လေလွှင့်နေဆဲ

လေလွှင့်နေဆဲ
သံစဉ်လေးတွေနဲ့ စိတ်ခံစာမှု
လေတွေအားပြုနေသော ပန်ကာလေးတစ်လုံး
လွမ်းဆွေးနေဆဲ ဖြစ်နေသော ငါ့နှလုံးသား
သွားလာနေသော လူတွေကြားမှာ ငါ.....
တိတ်တစ်ခိုးလိုက်ညည်းနေသော
သံစဉ်လေးတစ်ပုဒ် " I have a dream "
မျက်လုံးလေးထဲမှာ မြင်ယောင်နေဆဲဖြစ်သော
သွေးအေးသွားသော်လည်း မအေးနိုင်သေးတဲ့
သက်မဲ့နေသော နှလုံးသား
လေငြိမ်နေပေမယ့် လွှင့်နေသော
လွှင့်နေပေမယ့် လေငြိမ်နေသော
ဆန့်ကျင်ဘက်
စိတ်ရှိတိုင်း လွမ်းဆွေးတိုင်း
ရေးနေခဲ့သော စကားစုများ
မပြီးဆုံးနိုင်သော ငါ့ရဲ့ဇာတ်လမ်းလေးတစ်ပုဒ်
ကဗျာဆန်ဆန် ဟာသဆန်ဆန်
စာတစ်ခုမှာသာ ကျန်နေခဲ့ပါစေတော့လား


No comments: