယ်.. မင်းဟာ.နေရာစုံ ၀င်ဆန့်နိုင်တဲ့သူ တယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို မင်းက နေရာစုံ သွားနိုင်သူပါ.. ဘာဖြစ်လို့လဲဆိုတော့.. ကိစ္စ တော်တော်များများကို မင်းက တဖတ်ကမ်း ခတ်အောင် သိနေတက်တယ်လေ..ဒါပေမယ့်..မင့်ရဲ့ဘ၀မှာ..တချို့

လူတွေကမင်းဘ၀နှိပ့်ကျသွားအောင်..နာမည်ပျက်သွားအောင်လုပ်တာမျိုး..။ ကြုံရတက်ပါတယ်...။ဒါကလည်း

 မဆန်းပါဘူး...လူတွေရဲ့မနာလိုမှု့ ကြောင့်ပါပဲ..။မင့်ရဲ့မိသားစုဘ၀ကအေးချမ်းလွန်ပါတယ်..။ မင်းဟာအဖော်မွန်

ကောင်းကိုပိုင်ဆိုင်ပြီ..။ချစ်စဖွယ်သားသမီးတွေနဲ့နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ..
မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
သင့်တင်တဲ့သူတွေကတော့.. 3, 5, 7...

နံပါတ်(၂)


မင်းဟာ ဘာကြီးပဲဖြစ်နေနေ.. မင်းကို လူတိုင်းက ချစ်ကြပါတယ်..။ဘာဖြစ်လို့လဲ ဆိုတော့..မင်းဟာလ နဲ့ တူလို့ပါ.. လကို လူတိုင်းကသဘောကျသလိုမျိုးပေါ့..။ပြီးတော့ မင်းဟာ..စိတ်ကူးအရမ်းယဉ်တက်သူ တစ်ဦးလည်းဖြစ်တယ်... မင်းဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအလွန်နည်းတယ်..မင်းဘ၀မှာပြန်ပြီးသုံးသပ်သင့်စရာတွေချည်းပဲ...မင်းဟာ ခန့်မှန်းရခက်တဲ့သူ တစ်ဦးလည်းဖြစ်တယ်.. အချိန်နဲ့အခြေအနေကိုလိုက်ပြီး မင်းဟာ အမြဲတမ်းပြောင်းလဲနေတယ်.. တကိုယ်ကောင်းဆန်ပြီး.. အနုပညာဘက်မှာ အားအတော်သန်တဲ့သူဖြစ်တယ်.. အပြောအဆို ညက်ညောပြေပြစ် တယ်.  မင်းရဲ့အပြုအမှုတွေဟာ လလို့ပဲ.. နေအလင်းရောင် ပျောက်မှလထွက်လာသလိုမျိုး.... လူတွေ စိတ်ဓါတ် ကျနေတဲ့ အချိန်ဆိုရောက်လာပြီ..။ သူတို့တွေ စိတ်ဓါတ်မြင့်တက်လာပြီဆိုရင် မင်းဟာ သူတို့ဘ၀ထဲကပျောက်ကွယ်

သွားတက်တယ်..မင်းဟာ.. ငြိမ်းချမ်းမှုကို မြတ်နိုးတဲ့.ဒုတိယ ဂန္ဒီဖြစ်နိုင်သလို...ငြိမ်းချမ်းမှုကို ဖျက်ဆီးမဲ့.. ဒုတိယ ဟစ်တလာ လည်းဖြစ်နိုင်ပါတယ်။(ကျနော်ဆိုလိုတာက မင်းရဲ့ပတ်ဝန်းကျင် ဆက်ဆံရေးပေါ်မှာပါ).တကယ့်လိုများ..

ဘုရားတရားကို နက်နက်ရှိုင်းရှိုင်းလုပ်မယ်ဆိုရင်...မင်းဟာအောင်မြင်မယ့်သူတစ်ဦးပါ...။အများစုသော မင်းရဲ့ စကားလုံးတွေဟာ ပျော်ရွှင်မှုတွေဆီကိုပဲ ဦးတည်နေတာပါ..!တခါတရံ မင်းဟာ ရှေ့ရေးကို ကြိုပြီး ခံစားမိတက်သူ တစ်ဦးပါ.မင်းဟာ ကဗျာဆရာ..စာရေးဆရာ.. အနုပညာနယ်ပယ်မှာ ကျင်လည်မှုသူတစ်ဦးပါ...မင်းဟာ အချစ်ကို အရမ်းကြီးမယုံကြည်တက်သူတစ်ဦးပါ..မင်းလက်ထက်ပြီးတဲ့အထိတောင် အဲဒီအတိုင်းပဲမင်းဟာ အချစ်အပေါ် သာမန်ပဲခံစားနေတက်သူတစ်ဦးပါ..မင်းဟာ မိန်းကလေးဆိုရင်တော့..မိသားစုမှာ တာဝန်သိအမျိုးသမီး တဦး ဖြစ်နေပါလိမ့်မယ်..မင်းဟာ ယောကျာ်းလေးသာဆိုရင်တော့မိသားစုမှာခိုက်ရန်ဖြစ်တာတွေ.. ငြင်းခုန်မှုတွေကို သယ်ဆောင်လာသူဖြစ်နေပါလိမ့်မယ်..ဒါမှမဟုတ် ပြောင်းပြန်လည်း ဖြစ်နေတက်ပါတယ်..ဆိုလိုတာက. မိသားစု ကောင်းစားဖို့အတွက် မင်းဘ၀ကိုတောင် စွန့်လွတ်ဖို့ ၀န်မလေးတဲ့သူတစ်ဦးပါ...။မင်းဟာ သိမ့်မွေ့တယ်.. အမြင် ကျယ်တယ်..သူတပါးရဲ့စိတ်ကို ခံစားနားလည်ပေးနိုင်တယ်..လူတွေနဲ့ လိုက်လျောညီထွေနေတက်တဲ့သူ တစ်ဦးပါ...
မင်းရဲ့အကောင်းဆုံး အဖော်မွန်ကတော့ 2, 5, 9
တခြားသူတွေနဲ့ဆိုရင်တော့..အဆင်ပြေဖို့ခဲ့ရင်းပါတယ်..!!!`

နံပါတ် (၃)


နှလုံးသားမာကျောပြီ.. တကိုယ်ကောင်းဆန်တက်တယ်.. ဒါပေမယ့် ဘာသာတရားကိုကိုင်းရှိုင်းတက်သူတစ်ဦးပါ..
တိုးတက်မှုကို မြတ်နိုးတဲ့သူတစ်ဦးပါ.. မင်းဟာ မိသားစုပြဿနာတွေကိုလျှော့ကျဖို့လိုလားပေမယ့်..ပြဿနာ

တိုင်းက မင်းဆီကနေပဲ မြစ်ဖျားခံတက်တာများပါတယ်..မင်းဟာ သြဇာအာဏာကြီးမားပြီး.. နှစ်လိုဖွယ်မျက်နှာထား

ကို ပိုင်ဆိုင်သူ တစ်ဦးပါ..ဒါကြောင့်.. ဘယ်နေရာကိုသွားသွား.. မင်းအလိုရှိတာတွေကို အဆင်သင့် ရနိုင်နေ

တာပေါ့..မင်းဘ၀မှာ မွေးဖွားလာကတည်းက တခုခုကို ရဖို့အတွက် အမြဲတမ်းပြင်းထန်စွာကြိုးစွာနေရတက်တယ်..
မကြိုးစားဘဲနဲ့ ရလာတာဆိုတာ အလွန်ပဲ ရှားပါးလှပါတယ်....အရွယ်ရောက်လာတဲ့အခါမှာ.. မင်းဟာ ကိုယ့်ထက်

ငယ်ရွယ်သူတွေကို ဆိုဆုံးမတက်တယ်..ဘာကြောင့်လဲဆိုတော့.. ကြီးတဲ့သူကို ငယ်သူက ရိုသေမှုပြသရတာကို မင်းဟာနှစ်သက်လို့ပဲ.. အဲလိုလည်းမင်းဟာ စံပြနေလေ့ရှိပါတယ်.. ဒါပေမယ့်..ယေဘုယျအားဖြင့်တော့.. မင်းဟာ
အေးဆေးတည်ငြိမ်တဲ့သူတယောက်မဟုတ်ပါဘူး..မင်းနဲ့ဆက်ဆံဖို့ဆိုတာ..ခက်ခဲတဲ့အလုပ်တခုပါ..မင်းဟာ စိတ်ဓါတ်မာတဲ့ပြိုင်ဘက်တယောက်လိုပဲ...ဒါပေမယ့်လည်း.. တစုံတယောက်ရဲ့အပြုအမှုကို မင်းသဘောကျ သွားပြီဆိုလည်း..မင်းတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာ အရမ်းကို ခိုင်မာနေတက်ပါတယ်...မင်းဟာ အမြဲလိုလို.. သူတပါးဆီက လေးစားမှုကို ရရှိနေတက်သူ တစ်ဦးပါ..မင်းဘ၀မှာ ရန်သူတွေ.ပြဿနာတွေ အများကြီးရှိမယ်လို့ ထင်ရပေမယ့်.. အဲဒါတွေကကြာရှည်မခံပါဘူး..ဘာကြောင့်လည်းဆိုတော့.. မင်းက ပါရမီရှင် တယောက်လိုပါပဲ..

သူတို့နဲ့ဖြေရှင်းရာမှာ ပိုင်နိုင်လွန်းပါတယ်..မင်းဟာ ပိုက်ဆံကို အနည်းငယ်ပို မက်မောတဲ့အတွက်..သူရဲ့စေခိုင်းမှု အောက်မှာ..အဆုံးမရှိကြိုးစားခြင်းတွေ.ရုန်းကန်ခြင်းတွေနဲ့..မင်းဟာနပန်းလုံးနေရတက်တယ်...မင်းဟာအမျိုးသားတစ်ဦးဆိုရင်တော့..အားလုံးဟာ ပြီပြည့်စုံနေပါပြီ..မိသားစုကို စောင့်ရှောက်တယ်..သူငယ်ချင်းတွေကို ကူညီတယ်.. ဘ၀ကို ပေးကမ်းမှုတွေ..ကြင်နာတွေနဲ့အချိန်ကုန်လွန်စေတဲ့သူပေါ့ (ဒါပေမယ့် ၂၁ ရက် မွေးသူမပါပါ). ပြီးတော့ မင်းဟာ စံပြတယောက်ဖြစ်နေပါလိမ့်မယ်။တကယ်လို့..မင်းဟာအမျိုးသမီးဆိုရင်လည်း..အကျင့်စရိုက်ကောင်းတွေ..

ယဉ်ကျေးသိမ်မွေ့မှုတွေ.. အလုပ်ကြိုစားမှုတွေနဲ့ ပြည့်နေမှာပါ..မင်းဟာ လွတ်လပ်မှုကို မြတ်နိုးသူ.. တီထွင်သူ.. ရည်မှန်းချက်ကြီးသူ..အာရုံစူးစိုက်လုပ်တက်သူပြီးတော့. ကမ္ဘာကို အလှ..မျှော်လင့်ချက်..ပျော်ရွှင်မှုတွေကို သယ်ဆောင်လာသူတစ်ဦးပါပဲ...။
မင်းရဲ့ အကောင်းဆုံး အဖော်မွန်ကတော့... 6, 9.
သင့်တော်တဲ့အဖော်မွန်ကတော့..1, 3, 5!!!


နံပါတ် (၄)


မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ.. အလုပ်ကိုအရမ်းကြိုးစားတယ်..ဒါပေမယ့် ဘ၀ရဲ့ အရေးကြီးတဲ့ ကိစ္စ တွေမှာတော့ကံမကောင်းတက်ပါဘူး..အေးဆေးနေတက်တယ်..ကူညီတက်သူဖြစ်ပေးမဲ့.. စကားပြောတာက ပွင့်လင်းလွန်းပါတယ်..အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကိုစိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီး အဝေးကို ပြေးသွားတက်ကြပါတယ်..မင်းဟာ တခါတရံမှာတော့ တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာ တွေကိုကောင်းကောင်းကြီး နားလည်နေပြန်ေ၇ာ့.....အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန် ဖြုန်းနေတက်ပြီ..အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ..မင်းသူငယ်ချင်းတွေဟာ မင်းရဲ့အချိန် တွေငွေတွေကိုသုံးဖြုန်းပြီးအဝေးကိုပြေးသွားတက်ကြပါတယ်။အဲဒီခါကြရင်တော့ မင်းဟာခိုးကိုယ်ရာမဲ့နေပြီဆိုတာ.. အသေအချာပါပဲ..အဲဒီအတွက်..လုံးဝသတိပြုပါ.. မင်းရဲ့စီတ်ထားကောင်းကတော့.. မိသားစုနဲ့ သူငယ်ချင်းတွေကို ကူညီတက်တာပါပဲ..မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတက်ပါတယ်..မင်းဘ၀မှာ တခါတရံ အဆင်မပြေမှု တွေနဲ့ပြည့်နက်နေတက်တယ်။ ဥပမာ-မင်းဟာဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှ မဟုတ် ..အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့..ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်း စောင့်ရှောက်နိုင်ပါတယ်..အဓီက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတက်တဲ့ စိတ်ထားကို အခွင့် ကောင်းယူမယ့်သူတွေကိုပါပဲ..။ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ.. အမျိုးသမီး

ဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့အနုပညာပိုင်းမှာထွန်းပေါက်နိုင်ပါတယ်..မင်းဟာ..စိတ်ရှည်တယ်..

ခေါင်းမာတယ်..ရှေးရိုနည်းနည်းဆန်ပြီး…အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်...။
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8.

သင့်တော်တဲ့သူတွေကတော့...5, 6, 7!

နံပါတ် (၅)


မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင် ပါတယ်.. မင်းဟာစီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး. ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း.အောင်မြင်

မယ်သူပါ..ပြီးတော့ ဟာသဥာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..မိသားစုနဲ့သူငယ်ချင်းတွေ အတွက်တော့..  မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ.။ မင်းဟာ နည်းနည်းတော့မြှာပွေတက်ပေမယ့်..ဘ၀ကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွှေးချယ်တက်သူပါ...မင်းဟာ လက်ထက်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..သတိထား ရမယ် အချက်ကတော့မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်...မင်းဟာ လူတိုင်းနဲ့ ပုလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏာန်း ဖြစ်နေလို့ပဲ..ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့မျက်နှာပိုင်ရှင်ပေါ့...
အတွေ့အကြုံကနေ မင်းဘ၀ကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..မင်းရဲ့အကောင်းဆုံး ဆရာ သမားတွေဖြစ်နေလေရဲ့...။
မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့.... 1, 2, 9.

သင့်တော်တဲ့သူကတော့. 6, 8!!!

နံပါတ် (၆)


အိုး... မင်း ပျော်ရွှင်ဖို့အတွက်ပဲ မွေးဖွားလာတာပါလား..မင်းဟာ တခြားလူရဲ့ခံစားချက်ကို ဂရုမစိုက်တက်သူ တစ်ဦး ပေါ့.. ဆိုလိုတာကမင်းဘ၀မှာ မင်းဟာ အမြဲတမ်း ပျော်ရွှင်နေချင်တဲ့သူပါ..မင်းဟာ ပညာရေး..အလုပ်.. စီမံခန့်ခွဲမှု မှာပဲဖြစ်ဖြစ်.. အောင်မြင်မှုရသူတစ်ဦးပါ..မင်းဟာ ကြင်နာတက်ပါတယ်..(ဒါပေမယ့် မင်းစိတ်ထဲမှာ ကောင်းတယ်လို့ ထင်တဲ့လူတွေအပေါ်မှာသာ).....ရုပ်ရည်အရမ်းချောမောနေတက်ပြီ.. ဘ၀ဟာလည်း. ကံကောင်းခြင်းတွေ စုနေ

တက်ပါတယ်..ကံကြမ္မာကောင်းတွေဟာ မင်းနဲ့အတူလာတယ်လို့ ပြောလို့ရနိုင်ပါတယ်..မင်းရဲ့စိတ်ထားနဲ့ခန္ဓာ ဟာ အချစ်ကိစ္စတွေမှာ လှိုင်လှိုင်လှဲလှဲရှိလှပါတယ်..တခြားနံပါတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ခံရတက်ပါတယ်။ ဒါပေမယ့် မင်းဟာ အမျိုးသားဆိုရင်တော့.. လက်ထက်တဲ့အချိန်အထိ မိန်းကလေးငယ်များနဲ့ရင်းရင်းနှီးနှီး နေရတာကို နှစ်သက်တဲ့သူတဦးပါ..အမျိုးသမီးသာဆိုရင်တော့.. စေ့စပ်ကြောင်းလမ်းမှု….ဒါမှမဟုတ် လက်ထက်တာကို….

စောစောစီးစီး ရင်ဆိုင်ရတက်ပါတယ်..ကြင်နာတက်သူတွေပဲ မင့်ဘ၀ထဲကို ၀င်လာပါလိမ့်မယ်.. ယေဘုယျ အား ဖြင့်တော့.. မင်းဟာ အိမ်ရဲ့ဆည်းလှည်းလေးပါပဲ...စာနာတက်သူ...နှစ်သိမ့်မှုပေးနိုင်သူ.မျှတသူ.. အိမ်ထောင်မှု

နိုင်နင်းသူ..ဆုံးဖြတ်ချက်ကောင်းမွန်သူတစ်ဦးပါပဲ...ကုန်ကုန်ပြောရရင်..မင့်ရဲ့အကြင်နာတွေနဲ့..ဒီကမ္ဘာလောကကြီးရဲ့ ဒဏ်ရာဒဏ်ချက်တွေကိုကုစားပေးနိုင်သူတယောက်ပါပဲ...
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 6, and 9.
သင့်လျော်တဲ့သူတွေကတော့.. 4, 5!!!

နံပါတ် (၇)


မင်းဟာ ဆွဲဆောင်မှုရှိသူ.. ယထာဘူတ ၀ါဒီတယောက်ပါ.. မိမိကိုယ့်ကိုယုံကြည်တက်တယ်.. ပျော်ပျော်ရွှင်ရွှင် နေတက်ပြီ.. ပညာရေးမှာ ထူးချွန်သူတစ်ဦးပါ..ဂီတ.အနုပညာ..သီချင်းဆို..သရုပ်ဆောင်နယ်ပယ်တွေမှာလည်း.. ထူးချွန်နိုင်သူပါ..မင်းရဲ့ပြဿနာကတော့..မင့်ရဲ့ဒေါသစိတ်ပါပဲ..အမျိုးသမီးဆိုရင်တော့…အထက်ကအချက်တွေနဲ့

မင်းဟာ အောင်မြင်နိုင်ပါတယ်..မင်းဟာ..မင့်မိဘအတွက် ဘာမဆို စွန့်လွှ့တ်နိုင်သူလည်းဖြစ်တယ်..(ဆိုလိုတာက
မိသားစုကို အရမ်းတန်းဖိုးထားတက်တာပါ)အရွယ်ရလာတာနဲ့အမျှ မင်းရဲ့အဆင့်အတန်းကလည်း တဖြည်းဖြည်း မြင့်တက်နေမှာပါ..အမျိုးသားတစ်ဦးသားဆိုရင်တော့အမျိုးသမီးထုကြားမှာရေပန်းစားမယ့်သူပါ..ဘက်စုံထူးချွန်သူ တစ်ဦး လည်းဖြစ်နေပါတယ်..နံပါတ် (၇) သမားအများစုဟာ သူတို့ရဲ့အိမ်ထောင်သည်ဘ၀မှာ အဆင်မပြေကြတာ များပါတယ်..အနည်းစုလောက်ပဲ ပျော်ရွှင်ချမ်းမြေ့တဲ့ဘ၀ကို တည်ဆောက်နိုင်ကြတာပါ....မင်းရဲ့ဘ၀မှာ အရာ အားလုံးရှိနေပေမယ့်..အလိုမကျမှုတွေ..စိုးရိမ်ကြောင့်ကျမှုတွေ ကလည်း ရှိနေတက်ပြန်ရော့..ဒါကလည်း..

ဘုရားသခင်က မင်းကို အရာအားလုံးမျှတအောင်ပေးထားတဲ့သဘောလို့ထင်ပါတယ်.. မင်းလို ထူးချွန်တဲ့သူ (၁၀၀) လောက်ကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မင်းတယောက်လောက်ပဲ အိမ်ထောင်ရေး မသာယာတာမျိုး တွေ့ရတက်

ပါတယ်.. ဒါကြောင့်..ကြင်ဖော်ကို စောင့်စားနေတာထက်..ကိုယ်နဲ့ လိုက်လျော်ညီထွေမယ့်သူကို စောစော စီးစီး ရှာထားသင့်ပါတယ်. အဲလိုမှ မလုပ်ချင်ဘူးဆိုရင်တော့..မင်းဟာ ဘ၀ကိုအထီးကျန်စွာ ဖြတ်သန်း သွားရမှာ အသေအချာပါပဲ..ဒါကြောင့်..ဒီကိစ္စနဲ့ပတ်သက်ပြီးသေချာဂရုစိုက်အလေးထားသင့်ပါတယ်..မင်းဟာ အံဖွယ် ကောင်းသော.ဖော်ရွှေသော.ယဉ်ကျေးသိမ့်မွေ့သောပျော်ပျော်နေတက်တဲ့ လူတယောက်ပါ..မင်းဟာ ဒီကမ္ဘာ လောကကြီးကို ဖြည့်ဆည်းပေးဖို့ မွေးဖွားလာသူတစ်ဦးပါ..
မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 2.

သင့်တော်တဲ့အဖော်မွန်ကတော့.. 1,4 !!!


နံပါတ် (၈)

မင်းရဲ့ ဘ၀ဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ. ဘယ်သူမှ မင်းကိုနားလည်နိုင်မှာ မဟုတ်ပါဘူး.. သူတပါးကို အပြစ်ပြောရာမှာ မင်းဟာတဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်.. မင်းရဲ့ ငယ်စဉ်ဘ၀ဟာ ဆင်းရဲ့ နုံချာနိုင်ပါတယ်..အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာလက်လွှတ် ရနိုင်

ပါတယ်.. ဒီလိုမျိုး အဖြစ်အပျက်တွေကမင့်ဘ၀ထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ..ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီး နေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာဘ၀ကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်.

မင်းဟာ တရား မျှတမှုအတွက် တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ..ဒါပေမယ့်အဲဒီတိုက်ပွဲမှာပဲ ကျဆုံးနိုင်သူလည်း ဖြစ်နေပြန်ေ၇ာ့.ပုံမှန်အားဖြင့်.. မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတက်ပြီ..

ဘ၀ကိုလည်း..အထီးကျန်စွာဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ..မင်း

 အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့်အလယ်အလတ်အရွယ်မှာပဲ ဖြစ်ပွားတက်ပါတယ်)

မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလိုခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို

ရရှိပါလိမ့်မယ်..မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်..ဥပမာ..(အမှုအခင်းများ..

အဆိပ်ရှိသတ္တ၀ါများ..မတော်တဆထိခိုက်မှု များနဲံကြုံတွေနိုင်ပါတယ်)သိုပေသိ.. မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..

လုံ့လ၀ီရိယရှိသူ.ရဲရင့်သူ..ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ..အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..အားကိုယ်ရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော့...
မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8.
သင့်တော်တဲ့အဖော်မွန်ကတော့ 5!!!

နံပါတ် (၉)

မင်းကတော့ ဒီကမ္ဘာလောကကြီးမှာ သဟဖာတမဖြစ်ဆုံး လူသားတစ်ဦးပေါ့..မင်းဟာ ရုပ်ပိုင်း..စိတ်ပိုင်း အရမ်းကို ကြံ့ခိုင်လွန်းသူတစ်ဦးပါ..ရည်မှန်းချက်ကြီးမားသူတဦးလည်းဖြစ်ပြန်ရော့..မင်းဟာ အလုပ်ကို အရမ်းကြိုးစားလုပ်ကိုင် ရမှာ ဖြစ်ပြီ.. အောင်မြင်မှုကိုလည်းခက်ခဲစွာ ရယူရမယ့်သူတစ်ဦးပါ..သာမန်အားဖြင့်တော့ ငယ်ရွယ်စဉ်မှာ မင်းဟာ မိသားစုပြဿနာတွေနဲ့လုံးပန်းနေရတက်ပါတယ်..ပြီးတော့ ဘ၀ဟာလည်း.ရုန်းရင်းဆန်ခတ်မှုတွေနဲ့ ပြည့်နှက်နေ ပါတယ်.. ဒါပေမယ့် မင်းအလိုရှိတာကိုရရှိတဲ့အချိန်ကစပြီးတော့ မင်းရဲ့ဘ၀ လုံးဝပြောင်းလဲသွားပါလိမ့်မယ်..မင်းဟာ ပတ်ဝန်းကျင်မှာ အလေးစားခံရဆုံးပုဂ္ဂိုလ်တစ်ဦးဖြစ်နေပါလိမ့်မယ်..စိန်ခေါ်မှုတွေကို နှစ်သက်ပြီ.. ပြိုင်ဘက်တွေကို အလှဲထိုးနိုင်တဲ့သူတစ်ဦးပေါ့.. ငယ်ရွယ်စဉ်မှာတော့ မင်းဟာ အရမ်းကို ပေတေမဲ့  ကလေးတယောက်ပါ…။

မိဘက မကြာခဏရိုက်နက်ဆုံးမရသူ.. ရန်ခဏခဏ ဖြစ်တက်သူတစ်ဦးပေါ့..မင့်ဘ၀ဟာ ဒဏ်ရာအနာတ၇တွေနဲ့ ပြည့်နက်နေသလိုပါပဲ..ဒါပေမယ့်.. အရွယ်ရောက်လာတဲ့အခါမှာတော့..မင်းဟာ အေးဆေးတည်ငြိမ်လာပြီ.. ယောကျာ်းပီသစွာ နေထိုင်ပြန်ရော့..ချစ်ခြင်းမေတ္တာကတော့ မင်းအတွက် လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး..။

 မင်းဟာဆောက်လုပ်ရေးအလုပ်.. ဘဏ်အလုပ်တွေနဲ့ သင့်လျှော်ပါတယ်.. ဘာကြောင့်လဲဆိုတော့လူတွေကို မင့်ကို ယုံကြည့်ကြလို့ပါပဲ..မင့်ရဲ့ မိသားစုဘ၀ကတော့ အရမ်းကို ကောင်းမွန်လှပါတယ်. ဒါပေမယ့်မင့်ကလေးတွေ

အတွက်တော့စိုးရိမ်ရပါလိမ့်မယ်..မင်းဟာလူလူချင်းစာနာတက်သူ..စိတ်ရှည်သူ..ပညာဥာဏ်ကြီးမားသူ..နားလည်

ခွင့်လွတ်ပေးနိုင်သူတစ်ဦးပါ...မင်းဟာ ရည်မှန်းချက်တွေကို ရယူဖို့.. အဂတိတရားမထားပဲ လူတွေအပေါ်

အလုပ်အကျွေးပြုဖို့ မွေးဖွားလာသူတစ်ဦးပါ...မင်းဟာ အံ့ဖွယ်စိတ်ကူး စိတ်သန်းတွေမှာ လူတိုင်းအတွက် စံပြတယောက်ပါ..။
မင့်ရဲ့အကောင်းဆုံး အဖော်မွန်ကတော့.. 3, 5, 6, and 9.
သင့်တော်တဲ့အဖော်မွန်ကတော့ 2!!!


အထက်ပါ ကိန်းဂဏန်းဗေဒင်သည် ဆရာ ဟိန်းတင့်ဇော်ဆီမှ တရားဝင်ကူးယူဖော်ပြထားပါသည်။ ဆရာ ဟိန်းတင်ဇော် အား ဖော်ပြခွင့်ပေးသည့်အတွက် အထူးကျေးဇူးတင်ရှိပါသည်။


Nann Nyunt Oo

Email : sayartarot731@gmail.com


For you know.

For you know.

A ball is no bell until you ring it!

And a song is no song until you sing it!

And love in your heart wasn't put there to stay,

Love isn't love until you give it away.

 

ခေါင်းလောင်းဟာ..သင်မထိုးမချင်း

ခေါင်းလောင်းမဟုတ်ဘူး ဆိုတာ သင်သိတယ်..။

သီချင်းဟာလည်း သင်မဆိုမချင်း

သီချင်း မဟုတ်ပါဘူး..။

သင့်နှလုံးသားထဲကို

ချစ်ခြင်းမေတ္တာ ထည့်ထားတာလဲ..ဒီလိုနေဖို့မဟုတ်ဘူး။

ချစ်ခြင်း မေတ္တာဟာ …..

သင် မဝေငှမချင်း..

ချစ်ခြင်းမေတ္တာ မဟုတ်ပါဘူး။

 

Nann Nyunt Oo

Email : nnophoto@gmail.com

www.mawcity.com

AdobePhotoShopစာအုပ်များ

Adobe Photo Shop 7.0 ရေးသားထားသူကို မသိပါ ဒါကြောင့်ပါဗျာ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop 7.0 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs2 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs3 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Photoshopcs4.JPG
Adobe Photo Shop cs4 မျိုးဆက်ရေးသားထားပါသည်
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs4 Keyboard Shortcuts
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Adobe Photo Shop cs4 Keyboard Shortcuts Mac Os အတွက်ပါ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
PhotoShopNote.JPG
မြန်မာမိသားစုဖိုရမ်မှ တင်ဆက်ထားသော photoshop မှတ်စုများ ၁
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
ပုံရိပ်များရဲ့ဖွဲ့စည်းပုံသဘာဝ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
PhotoShopCsTools.JPG
မျိုးဆက်ရေးသားထားသော Photoshop CS Tools များ၏လှို့ဝှက်ချက်
Adobe Photoshop CS,CS2,CS3,CS4,CS5 အားလုံးအတွက်ပါ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

Creacker လမ်းညွှန်


Cracker.jpg
ဗိုလ်ကြီးမျိုးမြင့်ထိုက် ရေးသားထားသော Cracker လမ်းညွှန် စာအုပ်လေးဖြစ်ပါတယ်ဗျာ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

AutoCad စာအုပ်များ

Auto Cad နဲ့ပတ်သတ်သော စာအုပ်များကို တင်ပေးလိုက်ပါတယ်ဗျာ
Auto Cad 2002
AutoCad2002.jpg
ရေးသားသူကို မသိရှိရသေးပါဘူးဗျာ အကယ်၍များ ရေးသားထားသူ မြင်တွေ့မိပါက ကျွန်တော့်ကို အကြောင်းကြားပေးပါဗျာ ရေးသားသူနေရာမှာ ပြန်ထည့်ပေးပါမယ်ဗျာ ကျေးဇူးတင်ပါတယ်ဗျာ
တိုက်ရိုက် ဖတ်ရှု့ရန် နှင့် Download ရယူရန်
ဒါကတော့ ကကကွန် ရေးသားထားသော Auto Cad 2002 ဖြစ်ပါတယ်
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
ဒါကတော့ Robert Tin Aye ရေးသားထားသော Auto Cad 2002 ဖြစ်ပါတယ် မြန်မာလိုတွေပါပဲဗျာ အင်္ဂလိပ်နာမည်ဖြစ်နေလို့ အင်္ဂလိပ်လိုများထင်နေမှာဆိုးလို့ပါ
အပိုင်း (၁) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၂) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၃) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
AutoCad2005.bmp
အောင်လင်းရေးသားထားသော Auto Cad 2005 ဖြစ်ပါတယ်ဗျာ
Auto Cad 2005 အပိုင်း (၁)
တိုက်ရိုက် ဖတ်ရှု့ရန် နှင့် Download ရယူရန်
Auto Cad 2005 အပိုင်း (၂)
တိုက်ရိုက် ဖတ်ရှု့ရန် နှင့် Download ရယူရန်
Auto Cad 2009 ဖြစ်ပါတယ်ဗျာ
AutoCAD_2009.jpg
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Downlad ရယူရန်
အောင်ဇော်လတ် ဘာသာပြန်ဆိုထားသော Auto Cad 2010 ဖြစ်ပါတယ်ဗျာ
autocad2010.jpg
စာအုပ် နံပါတ် (၁)
အပိုင်း (၁) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၂) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၃) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
စာအုပ် နံပါတ် (၂)
အပိုင်း (၁) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၂) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အပိုင်း (၃) အား တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်

WiFiဆိုတာ

wifi.gif
WiFi အကြောင်းကို ကျွန်တော် စေ့စေ့ ပေါက်ပေါက်တော့ နားမလည်သေးပါဘူး တစ်ခုတော့ သိပါတယ် Wireless Connection လို့အဓိပ္ပါယ်ဖွင့်ဆိုနိုင်ပါတယ်ဗျာ WiFi ဆိုတာကတော့ Wireless Connection တစ်ခုရဲ့နာမည်ပါပဲ အသုံးများကြလို့သာ အထင်တွေ အမြင်တွေ များနေကြခြင်းဖြစ်ပါတယ် ဗျာ Wifi ရဲ့ အရှည်ကတော့ Wireless Fidelity ဖြစ်ပါတယ် ဗျာ တစ်ခုပဲမှတ်သားထားလိုက်ပါဗျာ wifi ဆိုတဲ့ wireless connection ဆိုတာက ၀ါယာကြိုးကိုအစားထိုးတဲ့ ပစ္စည်းတစ်ခုလို့ပဲ မှတ်ထားလိုက်ပါ တခြားဆိုက်တွေကနေ ကူးယူထားတဲ့ wifi အကြောင်း တွေကို စာအုပ်လေးတစ်အုပ်ပြန်လုပ်ထားပြီးတော့ တင်ပေးလိုက်ပါတယ် ဗျာ
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
အဆင်ပြေကြပါစေဗျာ

CyberProVersion6.0.243

CyberCafePro%206%20Full%20%2B%20Serial.jpg
Internet Cafe တွေမှာ အသုံးပြုတဲ့ Software လေးပါဗျာ ကောင်တာစက်မှာ သွင်းထားပြီး ဆိုင်က စက်တွေရဲ့ အသုံးပြုတဲ့အချိန်နဲ့ ကျသင့်ငွေကို အော်တိုတွက်ချက်ပေးပါတယ်ဗျာ
Software Download ရယူရန်
CyberCafePro_Online_Manual.pdf
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
OneRoof_CyberCafePro_ClientManual.pdf
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
OneRoof_CyberCafePro_MCS_Server_Manual.pdf
တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download ရယူရန်
Skin4CCP6.rar ဒါလေးကတော့ ပုံစံလေးတွေကို ပြောင်းလဲဖို့ပါ
Download ရယူရန်
အဆင်ပြေကြပါစေဗျာ

ကွန်ပျူတာအခြေခံစာအုပ်

Basic.gif
ကွန်ပျူတာအား စတင်လေ့လာသူတွေ အတွက် သိပ်ကောင်းတယ်လို့ပြောရမယ်ဆိုပေမယ့် တက်ပြီးသားသူတွေလည်း ပြန်ဖတ်ကြည့်စေခြင်ပါတယ် စာအုပ်လေးပါဗျာ
လွမ်းဧကရီ ဆိုသူက ရေးသားထားသော စာအုပ်လေးပါဗျာ အဆင်ပြေကြပါစေဗျာ
အွန်လှိုင်းမှ တိုက်ရိုက်ဖတ်ရှု့ရန် နှင့် Download လုပ်ရန်

ချစ်သူရည်းစား ၊ ဇနီးမောင်နှံများအတွက် အခြမ်းတစ်စုံ

ပုံပြင်လေးတစ်ပုဒ်ကို ပြောပြချင်တယ်။ ပုံပြင်လေးနာမည်က အခြမ်း တဲ့။ ကြားဖူးနားဝတော့ မဟုတ်ဘူး။ စာအုပ်လေး တစ်အုပ်ထဲမှာ ဖတ်ဘူးလိုက်တာ။ ဆရာနန္ဒသိန်းဇံရဲ့ စာအုပ်လားတော့ မသိတော့ဘူး။ ထားပါတော့လေ။ ပုံပြင်လေးက ဒီလို စတယ်။

ဟိုးရှေ့ရှေ့တုန်းကဆိုတော့ ကမ္ဘာဦးတုန်းက ဖြစ်မယ်ထင်တယ်။ လူသားတွေဟာ အစုံလိုက်ကလေးတဲ့။ ခေါင်းက နှစ်လုံး။ လက်က လေးချောင်း၊ ခြေထောက်ဆိုရင်လည်း လေးချောင်းရှိတယ်။ မျက်လုံးဆိုရင်လည်း လေးလုံးရှိတာပေါ့။ မျက်လုံးနဲ့ မြင်ယောင်လာအောင် ပြောရရင် လူနှစ်ယောက် မျက်နှာချင်းဆိုင် ကပ်နေတဲ့ ပုံလေးပေါ့နော့။

အဲဒီမှာ တစ်နေ့ နတ်တွေဟာ လူသားတွေကို အကြောင်းပြုပြီး အစည်းအဝေး ထိုင်ကြတယ်။ သူတို့က လူသားတွေကို ကြောက်နေကြတယ်။ အဲဒီမှာ နတ်မင်းကြီးက စကားတစ်ခွန်း ပြောတယ်။ ဘယ်လိုပြောလဲဆိုတော့ မောင်မင်းတို့ အခု ဒို့အောက်က လူသားတွေအကြောင်းကို ပြောကြရအောင်ကွာတဲ့။ ဒီလူသားတွေဟာ လျှောတွက်လို့ ရတဲ့ သတ္တ၀ါတွေ မဟုတ်ဘူးတဲ့။ တကုတ်ကုတ်နဲ့ ဘာတွေ လုပ်နေကြမှန်းကို မသိဘူး။ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ဒို့ နတ်ပြည်ကို လာသိမ်းသွားမှာကိုတောင် ထည့်တွက်နေရတယ်။ မသိမ်းဘူး မတိုကက်ခိုက်ဘူးလို့ ပြောလို့မရဘူးတဲ့. ဒါကြောင့် ဒီလူသားဆိုတဲ့ ကောင်တွေကို အခုကတည်းက တစ်ခုခု လုပ်ထားရရင် ကောင်းမယ်လို့ နတ်မင်းကြီးက စပြီး ပြောလိုက်တယ်။

အဲဒီတော့ နတ်တစ်ပါးက ဒီလိုပြောလိုက်တယ်။ ကျုပ်တို့အတွက် အန္တရယ်ရှိနိုင်တယ်ဆိုရင် အခုကတည်းက ဒီလူသားမျိုးနွယ်တွေကို အပြတ်ရှင်းပစ်လိုက်တာ ကောင်းတာပေါ့လို့ အကြံညာဏ်ပေးလိုက်တယ်။ အဲဒီတော့ နတမင်းကြီးက ဘာပြန်ပြောသလဲဆိုတော့ ဟာ... အဲဒီလိုတော့ လုပ်ပစ်လိုက်လို့ မရဘူးကွ။ ငါတို့ကို ခစားမယ့်လူတွေ မရှိဖြစ်သွာမှာပေါ့။ အခိုင်းအစေတွေ မရှိဖြစ်သွားမှာပေါ့။ မင်းညာဏ်နည်းလှချဉ်လားလို့ ခပ်ဟောက်ဟောက် ပြန်ပြောလိုက်တယ်ဆိုရင်ပဲ အဲဒီနတ်သားလေးက ခေါင်းပုသွားတယ်။ အဲဒီတော့ နည်းနည်း ညာဏ်ကောင်းမယ့် ပုံရှိတဲ့ နတ်သားတစ်ပါးက ထပြောတယ်။ ကျွန်တော်တို့ကို လူသားတွေက မတော်လှန်စေချင်တာ မဟုတ်လား။ အဲဒီတော့ လွယ်ပါတယ်။ ဒီလူသားတွေကို အင်အားမကြီးအောင် လုပ်ပစ်လိုက်ရုံပေါ့လို့ ပြန်ပြောလိုက်တယ်။

အဲဒီတော့ နတ်မင်းကြီး ပြန်မေးလိုက်တယ်။ လူသားတွေ အားနည်းသွားအောင် ဘယ်လို လုပ်ရမလဲလို့ ပြန်မေးလိုက်တယ်။ အဲဒီမှာ အစောန နတ်မင်းက ခေါင်းလေးမေ့လိုက်တယ်။ ငါကွဆိုတဲ့ ပုံလားတော့ မသိဘူး။ ပြီးမှ ပိုင်နိုင်တဲ့ လေသံနဲ့ လွယ်ပါတယ်နတ်မင်းကြီးရယ် လူသားတွေကိုအားနည်းးသွားစေချင်တယ်ဆိုရင် လူသားတွေကို တစ်ခြမ်းခွဲပြီး စကြာဝဠာကြီးရဲ့ ဟိုဘက်ဒီဘက်ကို တစ်ဘက်တစ်ခြမ်း လွင့်ပစ်လိုက်ပေါ့လို့ ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ အကြံပေးတာကို ကျန်တဲ့ နတ်သားတွေကလည်း ထောက်ခံလိုက်ကြတယ်။

နတ်မင်းကြီလည်း သဘောကျသွားတယ်။ ပြီးတော့မှ နတ်မင်းကြိးက အဲဒီလို လုပ်ဖို့ အမိန့်ချလိုက်တယ်။ အဲဒီတော့မှ နတ်တွေက တန်ခိုးနဲ့ လူတွေကို တစ်ခြမ်းဆီ ခွဲထုပ်ပစ်လိုက်တယ်။ ပြီးတော့ စကြာဝဠာကြိးရဲ့ ဟိုဘက်ထိပ်မှာ တစ်ခြမ်း ဒီဘက်ထိပ်မှာ တစ်ခြမ်းလွင့်ပစ်လိုက်ကြတယ်။ အဲဒီနေ့က စပြီး လူသားတွေဟာ သူတို့ရဲ့ အခြမ်းလေးတွေကို လိုက်လိုက်ရှာနေကြတော့တာပေါ့။

ကိုယ့်အခြမ်းလေးကို ကိုယ်ပြန်လိုက်ရှာကြတဲ့နောက်ပိုင်းမှာ တစ်ချို့ကလည်း ကိုယ့်ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို ပြန်တွေ့ကြတယ်။ တစ်ချို့ကလည်း မတွေ့ကြဘူး။ တစ်ချို့ကလည် ကိုယ့်အခြမ်းမှတ်လို့ ၀မ်းသာနေတာ တကယ် အတူနေတာ ကြာလာမှ ကိုယ့်အခြမ်း မဟုတ်မှန်း သိလိုက်ပြိး ပြန်ကွဲသွားကြပြန်တယ်။

အဲဒီလိုပဲ လောကကြီးမှာ လူသားတွေဟာ သိတတ်တဲ့အရွယ်ကစပြီး ကိုယ့်ရဲ့အခြမ်းကို ပြန်လိုက်ရှာတဲ့ တာဝန်တစ်ခုကို မဖြစ်မနေ ထမ်းဆောင်နေကြရတာပေါ့။ ချစ်သူရှာတယ်၊ အိမ်ထောင်ဘက် ရှာတယ်ဆိုတာ ကိုယ့်အခြမ်းကို ကိုယ်ပြန်ရှာနေကြတာတဲ့။ တစ်ချို့ကလည် တစ်ခါတည်း တွေ့သွားကြတယ်။ အဲဒီတော့ ငယ်လင်ငယ်မယားပေါ့။ ငယ်ငယ်လေးကနေ အသက်ကြီးလို့ သေတဲ့နေ့အထိ တစ်ယောက်ဆိုတစ်ယောက် နဲ့ ဘ၀ခရီးသွားဖြစ်ကြတယ်။

တစ်ချို့တွေကြတော့ ကိုယ့်ရဲ့ ကမ္ဘာဦးက အခြမ်းလေးကို နှစ်ယောက်မြောက်ကြမှ တွေ့ကြတယ်။ တစ်ချို့ကြတော့ သုံးယောက်မြောက်၊ တစ်ချို့ကြတော့ ၄-ယောက်၊ ငါးယောက်၊ ခြောက်ယောက်မြောက် အစရှိသည်နဲ့ ပြန်တွေ့ကြရတယ်။ ကျွန်တော့်ရဲ့ အကိုကြီးကတော့ ၆-ယောက်မြောက်ကြမှ သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးနဲ့ ပြန်တွေ့ပြီး အခုတော့ အေးအေးချမ်းချမ်း နေထိုင်နေလေရဲ့။ ကျွန်တော့ရဲ့ အဒေါ်ကြီး တစ်ယောက်ကတော့ ရှာရင်းရှာရင်း မတွေဖြစ်ပဲ မနှစ်ကပဲ အသက်(၆၀)မှာ ဆုံးသွားရှာတယ်။ ကျွန်တော်လည်း လိုက်ရှာနေတာ အခုဆို အသက် (၃၀)တောင် ကျော်နေပြီ။ အခုထိ မထူးခြားသေးပါဘူးဗျာ(ကြော်ငြာ)

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ဆီမှာ လတ်တလောတွေ့နေရတဲ့ ကိုယ့်ရဲ့အခြမ်းလေးတွေကို ကောင်းကောင်း တန်ဖိုးထားကြစေချင်တယ်။ စစ်မှန်သည်ဖြစ်စေ၊ မှားနေသည်ဖြစ်စေပေါ့။ ဘာကြောင့်လည်းဆိုတော့ ကိုယ်က မှားနေတယ်ထင်ပြီး လမ်းခွဲလိုက်တာ ကိုယ့်အခြမ်းအစစ်အမှန်လေး ဖြစ်နေရင် ဒုက္ခနော်။ ဒါကြောင့် ကျွန်တော်က အားလုံးကို အခြမ်းလေးတွေနဲပ ပါတ်သက်ပြီး အဆင်ပြေရာပြေကြောင်း ယတြာလေးတွေ ညွန်ပြပေးချင်တာပါ။ အားလုံးအဆင်ပြေသွားကြရင် ဆရာနန်းညွန့်ဦး တစ်ယောက် သူ့ရဲ့ စစ်မှန်တဲ့ အခြမ်းလေးကို အမြန်ရှာတွေ့နိုင်ပါစေလို့ ဆုတောင်ပေးကြပါဗျာ.........

သက်ဆိုင်ရာ ချစ်သူနှစ်ဦး( သို့) ဖနီးမောင်နှံနှစ်ဦး၏ မွေးနံပန်းပင်များကို (နှစ်နံတွဲဆိုရင် ပိုကောင်းပါ၏) မိမိတို့၏ မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး တစ်သက်တာ အေးချမ်းမြဲမြံ ရင်သန်ပြည့်စုံကြပါစေကြောင်း ဆုတောင်ရပါတယ်။

မတော်တဆ နှစ်ဦးနှစ်ဘက် စိတ်သဘောထားခြင် မတိုက်ဆိုင်လို့ သဘောထားကွဲလွဲမယ် အဆင်မပြေဘူး မျက်နှာခြင်းဆိုင်လို့ မရဘူးဆိုရင် နှစ်ဦးစလုံးရဲ့ ဓာတ်ပုံ တစ်ယောက်တစ်ပုံကို မျက်နှာချင်းဆိုင်ကပ်ကာ ဓာတ်ဗူးအသစ်တစ်ခုထဲမှာ ထည့်ပြီး မေတ္တာသုတ်ပရိတ်တော် ရွတ်ဖတ်ပေးခြင်းအားဖြင့် ကာယကံနှစ်ဦး၏ မေတ္တာဓာတ်များ ပေါင်းစည်းကာ ကောင်းမြတ်သော၊ မင်္ဂလာရှိသော အင်အားဓာတ်လှိုင်းများ ပြန့်နှံစိမ့်ဝင်နိုင်ပါစေကြောင်း ဆုတောင်းပေးရပါတယ်။

သဲအိုးတို့ သောက်ရေအိုးတို့ကို ( သဲအိုး-သောက်ရေအိုး ဆိုတာ သောကြာနျင့် တနင်္ဂနွေ၊ ဗေဒင်အလိုဆိုတော့ ဦးသာဓာတ်၊ အိမ်ထောင်မိတ်ဓာတ်ပါ) မွေးနံနှင့် ဘုမ္မိအရပ်ကို လွတ်သော အရပ်ဒေသရှိ ဘုရားဝင်း၊ ဓမ္မာရုံ၊ သီလရှင်ကျောင်း၊ ရိပ်သာ၊ အစရှိတဲ့နေရာလေးတွေမှာ သွားပြီး အိမ်ထောင်ရေး မေတ္တာရေးများ ကံကောင်းပါစေကြောင်း ဆုတောင်းရပါတယ်။

သပိတ်ခြေ (၃)ခုကို ရတနာသုံးပါးကို ရည်မှန်းကန်တော့ပြီး သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်ပြီး မိမိတို့၏ လက်ရှိပစ္စက ပြဿနာများ အေးချမ်းတည်ငြိမ်ပါစေကြောင်း ဆုတောင်းရပါမယ်။

မျက်မှန်ကို သံဃာတော် အရှင်မြတ်တို့အား လှူဒါန်းဆက်ကပ်၍ မိမိတို့၏ အယူမှား အထင်မှာ သံသယမှားများ ကင်းစင်လွင်ပျော်က်ပြီး အမြင်မှန်များ ပြန်လည်ရရှိပါစေကြောင်း ဆုတောင်းရပါမယ်။

နောက်ပြီး ကြွေပုဂံတစ်ချပ်ထဲမှာ နှစ်ဦးရဲ့ ဒာတ်ပံကို မှောက်ထည့် ပြီးရင် အဲဒီအပေါ်က ကွာစေ့ကို ပြည့်အောင် ထည့်ပြီး လှူဒါန်းဆက်ကပ်ပြီး ကွာဟနေသော စိတ်သဘောထားများ ၊ ပြန်လည်စေစပ်နိုင်ကြ၍ နှစ်ကိုယ်တစ်စိတ် ဖြစ်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းကြ၇ပါမယ်။

နှစ်ဦးသား၏ အညွန့်နံပန်း (မိမိမွေးနံမှ စင်၍ရေတွက်သော နှစ်ခုမြောက်နံပန်း) များကို ဖန်ခွက် (ဂဗ္ဘေ-ခိုင်မြဲစေသောဓာတ်) ထထဲတွင် ထည့်ကာ မိမိအိမ်၏ အိမ်ဘုရားစင်တွင် လှူဒါန်းဆက်ကပ် ထား၍ မိမိတို့၏ အိမ်ထောင်ရး။ အချစ်ရေး သာယာ ခိုင်မြဲစေကြောင်း ဆုတောင်း၇ပါမယ်။

စာကလေးအသိုက်လေးတွေကို နှစ်ဦးအတူတကွ ပြုလုပ်ချိပ်စွဲ၍ ဘ၀ခရီး အတူတကွ ပြည့်ပြည့်စုံစုံ ကောင်းကောင်းမွန်မွန် နေထိုင်နိုင်စေကြောင်း ဆုတောင်းရပါမယ်။

ကဲ .... တော်တော်လေးလည်း ဆုံလောက်ပါပြီနော် ။ အားလုံးကို အေးအေးချမ်းချမ်းလေးလည်း ဖြစ်စေချင်ပါတယ်။ ဒါကြောင့် ကျွန်တော် ပြောခဲဆိုခဲ့တာလေးတွေကို လိုက်လုပ်ကြည့်လိုက်ပါ။ ထူးခြားလာရင် ကျွန်တော်အတွက် ကျွန်တော်ပြောခဲ့သလို ဆုတောင်းပေးလိုက်ပေါ့ဗျာ....


Nann Nyunt Oo

**နတ်သမီးဖန်ဆင်းတဲ့ မှော်ဆရာလေးရဲ့ အလွမ်းဇာတ်လမ်း**


နိဒါန်း

လူဆိုတာ အတွေးရဲ့သားကောင်လို့ ဆိုခဲ့ကြတာ ကျွန်တော် ဖတ်ဖူးခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်လည်း လက်ခံထား တယ်။ ကျွန်တော့်အလုပ်က မတွေးရင်ဖြစ်စေ..အတွေးမကောင်းရင်ဖြစ်စေ.အလုပ်မဖြစ်ဘူး။ တွေးအားကောင်းဖို့ကလည်း.. လေ့လာမှု အားကောင်းမှ ..ဖတ်၊မှတ်၊လေ့လာမှုကောင်းမှ ဖြစ်တာမဟုတ်လား။

လူ နှင့် တိရ စ္ဆာန်ကြားကကွာခြားမှုကလည်း အဲ့ဒါပဲလေ။ စကားတစ်ခွန်းပြောရင်တောင် အသုံးအနှုန်းက တော်တော် လိုအပ်တယ်လေ..။အပြောမတက်တော့ ဆဲသလိုဖြစ်တယ်ဆိုတာကြားဖူးကြမှာပဲလေ..။

တစ်ချို့အတွေ့အကြုံတွေက ကိုယ်တိုင်ခံစားဖို့မလိုဘူးလေ..။ အခုဖြစ်နေတာလည်း အဲ့ဒီလိုပါပဲဗျာ..။

ကျွန်တော်ပြောပြမယ်..။ အပြောမတက်လို့ ဆဲသလိုမဖြစ်အောင်တော့  ကျွန်တော်လည်း ကြိုးစားထားပါတယ်။

ကဲ..စပြောကြရအောင်..မိတ်ဆွေလည်း စဉ်းစားပေးပေါ့ဗျာ..။ ဖြစ်ပုံက ဒီလိုဗျ.။

အခန်း (၁)

          ကျွန်တော်ဒီနေ့စိတ်တွေညစ်နေတာဗျ….။  ဘာလုပ်ရရင်ကောင်းမလဲ…။  စဉ်းစားကြည့်တယ်..။  ဆေးသွား စိမ်ရင် ကောင်းမလား။ ဆေးသွားသောက်၇င် ကောင်းမလား..။ မကြိုက်ဘူး။ အင်း …။ ဟုတ်ပြီ.။ အခုလိုဖြစ်နေတာတွေ ငြိမ်းသွား အောင် ဗေဒင်သွားမေးမယ်..။ ကောင်းတယ်..။

          လျှောက်ကြည့်တယ်..။

          ဆရာမ-မြတ်ဆုကုဋေ

        လက္ခဏာ၊ဗေဒင်၊အကြားအမြင်

        အထူးဟောသည်။

 မြင်သမျှ..ကြားသမျှသာ တစ်ကယ်ဟောရင် ဒုက္ခပဲ..။မနက်ကအိပ်ယာနိုးတော့ လုံချည်က ခြေရင်းမှာ.. မဖြစ်ဘူး။ မဖြစ်ဘူး။ ထပ်ကြည့်ဦးမှ..။ ဟော..တွေ့ပြီ.။

          ဆြာ - ရန်နိုင်ကိုကို

        တဲ့ရော့၊ဗေဒ၊နက္ခတ်၊လက္ခဏာ

        ဧကံသဗျာကရကပညာရှင်

အင်း..ဧကံသဗျာကရကပညာရှင် ဆိုတော့ မေးသလောက်ပဲဖြေမယ်ဆိုတဲ့သဘောပဲ။ မဖြစ်သေးပါဘူး။ ကျွန်တော်က မမေးတက်ဘူးဗျ..။တစ်ကယ်မေးရင်လည်း ပေါက်က၇တွေမေးရင်..ဗေဒင်ဆရာပဲ စိတ်ညစ်မှာ.. ဆက်ကြည့်ဦးမှပဲ..။

          တွေ့ပြန်ပြီ..။ ဘာတဲ့..။

          ဆရာ..တားရော့

        သင့်ကံကြမ္မာကို ဖတ်နိုင်ရန် တားရော့ဖြင့်သာ ဟောသည်။

          မဆိုးဘူး။ တားရော့တော့ စိတ်ဝင်စားတယ်။ ၀င်မေးကြည့်ဦးမှပဲ..။ကျွန်တော် ဖြစ်နေတာကို သူဆိုရင် နားလည် နိုင်မယ်ထင်တယ်..။

           ဟောခန်းထဲရောက်တော့  ကျွန်တော်က..

          "ဆရာ တားရော့ ရှိပါသလား"

          ပိန်ပိန်ပါးပါးနှင့် လူတစ်ယောက် စာအုပ်ပုံကြားက ထွက်လာပါသည်။ ပြီးမှ..

          "ဟုတ်ကဲ့..ကျွန်တော်ပါ။ ဗေဒင်မေးမလို့လား။ထိုင်ပါ"

          ဆိုပြီး သူ့ရှေ့က ခုံလေးရှေ့မှာ နေရာပေးပါတယ်။ ကျွန်တော်လည်း ၀င်ထိုင်လိုက်ပြီး ..ပြောလိုက်မိပါတယ်။

          " သြော်..ဆရာက ၀ိမုတ္တိရသ စာအုပ်ကို ဖတ်နေတာလား။ "   (၀ိမုတ္တိရသ=လွတ်မြောက်ခြင်းအရသာ ရေးသူ-ဦးသော်ဇင် )

          သူဖတ်နေသော စာအုပ်ကို ကျွန်တော် မသိပါ။ ပါးစပ်မှ လွတ်ကနဲထွက်သွားခြင်းသာ ဖြစ်ပါသည်။ ထားခဲ့သော သူ့စာအုပ်ကို မမြင်ဘဲ ကျွန်တော်က ပြောလိုက်တော့ သူအံ့သြသွားပုံရပါသည်။ ထိုအချိန်တွင် သူ့ခါးကြားတွင်ညှပ် ထားသော ဖုန်းက အသံမည်လာပါသည်။

          "ဆရာ ကတော်ဆီက ဖုန်းထင်တယ်။ သတိရလို့ဆက်တာတော့ မဟုတ်လောက်ဘူး။ တစ်ခုခု ပူဆာမလို့ ထင်တယ်"

          ကျွန်တော့်ကို လှမ်းကြည့်ပြီး အပြင်ထွက်ပြီး ဖုန်းပြောနေပါသည်။ တအောင့်နေတော့ ပြန်ဝင်လာပါသည်။ ထိုင်ပြီး မှ ကျွန်တော့်ကို…

" ခင်ဗျားက ဗေဒင်မေးမလို့လာတာလား။ ကျွန်တော့်ဇနီးဆီကမှန်းဘယ်လိုသိတာလဲ။ ပြီးတော့ ပူဆာမယ်လို့ ရော ဘယ်လို သိနေတာလဲ။"

          " ကျွန်တော်မေးချင်တာလည်း အဲ့ဒါပဲဆရာ။ "

          ဟု ပြောလိုက်ပါသည်။ အဲ့ဒါနဲ့ ဆရာက

          "ခင်ဗျား ဇာတာကိုတွက်ဖို့ မွေးသက္ကရာဇ်ပြောပါ"

          "ကျွန်တော်က သိုက်ဖွား ၊ ၅ခုကြွင်း စနေသားပါ။အနောက်တိုင်းအလိုအရတော့ Gemini ရာသီခွင်မှာ

မွေးတာပါ။"

          သူက ချရေးနေပါသည်။ ဆရာဇာတာစစ်နေစဉ်မှာပဲ ကျွန်တော်က.

          "ကျွန်တော်က ရှေ့ဖြစ်နောက်ဖြစ်တွေ မသိချင်ပါဘူးဆရာ..။ ကျွန်တော့်မှာ ဖြစ်နေတဲ့ ထူးခြားဖြစ်စဉ်တစ်ခုကို ဘာကြောင့်ဖြစ်နေတာလဲ သိချင်လို့ပါ။ ပြီးတော့ အဆောင်တွေ..ယတြာတွေချေလိုက်ရင် ပျောက်သွားမလား သိချင်လို့ပါ။"

          ဆရာ တားရော့က နားမလည်သလို ကြည့်နေပါသည်။ ထိုအချိန်တွင်..

          "သြော်..ဆရာက ဗိုက်အောင့်နေတာလား။ သွားပါဆရာ..သွားပါ။ကျွန်တော်စောင့်နေပါ့မယ်။ရပါတယ်။ "

          ဆရာလည်း မျက်နှာကြီးရှုံ့မဲ့ပြီး နောက်ထဲသို့ ၀င်သွားပါသည်။ ပြန်ထွက်လာတော့ ကျွန်တော့်ကို အံ့သြတကြီး ပုံစံမျိုးနှင့် ပြောပါတော့သည်။

          "မင်း..မင်း..ဘာဖြစ်လို့ ငါ့စိတ်ထဲက ခံစားချက်တွေကို သိသိနေတာလဲ"

          ကျွန်တော်လည်း စိတ်မောသောအသံဖြင့် ….

          "ကျွန်တော် ဆရာ့ကို မေးချင်တာလည်း အဲ့ဒါပါပဲ ဆရာရယ်.."

          "ဘာ"

          "ဟုတ်ပါတယ်..ဆရာ။ ဘယ်လိုတွေ ဖြစ်နေလဲမသိပါဘူးဆရာရယ်။ကျွန်တော့်အနားက လူတွေရဲ့

 စိတ်ခံစားချက်ကိုအလိုအလျှောက် သိသိနေပြီး ကျွန်တော်ပါ ဖြစ်ဖြစ်နေတာ။အဲ့ဒါ ဘာကြောင့်

 ဖြစ်ရတာလဲ သိချင်လို့ပါ။"

ဆရာ တားရော့ က ကျွန်တော့်ကို မသင်္ကာသလို ကြည့်နေပါသည်။ ကျွန်တော်လဲ ပျာပျာသလဲ..

"မဟုတ်ဘူး ဆရာ..မဟုတ်ဘူး။ ဆရာ့ကို ပညာလာစမ်းတာမဟုတ်ပါဘူး။ ကျွန်တော် ရိုးရိုးသားသား သိချင်လို့

လာမေးတာပါ။ တစ်ကယ်ပါ။ ယုံပါဆရာ။"

ဆရာက ၀ုန်းကနဲ့ ထရပ်လိုက်ပါသည်။ကျွန်တော်လည်း မြန်မြန် ပြန်ငြင်းလိုက်ပါသည်။

"ကျွန်တော် အထက်ကလာတာလည်း မဟုတ်ပါဘူး။ ပညာသည်လည်း မဟုတ်ပါဘူး။"

ကျွန်တော် ထပ်သိလိုက်ပြန်ပါသည်။

"ဟာ..ဆရာ .။ မဟုတ်ပါဘူးဆရာရယ်..။ အဲ့ဒါ ပိုဆိုးတယ်။ လုံးဝ မဟုတ်ဘူး"

ဆရာ တားရော့မျက်နှာ ပြုံးလာပါသည်။ ကျွန်တော့်ကို ၀မ်းသာအားရကြည့်ပြီး …

"ဒါကတော့ ဟုတ်ပါတယ်..ဆရာရယ်..။ ကျွန်တော့်ကို ပညာတွေမြင့်တင်ပေးဖို့ရောက်လာတဲ့ ပုဂ္ဂိုလ်ထူးပါ။ ကြွပါ  ဆရာ..ဒီဘက်ကိုကြွပါ။ ကျွန်တော့်မှာလေ ဘုရားရှိခိုးတိုင်း ပဌာန်းဆက်ရှိတဲ့ ပညာသည်တွေက ပညာရပ်ထူး တွေ သင်ပေးဖို့ ဆုတောင်းနေတာပါ။ အခုမှပဲ ပြည့်တော့တယ်။"

ဟာ..သွားပြီ..မှားပြန်ပြီ။ ဘယ်လိုရှင်းပြရမှန်မသိတော့ဘူး။ ကွိုင်ဘဲဗျာ..။

"ကြွပါ ဆရာ..ဘုရားခန်းကို ကြွပါ။"

မဟုတ်ဘူး ဟု တွင်တွင်ငြင်းနေရင်း..ကျွန်တော်လည်း အပြင်သို့ ပြန်ပြေးထွက်ခဲ့ပါသည်။ ဆရာ တားရော့ ကတော့ ဖိနပ်တောင် မပါဘဲ အတင်းကြီးကို လိုက်ခေါ်နေပါသည်။

ကျွန်တော့်မှာလည်း ဒုက္ခပါပဲ..။ အဖော်တွေတောင် ဘယ်တော့လာမလဲ မသိပါဘူး။ သူကလာရင် အဖော်တွေ ပါတက်လွန်းလို့ လေ..။

ဟူး ကနဲ သက်ပြင်း ကိုသာ ချလိုက်မိပါသည်။ စိတ်ထဲမှလည်း ကယ်တော်မူပါ အရပ်ကတို့ ဟု အော်ချင်နေ ပါသည်။ ထိုသို့ထွက်လာရင်း လမ်းတွင် ကျွန်တော့်နောက်မှ လိုက်လာရင်း ပခုံးကို လှမ်းဆွဲလိုက်သော လူတစ်ဦးကို တွေ့လိုက် ရပါသည်။ လှည့်မကြည့်ဘဲ ပြောလိုက်ပါသည်။

"ကျော်စွာ..မနက်ကတည်းက ငါ့ကို ရှာနေတာမလား။"

ဟု ကျွန်တော် ပြောလိုက်မိပါသည်။ ကျော်စွာကတော့ အံ့သြနေဟန်ဖြင့် ..

"မင်း ဘယ်လို သိနေတာလဲ။"

"မင်း ချမ်းငြိမ်းနဲ့တွေ့ပြီးသွားပြီ မဟုတ်လား။"

"ဒီဘက်မှာ ရှိနိုင်တယ်လို့ မင်းကို ပြောလိုက်တယ်လေ.."

အဲ့ဒါတွေကြောင့် ကျွန်တော်စိတ်တွေ ညစ်ညစ်နေတာ..။ ပြောပြရင်လည်း ဘယ်သူမှ ယုံမှာ မဟုတ်ဘူး။ ကျွန်တော့် ကိုယ် ကျွန်တော်တောင် ယုံတာ မဟုတ်ဘူး။ သူဘာလိုချင်လို့ လိုက်ရှာနေတာလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့်

"ရော့ မင်းလိုချင်တဲ့ စာမူ။ ပြန်တော့"

          ကျွန်တော်ဘ၀ရဲ့ လူသားမဆန်မှုတွေကို ကျွန်တော် စတင် စိတ်ညစ်လာပါသည်။ ဒီပြနာတွေရဲ့ အစ ကတော့ နတ်သမီးကြောင့်ပါ..။ ဟုတ်ပါတယ်..။အပြင်မှာ တွေ့ဘူး မြင်ဘူးရန် မလွယ်တဲ့ နတ်သမီးကို တွေ့လိုက်ပြီး နောက်ပိုင်း အခုလို ထူးထူးဆန်းဆန်းတွေ ဖြစ်လာစေတော့တာပါပဲ..။


နတ်သမီး အယောင်ဆောင်ထားသော ထိပ်ထား နှင့် နတ်သမီး အယောင်ဆောင်ထားသော နတ်သမီး

အခန်း(၁)

လောကမှာ အထားအသို ကလည်း

အရေးကြီးတယ်..။

ကိုယ့်ကိုကိုယ် ဘယ်မှာထားသင့်သလဲ

ဆိုတာကိုလည်း စဉ်းစားထားရမယ်။

 

သိုးကျောင်းသားက ၀ံပုလွေ ကိုမွေးချင်လို့ မရနိုင်ဘူး…။ အပြစ်မဲ့ပြီး ချစ်စရာကောင်းတာ မှန်ပေမယ့် သိုးတွေ ကြားထဲမှာ ၀ံပုလွေရဲ့သားကို မထားသင့်ဘူး။

ကျနော် ဒီနေရာကို စရောက်တော့ ညနေဆည်းဆာလေးမှာပါပဲ..။ ညနေခင်းရဲ့ ရသကို ကျွန်တော်ကြိုက် တယ် ။ ခံစားရတဲ့ ရသဟာလည်း လွင်လွင်လေးနဲ့..ချိုလဲ့ပြေပြစ်တဲ့ လေပြည်ညင်းလေးကိုလည်း ခံစားသိရှိမိ တယ်။ နောက်ပြီး တစ်ကိုယ်စာ စိုယုံလေးရွာချထားတဲ့မိုးကလည်း ကျွန်တော်ရောက်တော့ တိတ်နေပြီ..။

မြို့တော်ကြီးရဲ့ မွတ်ကျပ်မှုတွေ..ဆူညံသံတွေ..ဖုန်မှုန့်တွေ..ကင်းဝေးတဲ့နေရာလေးပေါ့..။ စီးလာတဲ့ စက်ဘီး လေးကိုဒေါက်ထောက်ပြီး လမ်းဘေးအုတ်ခုံပေါ်မှာ ထိုင်လိုက်တယ်။ လှမ်းကြည့်လိုက်ရင်တော့ စိုက်ပျိုးလက်စ …. အစိမ်းရောင် စပါးခင်းတွေ..ဆက်ကျော်ကြည့်လိုက်ရင်..ဟိုးအဝေးက ညီညီညာညာ အဆင့်မြင့် အိမ်ယာကြီးတစ်ခု ..မှိုင်းပြပြသာ မြင်နေရတာပါ..။

အနည်းငယ်နောက်ကျနေတော့ ကောင်းကင်မှာ ပုဇွန်ဆီရောင်တောင်ပျောက်နေပြီး ညိုပျပျရောင် ပေါက် နေပြီ။ အညိုရောင်ကို ကျွန်တော်သဘောကျတယ်..။ ခရစ်ယာန်ဘာသာဝင်အယူအဆအရတောကမ္ဘာဦးနေ့ရဲ့ ပထမဆုံး ဆည်းဆာရောင် တဲ့..။

သိပ်တော့လည်း မသိချင်ပါဘူး။

မွန်းကျပ်ရှုတ်ထွေးတဲ့ မြို့ပြလူနေရပ်ကွက်ထဲကနေ ကျွန်တော်ဒီကို မကြာခဏလာလေ့ရှိတယ်..။ ရာသီဥတု ကလည်း အဆင်ပြေတယ်..အချိန်လည်းရတယ်ဆိုရင်..ဒီဘက်ကို တစ်ယောက်တည်းလာတယ်..။အဖော်တွေလည်း သိပ်မခေါ်ချင်ပါဘူး..။ ကျွန်တော့်ကို သာယာမှုပေးနိုင်သူတွေထဲမှာ သိပ်မပါတဲ့သူတွေပေါ့..။ထားလိုက်ပါ.. အဲ့ဒါတွေ..။

ပြောချင်တာက ကျွန်တော့်ဆီကိုမှ တည့်တည့်လာတဲ့ ပြနာတွေအကြောင်းပါ။

ကိုယ့်စိတ်နဲ့ကိုယ်သာယာနေတုန်း ကျွန်တော့်ဆီကို တည့်တည့်ပြေးလာတဲ့ ဘောလုံးတစ်လုံးကို ရိပ်ကနဲ မြင်လိုက်တော့ လှမ်းရှောင်လိုက်ပါတယ်။ မလွတ်တော့မှန်းသိသွားတော့ ပုတ်ထုတ်လိုက်ပါတယ်..။ ကျသွားတာက တစ်ဖက်က မြောင်းထဲကို…

ဘောကန်နေတဲ့လူကြီးတွေ ပြေးလာပြီ ကျွန်တော့်ကို ဘောလုံးပြန်ကောက်ခိုင်းတယ်..။ ကျွန်တော်က မကောက်ပေးနိုင်ကြောင်း ပြောတော့ သိပ်မကျေနပ်ကြဘူး။ တစ်ချို့ကလည်း ရန်စောင်ချင်နေတဲ့ ပုံစံတွေနဲ့..။ မင်းကြောင့်ကျသွားတာလို့လည်း ပြောတဲ့သူက ပြောကြတယ်..။

ကျွန်တော် အခုချိန်မှာတော့ စကားတွေ အများကြီးမပြောချင်လို့ စက်ဘီးကို ဒေါက်ပြန်ဖြုတ်ပြီး လှည်ထွက် လိုက်တယ်..။ တစ်ယောက်ကတော့ ကျွန်တော့်စက်ဘီးကို လှမ်းဆွဲထားတယ်..။ ကျွန်တော်လှည့်ကြည့်လိုက်တော့ သူတို့ထဲက တစ်ယောက်က တားချိန်နဲ့တိုက်ဆိုင်သွားပြီး စက်ဘီးကို လွတ်ပေးလိုက်တယ်။

ကောက်တဲ့သူကလည်းဘောလုံးကို ကောက်ပြီးသွားပါပြီ..။ ဘာကိုမကျေနပ်မှန်းမသိတဲ့သူတစ်ချို့ကတော့ ပါးစပ်ထဲမှာလျှာကို ဗျောက်အိုးလိုလုပ်ဖောက်ရင်း ကျန်ရစ်နေခဲ့ကြတယ်။ ကျွန်တော်ဘက်ကတော့ အေးအေး ဆေးဆေး ပါပဲ..။

တစ်ကယ်တော့ဘယ်ပစ္စည်းကို ဘယ်မှာထားရမလဲဆိုတာ ကျွန်တော်က သိပါတယ်။ လောကကြီးမှာ သူတို့ဟာ လူသားတစ်ယောက်ရဲ့ အထားအသိုဖွဲ့စည်းမှု အတက်ပညာကို မတက်သေးပါဘူး။ ဒါကြောင့်လည်း ကျွန်တော့်ကို ဒီလိုတွေ လာပြောနေတာပေါ့..။

 

အခန်း (၂)

          ဒီနေ့တော့ ၇ွာဆော်ရယ်..ဂဏန်းရယ် ကျွန်တော်နဲ့အတူပါလာပါတယ်။ကျွန်တော်ူးသမျှလိုက်ရူးကြမလို့ပါ။ သွားတာကတော့ အရင်နေ့ကနေရာကို မဟုတ်တော့ပါဘူး။ နောက်တစ်နေရာကိုပါ..။

          လမ်းမှာတင်ရှိနေတုန်း ဂဏန်းက ကျနော့်ကို မေးပါတယ်..။

          "ရန်နိုင်..မင်းဟို့နေ့က နေရာကိုသွားဦးမလား" တဲ့..။

          "လမ်းတစ်လမ်းကိုရောက်ဖို့က လမ်းတစ်လမ်းတည်းရှိတာမဟုတ်ဘူး ဂဏန်း။ လမ်းပေါင်းများစွာရှိတယ်.။ လျှောက်တက်ဖို့ပဲလိုတယ်။ နောက်ထပ်လမ်းတစ်လမ်း မရှိဘူးလို့ ထင်ရင်..လမ်းအသစ် ဖောက်နိုင်ရမယ်လေ"

          ဂဏန်းကတော့ နားလည်ပုံမရပါဘူး..။ ရွာဆော်ကတော့ ရယ်နေပါတယ်..။ ဂဏန်းကိုလည်း လျှာရှည် တဲ့ကောင် ခံလိုက်လို့လည်း ပြောလိုက်ပါတယ်..။

          ကျွန်တော်တွေးနေတာက အခုလို မှောင်ရီပျိုးနေတဲ့ ညနေခင်းတစ်ခုဟာ ခွဲခွာဖို့ကောင်းနေတဲ့ အချိန်ပေါ့။ ကောင်းကင်မှာ ငှက်ကလေးတွေကလည်း အိပ်တန်းပြန်ပြီ။ ပတ်ဝန်းကျင်ကလည်း လင်းတပို့ပို့ မှောင်တရီရီနဲ့ မပီ ၀ိုးတ၀ါးကြီး။ ဆည်းဆာရောင်ရဲ့ လွမ်းစရာကောင်းမှုကို ဘယ် Technicolor ကမှ မယှဉ်နိုင်ဘူး။

          ပြောလိုက်မိတယ် ထင်တယ်..။

          "အဲ့ဒီလိုအချိန်မျိုးမှာ ခွဲရတော့မယ့် ချစ်သူနှစ်ယောက် လမ်းကလေးတစ်လမ်းမှာ ခေါင်းငုံ့ပြီး လမ်းလျှောက် လာရတာ ဘယ်လောက်ကြေကွဲစရာ ကောင်းမလဲ"

          ကျွန်တော့ စကားဆုံးသွားတော့ အားလုံး တိတ်ဆိတ်နေတယ်..။ သူတို့ကကော ဘာကိုလွမ်းနေတာလဲ။ သူတို့ကော ဘယ်သူ့ကို  ခွဲခဲ့ရဖူးလဲ။

          မာယာတွေ ရစ်သိုင်းလွမ်းချုံထားတဲ့ လောကဓံတရားကြီးထဲမှာ ဘယ်လူသားမှ  ဒဏ်ရာမကင်းပါခဲ့ဘူး။ ကြောက်စရာကောင်းတဲ့ ခွဲခွာခြင်းတွေလည်း ရှိနေပါသေးတယ်။

          ကျွန်တော်တို့သွားနေတာက ဘူတာရုံတစ်ရုံ အောက်ကိုပါ။ စကားကို ဆက်ပြောလိုက်ပါသည်။

          "အခုလို ဘူတာရုံတစ်ရုံ ရဲ့ ညဘက်မှာပေါ့ကွာ ။ဒီလို အချိန်မျိုးပဲ ဆိုပါစို့ ။လူကလည်း အခုလို မစည်ကား ဘူးကွာ။ တစ်ယောက်စ နှစ်ယောက်စပဲရှိတယ်။ အဲ့ဒီလို ဘူတာရုံထဲမှာ ခွဲရတော့မယ့် ချစ်သူ နှစ်ဥိး ရှိနေတယ် ဆိုကြပါတော့"…။

          စကားကိုခဏနားလိုက်ပါသည်။ မောလာလို့ပါ..။ ပြောနေရင်းနဲ့ ကျွန်တော်မောနေပါသည်။ ပြီးမှ…

          "တစ်ယောက်က ပြန်ရတော့မယ်။ တစ်ယောက်က ကျန်နေရစ်ခဲ့မယ်။ ဘ၀မှာ ဘာဆက်ဖြစ်မလဲ ဆိုတာလည်း မသိရသေးဘူး။ မကြာသေးခင်ကမှ ရှိနေတဲ့ သူ့ အဖော်လေး ..အခုမရှိတော့ဘူး။ အပြန်လမ်းကို သူတစ်ယောက်တည်း ပြန်ရတော့မယ်။"

          ဆက်မပြောချင်တော့ပါ..။ သက်ပြင်းကြမ်းကြမ်းကိုသာ ချလိုက်မိပါသည်။ ရွာဆော်နှင့် ဂဏန်း နှစ်ယောက် စလုံး အတွေးကိုယ်စီ နှင့် ငြိမ်သက်သွားပါသည်။ သုံးယောက်စလုံး စကားသံတွေ တိတ်ဆိတ်သွားပါတော့သည်။ အားလုံးရဲ့ ရင်ထဲမှာ ဆွတ်ပျံစိတ်ကလေးနှင့် လွမ်းသွားကြပါသည်။

          ခရီးသည်တွေကတော့ တက်လိုက်ကြ..ဆင်းလိုက်ကြ နဲ့ပါ..။

          ခဏကြာတော့ ကျွန်တော့်တို့ ပြန်လာကြပါသည်။ ကျွန်တော့်ကအားနေရင် အဲ့ဒီလို ဘူတာရုံမှာလည်း သွားထိုင် တက်ပါတယ်..။ စိတ်ကူးတွေ အိုင်ဒီယာတွေနဲ့ အလုပ်လုပ်နေရတဲ့ ကျွန်တော်ရဲ့အကျင့်လို့ သတ်မှတ်ပြီး ဂဏန်းနဲ့ ရွာဆော်ကတော့ ဘာမှ မဝေဖန်ကြပါဘူး။

          ကျွန်တော်လည်း မကြာခဏ ဦးနှောက်တွေ မောင်းညောင်းလာရင် စိတ်သက်သာရာရဖို့အတွက် ရုပ်ပိုင်း ဆိုင်ရာ အေးချမ်းမှု နှင့် စိတ်ပိုင်းဆိုင်ရာအေးချမ်းမှုကို ရှာလေ့ရှိပါတယ်..။ အခုလိုနေရာတွေကို လာရတာ ကျွန်တော် အေးချမ်း ပါတယ် ။

          အပြန်ကျတော့ ကောင်မလေးနာမည်က ဘယ်သူတုန်းလို့ ရွာဆော်ကမေးပါတယ်။ ကျွန်တော်ပြုံးနေမိ ပါတယ်။ ဟိုးတုန်းက အရိပ်လေးကိုလည်း ပြန်မြင်ယောင်နေမိပါတယ်..။ ကျွန်တော့်ဆီက အသံထွက်မလာတော့ ပခုံးကို ပုတ်ပြီး မေးပြန်ပါတယ်။ လွတ်ကနဲ ခုန်ပေါက်ထွက်သွားပါသည်။

          "Angel "

          ဟမ်

          မကြားမိဘူးထင်ပါရဲ့။ထပ်ပြောလိုက်ပါသည်။  နတ်သမီး လို့လေ..။

          ပထမဦးဆုံးအကြိမ်အဖြစ်တော့ တွေ့ပြီးပါပြီ။ သတိတရနဲ့ ပြောပြမိတော့ ရွာဆော်နဲ့ ဂဏန်းက ရယ်ကြပါသည်။ ပြီးမှ…

          "ထပ်တွေ့ကြဦးမှာလား။မင်းတို့ဟာကလည်း သရေပွဲကြီး"

          ကျွန်တော်လည်း တွေဝေနေပါသည်။ ပြီးမှ တစ်လုံးချင်းပြောလိုက်ပါသည်။

"ကံကြမ္မာ ဒိုင်လူကြီးဆီမှာ အချိန်ပို ထပ်တောင်းပြီး လိုက်သွားရဦးမှာပေါ့ကွာ.."

 

 

အခန်း (၃)

          ကျွန်တော့်စိတ်တွေ မှိုင်းဝင်နေပါသည်။ ဘာကိုမှ ဝေခွဲလို့မရပါ။ ကျွန်တော် တုန်ယင်နေတာ ကျွန်တော် သိနေပါသည်။ ညနေခင်းတွေကို ကျွန်တော်လွမ်းတက်နေတာကြာပါပြီ..။

          လွမ်းတယ်…နတ်သမီးရယ်..။

          ကျွန်တော် ချစ်မြတ်နိုးစွာ ခွဲခွာခဲ့ရတဲ့ မိန်းမပျို..။ မမေ့နိုင်ဘူး..။ ဘယ်တော့မှ မမေ့ဘူး။ ကျွန်တော့်ရင်ခွင် ထဲမှာ တအိအိ ပြိုဆင်းနေတယ်..။ ဒီလိုနဲ့ပဲ ပြီးဆုံးသွားရတော့မှာလား။

          လရောင်းပါးပါးလေးအောက်က အုတ်ခုံလေးက ဆွေးမြေ့ကြေကွဲဖွယ်ရာ တိတ်ဆိတ်နေတယ်..။ ကောင်းကင်ကို မော့ကြည့်မိတယ်။ နတ်သမီးကိုများ တွေ့လေမလား..။ စိတ်ကူးထဲကနတ်သမီးဟာ စိတ်ကူးထဲမှာပဲ ပြီးဆုံးရတော့မှာ လား။ တစ်ယောက်ယောက်လာပြီး ဖြေပေးစေချင်တယ်..။ ကျွန်တော် မရှင်းတက်တော့ဘူး ဖြစ်နေတယ်..။

          နတ်သမီးဟာ..ကျွန်တော့်အတွက်တော့ တစ်ကယ်ရှိနေတာပါ..။ ကျွန်တော် တစ်ယောက်တည်း ရေးနေ.. တွေးနေချိန်တွေဟာ..သူနဲ့အတူရှိနေချိန်တွေပေါ့.။ တစ်ယောက်တည်း တိုးတိုးရေရွတ်မိတယ်…။

          "နတ်သမီးရေ.."

          "ထိပ်ထားရေ.."

          မန္တလေးက ကျူံးကြီးရှိနေသမျှ..ကျွန်တော့်ရင်မှာ အနုပညာဓါတ်တွေ ရှိနေသမျှ ..ကျွန်တော်..သူ့ကို ချစ်နေ သမျှ..ကာလပတ်လုံး…

          သူ ကံအဆင့်ဆင့်မှာ မြင့်သည်ထက် မြင့်လာပါလိမ့်မယ်။ ပျော်ရွင်ချမ်းမြေ့နေပါလိမ့်မယ်..။

          သူတင်မကပါဘူး။ သူနဲ့ ပတ်သတ်တဲ့ ပတ်ဝန်းကျင်..သူ့အပေါင်းအသင်းတွေပါ..ချမ်းမြေ့နေပါလိမ့်မယ်။ အများကြီး မစွမ်းဆောင်နိုင်ပေမယ့်..သူနဲ့သူပတ်ဝန်းကျင်အတွက်.. ကျွန်တော့်မှာ ရှိသမျှ အတက်ပညာတွေ..စိတ် စွမ်းအားတွေ..အားလုံးအသုံးချပြီး ..နတ်သမီးကို ချစ်နေပါ့မယ်။

          ထိပ်ထားကို ချစ်တဲ့စိတ်ကြောင့် သူတင်မကပါဘူး..။ သူပတ်ဝန်းကျင်ကိုပါ ကျွန်တော် ချစ်တက်နေပါပြီ။

          ချစ်သူ…ချစ်နေရသောသူ..။

          နတ်သမီးကို ကျွန်တော် ချစ်တယ်..။

          ဘာတွေဖြစ်ဖြစ်၊ ဘယ်လိုဖြစ်ဖြစ်၊ သူ့ကို ကျွန်တော်ချစ်မယ်။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်ဟာ သူ့အတွက် မှော်ဆရာ..တစ်ယောက်လည်းဖြစ်ချင်ဖြစ်မယ်..သူတောင်းစားတစ်ယောက်လည်းဖြစ်ချင်ဖြစ်မယ်။ ကျွန်တော် စဉ်းစား နေတာက..သူဟာ နတ်သမီး..နတ်သမီးဟာသူ  ဖြစ်လာနိုင်သလား..။

          အတူတူလား..။ တကွဲတပြားလား…။ တစ်ဦးစီလား…..တစ်ယောက်တည်းလား..။ ဒီအကြောင်းတွေ တွေးမိရင်.. ကျွန်တော်ဟာ ဟာ့ဒစ်တစ်လုံးကို ဘာမှပြန်မယူဘဲ ဖော်မက်ချလိုက်သလို ခံစားနေရတယ်။ ဘာမှ မပိုင်ဘူး..။


အခန်း(၄)

          "ရန်နိုင်"

          "ဟင်"

`        "မင်းကဗျာထဲက ကောင်မလေးကို သတိရနေတာလား"

          "အင်း"

          "နတ်သမီးဟာ အဲ့ဒီကောင်မလေး တစ်ကယ် ဖြစ်မလာနိုင်ဘူးလား"

          ထိတ်လန့်တုန်လှုပ်စွာ ပြောလိုက်မိတယ်။

          "ဘယ်သူပြောနိုင်မှာလဲ"

          ဟုတ်ပါရဲ့။ ဘယ်သူကပြောနိုင်မှာလဲ..။ ဒီဘ၀မှာ ဆုံဆည်းခွင့်မှ ရှိပါ့ဦးမလား။ မဆုံနိုင်သော နက္ခတ်တွေနဲ့ ကျွန်တော်ဟာ ခရီးတစ်ခုကို သွားနေတာလား။ ဒါမှ မဟုတ် ဆုံဆည်းရမှာလား..။

          "နတ်သမီး..ရယ်"

          သူ့ရဲ့မျက်ဝန်း၊သူရဲ့အပြုံး၊သူရဲ့ အပြောတွေ..ပြီးတော့ ချိုလွင်နူးညံ့တဲ့ စကားသံလေးတွေ..။ အဲ့ဒါတွေ အားလုံးက….ကျွန်တော့် ကောင်းကင်ကို အုပ်မိုးနေလေရဲ့။

          သူဟာ…ကျွန်တော်ရဲ့နတ်သမီးလား။ ဒါမှမဟုတ်..နတ်သမီးအရေခြုံထားတဲ့ တစ်ပါးသူတစ်ယောက်လား။ ဒါမှမဟုတ်…နတ်သမီးအရေခြုံထားတဲ့ နတ်သမီးတစ်ယောက်လား..။

          တစ်ခါတစ်လေကျတော့လည်း အသိရခက်တဲ့ လောကရယ်..အသိရခက်တဲ့ ကိုယ့်ကိုကိုယ်ရယ်.. အသိရ ခက်တဲ့ ချစ်ခြင်းမေတ္တာရယ်..။

          အားလုံးကို…မေ့ထားလိုက်ချင်တယ်..။

         

ဘာဆိုဘာမှ မသိတော့တဲ့ ဘ၀ကို ပြန်သွားချင်နေတယ်။ သွားခွင့်သာ ရခဲ့ရင် ထိပ်ထားကို မေ့လို့ရနိုင်မလား..။

          "ရန်နိုင်"

          "ဟင်"

          "ပြန်ကြရအောင်"

          တိတ်တိတ်ဆိတ်ဆိတ်ကလေး ပြန်လာခဲ့တယ်..။ အိမ်နားရောက်ကာနီးမှ…"ဒတ္တ" ရဲ့ ကဗျာစာသား တစ်ပိုဒ်ကို အော်ပစ်လိုက်တယ်..။

          "အားလုံးကို စွန့်လွှတ်ရရင်တောင်မှ

သတိရခြင်းကို ငါ ပိုင်တယ်"

ဝေဖန်အကြံပေးစာများကို မျှော်လင့်လျှက်…

နန်းညွန့်ဦး

Email: nnophoto@gmail.com

 

အဆိုပါ ဇာတ်လမ်းလေးကို မိတ်ဆွေ..သင်သာဆိုလျှင်…

          (၁) စိတ်ကူးယဉ်ထားပြီးရေးသားထားခြင်းဖြစ်သည်။

          (၂) ဖြစ်ရပ်မှန်တစ်ခုကို အခြေတည်ပြီး ရေးသားထားခြင်းဖြစ်သည်။

အဆို နှစ်ခု တင်သွင်းခဲ့ရင်..ဘာကိုရွေးချယ်မည်နည်း။ ရဲရဲတွေးပြီး အမှား၊အမှန်ခြစ်ပေးစမ်းပါ။ ပြီးရင် ကျွန်တော့် Email: nnophoto@gmail.com ထဲကို ပို့ပေးစေလိုပါတယ်..။