မေးအသုံးပြုရာတွင်

ကျွန်တော်အားလုံးကို နုတ်ခွန်းဆက်သပါတယ်ခင်ဗျာ ကျွန်တော့မေးလေးဟာ
အခုဆိုရင် facebook သုံးပိုင်ခွင့် blogger သုံးပိုင်ခွင့် ပီးတော့
mail.mawcity.com ကနေ၀င်မယ့်အစား mail.google.com www.gmail.com စသော
Gmail ၀င်သောနေရမှ ၀င်ရောက်လို့ရသွားပါပီ တစ်ခုတော့ရှိပါတယ် အနောက်နားမှာ
Gtalk ၀င်သလိုမျိုး @mawcity.com ကိုတော့ထည့်ပေးရပါမယ် ရှေ့မှာ
မိမိရဲ့အကောင့်နာမည်ပေါ့ဗျာ ရိုးရိုးGmail တွေသုံးလို့ရတဲ့ နည်းတူ
အကုန်သုံးခွင့်ကို ရရှိခဲ့ပါပီဗျာ အဆင်မပြေပါက 7magic@mawcity.com
ကိုဆက်သွယ်လို့ရပါတယ် ယခုအခါတွင် Gmail တွေဟာ အကောင့်လုပ်ရတာ
အလွန်ခတ်ခဲနေပါတယ် အကယ်၍ လုပ်လို့ရခဲ့ရင်တောင် မေးပို့လိုက်ရင်
မေးပျက်သွားတာကို တွေ့ရှိရပါတယ် ကျွန်တော့်ရဲ့ မေးလေးကို အသုံးပြုလိုပါက
ဆက်သွယ်မေးမြန်းနိုင်ပါတယ် အခကြေးငွေယူထားခြင်းမရှိပါ ဒါပေမယ့် ကျွန်တော်
က အခကြေးငွေပေးပီး ၀ယ်ယူရပါတယ် ဒါပေမယ့်စေတနာသက်သက်ဖြင့်သာ
ပေးသုံးနေပါတယ် အဲ့ဒါကြောင့် ကျွန်တော် စည်းကမ်းလေးတစ်ခုပေါ့ဗျာ
ထုပ်ထားပါတယ် အကယ်၍ ကျွန်တော်ရဲ့ မေးကို သုံးလတိတိ အသုံးမပြုပါက
အခြားမေးများအသုံးပြုဖို့ရှိေ
နပါတယ် ဟု ယူဆ၍ ဖြတ်ပစ်ပါမည်
တစ်ချို့ကမေးကို အလကားရတိုင်း အတကုန်ရယူအသုံးပြုနေကြပါတယ် အဲ့ဒါကို
Google Server ကသိရှိသွားသောကြောင့် Gmail အကောင့် အသစ်ရယူခွင့်ကို
ပိတ်ပင်ခဲ့ပါတယ် မြန်မာနိုင်ငံ proxy ကိုသမင်သက်သက်
ပိတ်ပင်ထားခြင်းဖြစ်ပါတယ် သူများနိုင်ငံတွေမှာတော့
အကောင့်အသစ်တွေရနေပါတယ် အကယ်၍ သူများနိုင်ငံမှာ အသိရှိသူများ
အကူအညီတောင်း၍ Gamil အကောင့် အသစ်တစ်ခုကို ရယူနိုင်ပါတယ် ဒါပေမယ့်
မေးပို့ခွင့်ကိုမရပါဘူး မေးပို့လိုက်တာနဲ့ disable ဖြစ်သွားတာကို
ကြုံတွေ့နေရပါတယ် ဒါကြောင့် တကယ်မေးအကောင့်မရှိသူများကို ကူညီနေပါမယ်
ကျွန်တော့်ရဲ့ မေးလေးနဲ့ ယခုအချိန်တွင် အကန့်အသတ်ဖြစ်သာ
အသုံးပြုနေရပေမယ့် အသုံးပြုသူ များလာတာနဲ့ အမျှ ထပ်မံတိုး
ချဲ့ပေးဖို့ရှိပါတယ် ဘာကြောင့်လည်းဆိုတော့ မေးတစ်ခုကို ဖြတ်ပီး အခြား
နာမည်နှင့်မေးတစ်ခုကို ပြန်လုပ်လို့ရပါတယ် ယခုမေးလေးကို ကျွန်တော်
နောက်လအကုန်ကျရင် လေးနှစ်စာလောက် ငွေသွင်းမယ်လို့စဉ်စားထားပါတယ်
အဲ့ဒါကြောင့် နောက်လေးနှစ်အသွင်း ပျက်သွားခြင်းမရှိစေရပါဘူးခင်ဗျ
အဆင်ပြေကြပါစေဗျာ မှော်ဝင်မြို့

No comments: