ချစ်သူများနေ့ပေါ်ပေါက်လာပုံ

ချစ်သူများနေ့ကို နှစ်စဉ် ဖေဖေါ်ဝါရီ (၁၄)ရက်နေ့လို့သတ်မှတ်ထားပါတယ် ။
ဒါ့ပြင်ပညာရှင်တွေကလဲ ဖေဖော်ဝါရီလဟာ
အချစ်ရည်အချစ်သွေး လွှမ်းနေတဲ့ ချစ်ခြင်းမေတ္တာကို ကိုယ်စားပြုတဲ့
လတစ်လလို့ သတ်မှတ်ထားကြပါသေးတယ် ။ အဲဒီနေ့ကိုရောက်ပြီဆိုတာနဲ့
ကမ္ဘာအရပ်ရပ်က ချစ်သူတွေကအမှတ်တရချောကလက်လေးတွေ၊
ပန်းစည်းတွေအစရှိတဲ့ လက်ဆောင်တွေကိုလဲလှယ်ကြပါတယ်၊
ဒါပေမယ့်ဒီလိုနေ့လေးပာာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကိုတော့
သိရှိသူအလွန်နည်းပါးလှပါတယ် ။ ဒါ့ကြောင့်ကျွန်တော်ရှာလို့ရသမျှ ၊
ဖတ်မှတ်ထားသမျှတွေကို စုစည်းပြီး
တော့အားလုံးသိရအောင် တင်ပေးလိုက်ပါတယ် ။Picture

ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၁)
ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ လက်ထက်မှာ စစ်တိုက်ထွက်ကြတဲ့ရောမမြို
စစ်သည်တော်တွေဟာ ချစ်သူရည်းစား ဇနီးမယားတွေကို တမ်းတအမှတ်ရမူများကြောင့်
စစ်ပွဲတိုင်းအမြဲရူံးနှိမ့်ခဲ့ကြလို့ ချစ်သူရည်းစား မဖြစ်စေရ
အစဉ်အလာအားဖြင့် လက်ထက်ထိမ်းမြားခြင်း အမှုကို ပြုလုပ်ပေးကြသော
ဘုန်းတ်ာကြီးများအားလည်း လုံးဝမပြုလုပ်ပေးရဟု ပြင်းပြင်းထန်ထန်
အမိန့်ထုတ်ခဲ့ကြပါတယ်။ နှလုံးသားရဲရင့်တဲ့ချစ်သူနှစ်ဦးကတော့ သူတို့၏
အချစ်ကို ချစ်တက်သူတွေအတွက်အမြဲရှင်သန်ဖို့ ဘုန်းတော်ကြီး Valentine ကို
လက်ထပ်ပေးရန်တောင်းဆိုခဲ့ကြပါတယ်။ ဘုန်းတော်ကြီး Valentineကလည်း
ချစ်သူတို့၏ ဘဝ ချစ်ခြင်းနိယာမကို နားလည်စာနာတက်သူမို့ မိမိအသက်ကို
ပဓာနမထားပဲ လက်ထက်ပေးလိုက်ပါတယ်။ ဒီအကြောင်းတွေကို ဘုရင်သိသွားတော့
ဘုန်းတော်ကြီး ကို ဖေဖေါ်ဝါရီ (၁၄)ရက်တွင် အဆုံးစီရင်လိုက်ပါတယ်။
ချစ်သူများအတွက် အသက်ပေးသွားခဲ့သော ဘုန်းတော်ကြီး Valentine ကို
ဂုဏ်ပြုသောအားဖြင့် Valentine’ Day (သို့မဟုတ်) ချစ်သူများနေ့
ပေါ်ပေါက်ခဲ့ရခြင်း ဖြစ်ပါတယ်။

Picture
ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၂)
အခြားသမိုင်းကြောင်းတစ်ခုကတော့ ဘီစီ၎ရာစုခေတ်က ရောမနိုင်ငံသားတွေဟာ
လူပါကပ်စ်ဆိုတဲ့ နတ်ဘုရားကို အကြောင်းပြုပြီး
ပွဲတော်အဖြစ်ကျင်းပခဲ့ကြတယ်။ ပွဲတော်ရက်မတိုင်ခင်
ဖေဖော်ဝါရီလ၁၄ရက်နေ့မတော့ ရောမနတ်ဘုရားရဲ့ မိဖုရားဖြစ်သူ
လက်ထပ်ထိမ်းမြားခြင်းရဲ့ နတ်ဘုရားဖြစ်တဲ့ ဂျူနိုကို ဂုဏ်ပြုတဲ့အနေနဲ့
ပွဲကျင်းပ ပါတယ်။ဖေဖော်ဝါရီ(၁၅)ရက်နေ့ရောက်တော့မှ နတ်ဘုရားဖြစ်တဲ့
လူပါကပ်စ်ကို ကိုးကွယ် ပူဇော်ပသကြတာဖြစ်တယ်။ အဲဒီနေ့မှာတော့ အမျိုးသား
နဲ့အမျိုးသမီး လုံးဝတွေ့ဆုံခွင့်မပြုခဲ့ကြဘူး။ သီးခြားဆီနေခဲ့ကြရတယ်။
အဲဒီနေ့ရဲ့ ညနေပိုင်းမှာတော့ လူငယ်များဟာ ကံစမ်းမဲတွေ ကိုယ့်နာမည်ရေးပြီး
မဲအနှိုက်ခံရပါတယ်။ အကယ်၍ မဲပေါက်တဲ့ အမျိုးသားကို
သူပေါက်တဲ့မဲနာမည်ဖြစ်တဲ့ အမျိုးသမီးဟာ နောက်နှစ် ဒီလိုရက်အချိန်ထိ
တစ်နှစ်လုံးလုံးအတူနေခွင့်ရှိတယ်။ ဒါကြောင့် ဒီတစ်နှစ်လုံးအတူနေ
ခွင့်ကြောင့် တစ်ယောက်နဲ့တစ်ယောက်ရင်းနှီးကျွမ်းဝင် ဖြစ်ကြပြီး
မေတ္တာသက်မျှကြတယ်ပေါ့။ ဒါပေမယ့် နှစ်ပေါင်း ၈၀၀လောက် အဲဒီပွဲကို
ကျင်းပပြုလုပ်ခဲ့ကြပေမယ့် နောက်ပိုင်းမှာတော့ ဘာသာရေး
ဆိုင်ရာဘုန်းတော်ကြီးများက ရပ်ဆိုင်းပစ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒါကြောင့်
ဒီပွဲတော် ရက် ပျောက်သွားတဲ့ အထိမ်းအမှတ်အဖြစ် ချစ်သူများနေ့ ဆိုတာကို
ကျင်းပခဲ့တယ်လို့ ယူဆခဲ့ ရပါတယ်။

Picture ချစ်သူများနေ့ဖြစ်ပေါ်လာပုံ(၃)
ဒါ့အပြင်အချို့အချို့သောသူတွေကလည်း

ချစ်သူများနေ့ဆိုတာဧဒင်ဥယျာဉ်ထဲက
ပန်သီးကိုအာဒံကဧ၀အတွက်ဝင်ခူးပေးတဲ့နေ့

လို့လဲပြောကြပြန်ပါသေးတယ်။
အာဒံပာာနတ်ဆိုးတစ်ကောင်ရဲ့လှုံ့ဆော်မှုကြောင့်
ဘုရားသခင်တားမြစ်ထားတဲ့ပန်းသီးကို
ဝင်ခူးပြီးတော့ဧ၀ကိုကျွေးခဲ့ပါတယ်။
အဲဒီကတည်းကစလို့လူတွေမှာ

လဲအချစ်စိတ်တွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။
ဒါ့ကြောင့်အာဒီပန်းသီးဝင်ခူးတဲ့နေ့ကို
ချစ်သူများနေ့လို့သတ်မှတ်ကြတယ်လို့လဲသိရပြန်ပါတယ်။
ဘယ်လိုပဲပေါ်ပေါက်ခဲ့ပါစေဒီနေ့ကမ္ဘာအရပ်ရပ်မှာတော့ချစ်သူများနေ့ကို
လူတိုင်းလက်ခံယုံကြည်နေကြပါတယ်။
ချောကလပ်နန်းတော် မှ ကူးယူတင်ပြပါသည် ။

No comments: